အခုတေလာ လူေျပာမ်ား နာမည္ႀကီးေနတဲ့ "Dabbing ဆိုသည္မွာ"

အခုတေလာ လူေျပာမ်ား နာမည္ႀကီးေနတဲ့ "Dabbing ဆိုသည္မွာ"

" Dab Dance "

"ျပင္​သစ္​ႏိုင္ငံမွ စတင္ခဲ႔တာလို႔ဆိုတဲ႔ဖိနိွပ္​ခ် ဳပ္​ခ်ယ္​မႈ​ေတြအတြက္​ လြတ္လပ္စြာဆႏၵ
​ေဖာ္​ထုတ္​သည့္ Style Dance (Dab Dance)"

ယေန႔ ကမၻာတစ္ဝွမ္းမွာ Dab Dance ကကြက္ကို ေအာင္ပြဲခံတဲ့အခါမွာ ျပဳလုပ္ေလ့ရွိၾကပါတယ္။
မန္ယူကစားသမား ေပါ့ဂ္ဘာ၊ လင္းဂတ္ နဲ႔ အျခားေသာ ေဘာလံုးသမားမ်ားျဖစ္တဲ့ လူကာကူ၊
ကလိုင္နီ ေနမာ တို႔လုိကစားသမားေတြရဲ႕ ဂိုးသြင္းျပီး ေအာင္ပဲြခံ ကကြက္ေတြက လူေတြရဲ႕စိတ္ေတြ
ကိုပါ ၾကည္ႏႈးေပ်ာ္ရႊင္မႈရိွေစပါတယ္။ဒီလုိကကြက္နဲ႔ ေအာင္ပဲြခံတာကို Dab Dance လို႔ေခၚပါတယ္။

Dab Dance ရဲ႕အစက အေမရိကန္ႏုိင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္က အတၱလႏၲာၿမိဳ႕က ဟစ္ေဟာ့
အဆိုေတာ္ရပ္၀န္းအတြင္းမွ ကကြက္တစ္ခုျဖစ္ပါတယ္။ ဒီေဒသက အဆိုေတာ္Migosအဖဲြ႔ရဲ႕
Look at My Dab MTVမွာ ပါ၀င္တဲ့ ကကြက္က Dab Dance အကရဲ႕အစလုိ႔ေတာင္ ေျပာလုိ႔
ရပါတယ္။အခုဆိုရင္ ေမဂ်ာလိဂ္၊ စီးရီးေအ ပရီးမီးယားလိဂ္ နဲ႔ ျမန္မာႏိုင္ငံအထိ Dab Dance
ကကြက္ေတြက စီးဆင္းလို႔ေနပါၿပီ။

ယခုတေလာ ကကြက္အသစ္တခုကို ကမၻာတလႊားအြန္လိုင္းေပၚတြင္ ေနရာတကာတြင္ ေတြ႕ေနရသည္။
သို႔ေသာ္ ထိုကကြက္အေၾကာင္း လူသိနည္းေနေသးသည္။Dabbing ဟု ေခၚေသာ ထိုကကြက္သည္
ကမၻာတဝန္းတြင္ ေရပန္းအစားဆုံးျဖစ္ေနသည္မွာ အတန္ၾကာၿပီျဖစ္ေသာ္လည္း လူႀကိဳက္မ်ားမွု
ေလ်ာ့က်သြားပုံမရေပ။

Dabbing ဆိုသည္မွာ လက္တဖက္ကို ေကာင္းကင္ဘက္သို႔ ဆန႔္တန္းၿပီး ဦးေခါင္းကို အျခားလက္တဖက္
ရွိရာ ေနရာသို႔ ကိုင္းညြတ္ျခင္းျဖစ္သည္။

ထိုကကြက္ႏွင့္ ပတ္သက္ၿပီး သင္သိထားသင့္ေသာအခ်က္မ်ားတြင္ ေအာက္ပါတို႔ ပါဝင္သည္။
ထိုကကြက္ကို မည္သူစတင္ခဲ့သနည္း

ထိုကကြက္ကို အတၱလန္တာမွ Migos မွ ရက္ပ္ဂီတသမားမ်ားႏွင့္ Jose Guapo, Skippa Da Flippa,
ႏွင့္ PeeWee Longway အပါအဝင္ ၎တို႔ႏွင့္ ပူးေပါင္းေဆာင္ရြက္ခဲ့ေသာ အႏုပညာရွင္မ်ားက စတင္
ခဲ့သည္ဟု ယူဆရသည္။Nae Nae အကကဲ့သို႔ပင္ အႏုပညာရွင္မ်ားက ထိုကကြက္ကို ၎တို႔၏ေတးဂီတ
ဗြီဒီယိုမ်ား၊ တိပ္မ်ားတြင္ သ႐ုပ္ေဖာ္ခဲ့ၾက ၿပီး မၾကာမီမွာပင္ အေမရိကန္ေဘာလုံးသမား ကမ္နယူတန္က
ထိုကကြက္ကို လိုက္ကခဲ့သည္။

Carolina Panthers အသင္း၏တိုက္စစ္မွူးျဖစ္သူ ကမ္နယူတန္သည္ ယခုအခါ Dab ကကြက္ကို
လူတိုင္း ကနိုင္ရန္ လုပ္ေဆာင္ေပးေနသည့္ သံတမန္တဦးျဖစ္သည္။ထိုကကြက္မွာ အျပစ္ကင္းသေယာင္
ရွိေသာ္လည္း ၎၏ေနာက္ကြယ္တြင္ ေမွာင္မိုက္ေသာ အဓိပၸာယ္ရွိသည္။

လြန္ခဲ့ေသာႏွစ္အနည္းငယ္အတြင္းတြင္မူ ထိုကကြက္သည္ လူမွုကြန္ရက္ေပၚအထိ ခ်ဲ႕ထြင္လာခဲ့ၿပီး
လူတိုင္းနီးပါးက အခါအခြင့္သင့္တိုင္း ကၾကသည္။အိုင္အိုဝါတြင္ က်င္းပေသာ ပါတီေခါင္းေဆာင္မ်ား
ညီလာခံတြင္ ဟီလာရီကလင္တန္ မိန႔္ ခြန္းေျပာၾကားေနစဥ္ကပင္ ထိုကကြက္ကို ကခဲ့ၾကသည္ဟု ဆိုသည္။
Dab ႐ူးသြပ္မွုစတင္ၿပီးေနာက္ နာမည္ႀကီးအမ်ားအျပားတို႔က ထိုကကြက္ကို ကခဲ့ၾကသည္။ Jesse
Lingard၊ ဟယ္ရီမင္း သားႏွင့္ ဟီလာရီကလင္တန္တို႔သည္ အေကာင္းဆုံးကနိုင္သူမ်ားတြင္ ပါဝင္သည္။

Irrawaddy Credit
==============

အခုတလော လူပြောများ နာမည်ကြီးနေတဲ့ "Dabbing ဆိုသည်မှာ"

" Dab Dance "

"ပြင်​သစ်​နိုင်ငံမှ စတင်ခဲ့တာလို့ဆိုတဲ့ဖိနှိပ်​ချ ုပ်​ချယ်​မှု​တွေအတွက်​ လွတ်လပ်စွာဆန္ဒ
​ဖော်​ထုတ်​သည့် Style Dance (Dab Dance)"

ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ Dab Dance ကကွက်ကို အောင်ပွဲခံတဲ့အခါမှာ ပြုလုပ်လေ့ရှိကြပါတယ်။
မန်ယူကစားသမား ပေါ့ဂ်ဘာ၊ လင်းဂတ် နဲ့ အခြားသော ဘောလုံးသမားများဖြစ်တဲ့ လူကာကူ၊
ကလိုင်နီ နေမာ တို့လိုကစားသမားတွေရဲ့ ဂိုးသွင်းပြီး အောင်ပွဲခံ ကကွက်တွေက လူတွေရဲ့စိတ်တွေ
ကိုပါ ကြည်နှုးပျော်ရွှင်မှုရှိစေပါတယ်။ဒီလိုကကွက်နဲ့ အောင်ပွဲခံတာကို Dab Dance လို့ခေါ်ပါတယ်။

Dab Dance ရဲ့အစက အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်က အတ္တလန္တာမြို့က ဟစ်ဟော့
အဆိုတော်ရပ်ဝန်းအတွင်းမှ ကကွက်တစ်ခုဖြစ်ပါတယ်။ ဒီဒေသက အဆိုတော်Migosအဖွဲ့ရဲ့
Look at My Dab MTVမှာ ပါဝင်တဲ့ ကကွက်က Dab Dance အကရဲ့အစလို့တောင် ပြောလို့
ရပါတယ်။အခုဆိုရင် မေဂျာလိဂ်၊ စီးရီးအေ ပရီးမီးယားလိဂ် နဲ့ မြန်မာနိုင်ငံအထိ Dab Dance
ကကွက်တွေက စီးဆင်းလို့နေပါပြီ။

ယခုတလော ကကွက်အသစ်တခုကို ကမ္ဘာတလွှားအွန်လိုင်းပေါ်တွင် နေရာတကာတွင် တွေ့နေရသည်။
သို့သော် ထိုကကွက်အကြောင်း လူသိနည်းနေသေးသည်။Dabbing ဟု ခေါ်သော ထိုကကွက်သည်
ကမ္ဘာတဝန်းတွင် ရေပန်းအစားဆုံးဖြစ်နေသည်မှာ အတန်ကြာပြီဖြစ်သော်လည်း လူကြိုက်များမှု
လျော့ကျသွားပုံမရပေ။

Dabbing ဆိုသည်မှာ လက်တဖက်ကို ကောင်းကင်ဘက်သို့ ဆန့်တန်းပြီး ဦးခေါင်းကို အခြားလက်တဖက်
ရှိရာ နေရာသို့ ကိုင်းညွတ်ခြင်းဖြစ်သည်။

ထိုကကွက်နှင့် ပတ်သက်ပြီး သင်သိထားသင့်သောအချက်များတွင် အောက်ပါတို့ ပါဝင်သည်။
ထိုကကွက်ကို မည်သူစတင်ခဲ့သနည်း

ထိုကကွက်ကို အတ္တလန်တာမှ Migos မှ ရက်ပ်ဂီတသမားများနှင့် Jose Guapo, Skippa Da Flippa,
နှင့် PeeWee Longway အပါအဝင် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော အနုပညာရှင်များက စတင်
ခဲ့သည်ဟု ယူဆရသည်။Nae Nae အကကဲ့သို့ပင် အနုပညာရှင်များက ထိုကကွက်ကို ၎င်းတို့၏တေးဂီတ
ဗွီဒီယိုများ၊ တိပ်များတွင် သရုပ်ဖော်ခဲ့ကြ ပြီး မကြာမီမှာပင် အမေရိကန်ဘောလုံးသမား ကမ်နယူတန်က
ထိုကကွက်ကို လိုက်ကခဲ့သည်။

Carolina Panthers အသင်း၏တိုက်စစ်မှူးဖြစ်သူ ကမ်နယူတန်သည် ယခုအခါ Dab ကကွက်ကို
လူတိုင်း ကနိုင်ရန် လုပ်ဆောင်ပေးနေသည့် သံတမန်တဦးဖြစ်သည်။ထိုကကွက်မှာ အပြစ်ကင်းသယောင်
ရှိသော်လည်း ၎င်း၏နောက်ကွယ်တွင် မှောင်မိုက်သော အဓိပ္ပာယ်ရှိသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အတွင်းတွင်မူ ထိုကကွက်သည် လူမှုကွန်ရက်ပေါ်အထိ ချဲ့ထွင်လာခဲ့ပြီး
လူတိုင်းနီးပါးက အခါအခွင့်သင့်တိုင်း ကကြသည်။အိုင်အိုဝါတွင် ကျင်းပသော ပါတီခေါင်းဆောင်များ
ညီလာခံတွင် ဟီလာရီကလင်တန် မိန့် ခွန်းပြောကြားနေစဉ်ကပင် ထိုကကွက်ကို ကခဲ့ကြသည်ဟု ဆိုသည်။
Dab ရူးသွပ်မှုစတင်ပြီးနောက် နာမည်ကြီးအများအပြားတို့က ထိုကကွက်ကို ကခဲ့ကြသည်။ Jesse
Lingard၊ ဟယ်ရီမင်း သားနှင့် ဟီလာရီကလင်တန်တို့သည် အကောင်းဆုံးကနိုင်သူများတွင် ပါဝင်သည်။

Irrawaddy Credit

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...