ျမန္မာ ၂ ဦးအမႈ အသတ္ခံရသူဘက္က ေၾကညာခ်က္တစ္ေစာင္ မေန႔က ထုတ္ျပန္


ထိုင္းႏိုင္ငံေတာင္ပိုင္း စူရတ္ဌာနီခ႐ိုင္အတြင္းရွိ လိပ္ကြၽန္း (ခိုေတာင္ကြၽန္း)တြင္ျဖစ္ပြားခဲ့ေသာ အယူခံတရား႐ုံးမွေသဒဏ္ခ်မွတ္လိုက္သည့္ ျမန္မာေရႊ႕ ေျပာင္းအလုပ္သမားႏွစ္ဦး၏အမႈကုိ ေနာက္ဆုံးအဆင့္အေနျဖင့္ အဆင့္ျမင့္ အယူခံတရား႐ုံး (High Court)သို႔ထပ္တက္ရန္ စီစဥ္ေနၿပီျဖစ္ေၾကာင္း ဗန္ေကာက္ ျမန္မာသံ႐ုံးအထူးစုံစမ္းေရးေကာ္မတီအဖြဲ႕မွ ယေန႔ ထုတ္ျပန္ခ်က္အရ သိရသည္။
လိပ္ကြၽန္းအထူးစုံစမ္းစစ္ေဆးေရးေကာ္မတီမွ ျမန္မာေရွ႕ေနႀကီး ဦးေအာင္မ်ဳိးသန္႔က ''ဒီအမႈအတြက္ျမန္မာႏိုင္ငံကတာဝန္ရွိသူေတြ၊ ထိုင္းေရွ႕ေန ေတြပါဝင္တဲ့ ကြၽန္ေတာ္တို႔အေနနဲ႔ အေၾကာင္းျပခ်က္ ၂၄ ခ်က္ကို အေျခခံၿပီးစာမ်က္ႏွာ ၁၉၈ မ်က္ႏွာပါဝင္တဲ့အေၾကာင္းအရာေတြကို အယူခံ တရား႐ုံးေတာ္ကိုတင္ျပခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ ဒီကေလးႏွစ္ဦးကို မေန႔ကဘဲအယူခံ တရား႐ုံးျဖစ္တဲ့ ေကာ့စေမြတရား႐ုံးေတာ္က ေသဒဏ္ခ်မွတ္လိုက္တဲ့အတြက္ ျမန္မာႏိုင္ငံကတာဝန္ရွိသူေတြရဲ႕ ၫႊန္ၾကားခ်က္အေပၚမူတည္ၿပီး အဆင့္ျမင့္ အယူခံတရား႐ုံးေတာ္ကိုထပ္တက္ဖို႔ရွိပါတယ္။ ဒါလည္းေနာက္ဆုံးအရ ေတာင္းဆိုခြင့္ရွိပါတယ္။ ထိုင္းႏိုင္ငံရဲ႕ဥပေဒအရ အယူခံကိုတစ္လအတြင္း တင္ရတယ္ဆိုေပမယ့္ ရက္တိုးေတာင္းပိုင္ခြင့္ရွိပါတယ္။ တစ္ခါရက္တိုးရင္ တစ္လေတာင္းဆိုလို႔ရတာျဖစ္ၿပီး အနည္းဆုံးအေၾကာင္းျပခ်က္ခိုင္လုံရင္ ငါး ႀကိမ္အထိ အယူခံတိုးေတာင္းလို႔ရပါတယ္''ဟု ရွင္းျပသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၃ ရက္က တရားသူႀကီးဘာသာျပန္မ်ားပါဝင္ သည့္အဖြဲ႕မွာ ေသဒဏ္ခ်မွတ္ခံထားရသည့္ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ႏွစ္ဦးျဖစ္ေသာ ဝင္းေဇာ္ထြန္းႏွင့္ေဇာ္လင္းတို႔ရွိရာ ၿမိဳ႕ေတာ္ဗန္ေကာက္ရွိ ဘန္ခဝင္အက်ဥ္းေထာင္သို႔သြားေရာက္ခဲ့ၿပီး အယူခံအမိန္႔စာအားဖတ္ၾကားခဲ့ေၾကာင္း၊ ထိုသို႔အယူခံအမိန္႔စာအားဖတ္ၾကားၿပီးေနာက္ ၄င္းတို႔အားလက္မွတ္ ေရးထိုးခိုင္းေစခဲ့ၿပီး မူလတရား႐ုံးေတာ္ျဖစ္ေသာ ေကာ့စေမြတရား႐ုံးေတာ္သို႔ ပို႔ေဆာင္ခဲ့ေၾကာင္း၊ ထိုမွတစ္ဆင့္ ခ႐ိုင္အစိုးရေရွ႕ေနကိုေခၚယူကာ တရားသူႀကီးမွ အယူခံအမိန္႔စာအားဖတ္ၾကားခဲ့ေၾကာင္းျဖင့္ ဗန္ေကာက္ျမန္မာသံ႐ုံးအထူး စုံစမ္းေရးေကာ္မတီအဖြဲ႕မွတာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။
မတ္ ၁ ရက္က ျမန္မာေရႊ႕ေျပာင္းအလုပ္သမားႏွစ္ဦးအား အယူခံ တရား႐ုံးမွေသဒဏ္ခ်မွတ္လိုက္ျခင္းႏွင့္စပ္လ်ဥ္း၍ ျမန္မာေရွ႕ေနႀကီး ဦးေအာင္မ်ဳိးသန္႔က ''ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ဥပေဒနဲ႔ ထိုင္းႏိုင္ငံဥပေဒကမတူညီပါဘူး။ ျမန္မာႏိုင္ငံမွာကအမိန္႔ခ်မွတ္ေတာ့မယ္ဆိုရင္ တရားသူႀကီး၊ အစိုးရ ေရွ႕ေန၊ တရားခံေရွ႕ေန၊ တရားခံမ်ားရွိေနရပါတယ္။ ထိုင္းႏိုင္ငံမွာက်ေတာ့ သူ႔ႏိုင္ငံကဥပေဒအရ အမိန္႔ခ်မွတ္ေတာ့မယ္ဆိုရင္ တရားခံသိရင္ အက်ိဳး ေဆာင္ေရွ႕ေနေတာင္ ပါစရာမလိုေတာ့ဘဲ တရားခံသိဖို႔အတြက္ ေထာင္ထဲ အထိလာေရာက္အမိန္႔ခ်လို႔ရပါတယ္။ ဆိုလိုတာက ထိုင္းႏိုင္ငံဥပေဒအရ လုပ္႐ိုးလုပ္စဥ္ပါ။ ဒီအမိန္႔ကိုတရားခံကိုေပးရင္ေပး၊ မေပးရင္အမိန္႔စာကို ဖတ္ျပလို႔ရပါတယ္။ ဒီအမႈမွာလည္းဒီအတိုင္းပဲ အဲဒီမွာတရားခံက မွန္ကန္ေၾကာင္း လက္မွတ္ေရးထိုးရၿပီး အဲဒီအမိန္႔စာကို မူလတရား႐ုံးေတာ္ျဖစ္တဲ့ ေကာ့စေမြတရား႐ုံးေတာ္ကို ျပန္ပို႔ၿပီး မူလတရား႐ုံးေတာ္ကေန တစ္ခါခ႐ိုင္ ဥပေဒ အရာရွိကိုေခၚယူၿပီး အမိန္႔စာကိုျပန္ဝင္ျပရပါတယ္။
ဆိုလိုတာကတရားခံ နဲ႔ မူလတရား႐ုံးေတာ္ကအစိုးရေရွ႕ေနေတြပါသိသြားတဲ့သေဘာေပါ့ေနာ္။ ထိုင္းႏိုင္ငံဥပေဒရဲ႕ လုပ္႐ိုးလုပ္စဥ္အတိုင္းလုပ္တာဆိုေတာ့ သူတို႔အေနနဲ႔သူတို႔ ဥပေဒအရမွန္ကန္တယ္လို႔လည္း ေျပာလို႔ရပါတယ္။ ဒီကေလးႏွစ္ေယာက္ကလည္း အရင္အတိုင္းေသဒဏ္ခ်မွတ္ခံရတဲ့သေဘာပါ။ ေရွ႕ေနေတြမရွိဘဲ အမိန္႔ ခ်တယ္ဆိုၿပီး မီဒီယာေတြမွာေဖာ္ျပလာတာျဖစ္တဲ့အတြက္ေၾကာင့္ ျမန္မာျပည္သူေတြ နားလည္မႈလြဲမွာစိုးလို႔ရွင္းျပျခင္းျဖစ္ပါတယ္''ဟု ထပ္မံရွင္းျပခဲ့သည္။
ထိုင္းႏိုင္ငံေတာင္ပိုင္း စူရတ္ဌာနီခ႐ိုင္အတြင္းရွိ လိပ္ကြၽန္း (ခိုေတာင္ ကြၽန္း) တြင္ ၂ဝ၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္က ကမၻာလွည့္ခရီးသည္ ၿဗိတိန္ႏိုင္ငံသား ႏွစ္ဦးျဖစ္ေသာ David Miller ႏွင့္ Hannah Witheridge တို႔ ႏွစ္ဦးေသဆုံးျခင္းျဖစ္စဥ္ႏွင့္စပ္လ်ဥ္းၿပီး အစြပ္စြဲခံရသည့္ ျမန္မာေရႊ႕ေျပာင္း အလုပ္သမားႏွစ္ဦးျဖစ္ေသာ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္းတို႔အား ၿပီးခဲ့သည့္ ၂ဝ၁၅ ခုႏွစ္ ဒီဇင္ဘာ ၂၄ ရက္ နံနက္ပိုင္းက ေကာ့စေမြခ႐ိုင္ တရား႐ုံးေတာ္က လူသတ္မႈ၊ မုဒိမ္းမႈတို႔အပါအဝင္ ပုဒ္မ ခုနစ္ခုတို႔ျဖင့္ ေသဒဏ္ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။
(စိုးဝင္း- MLA)
The Mirror Daily
=====
Unicode
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင်ကျွန်း)တွင်ဖြစ်ပွားခဲ့သော အယူခံတရားရုံးမှသေဒဏ်ချမှတ်လိုက်သည့် မြန်မာရွှေ့ ပြောင်းအလုပ်သမားနှစ်ဦး၏အမှုကို နောက်ဆုံးအဆင့်အနေဖြင့် အဆင့်မြင့် အယူခံတရားရုံး (High Court)သို့ထပ်တက်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဗန်ကောက် မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီအဖွဲ့မှ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။
လိပ်ကျွန်းအထူးစုံစမ်းစစ်ဆေးရေးကော်မတီမှ မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်က ''ဒီအမှုအတွက်မြန်မာနိုင်ငံကတာဝန်ရှိသူတွေ၊ ထိုင်းရှေ့နေ တွေပါဝင်တဲ့ ကျွန်တော်တို့အနေနဲ့ အကြောင်းပြချက် ၂၄ ချက်ကို အခြေခံပြီးစာမျက်နှာ ၁၉၈ မျက်နှာပါဝင်တဲ့အကြောင်းအရာတွေကို အယူခံ တရားရုံးတော်ကိုတင်ပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီကလေးနှစ်ဦးကို မနေ့ကဘဲအယူခံ တရားရုံးဖြစ်တဲ့ ကော့စမွေတရားရုံးတော်က သေဒဏ်ချမှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံကတာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အပေါ်မူတည်ပြီး အဆင့်မြင့် အယူခံတရားရုံးတော်ကိုထပ်တက်ဖို့ရှိပါတယ်။ ဒါလည်းနောက်ဆုံးအရ တောင်းဆိုခွင့်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ဥပဒေအရ အယူခံကိုတစ်လအတွင်း တင်ရတယ်ဆိုပေမယ့် ရက်တိုးတောင်းပိုင်ခွင့်ရှိပါတယ်။ တစ်ခါရက်တိုးရင် တစ်လတောင်းဆိုလို့ရတာဖြစ်ပြီး အနည်းဆုံးအကြောင်းပြချက်ခိုင်လုံရင် ငါး ကြိမ်အထိ အယူခံတိုးတောင်းလို့ရပါတယ်''ဟု ရှင်းပြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်က တရားသူကြီးဘာသာပြန်များပါဝင် သည့်အဖွဲ့မှာ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်သော ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့ရှိရာ မြို့တော်ဗန်ကောက်ရှိ ဘန်ခဝင်အကျဉ်းထောင်သို့သွားရောက်ခဲ့ပြီး အယူခံအမိန့်စာအားဖတ်ကြားခဲ့ကြောင်း၊ ထိုသို့အယူခံအမိန့်စာအားဖတ်ကြားပြီးနောက် ၄င်းတို့အားလက်မှတ် ရေးထိုးခိုင်းစေခဲ့ပြီး မူလတရားရုံးတော်ဖြစ်သော ကော့စမွေတရားရုံးတော်သို့ ပို့ဆောင်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ခရိုင်အစိုးရရှေ့နေကိုခေါ်ယူကာ တရားသူကြီးမှ အယူခံအမိန့်စာအားဖတ်ကြားခဲ့ကြောင်းဖြင့် ဗန်ကောက်မြန်မာသံရုံးအထူး စုံစမ်းရေးကော်မတီအဖွဲ့မှတာဝန်ရှိသူများက ပြောကြားခဲ့သည်။
မတ် ၁ ရက်က မြန်မာရွှေ့ပြောင်းအလုပ်သမားနှစ်ဦးအား အယူခံ တရားရုံးမှသေဒဏ်ချမှတ်လိုက်ခြင်းနှင့်စပ်လျဉ်း၍ မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်က ''ကျွန်တော်တို့နိုင်ငံရဲ့ဥပဒေနဲ့ ထိုင်းနိုင်ငံဥပဒေကမတူညီပါဘူး။ မြန်မာနိုင်ငံမှာကအမိန့်ချမှတ်တော့မယ်ဆိုရင် တရားသူကြီး၊ အစိုးရ ရှေ့နေ၊ တရားခံရှေ့နေ၊ တရားခံများရှိနေရပါတယ်။ ထိုင်းနိုင်ငံမှာကျတော့ သူ့နိုင်ငံကဥပဒေအရ အမိန့်ချမှတ်တော့မယ်ဆိုရင် တရားခံသိရင် အကျိုး ဆောင်ရှေ့နေတောင် ပါစရာမလိုတော့ဘဲ တရားခံသိဖို့အတွက် ထောင်ထဲ အထိလာရောက်အမိန့်ချလို့ရပါတယ်။ ဆိုလိုတာက ထိုင်းနိုင်ငံဥပဒေအရ လုပ်ရိုးလုပ်စဉ်ပါ။ ဒီအမိန့်ကိုတရားခံကိုပေးရင်ပေး၊ မပေးရင်အမိန့်စာကို ဖတ်ပြလို့ရပါတယ်။ ဒီအမှုမှာလည်းဒီအတိုင်းပဲ အဲဒီမှာတရားခံက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရပြီး အဲဒီအမိန့်စာကို မူလတရားရုံးတော်ဖြစ်တဲ့ ကော့စမွေတရားရုံးတော်ကို ပြန်ပို့ပြီး မူလတရားရုံးတော်ကနေ တစ်ခါခရိုင် ဥပဒေ အရာရှိကိုခေါ်ယူပြီး အမိန့်စာကိုပြန်ဝင်ပြရပါတယ်။
ဆိုလိုတာကတရားခံ နဲ့ မူလတရားရုံးတော်ကအစိုးရရှေ့နေတွေပါသိသွားတဲ့သဘောပေါ့နော်။ ထိုင်းနိုင်ငံဥပဒေရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်းလုပ်တာဆိုတော့ သူတို့အနေနဲ့သူတို့ ဥပဒေအရမှန်ကန်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒီကလေးနှစ်ယောက်ကလည်း အရင်အတိုင်းသေဒဏ်ချမှတ်ခံရတဲ့သဘောပါ။ ရှေ့နေတွေမရှိဘဲ အမိန့် ချတယ်ဆိုပြီး မီဒီယာတွေမှာဖော်ပြလာတာဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်သူတွေ နားလည်မှုလွဲမှာစိုးလို့ရှင်းပြခြင်းဖြစ်ပါတယ်''ဟု ထပ်မံရှင်းပြခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်အတွင်းရှိ လိပ်ကျွန်း (ခိုတောင် ကျွန်း) တွင် ၂ဝ၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ကမ္ဘာလှည့်ခရီးသည် ဗြိတိန်နိုင်ငံသား နှစ်ဦးဖြစ်သော David Miller နှင့် Hannah Witheridge တို့ နှစ်ဦးသေဆုံးခြင်းဖြစ်စဉ်နှင့်စပ်လျဉ်းပြီး အစွပ်စွဲခံရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးဖြစ်သော ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အား ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကော့စမွေခရိုင် တရားရုံးတော်က လူသတ်မှု၊ မုဒိမ်းမှုတို့အပါအဝင် ပုဒ်မ ခုနစ်ခုတို့ဖြင့် သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
(စိုးဝင်း- MLA)
The Mirror Daily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...