သူ႔ကိုအခြန္ေလ်ာ့ေကာက္ေပးဖို႔ေျပာလိုက္တဲ့ ေဗလု၀

သားႀကီး(ဇီးကုန္း)

အကယ္ဒမီ ေဗလု၀ဟာ အႏုပညာေလာကထဲကို ဟာသသရုပ္ေဆာင္ တစ္ေယာက္အျဖစ္ ၀င္ေရာက္ခဲ့တယ္လို႔ လူသိမ်ားခဲ့ေပမယ့္ အမွန္မွာေတာ့ ဇာတ္ညြန္း ဆရာ ဒါရိုက္တာ ဘဝနဲ႔ အႏုပညာလမ္းေၾကာင္းေပၚစ တင္ ေလၽွာက္လွမ္းခဲ့ သူတစ္ေယာက္ပါ။

ဘီးလူးဆိုတဲ့ ရုပ္ရွင္ကားႀကီးမွာ ေခါင္ေဆာင္မင္းသား ေနရာကေန အေကာင္းဆံုး သရုပ္ေဆာင္ခဲ့ၿပီး ၿပီးခဲ့သည့္ ႏွစ္ကမွ “ ဤအရာကို အခ်စ္ဟု ေခၚသလား ” ဇာတ္ကားနဲ႔ ပူပူေႏြးေႏြး အကယ္ဒမီ ေရႊစင္ရုပ္ကို ပိုင္ဆိုင္ခဲ့ သည့္ ေဗလုဝက တိုင္းသူျပည္သား တစ္ယာက္အေနနဲ႔ အခြန္ေဆာင္သင့္ေၾကာင္း အကုန္သိ သတင္းဌာနကို ေျပာၾကားခဲ့ပါ တယ္။

" အႏုပညာရွင္ အေနနဲ႔တင္ မဟုတ္ပါ့ဘူး။ တိုင္းသူျပည္သား တစ္ေယာက္ အေနနဲ႔ အကုန္လံုးအခြန္ေဆာင္သင့္ ပါတယ္။ ဒီအခြန္ကေန တိုင္းျပည္ရဲ႕ လို အပ္တဲ့ ေနရာေတြ( ဥပမာ ပညာေရး၊ က်မ္းမာေရး)နဲ႔ တျခားလို အပ္တဲ့ ေန ရာေတြမွာ ျပန္အသံုးျပဳမွာမို႔ေဆာင္သင့္ပါတယ္။ တိုင္းသူျပည္ သားေတြလည္း အခြန္ဆိုတာကို ေဆာင္သင္ပါ့ တယ္။ အခြန္ဆိုတာ ခုမွတင္မဟုတ္ပါဘူး။ ဟိုး အရင္ကတည္းက ေဆာင္သင့္ပါတယ္။ ဒါေပမဲ့ ကၽြန္ေတာ့ ကိုယ္တိုင္လဲ မေဆာင္ျဖစ္ခဲ့ပါ့ဘူး။ ကၽြန္ေတာ္လဲ အခြန္ေဆာင္ခ်င္ပါတယ္။ ညွာညွာ တာ တာေလး ေကာက္ရင္ ေတာ့ ေကာင္းတာေပါ့။ အမ်ားႀကီး ေကာက္ရင္ေတာ့ မေဆာင္ႏိုင္ဘူးေလ။ ဘာလို႔လဲဆိုေတာ့ ကၽြန္ ေတာ္တို႔လဲ သိပ္ရွိတာ မဟုတ္ ဘူးေလ။ တစ္ခုပါပဲ ေဗႀကီးကို အခြန္ေကာက္ရင္ ေလၽွာ့ေကာက္ပါ လို႔ေျပာခ်င္ပါ တယ္" လုိ႔ ေျပာၾကားပါတယ္။

မႏွစ္က သႀကၤန္ကာလမွာ သံခ်ပ္ဒိုင္ေနရာမွ ပါဝင္ခဲ့ၿပီး ယခုႏွစ္သႀကၤန္မွာေတာ့ သႀကၤန္ၿပိဳင္ကားေပၚမွာ ကိုယ္ တိုင္ သံခ်ပ္ထိုးၿပီး တစ္ၿမိဳ႕လံုးကို လည္ပတ္ မည္ျ ဖစ္ေၾကာင္း ထပ္မံေျပာၾကားခဲ့ ပါတယ္။

" ဦးေဗရဲ႕ သႀကၤန္ျဖတ္သန္းမႈ ( ၄၂ )ေျမာက္ အမွတ္တရ အေနနဲ႔ ဒီႏွစ္မွာ ႏိုင္ ငံရဲ႕ ျပဳျပင္ေျပာင္းလဲစရာ ရွိတာ ေလးေတြကို သႀကၤန္ သံခ်ပ္စတိုင္လုပ္ထားတဲ့ " ျမန္ျပည္နိဒါန္း" ဆိုတဲ့ ေခါင္းစဥ္ေလးနဲ႔ စြယ္စံုၿပိဳင္ပြဲဝင္ ကား ထြက္မွာပါ။ အဲဒီ အတြက္လဲ ၿပီးပါၿပီ။ ဆင္ဆာတင္ဖို႔ပဲ လုပ္ေနတာပါ။ ေနာက္ၿပီးေတာ့ ဦးေဗ သ ႀကၤန္ကာလ မွာ သံခ်ပ္ ၿပိဳင္ကားထြက္မွာပါ။ သံခ်ပ္ၿပိဳင္ကားဆိုတာက လူအေ ယာက္ သံုးဆယ္ ေလးဆယ္ေလာက္ပါ့မယ့္ ကား အႀကီးႀကီးပါ။ အဲဒီ ကား အႀကီးႀကီးေပၚမွာ သံခ်ပ္ေတြထိုးၿပီးေတာ့ သႀကၤန္ကာလအတြင္းမွာ ရန္ ကုန္တိုင္း တစ္ တိုင္းလံုးကို လွည့္ၿပီးေဖ်ာ္ေျဖမွာပါ။ ကၽြန္ေတာ္ကိုယ္တိုင္လဲ ပါဝင္မွာပါ" လို႔ အကုန္သိသတင္းဌာနသို႔ ထပ္မံ ေျဖၾကားခဲ့ ပါတယ္။

AKonThi



အကယ်ဒမီ ဗေလုဝဟာ အနုပညာလောကထဲကို ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ဝင်ရောက်ခဲ့တယ်လို့ လူသိများခဲ့ပေမယ့် အမှန်မှာတော့ ဇာတ်ညွန်း ဆရာ ဒါရိုက်တာ ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်စ တင် လျှောက်လှမ်းခဲ့ သူတစ်ယောက်ပါ။

ဘီးလူးဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ခေါင်ဆောင်မင်းသား နေရာကနေ အကောင်းဆုံး သရုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့် နှစ်ကမှ “ ဤအရာကို အချစ်ဟု ခေါ်သလား ” ဇာတ်ကားနဲ့ ပူပူနွေးနွေး အကယ်ဒမီ ရွှေစင်ရုပ်ကို ပိုင်ဆိုင်ခဲ့ သည့် ဗေလုဝက တိုင်းသူပြည်သား တစ်ယာက်အနေနဲ့ အခွန်ဆောင်သင့်ကြောင်း အကုန်သိ သတင်းဌာနကို ပြောကြားခဲ့ပါ တယ်။

" အနုပညာရှင် အနေနဲ့တင် မဟုတ်ပါ့ဘူး။ တိုင်းသူပြည်သား တစ်ယောက် အနေနဲ့ အကုန်လုံးအခွန်ဆောင်သင့် ပါတယ်။ ဒီအခွန်ကနေ တိုင်းပြည်ရဲ့ လို အပ်တဲ့ နေရာတွေ( ဥပမာ ပညာရေး၊ ကျမ်းမာရေး)နဲ့ တခြားလို အပ်တဲ့ နေ ရာတွေမှာ ပြန်အသုံးပြုမှာမို့ဆောင်သင့်ပါတယ်။ တိုင်းသူပြည် သားတွေလည်း အခွန်ဆိုတာကို ဆောင်သင်ပါ့ တယ်။ အခွန်ဆိုတာ ခုမှတင်မဟုတ်ပါဘူး။ ဟိုး အရင်ကတည်းက ဆောင်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော့ ကိုယ်တိုင်လဲ မဆောင်ဖြစ်ခဲ့ပါ့ဘူး။ ကျွန်တော်လဲ အခွန်ဆောင်ချင်ပါတယ်။ ညှာညှာ တာ တာလေး ကောက်ရင် တော့ ကောင်းတာပေါ့။ အများကြီး ကောက်ရင်တော့ မဆောင်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ ကျွန် တော်တို့လဲ သိပ်ရှိတာ မဟုတ် ဘူးလေ။ တစ်ခုပါပဲ ဗေကြီးကို အခွန်ကောက်ရင် လျှော့ကောက်ပါ လို့ပြောချင်ပါ တယ်" လို့ ပြောကြားပါတယ်။

မနှစ်က သင်္ကြန်ကာလမှာ သံချပ်ဒိုင်နေရာမှ ပါဝင်ခဲ့ပြီး ယခုနှစ်သင်္ကြန်မှာတော့ သင်္ကြန်ပြိုင်ကားပေါ်မှာ ကိုယ် တိုင် သံချပ်ထိုးပြီး တစ်မြို့လုံးကို လည်ပတ် မည်ြ ဖစ်ကြောင်း ထပ်မံပြောကြားခဲ့ ပါတယ်။

" ဦးဗေရဲ့ သင်္ကြန်ဖြတ်သန်းမှု ( ၄၂ )မြောက် အမှတ်တရ အနေနဲ့ ဒီနှစ်မှာ နိုင် ငံရဲ့ ပြုပြင်ပြောင်းလဲစရာ ရှိတာ လေးတွေကို သင်္ကြန် သံချပ်စတိုင်လုပ်ထားတဲ့ " မြန်ပြည်နိဒါန်း" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ စွယ်စုံပြိုင်ပွဲဝင် ကား ထွက်မှာပါ။ အဲဒီ အတွက်လဲ ပြီးပါပြီ။ ဆင်ဆာတင်ဖို့ပဲ လုပ်နေတာပါ။ နောက်ပြီးတော့ ဦးဗေ သ င်္ကြန်ကာလ မှာ သံချပ် ပြိုင်ကားထွက်မှာပါ။ သံချပ်ပြိုင်ကားဆိုတာက လူအေ ယာက် သုံးဆယ် လေးဆယ်လောက်ပါ့မယ့် ကား အကြီးကြီးပါ။ အဲဒီ ကား အကြီးကြီးပေါ်မှာ သံချပ်တွေထိုးပြီးတော့ သင်္ကြန်ကာလအတွင်းမှာ ရန် ကုန်တိုင်း တစ် တိုင်းလုံးကို လှည့်ပြီးဖျော်ဖြေမှာပါ။ ကျွန်တော်ကိုယ်တိုင်လဲ ပါဝင်မှာပါ" လို့ အကုန်သိသတင်းဌာနသို့ ထပ်မံ ဖြေကြားခဲ့ ပါတယ်။

AKonThi

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...