ျမန္မာလုပ္သားႏွစ္ဦး အယူခံပယ္ခ်ခံရသျဖင့္ ျမန္မာေခါင္းေဆာင္ႏွစ္ဦး စိတ္မေကာင္း

ျမန္မာလုပ္သားႏွစ္ဦး ကို ထိုင္းအယူခံေအာက္တရား ႐ံုးက ေသဒဏ္အမိန္႔ ထပ္မံခ် မွတ္သည့္အေပၚ ႏုိင္ငံေတာ္ သမၼတႏွင့္ အတိုင္ပင္ခံပုဂၢိဳလ္တို႔ က စိတ္မေကာင္းျဖစ္ေနၿပီး အဆင့္ျမင့္တရား႐ံုးသို႔ အယူခံ တင္ျပရန္ ႏိုင္ငံေတာ္၏ အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္က ၫႊန္ၾကားထားေၾကာင္း သမၼတ႐ံုး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာသည္။
‘‘လိပ္ကြၽန္းနဲ႔ပတ္သက္ၿပီး ေတာ့ အတုိင္ပင္ခံေရာ၊ သမၼတ ႀကီးေရာ ေတာ္ေတာ္ေလး စိတ္ မေကာင္းျဖစ္ေနတယ္ေပါ့။ အဲဒီ အတြက္ အစိုးရဘက္က တတ္ ႏိုင္သေလာက္ ေဆာင္ရြက္ေပးဖုိ႔ ၫႊန္ၾကားထားပါတယ္။ လိပ္ ကြၽန္းနဲ႔ပတ္သက္ၿပီး အရင္တုန္း က ေကာ္မတီဖြဲ႕ထားတာရွိတယ္။ ထုိင္းေရာက္ ျမန္မာေတြထဲက ဥပေဒ ကြၽမ္းက်င္တဲ့သူေတြ၊ အလုပ္သမားအေရး ေဆာင္ရြက္ တဲ့သူေတြ ရွိတယ္။ အရင္တုန္းက ကိုေအာင္မ်ဳိးသန္႔တို႔၊ ဦးထူးခ်စ္ တို႔ ပါတယ္ေပါ့ေနာ္။ သံ႐ံုးက သံအမတ္ႀကီးရယ္ ေနာက္ ျမန္မာ ႏိုင္ငံဘက္က ကြၽမ္းက်င္သူေတြ ပါတာေပါ့။ အဲဒါကို ကြၽန္ေတာ္တို႔ က ျပန္ၿပီးေတာ့ ဖြဲ႕မယ္ေပါ့။ ထုိင္းေရွ႕ေနမ်ား ေကာင္စီကို ေနာက္ထပ္ တရားဝင္လုပ္လို႔ရတဲ့ နည္းလမ္းနဲ႔ေပါ့။ ထုိင္းႏိုင္ငံရဲ႕ ဥပေဒနဲ႔အညီ ဘယ္လိုလုပ္လို႔ ရမလဲဆိုတာ အေသးစိတ္ ေဆြး ေႏြးၿပီးေတာ့ ေဆာင္ရြက္သြား မယ္’’ဟု ၎က 7Day Daily သတင္းစာအား ေျပာသည္။
‘‘အခုသိရတာက အယူခံကို ေအာက္႐ံုးက အမိန္႔ခ်လိုက္ေတာ့ အယူခံကို ဆက္တက္ဖို႔ရာ အဆင့္ျမင့္တရား႐ံုး (High Court)ပဲ က်န္ေတာ့တာေပါ့။ တရား႐ံုးဆိုင္ရာမွာ ေနာက္ဆံုး တစ္ခ်က္ပဲ က်န္ေတာ့တယ္။ အဲဒါၿပီးရင္ေတာ့ ေနာက္တစ္ဆင့္ က ထုိင္းဘုရင္ထံ အသနားခံစာပဲ က်န္ေတာ့တာေပါ့။ ဒါေၾကာင့္ ေနာက္တစ္ဆင့္က အေရးႀကီး တယ္။ အခုအဆင့္က အျမင့္ဆံုး တရား႐ံုးျဖစ္တဲ့အတြက္ အေရး ႀကီးတယ္။ ထုိင္းႏိုင္ငံေရွ႕ေနမ်ား ေကာင္စီနဲ႔  ပူးေပါင္းေဆာင္ရြက္ ဖို႔လိုတယ္။ အတိုင္ပင္ခံက အဲဒီလို ၫႊန္ၾကားထားပါတယ္’’ဟု ၎က ဆက္လက္ေျပာသည္။
ဝင္းေဇာ္ထြန္းႏွင့္ေဇာ္လင္း တို႔သည္ လိပ္ကြၽန္းလူသတ္မႈျဖင့္ ေသဒဏ္အျပစ္ေပးခံထားရေသာ ေၾကာင့္ အယူခံတင္ျပေသာ္လည္း ထိုင္းေအာက္တရား႐ံုးက မတ္လ ၁ ရက္၌ ပယ္ခ်ၿပီး ေသဒဏ္ အမိန္႔ကို ထပ္မံအတည္ျပဳေပးခဲ့ သည္။ ထပ္မံ အယူခံတင္ျပမည့္ အဆင့္ျမင့္ တရား႐ံုး၌ လြတ္ ေျမာက္ျခင္းမရွိပါက ထိုင္းႏိုင္ငံ ဘုရင့္ထံ အသနားခံစာ တင္ျပရန္ သာ က်န္ရွိသည္။
‘‘ေရွ႕ဆက္ လုပ္ဖို႔ရာ အတြက္  သမၼတ႐ံုးကလည္း ဆက္သြယ္လာပါတယ္။ အယူခံ ကေတာ့ တစ္လအခ်ိန္ရတာေပါ့။ အဲဒီတစ္လအတြင္းမွ မတင္ျပႏိုင္ ေသးရင္လည္း ေနာက္ထပ္ ရက္ တိုးေတာင္းလို႔ရတာေပါ့။ ဒီ အဆင့္အယူခံက ေနာက္ဆံုး အယူခံျဖစ္ေနလို႔ အေရးႀကီးတာ ေပါ့။ အန္ကယ္တို႔က အစိုးရနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး လုပ္ေဆာင္ သြားမွာပါ’’ဟု ျမန္မာလုပ္သားႏွစ္ ဦးအေရးကို ေဆာင္ရြက္ေပးေန ေသာ ျမန္မာသံ႐ံုးအထူးအဖြဲ႕မွ ေရွ႕ေနဦးေအာင္မ်ဳိးသန္႔က ေျပာ ၾကားသည္။
ျမန္မာလုပ္သား ႏွစ္ဦးကို ျပစ္မႈထင္ရွားသည္ဆုိကာ လူ သတ္မႈႏွင့္ သတင္းထိမ္ခ်န္မႈ အတြက္ ေသဒဏ္၊ ဟန္နာဝစ္သာ ရစ္ခ်္ကို အဓမၼျပဳက်င့္မႈအတြက္ ေထာင္ဒဏ္ ႏွစ္၂၀၊ ပစၥည္းခိုးမႈ အတြက္ ေထာင္ဒဏ္ ၂ ႏွစ္၊ ည အခ်ိန္မေတာ္ေနထိုင္မႈအတြက္ ေထာင္ဒဏ္တစ္ႏွစ္ခြဲ၊ ထုိင္းႏိုင္ငံ အတြင္း ခိုးဝင္မႈအတြက္ ေထာင္ ဒဏ္ေျခာက္လႏွင့္ တရားမဝင္ ေနထိုင္မႈအတြက္ ေထာင္ဒဏ္ ေျခာက္လ စသည့္ျပစ္ဒဏ္မ်ားကို ေကာ့စမြီတရား႐ံုးက ၂၀၁၅ ဒီဇင္ ဘာ ၂၄ ရက္၌ အမိန္႔ခ်မွတ္ခဲ့ သည္။
7daydaily
====
Unicode
မြန်မာလုပ်သားနှစ်ဦး ကို ထိုင်းအယူခံအောက်တရား ရုံးက သေဒဏ်အမိန့် ထပ်မံချ မှတ်သည့်အပေါ် နိုင်ငံတော် သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ က စိတ်မကောင်းဖြစ်နေပြီး အဆင့်မြင့်တရားရုံးသို့ အယူခံ တင်ပြရန် နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က ညွှန်ကြားထားကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
‘‘လိပ်ကျွန်းနဲ့ပတ်သက်ပြီး တော့ အတိုင်ပင်ခံရော၊ သမ္မတ ကြီးရော တော်တော်လေး စိတ် မကောင်းဖြစ်နေတယ်ပေါ့။ အဲဒီ အတွက် အစိုးရဘက်က တတ် နိုင်သလောက် ဆောင်ရွက်ပေးဖို့ ညွှန်ကြားထားပါတယ်။ လိပ် ကျွန်းနဲ့ပတ်သက်ပြီး အရင်တုန်း က ကော်မတီဖွဲ့ထားတာရှိတယ်။ ထိုင်းရောက် မြန်မာတွေထဲက ဥပဒေ ကျွမ်းကျင်တဲ့သူတွေ၊ အလုပ်သမားအရေး ဆောင်ရွက် တဲ့သူတွေ ရှိတယ်။ အရင်တုန်းက ကိုအောင်မျိုးသန့်တို့၊ ဦးထူးချစ် တို့ ပါတယ်ပေါ့နော်။ သံရုံးက သံအမတ်ကြီးရယ် နောက် မြန်မာ နိုင်ငံဘက်က ကျွမ်းကျင်သူတွေ ပါတာပေါ့။ အဲဒါကို ကျွန်တော်တို့ က ပြန်ပြီးတော့ ဖွဲ့မယ်ပေါ့။ ထိုင်းရှေ့နေများ ကောင်စီကို နောက်ထပ် တရားဝင်လုပ်လို့ရတဲ့ နည်းလမ်းနဲ့ပေါ့။ ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့အညီ ဘယ်လိုလုပ်လို့ ရမလဲဆိုတာ အသေးစိတ် ဆွေး နွေးပြီးတော့ ဆောင်ရွက်သွား မယ်’’ဟု ၎င်းက 7Day Daily သတင်းစာအား ပြောသည်။
‘‘အခုသိရတာက အယူခံကို အောက်ရုံးက အမိန့်ချလိုက်တော့ အယူခံကို ဆက်တက်ဖို့ရာ အဆင့်မြင့်တရားရုံး (High Court)ပဲ ကျန်တော့တာပေါ့။ တရားရုံးဆိုင်ရာမှာ နောက်ဆုံး တစ်ချက်ပဲ ကျန်တော့တယ်။ အဲဒါပြီးရင်တော့ နောက်တစ်ဆင့် က ထိုင်းဘုရင်ထံ အသနားခံစာပဲ ကျန်တော့တာပေါ့။ ဒါကြောင့် နောက်တစ်ဆင့်က အရေးကြီး တယ်။ အခုအဆင့်က အမြင့်ဆုံး တရားရုံးဖြစ်တဲ့အတွက် အရေး ကြီးတယ်။ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီနဲ့  ပူးပေါင်းဆောင်ရွက် ဖို့လိုတယ်။ အတိုင်ပင်ခံက အဲဒီလို ညွှန်ကြားထားပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
ဝင်းဇော်ထွန်းနှင့်ဇော်လင်း တို့သည် လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်အပြစ်ပေးခံထားရသော ကြောင့် အယူခံတင်ပြသော်လည်း ထိုင်းအောက်တရားရုံးက မတ်လ ၁ ရက်၌ ပယ်ချပြီး သေဒဏ် အမိန့်ကို ထပ်မံအတည်ပြုပေးခဲ့ သည်။ ထပ်မံ အယူခံတင်ပြမည့် အဆင့်မြင့် တရားရုံး၌ လွတ် မြောက်ခြင်းမရှိပါက ထိုင်းနိုင်ငံ ဘုရင့်ထံ အသနားခံစာ တင်ပြရန် သာ ကျန်ရှိသည်။
‘‘ရှေ့ဆက် လုပ်ဖို့ရာ အတွက်  သမ္မတရုံးကလည်း ဆက်သွယ်လာပါတယ်။ အယူခံ ကတော့ တစ်လအချိန်ရတာပေါ့။ အဲဒီတစ်လအတွင်းမှ မတင်ပြနိုင် သေးရင်လည်း နောက်ထပ် ရက် တိုးတောင်းလို့ရတာပေါ့။ ဒီ အဆင့်အယူခံက နောက်ဆုံး အယူခံဖြစ်နေလို့ အရေးကြီးတာ ပေါ့။ အန်ကယ်တို့က အစိုးရနဲ့ ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင် သွားမှာပါ’’ဟု မြန်မာလုပ်သားနှစ် ဦးအရေးကို ဆောင်ရွက်ပေးနေ သော မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန့်က ပြော ကြားသည်။
မြန်မာလုပ်သား နှစ်ဦးကို ပြစ်မှုထင်ရှားသည်ဆိုကာ လူ သတ်မှုနှင့် သတင်းထိမ်ချန်မှု အတွက် သေဒဏ်၊ ဟန်နာဝစ်သာ ရစ်ချ်ကို အဓမ္မပြုကျင့်မှုအတွက် ထောင်ဒဏ် နှစ်၂၀၊ ပစ္စည်းခိုးမှု အတွက် ထောင်ဒဏ် ၂ နှစ်၊ ည အချိန်မတော်နေထိုင်မှုအတွက် ထောင်ဒဏ်တစ်နှစ်ခွဲ၊ ထိုင်းနိုင်ငံ အတွင်း ခိုးဝင်မှုအတွက် ထောင် ဒဏ်ခြောက်လနှင့် တရားမဝင် နေထိုင်မှုအတွက် ထောင်ဒဏ် ခြောက်လ စသည့်ပြစ်ဒဏ်များကို ကော့စမွီတရားရုံးက ၂၀၁၅ ဒီဇင် ဘာ ၂၄ ရက်၌ အမိန့်ချမှတ်ခဲ့ သည်။
7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...