ေဝဖန္မႈေတြ ျပင္းထန္ေနတဲ့ ေျပတီဦးနဲ႔ ကစ္တို႔ရဲ့ အကယ္ဒမီ အတင္းအဖ်င္းသတင္း


မတ္လ ၁၈ ရက္ေန႔ မနက္ျဖန္ဆိုရင္ျဖင့္ အကယ္ဒမီထူးခၽြန္ဆုေပးပြဲႀကီး ကိုက်င္းပေတာ့မွာျဖစ္ပါတယ္။ အကယ္ဒမီဆုေပးပြဲႀကီးကိုေတာ့ ေရႊတိဂုံေစတီေတာ္ကို ေနာက္ခံထားၿပီး ျပည့္သူ႔ရင္ျပင္မွာ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ေလ်ာ္ညီစြာက်င္းပသြားမွာျဖစ္ၿပီး ယခုႏွစ္အကယ္ဒမီဟာ ယခင္ႏွစ္ေတြထက္ အားၿပိဳင္ျပင္းထန္ေနပါတယ္တယ္။
အထူးသျဖင့္ အမ်ိဳးသမီးဇာတ္ေဆာင္ဆုအတြက္ အၿပိဳင္ျဖစ္ေနၿပီး ထိုအႏုပညာရွင္ႏွစ္ဦးကလည္း ဇာတ္ကားတစ္ကားတည္းနဲ႔ အကယ္ဒမီအၿပိဳင္ျဖစ္လို႔ေနပါတယ္။ ဝတၳဳမွာကတည္းက ပရိသတ္အားေပးမႈ အျပည့္အဝရရွိထားၿပီး ဇာတ္လမ္းျပန္လည္ရိုက္ကူးခဲ့စဥ္မွာလည္း ႐ုံျပည့္႐ုံလၽွံ စံခ်ိန္လြန္ေအာင္ ပရိသတ္အားေပးမႈ ေျမာက္ျမားခဲ့ပါတယ္။
ဒီဇာတ္လမ္းမွာ အကယ္ဒမီ သက္မြန္ျမင့္ ႏွင့္ အကယ္ဒမီ ဝတ္မႈန္ေရႊရည္တို႔က ပါဝင္ သ႐ုပ္ေဆာင္ထားၾကပါတယ္။ ဒီဇာတ္လမ္းနဲ႔ ပတ္သတ္ၿပီး ႏွစ္ေယာက္လုံးကို အကယ္ဒမီမွန္းထားၾကေပမယ့္ ျပသနာကေတာ့ ဘယ္သူကဇာတ္ေဆာင္ ဘယ္သူကဇာတ္ပို႔ ဆိုတဲ့ ျပသနာပါ။ တကယ္တမ္းက် ဒီဇာတ္ကားမွာ ႏွစ္ေယာက္စလုံးကို ဇာတ္ေဆာင္အျဖစ္သာ စဥ္းစားထားၿပီး Myanmar Film Academy ကတင္ေပးတဲ့ အကယ္ဒမီအကဲျဖတ္မွာလည္း အမ်ိဳးသမီးဇာတ္ေဆာင္ ဆုအျဖစ္သာ ခန႔္မွန္းေျပာဆိုထားပါတယ္။

အစတည္းက ႏွစ္ဖက္ပရိသတ္ၾကား အခ်င္းမ်ားစရာကိစၥဟာ ယေန႔မနက္ပိုင္းမွာ ျပန႔္ႏွံ့လာတဲ့ Video File ေၾကာင့္ မီးေလာင္ရာ ေလပင့္ဆိုသလို ပိုဆိုးလို႔ေနပါတယ္။
မၾကာခင္မွာ ထြက္ရွိလာမယ့္ နာမည္ႀကီးမ်ားစြာပါဝင္ထားတဲ့ "ဝက္ဝက္ကြဲေအာင္ ပြင့္" ဆိုတဲ့ ဇာတ္ကားကို ရိုက္ကူးေနစဥ္ ရိုက္ကြင္းမွာ အကယ္ဒမီနဲ႔ ပတ္သတ္ၿပီး ေျပတီဦးနဲ႔ ဝတ္မႈန္ေရႊရည္တို႔ ေျပာေနတဲ့စကားသံတစ္စြန္းတစဟာ ပရိသတ္ကို အမ်က္ရွေစခဲ့ပါတယ္။ ဒီ video file မွာ ေျပတီဦးဟာ ဒီႏွစ္လည္း ဝတ္မႈန္ေရႊရည္သာရမွာ ျဖစ္ေၾကာင္း ဒီ ခ်စ္လွစြာေသာ အမုန္းဇာတ္ကားမွာ ဝတ္မႈန္ေရႊရည္က အဓိက ဇာတ္ေဆာင္ျဖစ္ၿပီး သက္မြန္ျမင့္က ေအာက္ကာရိုက္တာသာျဖစ္ေၾကာင္း ေျပာဆိုေနတဲ့ Video file တစတစ္ျပန႔္ႏွံ့လို႔လာၿပီး ယခုဆို ျပင္းထန္တဲ့ ေဝဖန္မႈေတြကို ခံေနရပါတယ္။ ဒီ Video file ေၾကာင့္ သက္မြန္ျမင့္ရဲ့ အမာခံပရိသတ္ေတြလည္း မေက်မခ်မ္းျဖစ္ေနၾကပါတယ္။
ယေန႔ သက္မြန္ျမင့္တင္ထားတဲ့ " မြန႔္ ကိုစိတ္မပူၾကပါနဲ႔" အစခ်ီ status တစ္ခုကေတာ့ ဒီကိစၥနဲ႔ပတ္သတ္လို႔ ဘာမွစိတ္မပူၾကေစဖို႔ ပရိသတ္ကို သြယ္ဝိုက္ေျပာဆိုေနတာ ျဖစ္တယ္လို႔ ပရိသတ္ေတြက ယူဆေနၾကပါတယ္။

"မြန႔္ကို
စိတ္မပူၾကပါနဲ႔
ခါးလည္း သက္သာပါတယ္
သတိကေလးနဲ႔ ေနေနရတာေလာက္ပါပဲ
မနက္ျဖန္ ဒီဝတုတ္မေလး ဘယ္လို ဝဝကစ္ကစ္နဲ႔ ထြက္လာမလဲဆိုတာသာ ေစာင့္ေမၽွာ္ၾကပါကုန္😂"
ဆိုၿပီး ဟာသေႏွာကာ သူမရဲ့ အက်င့္အတိုင္း ခ်စ္စရာေကာင္းေအာင္ ေရးသားထားပါတယ္။

အစတည္းက ျပသနာျဖစ္ေနပါတယ္ဆို သူ ဝင္ေႏွာက္မွ ပိုရႈပ္ကုန္ၿပီ ပရိသတ္ႀကီးေရ………
ဘယ္သူက အမ်ိဳးသမီးဇာတ္ေဆာင္ဆုရွင္ ျဖစ္လာမလည္း ဆိုတာကိုေတာ့ မနက္ျဖန္
အကယ္ဒမီညက်မွ ရင္ခုန္စြာေစာင့္ေမၽွာ္ၾကည့္ရႈၾကတာေပါ့ေနာ္…………

Source: Facebook
Go Goe
မတ်လ ၁၈ ရက်နေ့ မနက်ဖြန်ဆိုရင်ဖြင့် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီး ကိုကျင်းပတော့မှာဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲကြီးကိုတော့ ရွှေတိဂုံစေတီတော်ကို နောက်ခံထားပြီး ပြည့်သူ့ရင်ပြင်မှာ မြန်မာ့ယဉ်ကျေးမှုနှင့် လျော်ညီစွာကျင်းပသွားမှာဖြစ်ပြီး ယခုနှစ်အကယ်ဒမီဟာ ယခင်နှစ်တွေထက် အားပြိုင်ပြင်းထန်နေပါတယ်တယ်။
အထူးသဖြင့် အမျိုးသမီးဇာတ်ဆောင်ဆုအတွက် အပြိုင်ဖြစ်နေပြီး ထိုအနုပညာရှင်နှစ်ဦးကလည်း ဇာတ်ကားတစ်ကားတည်းနဲ့ အကယ်ဒမီအပြိုင်ဖြစ်လို့နေပါတယ်။ ဝတ္ထုမှာကတည်းက ပရိသတ်အားပေးမှု အပြည့်အဝရရှိထားပြီး ဇာတ်လမ်းပြန်လည်ရိုက်ကူးခဲ့စဉ်မှာလည်း ရုံပြည့်ရုံလျှံ စံချိန်လွန်အောင် ပရိသတ်အားပေးမှု မြောက်မြားခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ အကယ်ဒမီ သက်မွန်မြင့် နှင့် အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းနဲ့ ပတ်သတ်ပြီး နှစ်ယောက်လုံးကို အကယ်ဒမီမှန်းထားကြပေမယ့် ပြသနာကတော့ ဘယ်သူကဇာတ်ဆောင် ဘယ်သူကဇာတ်ပို့ ဆိုတဲ့ ပြသနာပါ။ တကယ်တမ်းကျ ဒီဇာတ်ကားမှာ နှစ်ယောက်စလုံးကို ဇာတ်ဆောင်အဖြစ်သာ စဉ်းစားထားပြီး Myanmar Film Academy ကတင်ပေးတဲ့ အကယ်ဒမီအကဲဖြတ်မှာလည်း အမျိုးသမီးဇာတ်ဆောင် ဆုအဖြစ်သာ ခန့်မှန်းပြောဆိုထားပါတယ်။

အစတည်းက နှစ်ဖက်ပရိသတ်ကြား အချင်းများစရာကိစ္စဟာ ယနေ့မနက်ပိုင်းမှာ ပြန့်နှံ့လာတဲ့ Video File ကြောင့် မီးလောင်ရာ လေပင့်ဆိုသလို ပိုဆိုးလို့နေပါတယ်။
မကြာခင်မှာ ထွက်ရှိလာမယ့် နာမည်ကြီးများစွာပါဝင်ထားတဲ့ "ဝက်ဝက်ကွဲအောင် ပွင့်" ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးနေစဉ် ရိုက်ကွင်းမှာ အကယ်ဒမီနဲ့ ပတ်သတ်ပြီး ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်တို့ ပြောနေတဲ့စကားသံတစ်စွန်းတစဟာ ပရိသတ်ကို အမျက်ရှစေခဲ့ပါတယ်။ ဒီ video file မှာ ပြေတီဦးဟာ ဒီနှစ်လည်း ဝတ်မှုန်ရွှေရည်သာရမှာ ဖြစ်ကြောင်း ဒီ ချစ်လှစွာသော အမုန်းဇာတ်ကားမှာ ဝတ်မှုန်ရွှေရည်က အဓိက ဇာတ်ဆောင်ဖြစ်ပြီး သက်မွန်မြင့်က အောက်ကာရိုက်တာသာဖြစ်ကြောင်း ပြောဆိုနေတဲ့ Video file တစတစ်ပြန့်နှံ့လို့လာပြီး ယခုဆို ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ဒီ Video file ကြောင့် သက်မွန်မြင့်ရဲ့ အမာခံပရိသတ်တွေလည်း မကျေမချမ်းဖြစ်နေကြပါတယ်။
ယနေ့ သက်မွန်မြင့်တင်ထားတဲ့ " မွန့် ကိုစိတ်မပူကြပါနဲ့" အစချီ status တစ်ခုကတော့ ဒီကိစ္စနဲ့ပတ်သတ်လို့ ဘာမှစိတ်မပူကြစေဖို့ ပရိသတ်ကို သွယ်ဝိုက်ပြောဆိုနေတာ ဖြစ်တယ်လို့ ပရိသတ်တွေက ယူဆနေကြပါတယ်။

"မွန့်ကို
စိတ်မပူကြပါနဲ့
ခါးလည်း သက်သာပါတယ်
သတိကလေးနဲ့ နေနေရတာလောက်ပါပဲ
မနက်ဖြန် ဒီဝတုတ်မလေး ဘယ်လို ဝဝကစ်ကစ်နဲ့ ထွက်လာမလဲဆိုတာသာ စောင့်မျှော်ကြပါကုန်😂"
ဆိုပြီး ဟာသနှောကာ သူမရဲ့ အကျင့်အတိုင်း ချစ်စရာကောင်းအောင် ရေးသားထားပါတယ်။

အစတည်းက ပြသနာဖြစ်နေပါတယ်ဆို သူ ဝင်နှောက်မှ ပိုရှုပ်ကုန်ပြီ ပရိသတ်ကြီးရေ………
ဘယ်သူက အမျိုးသမီးဇာတ်ဆောင်ဆုရှင် ဖြစ်လာမလည်း ဆိုတာကိုတော့ မနက်ဖြန်
အကယ်ဒမီညကျမှ ရင်ခုန်စွာစောင့်မျှော်ကြည့်ရှုကြတာပေါ့နော်…………

Source: Facebook
Go Goe

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...