ကေလးငယ္ ၄ ဦးလံုး ဖ႐ံုသီးသြားေကာက္ရင္း အခုလုိ အျဖစ္ဆိုးနဲ႔ ႀကံဳခဲ့ရတာပါ..။

ကေလးၿမိဳ႕ ေတာင္ပိုင္း ႀကံသာေက်းရြာအေရွ႕ဘက္ ျမစ္သာျမစ္ထဲ ဖ႐ံုသီးသြားေကာက္ရင္း ေရဆင္းခ်ိဳးရာကေန ကေလးငယ္ ၄ ဦး ေရနစ္ေသဆံုးခဲ့တယ္လို႔ ေျမာက္စည္းရဲစခန္းက သိရပါတယ္။
မေန႔က ဖရံုသီးေကာက္သြားစဥ္က ကေလး ၅ ဦး ျဖစ္ၿပီး က်န္ခဲ့တဲ့တဦးက ေရမခ်ိဳးပဲ အိမ္သာတက္ေနရာက အၿပီး သူငယ္ခ်င္းေတြကို မေတြ႔ေတာ့တာနဲ႔ ရြာျပန္ၿပီး လူႀကီးေတြအေၾကာင္းၾကား ရွာေဖြခဲ့ရာကေန ျဖစ္ပြားရာ ျမစ္အနီးမွာပဲ မိန္းကေလး အေလာင္း ၃ ေလာင္းကို ေတြ႕ခဲ့တာပါ။
“ကေလးသံုးေယာက္အေလာင္း ေတြ႔ၿပီး အငယ္ဆံုး ကေလးငယ္ အေလာင္းကိုေတာ့ ယေန႔ မနက္ ၁၀ နာရီခြဲ အခ်ိန္မွာပဲ အခင္းျဖစ္ရာေနရာကေန ေရမိုင္ တစ္မိုင္ခန္႔အကြာမွာ ထပ္မံ ေတြ႔ရတယ္” လို႔ ကေလးခရိုင္ရဲတပ္ဖြဲ႔ ရဲအရာရွိက ေျပာပါတယ္။
ဖရုံသီးေကာက္ဖို႔ သြားခဲ့ၾကတဲ့ ကေလးငယ္ေတြဟာ အသက္ ၁၂ နဲ႔ေအာက္ ကေလးေတြျဖစ္ၿပီး ေျခာက္တန္းေက်ာင္းသူ မၾကည္ၾကည္ခုိင္ (၁၂ႏွစ္)၊ ေလးတန္းေက်ာင္းသူ မေအာင္လီလီထြန္း (၁၀ႏွစ္)၊ မခ်ယ္ရီစိမ္း နဲ႔ သူငယ္တန္းေက်ာင္းသား ေမာင္ခ်မ္းေအး တုိ႔သည္ျဖစ္တယ္လို႔ သိရပါတယ္။
ကေလးငယ္ေတြ ေရနစ္ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး ေျမာက္စည္းရဲစခန္း ေသမႈေသခင္း ဖြင့္လွစ္စစ္ေဆး ေနတယ္လို႔ သိရပါတယ္။
မင္းရဲစစ္ႏိုင္
http://burmese.dvb.no

ကလေးမြို့ တောင်ပိုင်း ကြံသာကျေးရွာအရှေ့ဘက် မြစ်သာမြစ်ထဲ ဖရုံသီးသွားကောက်ရင်း ရေဆင်းချိုးရာကနေ ကလေးငယ် ၄ ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြောက်စည်းရဲစခန်းက သိရပါတယ်။

မနေ့က ဖရုံသီးကောက်သွားစဉ်က ကလေး ၅ ဦး ဖြစ်ပြီး ကျန်ခဲ့တဲ့တဦးက ရေမချိုးပဲ အိမ်သာတက်နေရာက အပြီး သူငယ်ချင်းတွေကို မတွေ့တော့တာနဲ့ ရွာပြန်ပြီး လူကြီးတွေအကြောင်းကြား ရှာဖွေခဲ့ရာကနေ ဖြစ်ပွားရာ မြစ်အနီးမှာပဲ မိန်းကလေး အလောင်း ၃ လောင်းကို တွေ့ခဲ့တာပါ။

“ကလေးသုံးယောက်အလောင်း တွေ့ပြီး အငယ်ဆုံး ကလေးငယ် အလောင်းကိုတော့ ယနေ့ မနက် ၁၀ နာရီခွဲ အချိန်မှာပဲ အခင်းဖြစ်ရာနေရာကနေ ရေမိုင် တစ်မိုင်ခန့်အကွာမှာ ထပ်မံ တွေ့ရတယ်” လို့ ကလေးခရိုင်ရဲတပ်ဖွဲ့ ရဲအရာရှိက ပြောပါတယ်။

ဖရုံသီးကောက်ဖို့ သွားခဲ့ကြတဲ့ ကလေးငယ်တွေဟာ အသက် ၁၂ နဲ့အောက် ကလေးတွေဖြစ်ပြီး ခြောက်တန်းကျောင်းသူ မကြည်ကြည်ခိုင် (၁၂နှစ်)၊ လေးတန်းကျောင်းသူ မအောင်လီလီထွန်း (၁၀နှစ်)၊ မချယ်ရီစိမ်း နဲ့ သူငယ်တန်းကျောင်းသား မောင်ချမ်းအေး တို့သည်ဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်တွေ ရေနစ်သေဆုံးမှုနဲ့ ပတ်သက်ပြီး မြောက်စည်းရဲစခန်း သေမှုသေခင်း ဖွင့်လှစ်စစ်ဆေး နေတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...