ခ်စ္သူရွိေနေပမဲ့ ေသခ်ာမွ ပရိသတ္ကိုအသိေပးပါ့မယ္လို႕ဆုိလာတဲ့ မင္းသမီးေခ်ာေလး

အျပည့္အစံု ၾကည့္ရန္ႏွိပ္ပါ..

သရုပ္ေဆာင္အိေခ်ာပိုဟာ လက္ရွိမွာ ဗီဒီယိုထက္ရုပ္ရွင္ကားၾကီးေတြအရုိက္မ်ားေနၿပီး  ကားၾကီးရုိက္ကူးမႈအားတဲ့အခ်ိန္မွဗီဒီယိုေတြရိုက္ျဖစ္တယ္လို႕သိရပါတယ္။ ဒါ့အျပင္အိေခ်ာပိုဟာ မတ္ဟ ၁၈ ရက္ေန႕မွာက်င္းပျပဳလုပ္မဲ့ အကယ္ဒမီပြဲကိုလဲ တက္ေရာက္မွာျဖစ္ၿပီး ၀တ္စံုအတြက္ကိုေတာ့ ဒီဇိုင္နာမ်ိဳးမင္းစိုးနဲ႕ေအာင္သမာဓိတို႕ေပါင္းစပ္ၿပီး ဖန္တီးခ်ဳပ္လုပ္ေပးမယ္လို႕သိရပါတယ္။ အခ်စ္ေရးနဲ႕ပတ္သက္ၿပီးေတာ့လဲ ေသခ်ာရင္ဖြင့္ေျပာပါ့မယ္လို႕ေျပာျပလာတဲ့ သူမရဲ႕အခ်စ္ေရးဟာတစ္ေယာက္တည္းမဟုတ္ေတာ့တာေတာ့ အေသအခ်ာပါ။ ဒါေၾကာင့္ သူမရဲ႕အခ်စ္ေရး၊ အကယ္ဒမီရင္ခုန္သံမ်ားနဲ႕လက္ရွိမွာသူမပါ၀င္ရိုက္ကူးေနတဲ့ အမည္ေပါက္ႏွင့္က်ဴးဇာတ္ကားအေၾကာင္းကို အခုလုိသြားေရာက္ေမးျမန္းျဖစ္တဲ့အခါ
-အခုရုိက္ေနတဲ့ကားေလးက ဘာကားမ်ားလဲ။
အခုရုိက္ေနတာက အမည္ေပါက္ႏွင့္က်ဴးတဲ့။ မင္းသားကကိုျမင့္ျမတ္ပါ။ တျခားသရုပ္ေဆာင္ေတြလဲအမ်ားၾကီးပါပါတယ္။
-အခုေနာက္ပိုင္း ရန္ကုန္မွာသိပ္မေတြ႕ရသလိုပဲ။
ရႈတင္ကမ်ားေသာအားျဖင့္ အခုေနာက္ပုိင္း နယ္ေတြထြက္ရတာပဲမ်ားေနတယ္။ ေတာက္ေလွ်ာက္ကလဲ ရုပ္ရွင္ကားၾကီးေတြပဲျဖစ္ေနေတာ့ေလ။ ၿပီးခဲ့တုန္းကရိုက္ခဲ့တာကလဲ ျမ၀တီမွာရုပ္ရွင္ကားၾကီးပဲသံုးကား၊ အဲ့ဒါၿပီးေတာ့ ဒီကား၀င္တယ္။ ဒီကားၿပီးရင္ခ်ိန္ခြင္ဆိုတဲ့ကားၾကီးသြားရိုက္ရမယ္။ သမီးကေတာ့ ဘန္ေကာက္ဆိုဒ္ပါ။ ဘန္ေကာက္မွာသြားရိုက္ရမဲ့ အခန္းေတြက်မွကိုယ္ပါမွာဆုိေတာ့ အခုဒီကားေလးကို အရင္ၿပီးေတာ့ ရုိက္ေပးေနပါတယ္။
-အကယ္ဒမီေရာတက္ျဖစ္မလား။
ဟုတ္တက္ျဖစ္ပါတယ္။
-၀တ္စံုနဲ႕ဒီဇိုင္နာကေရာ ဘယ္သူမ်ားလဲ။
ကိုမ်ိဳးမင္းစိုးနဲ႕ေအာင္သမာဓိက စပြန္ဆာေပးပါတယ္။ ေအာင္သမာဓိနဲ႕ကိုမ်ိဳးမင္းစိုးနဲ႕တိုင္ပင္ၿပီးလုပ္တာဆိုေတာ့ေလ။ ေသခ်ာအတိအက်ေတာ့မသိရေသးပါဘူး။ ပြဲေရာက္မွၾကည့္ေပါ့။
-ဘယ္သူေတြလို႕ေရာၾကားေနေသးလဲ။
ဘယ္သူပဲရရပါ။ အားလံုးကိုရေစခ်င္ပါတယ္။ ၾကားတာေတြေတာ့အမ်ားၾကီးေပါ့။ ဒါေပမဲ့ ဒီလူမွရေစခ်င္တယ္ဘာညာမရွိပါဘူး။ အားလံုးက ၾကိဳးစားထားၾကတာျဖစ္တဲ့အတြက္ ကံနဲ႕ပဲဆိုင္ပါတယ္။
-ေနရာအေျပာင္းအလဲအေပၚမွာေရာ ဘယ္လုိခံစားရလဲ။
ေကာင္းပါတယ္။ အေတြ႕အၾကံဳအသစ္ေလးရသြားတာေပါ့။ ၿပီးေတာ့ ေရႊတိဂံုဘုရားအေရွ႕မွာဆိုေတာ့ ေကာင္းတာေပါ့။
-၀တ္စားဆင္ယင္မႈကအစ လံုလံုျခံဳျခံဳပဲ၀တ္ရမယ္လို႕ေျပာထားေတာ့ အဲ့ဒီအေပၚမွာေရာ ဘယ္လိုျမင္မိလဲ။
ေကာင္းပါတယ္။ အားလံုး ျမန္မာ၀တ္စံုေလးေတြနဲ႕ဆိုေတာ့ က်က္သေရရွိတာေပါ့။ အရင္ကလဲ ျမန္မာ၀တ္စံုေလးေတြပဲ၀တ္ၾကတာပါပဲ။ ဒါေပမဲ့ ဆန္းဆန္းေလးေတြထြင္ၿပီးခ်ဳပ္ၾကတယ္ေပါ့။
-သၾကၤန္ေရာ ဘာအစီအစဥ္ရွိလဲ။
ကားရိုက္ေတြကေတာ့ သၾကၤန္မတိုင္ခင္ေရာ၊ သၾကၤန္အၿပီးေရာ ရွိတယ္။ သၾကၤန္ရက္ေလးပဲဟတယ္။ သၾကၤန္မွာဘာလုပ္ျဖစ္မလဲဆိုတာကေတာ့ ဂဏန္းမျငိမ္ေသးပါဘူး။
-အခုေနာက္ပိုင္းဆို ဗီဒီယိုသိပ္မရိုက္ရေတာ့ဘူး။ အိေခ်ာတို႕ေရာရုိက္ျဖစ္ေသးလား။
ရိုက္ျဖစ္တယ္။ ဒါေပမဲ့အရင္ကထက္ေတာ့နည္းသြားတယ္။ အရင္ကဆုိ ဗီဒီယိုေတြကေတာက္ေလွ်ာက္ရိုက္ရတယ္။ အခုေနာက္ပိုင္းကေတာ့ ရုပ္ရွင္ကားၾကီးေတြပုိရိုက္လာရတယ္။ ဒါၿပီးရင္ေတာ့ ကုိလူမင္းနဲ႕ဗီဒီယိုတစ္ကား၀င္ပါမယ္။
-အကယ္ဒမီနဲ႕ပတ္သက္ၿပီး ကိုယ့္ရဲ႕စီနီယာေတြအကယ္ဒမီေတြယူၾကတယ္။ ကိုယ္ကုိတုိင္လဲကားၾကီးေတြမွာၾကိဳးစားလာတာေတြေတြ႕ရေတာ့ အကယ္ဒမီနဲ႕ပတ္သက္ၿပီးေတာ့ဘယ္လိုစိတ္ခံစားခ်က္ရွိလဲ။
အကယ္ဒမီကေတာ့လုိခ်င္တာေပါ့။ ဒါေပမဲ့လဲ ကံနဲ႕လဲဆုိင္တဲ့အတြက္ အတတ္ႏုိင္ဆံုးေတာ့ၾကိဳးစားေနပါတယ္။
-၂၀၁၇ထဲမွာေရာ ထူးထူးျခားျခား ဘယ္လိုအေျပာင္းအလဲေတြနဲ႕ေတြ႕ရဦးမလဲ။
ဖက္ရွင္ကေတာ့ ဇာတ္ေကာင္ကာရိုက္တာကိုပဲၾကည့္ၿပီးေရြးခ်ယ္ရတယ္။ ဆံပင္ကေတာ့ အတိုပါပဲ။ ဒါေပမဲ့ အရွည္ထားျဖစ္မထားျဖစ္ကေတာ့ မသိေသးဘူး။ ပူေတာ့ နည္းနည္းေလးရွည္တာနဲ႕ညွပ္ညွပ္ပစ္တာ အလုပ္ကတစ္ဖက္၊ ဆံပင္ကတစ္ဖက္ဆို စိတ္ေတြရႈပ္လို႕ညွပ္ပစ္လုိက္တာကအရမ္းမ်ားေနတာပါ။
-လက္ရွိအခ်စ္ေရးကေရာ ဘယ္လိုရွိလဲ။
အဲ့ဒီလိုေတာ့မရွိေသးပါဘူး။
-Single လား RS လား။
အဲ့ဒီလိုၾကီးလဲ မေျပာခ်င္ပါဘူး။ မရွိဘူးလို႕ေတာ့မဟုတ္ပါဘူး။ ဒါေပမဲ့လဲ ပရိသတ္ကုိ ခ်ျပသင့္တဲ့ အခ်ိန္ေရာက္ရင္ခ်ျပမွာပါ။ ဒီအရြယ္ၾကီးေရာက္မွရည္းစားမရွိဘူးဆိုၿပီး မညာခ်င္ပါဘူး။ ဒါေပမဲ့ ေသခ်ာၿပီ။ ကိုယ္တကယ္ေရြးခ်ယ္ၿပီးသြားၿပီဆိုရင္ေတာ့ ပရိသတ္ကိုေျပာျပပါ့မယ္။
-အႏုပညာေလာကထဲကပဲလား။
ေျပာမယ္ေလ။ ေနာက္မွေပါ့။
-ကုိယ့္ဘ၀အတြက္စဥ္းစားတဲ့ေနရာမွာေရာ ဘယ္လိုေယာက်ာ္းမ်ိဳးကုိ အဓိကဦးစားေပးစဥ္းစားျဖစ္လဲ။
အေရးၾကီးတာက နားလည္မႈပါပဲ။ ကိုယ္နဲ႕ကုိယ့္မိသားစုအေပၚမွာနားလည္ႏုိင္ရမယ္။ ၿပီးေတာ့ စိတ္သေဘာထားခ်င္းတူတဲ့သူမ်ိဳး၊ ကိုယ့္အလုပ္ကုိလဲနားလည္လက္ခံႏုိင္ရမယ္။ ေနာက္စိတ္ထားေလးေကာင္းဖို႕ကလဲအေရးၾကီးပါတယ္။
-မဂၤလာသတင္းကေရာ ဘယ္ေတာ့ေလာက္ၾကားရမလဲ။
လိုပါေသးတယ္။ အခုကေတာ့ အလုပ္ကလုပ္လို႕ေကာင္းေနတုန္း တစ္ရက္မွေတာင္နားရက္မရွိေသးပါဘူး။
-အားေပးေနတဲ့ ပရိသတ္ေတြကိုေရာ ဘာမ်ားေျပာျပခ်င္ေသးလဲ။
အႏုပညာအလုပ္ေတြပဲၾကိဳးစားေနပါတယ္လို႕အခ်ိန္တန္ရင္ေတာ့ အိေခ်ာရဲ႕ အခ်စ္ေရးကို အတိအက်ေျပာျပမွာပါလို႕ေျပာခ်င္ပါတယ္။
http://www.trend.com.mm
======

သရုပ်ဆောင်အိချောပိုဟာ လက်ရှိမှာ ဗီဒီယိုထက်ရုပ်ရှင်ကားကြီးတွေအရိုက်များနေပြီး  ကားကြီးရိုက်ကူးမှုအားတဲ့အချိန်မှဗီဒီယိုတွေရိုက်ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင်အိချောပိုဟာ မတ်ဟ ၁၈ ရက်နေ့မှာကျင်းပပြုလုပ်မဲ့ အကယ်ဒမီပွဲကိုလဲ တက်ရောက်မှာဖြစ်ပြီး ဝတ်စုံအတွက်ကိုတော့ ဒီဇိုင်နာမျိုးမင်းစိုးနဲ့အောင်သမာဓိတို့ပေါင်းစပ်ပြီး ဖန်တီးချုပ်လုပ်ပေးမယ်လို့သိရပါတယ်။ အချစ်ရေးနဲ့ပတ်သက်ပြီးတော့လဲ သေချာရင်ဖွင့်ပြောပါ့မယ်လို့ပြောပြလာတဲ့ သူမရဲ့အချစ်ရေးဟာတစ်ယောက်တည်းမဟုတ်တော့တာတော့ အသေအချာပါ။ ဒါကြောင့် သူမရဲ့အချစ်ရေး၊ အကယ်ဒမီရင်ခုန်သံများနဲ့လက်ရှိမှာသူမပါဝင်ရိုက်ကူးနေတဲ့ အမည်ပေါက်နှင့်ကျူးဇာတ်ကားအကြောင်းကို အခုလိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ
-အခုရိုက်နေတဲ့ကားလေးက ဘာကားများလဲ။
အခုရိုက်နေတာက အမည်ပေါက်နှင့်ကျူးတဲ့။ မင်းသားကကိုမြင့်မြတ်ပါ။ တခြားသရုပ်ဆောင်တွေလဲအများကြီးပါပါတယ်။
-အခုနောက်ပိုင်း ရန်ကုန်မှာသိပ်မတွေ့ရသလိုပဲ။
ရှုတင်ကများသောအားဖြင့် အခုနောက်ပိုင်း နယ်တွေထွက်ရတာပဲများနေတယ်။ တောက်လျှောက်ကလဲ ရုပ်ရှင်ကားကြီးတွေပဲဖြစ်နေတော့လေ။ ပြီးခဲ့တုန်းကရိုက်ခဲ့တာကလဲ မြဝတီမှာရုပ်ရှင်ကားကြီးပဲသုံးကား၊ အဲ့ဒါပြီးတော့ ဒီကားဝင်တယ်။ ဒီကားပြီးရင်ချိန်ခွင်ဆိုတဲ့ကားကြီးသွားရိုက်ရမယ်။ သမီးကတော့ ဘန်ကောက်ဆိုဒ်ပါ။ ဘန်ကောက်မှာသွားရိုက်ရမဲ့ အခန်းတွေကျမှကိုယ်ပါမှာဆိုတော့ အခုဒီကားလေးကို အရင်ပြီးတော့ ရိုက်ပေးနေပါတယ်။
-အကယ်ဒမီရောတက်ဖြစ်မလား။
ဟုတ်တက်ဖြစ်ပါတယ်။
-ဝတ်စုံနဲ့ဒီဇိုင်နာကရော ဘယ်သူများလဲ။
ကိုမျိုးမင်းစိုးနဲ့အောင်သမာဓိက စပွန်ဆာပေးပါတယ်။ အောင်သမာဓိနဲ့ကိုမျိုးမင်းစိုးနဲ့တိုင်ပင်ပြီးလုပ်တာဆိုတော့လေ။ သေချာအတိအကျတော့မသိရသေးပါဘူး။ ပွဲရောက်မှကြည့်ပေါ့။
-ဘယ်သူတွေလို့ရောကြားနေသေးလဲ။
ဘယ်သူပဲရရပါ။ အားလုံးကိုရစေချင်ပါတယ်။ ကြားတာတွေတော့အများကြီးပေါ့။ ဒါပေမဲ့ ဒီလူမှရစေချင်တယ်ဘာညာမရှိပါဘူး။ အားလုံးက ကြိုးစားထားကြတာဖြစ်တဲ့အတွက် ကံနဲ့ပဲဆိုင်ပါတယ်။
-နေရာအပြောင်းအလဲအပေါ်မှာရော ဘယ်လိုခံစားရလဲ။
ကောင်းပါတယ်။ အတွေ့အကြုံအသစ်လေးရသွားတာပေါ့။ ပြီးတော့ ရွှေတိဂုံဘုရားအရှေ့မှာဆိုတော့ ကောင်းတာပေါ့။
-ဝတ်စားဆင်ယင်မှုကအစ လုံလုံခြုံခြုံပဲဝတ်ရမယ်လို့ပြောထားတော့ အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
ကောင်းပါတယ်။ အားလုံး မြန်မာဝတ်စုံလေးတွေနဲ့ဆိုတော့ ကျက်သရေရှိတာပေါ့။ အရင်ကလဲ မြန်မာဝတ်စုံလေးတွေပဲဝတ်ကြတာပါပဲ။ ဒါပေမဲ့ ဆန်းဆန်းလေးတွေထွင်ပြီးချုပ်ကြတယ်ပေါ့။
-သင်္ကြန်ရော ဘာအစီအစဉ်ရှိလဲ။
ကားရိုက်တွေကတော့ သင်္ကြန်မတိုင်ခင်ရော၊ သင်္ကြန်အပြီးရော ရှိတယ်။ သင်္ကြန်ရက်လေးပဲဟတယ်။ သင်္ကြန်မှာဘာလုပ်ဖြစ်မလဲဆိုတာကတော့ ဂဏန်းမငြိမ်သေးပါဘူး။
-အခုနောက်ပိုင်းဆို ဗီဒီယိုသိပ်မရိုက်ရတော့ဘူး။ အိချောတို့ရောရိုက်ဖြစ်သေးလား။
ရိုက်ဖြစ်တယ်။ ဒါပေမဲ့အရင်ကထက်တော့နည်းသွားတယ်။ အရင်ကဆို ဗီဒီယိုတွေကတောက်လျှောက်ရိုက်ရတယ်။ အခုနောက်ပိုင်းကတော့ ရုပ်ရှင်ကားကြီးတွေပိုရိုက်လာရတယ်။ ဒါပြီးရင်တော့ ကိုလူမင်းနဲ့ဗီဒီယိုတစ်ကားဝင်ပါမယ်။
-အကယ်ဒမီနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့စီနီယာတွေအကယ်ဒမီတွေယူကြတယ်။ ကိုယ်ကိုတိုင်လဲကားကြီးတွေမှာကြိုးစားလာတာတွေတွေ့ရတော့ အကယ်ဒမီနဲ့ပတ်သက်ပြီးတော့ဘယ်လိုစိတ်ခံစားချက်ရှိလဲ။
အကယ်ဒမီကတော့လိုချင်တာပေါ့။ ဒါပေမဲ့လဲ ကံနဲ့လဲဆိုင်တဲ့အတွက် အတတ်နိုင်ဆုံးတော့ကြိုးစားနေပါတယ်။
-၂၀၁ရထဲမှာရော ထူးထူးခြားခြား ဘယ်လိုအပြောင်းအလဲတွေနဲ့တွေ့ရဦးမလဲ။
ဖက်ရှင်ကတော့ ဇာတ်ကောင်ကာရိုက်တာကိုပဲကြည့်ပြီးရွေးချယ်ရတယ်။ ဆံပင်ကတော့ အတိုပါပဲ။ ဒါပေမဲ့ အရှည်ထားဖြစ်မထားဖြစ်ကတော့ မသိသေးဘူး။ ပူတော့ နည်းနည်းလေးရှည်တာနဲ့ညှပ်ညှပ်ပစ်တာ အလုပ်ကတစ်ဖက်၊ ဆံပင်ကတစ်ဖက်ဆို စိတ်တွေရှုပ်လို့ညှပ်ပစ်လိုက်တာကအရမ်းများနေတာပါ။
-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။
အဲ့ဒီလိုတော့မရှိသေးပါဘူး။
-Single လား RS လား။
အဲ့ဒီလိုကြီးလဲ မပြောချင်ပါဘူး။ မရှိဘူးလို့တော့မဟုတ်ပါဘူး။ ဒါပေမဲ့လဲ ပရိသတ်ကို ချပြသင့်တဲ့ အချိန်ရောက်ရင်ချပြမှာပါ။ ဒီအရွယ်ကြီးရောက်မှရည်းစားမရှိဘူးဆိုပြီး မညာချင်ပါဘူး။ ဒါပေမဲ့ သေချာပြီ။ ကိုယ်တကယ်ရွေးချယ်ပြီးသွားပြီဆိုရင်တော့ ပရိသတ်ကိုပြောပြပါ့မယ်။
-အနုပညာလောကထဲကပဲလား။
ပြောမယ်လေ။ နောက်မှပေါ့။
-ကိုယ့်ဘဝအတွက်စဉ်းစားတဲ့နေရာမှာရော ဘယ်လိုယောကျာ်းမျိုးကို အဓိကဦးစားပေးစဉ်းစားဖြစ်လဲ။
အရေးကြီးတာက နားလည်မှုပါပဲ။ ကိုယ်နဲ့ကိုယ့်မိသားစုအပေါ်မှာနားလည်နိုင်ရမယ်။ ပြီးတော့ စိတ်သဘောထားချင်းတူတဲ့သူမျိုး၊ ကိုယ့်အလုပ်ကိုလဲနားလည်လက်ခံနိုင်ရမယ်။ နောက်စိတ်ထားလေးကောင်းဖို့ကလဲအရေးကြီးပါတယ်။
-မင်္ဂလာသတင်းကရော ဘယ်တော့လောက်ကြားရမလဲ။
လိုပါသေးတယ်။ အခုကတော့ အလုပ်ကလုပ်လို့ကောင်းနေတုန်း တစ်ရက်မှတောင်နားရက်မရှိသေးပါဘူး။
-အားပေးနေတဲ့ ပရိသတ်တွေကိုရော ဘာများပြောပြချင်သေးလဲ။
အနုပညာအလုပ်တွေပဲကြိုးစားနေပါတယ်လို့အချိန်တန်ရင်တော့ အိချောရဲ့ အချစ်ရေးကို အတိအကျပြောပြမှာပါလို့ပြောချင်ပါတယ်။
http://www.trend.com.mm

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...