အကယ္ဒမီေပးပြဲအေၾကာင္း ေက်ာ္ရဲေအာင္ေျပာျပီ..

ဝါရင့္မင္းသားႀကီး အကယ္ဒမီေက်ာ္ရဲေအာင္ကေတာ့ အကယ္ဒမီနဲ႕  ပတ္သက္ၿပီး ရင္ခုန္မႈမရွိပါဘူးတဲ့။ ေရာဂါျဖစ္မွာစိုးတဲ့ အတြက္လည္း ရင္မခုန္တာၾကာၿပီလို႕ ဆုိပါတယ္။ သူပါဝင္ထားတဲ့ "လူးရတနာသိုက္" ရုပ္ရွင္ဇာတ္ကားဟာလည္း အကယ္ဒမီစာရင္း ဝင္ဇာတ္ကားထဲမွာ ပါဝင္လို႕ေနပါတယ္။ ဒါေပမယ့္ သူ႕အေနနဲ႕ ရင္မခုန္ဘူးလို႕ ေျပာပါတယ္။
အဲ့ဒီဇာတ္ကားမွာေတာ့ ေက်ာ္ရဲေအာင္ ဟာ လူရိုင္းတစ္ေယာက္အေနနဲ႕ ပါဝင္ခဲ့တာ ျဖစ္ၿပီး အကယ္ဒမီကို ေမွ်ာ္မွန္းၿပီး ရိုက္ကူးထားတာမဟုတ္ပဲ ပိုက္ဆံရလို႕သာ ရိုက္ကူးထား တာ ျဖစ္တယ္လို႕ DVB အင္တာဗ်ဴးမွာ ေျဖဆိုထားပါတယ္။ သူ႕အေနနဲ႕လည္း အဲ့ဇာတ္ကားမွာ ထူးျခားတဲ့ ဇာတ္ကြက္မရွိသလို သရုပ္ေဆာင္ပိုင္းနဲ႕ ပတ္သက္ၿပီး ဘာမွလည္း အခက္အခဲမရွိခဲ့ဘူးလို႕ သိရပါတယ္။
ေက်ာ္ရဲေအာင္ကေတာ့ ဆယ္စုႏွစ္မ်ားစြာ ေအာင္ျမင္ခဲ့တဲ့ ဝါရင့္သရုပ္ေဆာင္ႀကီး တစ္ဦးျဖစ္သလို ၁၉၉၆ခုႏွစ္က "သားသမီး ဇနီးၾကင္ယာ" ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆုရရွိခဲ့ၿပီး ၂၀၀၇ခုႏွစ္က "ကိုးဆယ္ဆသာလိမ့္မယ္" ရုပ္ရွင္ဇာတ္ကားနဲ႕ အေကာင္းဆံုးအမ်ိဳးသားဇာတ္ေဆာင္ဆုကို ရရွိထားသူ တစ္ဦးျဖစ္ပါတယ္။
http://www.duwun.com.mm

ဝါရင့်မင်းသားကြီး အကယ်ဒမီကျော်ရဲအောင်ကတော့ အကယ်ဒမီနဲ့  ပတ်သက်ပြီး ရင်ခုန်မှုမရှိပါဘူးတဲ့။ ရောဂါဖြစ်မှာစိုးတဲ့ အတွက်လည်း ရင်မခုန်တာကြာပြီလို့ ဆိုပါတယ်။ သူပါဝင်ထားတဲ့ "လူးရတနာသိုက်" ရုပ်ရှင်ဇာတ်ကားဟာလည်း အကယ်ဒမီစာရင်း ဝင်ဇာတ်ကားထဲမှာ ပါဝင်လို့နေပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ရင်မခုန်ဘူးလို့ ပြောပါတယ်။
အဲ့ဒီဇာတ်ကားမှာတော့ ကျော်ရဲအောင် ဟာ လူရိုင်းတစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာ ဖြစ်ပြီး အကယ်ဒမီကို မျှော်မှန်းပြီး ရိုက်ကူးထားတာမဟုတ်ပဲ ပိုက်ဆံရလို့သာ ရိုက်ကူးထား တာ ဖြစ်တယ်လို့ DVB အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ သူ့အနေနဲ့လည်း အဲ့ဇာတ်ကားမှာ ထူးခြားတဲ့ ဇာတ်ကွက်မရှိသလို သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ဘာမှလည်း အခက်အခဲမရှိခဲ့ဘူးလို့ သိရပါတယ်။
ကျော်ရဲအောင်ကတော့ ဆယ်စုနှစ်များစွာ အောင်မြင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးဖြစ်သလို ၁၉၉၆ခုနှစ်က "သားသမီး ဇနီးကြင်ယာ" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရရှိခဲ့ပြီး ၂၀၀၇ခုနှစ်က "ကိုးဆယ်ဆသာလိမ့်မယ်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။
http://www.duwun.com.mm

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...