လက်ရှိ ၀ိုင်းစု သုံးနေတဲ့Pageအစစ်
Wine Su နာမည်နဲ့ အကောင့်က သူမ မဟုတ်ဘူးလို့ ဝိုင်းစုခိုင်သိန်း ဖြေရှင်း
"ဒီ အကောင့်မှ ရေးနေတင်နေတာတွေက ဝိုင်းစု လုံးဝမဟုတ်ပါဘူး။ အကောင့်အတုပါ အထင်အမြင်လွှဲမှား စေတဲ့အပြုအမူ အပြော အဆို အရေးအသားများ တင်ခဲ့လျှင် ဝိုင်းစု မဟုတ်ကြောင်း အားလုံးသိအောင် share ပေးပါဦးနော်၊" ဆိုပြီး သူမက ရေးသား ထားပါတယ်။
ဝိုင်းစုခိုင်သိန်းကတော့ လက်ရှိမှာ Wyne Su Khaing Thein ဆိုတဲ့ နာမည်နဲ့ Facebook Page တစ်ခုသာ အသုံးပြုနေ တာဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းကတော့ လက်ရှိမှာ ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သွားနေရပါတယ်။ ကောလာဟလတွေ ကြားထဲမှာ အနုပညာအလုပ်တွေကို ယခင်ကထက် ပိုကောင်းအောင် ကြိုးစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ပွင့်ပွင့်လင်းလင်း ပြောပြလာတဲ့ ဝိုင်းစုခိုင်သိန်းက  "ဂါ" စီးရီးအတွက် MTV ရိုက်ကူးရေးတွေ လုပ်နေပြီလို့ သိရပါတယ်။
credit..ဝိုင်းစုခိုင်သိန်း ဖေ့စ်ဘွတ်
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...