ဆႏၵျပသူနာျပဳ သင္တန္းသားမ်ားကို အေရးယူမည္

ဆႏၵျပသူနာျပဳ သင္တန္းသားမ်ားကို အေရးယူမည္

သူနာျပဳမ်ား ဖိႏွိပ္ခံရသည္ဟုဆိုကာ ရန္ကုန္ၿမိဳ႕တြင္ ဆႏၵျပခဲ့ေသာ သူနာ ျပဳေက်ာင္းသူ၊ ေက်ာင္းသားမ်ားကို ေက်ာင္းစည္း မ်ဥ္းစည္းကမ္းႏွင့္အညီ အေရးယူ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အၿမဲတမ္း အတြင္းဝန္ ပါေမာကၡ ေဒါက္တာ သက္ခိုင္ဝင္းႏွင့္ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ တင္တင္ေလးတို႔က ေျပာၾကားသည္။
ယမန္ေန႔က သူနာျပဳ ၅၀ဝ ေက်ာ္ ဆႏၵ ေဖာ္ထုတ္ခဲ့ျခင္းေၾကာင့္ ယေန႔ (မတ္ ၁၆) ေနျပည္ေတာ္ရွိ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီး႐ံုးတြင္ သတင္းစာ ရွင္းလင္းပြဲ ျပဳလုပ္ခဲ့ၿပီး အထက္ပါအတိုင္းေျပာ ၾကားခဲ့ျခင္းျဖစ္သည္။
စည္းမ်ဥ္းစည္းကမ္းအရ အေရးယူမည့္ကိစၥတြင္ မည္သည့္ အတိုင္းအတာအထိ အေရးယူေဆာင္႐ြက္မည္ကို The Voice က ေမးျမန္းခဲ့ေသာ္လည္း ၎တို႔ ႏွစ္ဦးအပါအဝင္ တာဝန္ရွိသူမ်ားက တိတိက်က် ရွင္းလင္းေျပာၾကားမႈ မရွိဘဲ စည္းမ်ဥ္းစည္းကမ္းအတိုင္းသာ လုပ္ေဆာင္မည္ဟု ၎တို႔ႏွစ္ဦးက ဆိုသည္။
သူနာျပဳဆရာမမ်ားသည္ တစ္ႏိုင္ငံလံုးရွိ က်န္းမာေရး ေစာင့္ေရွာက္မႈတြင္ ဦးေရ ၁၅၀ဝ၀ ခန္႔ လစ္လပ္လ်က္ရွိေနၿပီး ရာခိုင္ႏႈန္းျဖင့္ ၅၂ ရာခိုင္ႏႈန္းေက်ာ္သာ တာဝန္ထမ္းေဆာင္ေနရေၾကာင္း ゞင္းတို႔ က ထုတ္ေဖာ္ေျပာၾကားသည္။
ယခင္က သူနာျပဳေက်ာင္းသူမ်ားကို ေက်ာင္းဆင္းလက္မွတ္ ထုတ္ေပးၿပီး ႏိုင္ငံ့ေဆး႐ံုတြင္ တာဝန္ မထမ္းေဆာင္လိုပါက ေလ်ာ္ေၾကးေငြ ေလးသိန္းက်ပ္ေပးကာ ျပင္ပတြင္ တာဝန္ ထမ္းေဆာင္ႏိုင္ေသာ္လည္း ေဖေဖာ္ဝါရီလ တစ္ရက္ေန႔တြင္ ထုတ္ျပန္ေသာ ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ေလ်ာ္ေၾကးျဖင့္ ထြက္ခြင့္ မရွိေတာ့သည့္အျပင္ ျပည္သူ႔ေဆး႐ံုမ်ားတြင္ သံုးႏွစ္ တာဝန္ ထမ္းရမည္ျဖစ္ေၾကာင္း၊ ထုတ္ျပန္ထားေသာ စည္းကမ္းကို လိုက္နာမႈ မရွိပါက ပုဂၢလိက ေဆး႐ံုမ်ားတြင္ ခန္႔အပ္ တာဝန္ေပးျခင္း မျပဳရန္ ထည့္သြင္းထားျခင္းျဖစ္သည္။
ဝန္ႀကီးဌာန၏ အဆိုအရ ႏိုင္ငံေတာ္မွ ျပဳစုပ်ိဳးေထာင္ထားေသာ သူနာျပဳမ်ားကို က်န္းမာေရးဌာန ျပည္သူ႔ေဆး႐ံုမ်ားတြင္ တာဝန္ထမ္းေဆာင္ေစလိုၿပီး ၎ သူနာျပဳမ်ား အေနႏွင့္ လုပ္ငန္းကၽြမ္းက်င္ မႈပိုမို ေကာင္းမြန္လာမည္ဟု ေမွ်ာ္လင့္ထားေၾကာင္း သိရသည္။
သူနာျပဳဆရာ၊ ဆရာမမ်ားကို က်ပ္ေလးသိန္း ေလ်ာ္ေၾကးေတာင္း၍ ယခင္က လုပ္ငန္းလိုင္စင္ ထုတ္ေပးခဲ့ရာတြင္ ေလ်ာ္ေၾကးေငြမ်ားကို က်န္းမာေရး ဝန္ႀကီးဌာန၏ ဘတ္ဂ်က္ ရန္ပံုေငြအျဖစ္ အသံုးျပဳခဲ့ေၾကာင္း ပါေမာကၡေဒါက္တာ ျမင့္ဟန္က ဆိုသည္။
ယေန႔ ျပဳလုပ္ေသာ သတင္းစာရွင္းပြဲသို႔ ေနျပည္ေတာ္တြင္ တာဝန္ထမ္းေဆာင္ေနေသာ သူနာျပဳဆရာ၊ ဆရာမအခ်ိဳ႕ လာေရာက္ခဲ့ၾကၿပီး ရွင္းလင္းပြဲသည္ တိက်ျပတ္သားသည့္အေျဖကို ဝန္ႀကီးဌာနက မေပးခဲ့ေၾကာင္း ေနျပည္ေတာ္ ခုတင္တစ္ေထာင္ ေဆး႐ံုမွ သူနာျပဳ ဆရာမတစ္ဦးက ေျပာသည္။
“ကေလးေတြကလည္း ေနာက္မဆုတ္ေတာ့ဘူးေလ ေရွ႕တိုးဖို႔ပဲ ရွိေတာ့တယ္။ ေနာက္ကေတာ့ ဘယ္သူမွ မဆုတ္ေတာ့ဘူးေလ ဒီလမ္းအထိေတာင္ ေလွ်ာက္ခဲ့ၿပီးၿပီ၊ ေျပာရမယ္ဆိုရင္ အရင္တုန္းက သပိတ္ေတြ ဘာေတြ ေက်ာင္းသားေတြ သပိတ္ေတြ လုပ္ခဲ့ဖူးတယ္၊ ဒါေပမဲ့ သူနာျပဳေတြ ဘယ္တံုးကမွ မပါခဲ့ဘူး၊ သူနာျပဳေတြ Professional တစ္ခုလံုး ေစာ္ကားခံရၿပီး အကုန္လံုး ၿငိမ္ခံေနမွာ မဟုတ္ပါဘူး အကုန္လံုး ပါလာမွာပါ”ဟု ၎က ေျပာသည္။
ယင္းကိစၥကိုေျဖရွင္းရန္ က်န္းမာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူ ၇ ဦးပါေသာ ညႇိႏိႈင္းေရးအဖြဲ႔ကို ယေန႔ ေန႔လယ္ပိုင္းတြင္ စတင္ဖြဲ႔စည္းခဲ့ၿပီး ယင္းအဖြဲ႔ႏွင့္ မီဒီယာမ်ားကို မတ္လ ၁၇ နံနက္ ၁၀ နာရီ တြင္ ေတြ႔ဆံုခြင့္ေပးမည္ျဖစ္ေၾကာင္း ပါေမာကၡေဒါက္တာျမင့္ဟန္က ေျပာၾကားသည္။
=============
The Voice
http://thevoicemyanmar.com/news/7027-sdp
============

ဆန္ဒပြသူနာပြု သင်တန်းသားများကို အရေးယူမည်

သူနာပြုများ ဖိနှိပ်ခံရသည်ဟုဆိုကာ ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့သော သူနာ ပြုကျောင်းသူ၊ ကျောင်းသားများကို ကျောင်းစည်း မျဉ်းစည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေးတို့က ပြောကြားသည်။
ယမန်နေ့က သူနာပြု ၅ဝဝ ကျော် ဆန္ဒ ဖော်ထုတ်ခဲ့ခြင်းကြောင့် ယနေ့ (မတ် ၁၆) နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးရုံးတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
စည်းမျဉ်းစည်းကမ်းအရ အရေးယူမည့်ကိစ္စတွင် မည်သည့် အတိုင်းအတာအထိ အရေးယူဆောင်ရွက်မည်ကို The Voice က မေးမြန်းခဲ့သော်လည်း ၎င်းတို့ နှစ်ဦးအပါအဝင် တာဝန်ရှိသူများက တိတိကျကျ ရှင်းလင်းပြောကြားမှု မရှိဘဲ စည်းမျဉ်းစည်းကမ်းအတိုင်းသာ လုပ်ဆောင်မည်ဟု ၎င်းတို့နှစ်ဦးက ဆိုသည်။
သူနာပြုဆရာမများသည် တစ်နိုင်ငံလုံးရှိ ကျန်းမာရေး စောင့်ရှောက်မှုတွင် ဦးရေ ၁၅ဝဝဝ ခန့် လစ်လပ်လျက်ရှိနေပြီး ရာခိုင်နှုန်းဖြင့် ၅၂ ရာခိုင်နှုန်းကျော်သာ တာဝန်ထမ်းဆောင်နေရကြောင်း ゞင်းတို့ က ထုတ်ဖော်ပြောကြားသည်။
ယခင်က သူနာပြုကျောင်းသူများကို ကျောင်းဆင်းလက်မှတ် ထုတ်ပေးပြီး နိုင်ငံ့ဆေးရုံတွင် တာဝန် မထမ်းဆောင်လိုပါက လျော်ကြေးငွေ လေးသိန်းကျပ်ပေးကာ ပြင်ပတွင် တာဝန် ထမ်းဆောင်နိုင်သော်လည်း ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် ထုတ်ပြန်သော ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ လျော်ကြေးဖြင့် ထွက်ခွင့် မရှိတော့သည့်အပြင် ပြည်သူ့ဆေးရုံများတွင် သုံးနှစ် တာဝန် ထမ်းရမည်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသော စည်းကမ်းကို လိုက်နာမှု မရှိပါက ပုဂ္ဂလိက ဆေးရုံများတွင် ခန့်အပ် တာဝန်ပေးခြင်း မပြုရန် ထည့်သွင်းထားခြင်းဖြစ်သည်။
ဝန်ကြီးဌာန၏ အဆိုအရ နိုင်ငံတော်မှ ပြုစုပျိုးထောင်ထားသော သူနာပြုများကို ကျန်းမာရေးဌာန ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်စေလိုပြီး ၎င်း သူနာပြုများ အနေနှင့် လုပ်ငန်းကျွမ်းကျင် မှုပိုမို ကောင်းမွန်လာမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
သူနာပြုဆရာ၊ ဆရာမများကို ကျပ်လေးသိန်း လျော်ကြေးတောင်း၍ ယခင်က လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့ရာတွင် လျော်ကြေးငွေများကို ကျန်းမာရေး ဝန်ကြီးဌာန၏ ဘတ်ဂျက် ရန်ပုံငွေအဖြစ် အသုံးပြုခဲ့ကြောင်း ပါမောက္ခဒေါက်တာ မြင့်ဟန်က ဆိုသည်။
ယနေ့ ပြုလုပ်သော သတင်းစာရှင်းပွဲသို့ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာ၊ ဆရာမအချို့ လာရောက်ခဲ့ကြပြီး ရှင်းလင်းပွဲသည် တိကျပြတ်သားသည့်အဖြေကို ဝန်ကြီးဌာနက မပေးခဲ့ကြောင်း နေပြည်တော် ခုတင်တစ်ထောင် ဆေးရုံမှ သူနာပြု ဆရာမတစ်ဦးက ပြောသည်။
“ကလေးတွေကလည်း နောက်မဆုတ်တော့ဘူးလေ ရှေ့တိုးဖို့ပဲ ရှိတော့တယ်။ နောက်ကတော့ ဘယ်သူမှ မဆုတ်တော့ဘူးလေ ဒီလမ်းအထိတောင် လျှောက်ခဲ့ပြီးပြီ၊ ပြောရမယ်ဆိုရင် အရင်တုန်းက သပိတ်တွေ ဘာတွေ ကျောင်းသားတွေ သပိတ်တွေ လုပ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ သူနာပြုတွေ ဘယ်တုံးကမှ မပါခဲ့ဘူး၊ သူနာပြုတွေ Professional တစ်ခုလုံး စော်ကားခံရပြီး အကုန်လုံး ငြိမ်ခံနေမှာ မဟုတ်ပါဘူး အကုန်လုံး ပါလာမှာပါ”ဟု ၎င်းက ပြောသည်။
ယင်းကိစ္စကိုဖြေရှင်းရန် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ၇ ဦးပါသော ညှိနှိုင်းရေးအဖွဲ့ကို ယနေ့ နေ့လယ်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့နှင့် မီဒီယာများကို မတ်လ ၁၇ နံနက် ၁၀ နာရီ တွင် တွေ့ဆုံခွင့်ပေးမည်ဖြစ်ကြောင်း ပါမောက္ခဒေါက်တာမြင့်ဟန်က ပြောကြားသည်။
=============
The Voice
http://thevoicemyanmar.com/news/7027-sdp

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...