ဦးကိုနီလုပ္ႀကံသူမ်ား ႐ုံးထုတ္တြင္ သြားေရာက္နားေထာင္ခဲ့သည့္ ျပည္သူတဦးေျပာျပခ်က္ (႐ုပ္သံ)

တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီကို လုပ္ႀကံမႈမွာ ပါဝင္တဲ့သူေတြျဖစ္တဲ့ ၾကည္လင္း၊ ေအာင္ဝင္းေဇာ္၊ ေဇယ်ာၿဖိဳးနဲ႔ ေအာင္ဝင္းထြန္းတို႔ကို ဒီကေန႔ မတ္လ ၁၇ ရက္ ရန္ကုန္ ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးမွာ ႐ံုးထုတ္တာကို သြားေရာက္နားေထာင္ခဲ့တဲ့ ဦးေက်ာ္မိုးကို ဒီဗီြဘီ ေတြ႔ဆံုေမးျမန္းထားပါတယ္။

“အမွန္တရားကို ထိထိေရာက္ေရာက္နဲ႔ ျပစ္ဒဏ္ခ်မွတ္ဖို႔ေပါ့။ တရားသူႀကီးက အခု ေလာေလာဆယ္ တရားခံေတြကုိ ေရွ႕ေနေတြ ပါဝါတင္ခိုင္းတာေပါ့။ ကိုၾကည္လင္း တေယာက္တည္းသာ ပါဝါ မတင္တာ။ က်န္တဲ့ ေအာင္ဝင္းေဇာ္ တင္တယ္။ ေနာက္ ေဇယ်ာၿဖိဳး တင္တယ္။ ေအာင္းဝင္းထြန္းကေတာ့ သူ႔မိသားစု မလာေသးေတာ့ ပါဝါတင္ဖုိ႔ နည္းနည္း ေနာက္က်သြားတယ္။ ၾကည္လင္းကေတာ့ ေရွ႕ေနငွားဖို႔ မတတ္ႏိုင္ဘူး။ အဲဒါေၾကာင့္မို႔ ခ႐ိုင္တရားသူႀကီးက ႏိုင္ငံေတာ္ေရွ႕ေန ငွားေပးမယ္တဲ့။ အေသးစိတ္ကေတာ့ လာမယ့္ ႐ံုးခ်ိန္းက်မွ သိရမယ္။ တဦးခ်င္းစီကို ပုဒ္မ ၃ ခုေလာက္စီေတာ့ ရြတ္ျပသြားတယ္။ တရားသူႀကီး ရြတ္ျပသြားတာက ၃၀၂/၃၄/၂၁၂၊ ေနာက္တေယာက္က်ေတာ့ ၃၀၂/၃၅/၅၁၄ ေပါ့။ အဲဒီလိုမ်ဳိး ႏွစ္ဦးေတာ့ ရြတ္ျပသြားတာ ၾကားတယ္။ ေလာေလာဆယ္ေတာ့ ဧည့္သည္အေနနဲ႔ စီအိုင္ဒီတို႔ေတာ့ မေတြ႔ဘူး။ တျခား သက္ဆိုင္ရာေတြေတာ့ ရွိမွာေပါ့။ တရားသူႀကီးတို႔၊ ႐ံုးအဖဲြ႔တို႔က ေခၚထားတာေတာ့ ပါရင္ပါမွာေပါ့။

 ေလာေလာဆယ္ တရားခြင္မွာေတာ့ စစ္ေဆးတာ မေတြ႔ရေသးဘူး။ အပတ္တိုင္း ေသာၾကာေန႔မွာ စစ္မယ္လို႔ တရားသူႀကီးက ေျပာတယ္။ ဘာမွတ္ခ်က္ေပးခ်င္လဲဆိုေတာ့ ဆံုးသြားတဲ့ ဦးကိုနီဆိုတာ က်ေနာ္တို႔ႏိုင္ငံ ဖံြ႔ၿဖိဳးတိုးတက္ဖို႔အတြက္၊ တရားဥပေဒစိုးမိုးဖို႔အတြက္၊ ၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒ နဂိုကတည္းက ေရးဆဲြထားတာက အေျခခံဥပေဒဆိုတာ ျပည္သူ႔အတြက္ပဲ ျဖစ္ရမွာ။ ၂၀၀၈ ဖဲြ႔စည္းပံု အေျခခံဘက္က တစုတဖဲြ႔အတြက္ပဲ ေရးဆဲြထားေတာ့ ျမန္မာႏိုင္ငံျဖစ္စဥ္ ေရးဆဲြေပးတဲ့ ဒီပညာရွင္ႀကီးကို ဒီလုိမ်ဳိး လုပ္ႀကံသတ္ျဖတ္တဲ့အေပၚမွာ ျမန္မာျပည္မွာရွိတဲ့ ျပည္သူေတြကေတာ့ ယူက်ဳံးမရ ျဖစ္တာေပါ့။ က်ဴးလြန္တဲ့သူေတြကို တရားဥပေဒနဲ႔အညီ တရားသူႀကီးေတြအေနနဲ႔ မွန္မွန္ကန္ကန္ တရားစီရင္ေပးဖို႔ပဲ ေမၽွာ္လင့္တာေပါ့။ ဒါေပမယ့္ တခုေတာ့ ရွိတာေပါ့ဗ်ာ။ ျပည္ထဲေရးဆိုတာက ႏုိင္ငံေတာ္ ျပည္သူေတြရဲ႕ အခြန္စားထားတဲ့ ဝန္ထမ္းေတြပဲ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ဒါ ႏိုင္ငံေတာ္လုပ္ႀကံမႈပဲ။ ႏိုင္ငံေတာ္ အခြန္လစာစားထားတဲ့ ဝန္ထမ္းေတြအေနနဲ႔ ျပည္သူေတြအတြက္ ထိထိေရာက္ေရာက္ အမွန္တရားေပၚေပါက္ဖုိ႔ လိုက္လံဖမ္းေပးဖို႔ေပါ့။ တကယ္လို႔ ျပည္ပထြက္သြားတယ္ဆိုရင္လည္း ျပည္ပအဖဲြ႔အစည္းေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ျပည္သူေတြ လိုလားေတာင့္တတဲ့အတိုင္း ဒီျဖစ္စဥ္ကို အမွန္အတိုင္းေပၚၿပီး တရား႐ံုးကို တင္ေပးဖို႔က ျပည္သူေတြရဲ႕ဆႏၵနဲ႔ က်ေနာ္လည္း ထပ္တူက်ပါတယ္။”
ဦးကိုနီ လုပ္ၾကံခံရမႈ ဖမ္းမိထားသူ ၾကည္လင္း၊ ေအာင္ဝင္းေဇာ္၊ ေဇယ်ာၿဖိဳးနဲ႔ ေအာင္ဝင္းထြန္းတို႔ကို ပထမအႀကိမ္ ရုံးထုတ္တာျဖစ္ၿပီး ၾကည္လင္းကလြဲၿပီး က်န္သူေတြ ေရွ႕ေနပါ၀ါ တင္ၾကပါတယ္။ အမႈကို အပတ္စဥ္ ေသာၾကာေန႔တိုင္း စစ္ေဆးသြားမွာ ျဖစ္ပါတယ္။

အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥပေဒအႀကံေပး တရားလႊတ္ေတာ္ေရွ႕ေန ဦးကိုနီဟာ ဇန္နဝါရီ ၂၉ ရက္ေန႔က ရန္ကုန္ေလဆိပ္မွာ ေသနတ္နဲ႔ အနီးကပ္လုပ္ႀကံခံခဲ့ရတာ ျဖစ္ပါတယ္။
DVB

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တဲ့သူတွေဖြစ်တဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ဒီကနေ့ မတ်လ ၁၇ ရက် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ်တာကို သွားရောက်နားထောင်ခဲ့တဲ့ ဦးကျော်မိုးကို ဒီဗွီဘီ တွေ့ဆုံမေးမြန်းထားပါတယ်။

“အမှန်တရားကို ထိထိရောက်ရောက်နဲ့ ပြစ်ဒဏ်ချမှတ်ဖို့ပေါ့။ တရားသူကြီးက အခု လောလောဆယ် တရားခံတွေကို ရှေ့နေတွေ ပါဝါတင်ခိုင်းတာပေါ့။ ကိုကြည်လင်း တယောက်တည်းသာ ပါဝါ မတင်တာ။ ကျန်တဲ့ အောင်ဝင်းဇော် တင်တယ်။ နောက် ဇေယျာဖြိုး တင်တယ်။ အောင်းဝင်းထွန်းကတော့ သူ့မိသားစု မလာသေးတော့ ပါဝါတင်ဖို့ နည်းနည်း နောက်ကျသွားတယ်။ ကြည်လင်းကတော့ ရှေ့နေငှားဖို့ မတတ်နိုင်ဘူး။ အဲဒါကြောင့်မို့ ခရိုင်တရားသူကြီးက နိုင်ငံတော်ရှေ့နေ ငှားပေးမယ်တဲ့။ အသေးစိတ်ကတော့ လာမယ့် ရုံးချိန်းကျမှ သိရမယ်။ တဦးချင်းစီကို ပုဒ်မ ၃ ခုလောက်စီတော့ ရွတ်ပြသွားတယ်။ တရားသူကြီး ရွတ်ပြသွားတာက ၃၀၂/၃၄/၂၁၂၊ နောက်တယောက်ကျတော့ ၃၀၂/၃၅/၅၁၄ ပေါ့။ အဲဒီလိုမျိုး နှစ်ဦးတော့ ရွတ်ပြသွားတာ ကြားတယ်။ လောလောဆယ်တော့ ဧည့်သည်အနေနဲ့ စီအိုင်ဒီတို့တော့ မတွေ့ဘူး။ တခြား သက်ဆိုင်ရာတွေတော့ ရှိမှာပေါ့။ တရားသူကြီးတို့၊ ရုံးအဖွဲ့တို့က ခေါ်ထားတာတော့ ပါရင်ပါမှာပေါ့။

 လောလောဆယ် တရားခွင်မှာတော့ စစ်ဆေးတာ မတွေ့ရသေးဘူး။ အပတ်တိုင်း သောကြာနေ့မှာ စစ်မယ်လို့ တရားသူကြီးက ပြောတယ်။ ဘာမှတ်ချက်ပေးချင်လဲဆိုတော့ ဆုံးသွားတဲ့ ဦးကိုနီဆိုတာ ကျနော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ တရားဥပဒေစိုးမိုးဖို့အတွက်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဂိုကတည်းက ရေးဆွဲထားတာက အခြေခံဥပဒေဆိုတာ ပြည်သူ့အတွက်ပဲ ဖြစ်ရမှာ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဘက်က တစုတဖွဲ့အတွက်ပဲ ရေးဆွဲထားတော့ မြန်မာနိုင်ငံဖြစ်စဉ် ရေးဆွဲပေးတဲ့ ဒီပညာရှင်ကြီးကို ဒီလိုမျိုး လုပ်ကြံသတ်ဖြတ်တဲ့အပေါ်မှာ မြန်မာပြည်မှာရှိတဲ့ ပြည်သူတွေကတော့ ယူကျုံးမရ ဖြစ်တာပေါ့။ ကျူးလွန်တဲ့သူတွေကို တရားဥပဒေနဲ့အညီ တရားသူကြီးတွေအနေနဲ့ မှန်မှန်ကန်ကန် တရားစီရင်ပေးဖို့ပဲ မျှော်လင့်တာပေါ့။ ဒါပေမယ့် တခုတော့ ရှိတာပေါ့ဗျာ။ ပြည်ထဲရေးဆိုတာက နိုင်ငံတော် ပြည်သူတွေရဲ့ အခွန်စားထားတဲ့ ဝန်ထမ်းတွေပဲ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါ နိုင်ငံတော်လုပ်ကြံမှုပဲ။ နိုင်ငံတော် အခွန်လစာစားထားတဲ့ ဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေအတွက် ထိထိရောက်ရောက် အမှန်တရားပေါ်ပေါက်ဖို့ လိုက်လံဖမ်းပေးဖို့ပေါ့။ တကယ်လို့ ပြည်ပထွက်သွားတယ်ဆိုရင်လည်း ပြည်ပအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ပြည်သူတွေ လိုလားတောင့်တတဲ့အတိုင်း ဒီဖြစ်စဉ်ကို အမှန်အတိုင်းပေါ်ပြီး တရားရုံးကို တင်ပေးဖို့က ပြည်သူတွေရဲ့ဆန္ဒနဲ့ ကျနော်လည်း ထပ်တူကျပါတယ်။”
ဦးကိုနီ လုပ်ကြံခံရမှု ဖမ်းမိထားသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ကို ပထမအကြိမ် ရုံးထုတ်တာဖြစ်ပြီး ကြည်လင်းကလွဲပြီး ကျန်သူတွေ ရှေ့နေပါ၀ါ တင်ကြပါတယ်။ အမှုကို အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...