သ႐ုပ္ေဆာင္ နန္းခင္ေဇယ်ာၾကံဳေတြ႕ခဲရတဲ အျမန္လမ္းမေပၚက ေၾကာက္မက္ဖြယ္ျဖစ္ရပ္

နန္းခင္ေဇယ်ာ နဲ႔ ေတြ႔ဆံုျခင္း
သ႐ုပ္ေဆာင္ နန္းခင္ေဇယ်ာ နဲ႔ ေတြ႔ဆံုၿပီး အျမန္လမ္းေပၚက ျဖစ္ရပ္မွန္ေတြအေၾကာင္းကို ႐ိုက္ကူးျပထားတဲ့ သန္းေခါင္ယံ ခရီးသည္မ်ား ႐ုပ္ရွင္႐ိုက္ကြင္းမွာ ႀကံဳေတြ႔ရတဲ့ ျဖစ္ရပ္မ်ားအေၾကာင္း၊ ထူးျခားတဲ့ အေတြ႔အႀကံဳမ်ား အေၾကာင္းနဲ႔ အႏုပညာ ေလာကမွာ လက္ရွိ ရပ္တည္ခြင့္ ရေနတဲ့ အေနအထားအေပၚ သံုးသပ္ခ်က္ေတြကို The Voice က ေမးျမန္းေဖာ္ျပ ထားပါတယ္။
Voice : သန္းေခါင္ယံ ခရီးသည္မ်ား ႐ုပ္ရွင္က ဘယ္လို ဇာတ္လမ္းမ်ိဳးျဖစ္မလဲ။
NKZY : ဒီကားက အျမန္လမ္းေပၚမွာ ျဖစ္ပ်က္ခဲ့တဲ့ဟာေတြကို ႐ိုက္ၾကတာပါ။ အျမန္လမ္းေပၚမွာ ကားမီးေလာင္တဲ့အေၾကာင္းေတြ၊ တျခား စိတ္ဝင္စားစရာ အျဖစ္အပ်က္ေတြကို ႐ိုက္ျပထားတာပါ။ အျမန္လမ္းေပၚမွာ တကယ္ျဖစ္ခဲ့တဲ့ ေနရာေတြမွာ သြား႐ိုက္ထားတာပါ။ ဇာတ္ကား မ႐ိုက္ခင္မွာ အေႏွာင့္အယွက္ တစ္စံုတစ္ရာ မရွိေအာင္ နတ္ပြဲေတြ ဘာေတြ ေပးၿပီးမွ ႐ိုက္ၾကတာပါ။
Voice : ႐ိုက္ကြင္းေပၚမွာ သ႐ုပ္ေဆာင္ အခ်ိဳ႕ကို ဝင္ပူးခံရတယ္ဆိုၿပီး သတင္းေတြ ၾကားရတယ္။ နန္းခင္ရဲ႕ Facebook မွာလည္း မွတ္တမ္း ဗီဒီယိုဖိုင္ေလး တင္ထားတာလည္း ေတြ႔ရတယ္။ အဲ့ဒါက တကယ္ပဲလား။
NKZY : အဲ့ဒါက ဇာတ္ကား ႐ိုက္ၿပီးလို႔ သံုးရက္ေျမာက္ေန႔ေလာက္မွာ ျဖစ္တာပါ။ အဲဒီေန႔က ႐ိုက္တဲ့အခန္းက အျမန္လမ္းေပၚမွာ ေယာက္်ားတစ္ေယာက္က ကားကို မီး႐ိႈ႕ၿပီးေတာ့ သူ႔ရဲ႕မိသားစုကို ခ်န္ခဲ့တဲ့အခန္းကို ႐ိုက္ၾကတာပါ။ အဲ့ဒီအခန္းကို ႐ိုက္ၿပီးလို႔ ျပန္ၾကည့္မယ္လုပ္ေတာ့ လံုးဝ ဖြင့္လို႔မရဘူး။ အဲ့ဒီလူရဲ႕ မိန္းမနဲ႔ကေလးက အျပင္မွာ ဝိညာဥ္အျဖစ္ က်န္ခဲ့တာကို ႐ိုက္ကြင္းေပၚက က်န္တဲ့လူေတြ အကုန္ျမင္တယ္။ နန္းခင္နဲ႔ ကင္မရာသမားက မျမင္ဘူး။ အဲ့ဒီအခန္း ႐ိုက္ၿပီးေတာ့ ေနာက္တစ္ကတ္ ႐ိုက္တဲ့အခါမွာ သ႐ုပ္ေဆာင္ေတြထဲက ပထမတစ္ေယာက္ကို အရင္ စပူးတယ္။ အဲ့ဒီတစ္ေယာက္ကလည္း သူအရမ္း ေၾကာက္တယ္။ မ႐ိုက္ေတာ့ဘူး ဆိုၿပီး ေျပာတယ္။
Voice : အဲ့ဒီလိုေတြ ႀကံဳရေတာ့ ကိုယ္တိုင္ေရာ ဘယ္ေလာက္အထိ စိတ္လႈပ္ရွားခဲ့ရလဲ။
NKZY : သရဲေတြက နန္းခင္တို႔ကားကို ေဘးကေန လိုက္ၿပီး ေျခာက္တဲ့အခန္း ႐ိုက္တဲ့အခါမွာ ဇာတ္ပို႔ တစ္ေယာက္ကို အရင္စပူးတယ္။ ေနာက္ထပ္ၿပီးေတာ့ ဒုတိယတစ္ေယာက္ကို ဆက္ပူးတယ္။ သူ႔ကို အေၾကာက္ေျပေအာင္ ဘုရားစာ ႐ြတ္ေပးတယ္။ ေရတိုက္တယ္။ သိပ္မၾကာဘူး သူ႔ေနာက္ခံုက တစ္ေယာက္ကိုပါ ဆက္ပူးတယ္။ သံုးေယာက္ေလာက္ ဒီလိုမ်ိဳးေတြ ႀကံဳလာရေတာ့ နန္းခင္တို႔က ဇာတ္ကားကို ဘယ္လိုမွ ဆက္႐ိုက္လို႔ မရေတာ့ဘူး။ ည ဆယ့္ႏွစ္နာရီေက်ာ္ေလာက္မွာ ႐ိုက္ကြင္းသိမ္းၿပီး ျပန္လာရတယ္။ ဇာတ္ကား မ႐ိုက္ခင္ ပြဲေတြလည္း ေပးထားေတာ့ ဒီလိုမ်ိဳးေတြ ႀကံဳရမယ္လို႔ မထင္ဘူးေလ။ အပူးခံထားရတဲ့ မိန္းကေလး သံုးေယာက္လံုးကလည္း သူတို႔ ဆက္မ႐ိုက္ေတာ့ဘူးလို႔ ဒါ႐ိုက္တာကို ေျပာတယ္။
Voice : အျမန္လမ္းေပၚမွာ ခရီးသြားရင္း ႀကံဳရတဲ့ အျဖစ္အပ်က္ေတြကို ႐ိုက္ျပထားတာလား။
NKZY : အျမန္လမ္းေပၚမွာ တကယ္ျဖစ္ခဲ့တဲ့ မေတာ္တဆ ျဖစ္ရပ္ေတြ၊ ယာဥ္တိုက္မႈေတြ အေၾကာင္းကို ႐ိုက္ျပထားတာေပါ့။ ဒီကားမွာ နန္းခင္နဲ႔ ပိုင္တံခြန္က သမီးရည္းစားေတြေပါ့။ ႏွစ္ေယာက္အတူ ခရီးသြားဖို႔ ကားနဲ႔ လိုက္လာတယ္။ အျမန္လမ္းေပၚ အေရာက္မွာ ဝိညာဥ္ျဖစ္ေနတဲ့ မိန္းမတစ္ေယာက္က နန္းခင္ကို သူ႔ရဲ႕ ေယာက္်ားက သူ႔ကို သတ္သြားပါတယ္။ အမႈကို ေဖာ္ထုတ္ေပးပါဆိုၿပီး ကိုယ့္ကို အိပ္မက္လာေပးတာေပါ့။ ေရွ႕မွာလည္း နန္းခင္ သရဲကား ႐ိုက္ဖူးပါတယ္။ အဲ့ဒီကားက်ေတာ့ တကယ့္ျဖစ္ရပ္ မဟုတ္ဘဲ ဇာတ္လမ္းဆင္ၿပီး ႐ိုက္တာေပါ့။ ဒီကားကက်ေတာ့ တကယ့္ ျဖစ္ရပ္မွန္ေတြကို ႐ိုက္တာဆိုေတာ့ စီးတယ္လို႔ပဲ ထင္တယ္။
Voice : ကိုယ္တိုင္ေရာ ဘယ္လို ထူးထူးျခားျခား ျဖစ္ရပ္ေတြ ႀကံဳခဲ့ရတာမ်ိဳးရွိလဲ။
NKZY : ႐ိုက္ကြင္းမွာ ဘာေတြ ျမင္ရလဲဆိုေတာ့ ဇာတ္ဝင္ခန္း ႐ိုက္ၿပီးလို႔ ကားေအာက္ကို ဆင္းတဲ့အခါမွာ အရိပ္ေတြ ျဖတ္သြားတာ ျမင္ရတယ္။ ဒ႐ုန္းနဲ႔ ႐ိုက္တဲ့အခ်ိန္မွာလည္း မီးအနီေရာင္ေတြ လိုက္လာတာေတြ ေတြ႔ရတယ္။ တစ္ကားလံုးမွာရွိေနတဲ့ လူေတြက ကားေအာက္မွာရွိတဲ့ ဇာတ္ပို႔တစ္ေယာက္ကို ျမင္ရတယ္။ နန္းခင္နဲ႔ ကင္မရာသမားက ေအာက္မွာရွိတဲ့ ဇာတ္ပို႔တစ္ေယာက္ကို မျမင္ရဘူး။ အဲ့ဒီလိုမ်ိဳး ထူးဆန္းတဲ့ ျဖစ္ရပ္ေတြ အမ်ားႀကီး ႀကံဳရတယ္။ ဘဝမွာလည္း တစ္ခါမွ မႀကံဳဖူးဘူး။ ဘယ္လိုပဲ ျဖစ္ေနပါေစ ကိုယ္ယူထားတဲ့ တာဝန္တစ္ခုကိုေတာ့ ၿပီးဆံုးေအာင္ လုပ္မွာပါ။
Voice : ဒီကားက ကိုယ့္အတြက္ ႐ုပ္ရွင္ကားႀကီးမွာ ေခါင္းေဆာင္အေနနဲ႔ ပထမဆံုး ႐ိုက္ခြင့္ရတာေနာ္။ ဘယ္ေလာက္အထိ ေအာင္ျမင္မႈရဖို႔ ေမွ်ာ္လင့္ထားလဲ။
NKZY : ဒီကားမွာ နန္းခင္ အေကာင္းဆံုးေတာ့ ႀကိဳးစားထားပါတယ္။ ကိုယ္မႀကံဳဖူးတဲ့ ျဖစ္ရပ္ေတြ ႀကံဳရတဲ့အတြက္ ေၾကာက္လည္း ေၾကာက္တယ္ေပါ့။ တကယ္ျဖစ္ခဲ့တဲ့ ဟာေတြကို ႐ိုက္ျပတာဆိုေတာ့ သ႐ုပ္ေဆာင္ရတာ တာဝန္လည္း ႀကီးပါတယ္။ ႐ိုက္ကြင္းမွာ သ႐ုပ္ေဆာင္အခ်ိဳ႕က ဆက္မ႐ိုက္ရဲလို႔ ႏုတ္ထြက္မယ္လို႔ ေျပာၾကေပမယ့္ နန္းခင္အေနနဲ႔ကေတာ့ ကိုယ္လက္ခံထားတဲ့ အလုပ္တစ္ခုကို တာဝန္ေက်ေအာင္ လုပ္သြားမွာပါ။ ဒီကားၿပီးရင္ ပိုင္တံခြန္နဲ႔ ဟာသ႐ုပ္ရွင္တစ္ကား ဆက္႐ိုက္မယ္။ ေနာက္ၿပီး ဦးေဗလုဝနဲ႔ ႐ုပ္ရွင္တစ္ကား ႐ိုက္ဖို႔ ရွိေသးတယ္။\
Voice : ကိုယ့္ရဲ႕အႏုပညာ သက္တမ္းလည္း နည္းနည္း ရလာၿပီဆိုေတာ့ ကိုယ့္ရဲ႕ လိုအပ္ခ်က္ေတြကိုေရာ ဘယ္လို သံုးသပ္ ျပင္ဆင္ျဖစ္လဲ။
NKZY : နန္းခင္အေနနဲ႔ကေတာ့ ပရိသတ္လက္ခံတဲ့ သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ျဖစ္ေအာင္ အမ်ားႀကီး ႀကိဳးစားရဦးမွာပါ။ ဒီအႏုပညာေလာကမွာ ေနရာတစ္ေနရာ ရဖို႔အတြက္ ႀကိဳးစားရမွာေတြ အမ်ားႀကီး ရွိပါေသးတယ္။ အခုလက္ရွိ အခ်ိန္မွာေတာ့ နန္းခင္တို႔က အေတြ႔အႀကံဳေတြ စုေဆာင္းဆဲ၊ ေလ့လာသင္ယူဆဲ အဆင့္ပဲ ရွိပါေသးတယ္။ အႏုပညာ ဝမ္းစာေတြ ျဖည့္ဖို႔ အမ်ားႀကီး လိုေနပါေသးတယ္။ ဇာတ္ကားတစ္ကားခ်င္းစီမွာေတာ့ ကိုယ့္ရဲ႕ လိုအပ္ခ်က္ေတြကို ေသခ်ာ ျပန္သံုးသပ္ပါတယ္။
သန္႔ဇင္ဦး
Credit: The Voice myanmar
====
နန်းခင်ဇေယျာ နဲ့ တွေ့ဆုံခြင်း
သရုပ်ဆောင် နန်းခင်ဇေယျာ နဲ့ တွေ့ဆုံပြီး အမြန်လမ်းပေါ်က ဖြစ်ရပ်မှန်တွေအကြောင်းကို ရိုက်ကူးပြထားတဲ့ သန်းခေါင်ယံ ခရီးသည်များ ရုပ်ရှင်ရိုက်ကွင်းမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်များအကြောင်း၊ ထူးခြားတဲ့ အတွေ့အကြုံများ အကြောင်းနဲ့ အနုပညာ လောကမှာ လက်ရှိ ရပ်တည်ခွင့် ရနေတဲ့ အနေအထားအပေါ် သုံးသပ်ချက်တွေကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။
Voice : သန်းခေါင်ယံ ခရီးသည်များ ရုပ်ရှင်က ဘယ်လို ဇာတ်လမ်းမျိုးဖြစ်မလဲ။
NKZY : ဒီကားက အမြန်လမ်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ဟာတွေကို ရိုက်ကြတာပါ။ အမြန်လမ်းပေါ်မှာ ကားမီးလောင်တဲ့အကြောင်းတွေ၊ တခြား စိတ်ဝင်စားစရာ အဖြစ်အပျက်တွေကို ရိုက်ပြထားတာပါ။ အမြန်လမ်းပေါ်မှာ တကယ်ဖြစ်ခဲ့တဲ့ နေရာတွေမှာ သွားရိုက်ထားတာပါ။ ဇာတ်ကား မရိုက်ခင်မှာ အနှောင့်အယှက် တစ်စုံတစ်ရာ မရှိအောင် နတ်ပွဲတွေ ဘာတွေ ပေးပြီးမှ ရိုက်ကြတာပါ။
Voice : ရိုက်ကွင်းပေါ်မှာ သရုပ်ဆောင် အချို့ကို ဝင်ပူးခံရတယ်ဆိုပြီး သတင်းတွေ ကြားရတယ်။ နန်းခင်ရဲ့ Facebook မှာလည်း မှတ်တမ်း ဗီဒီယိုဖိုင်လေး တင်ထားတာလည်း တွေ့ရတယ်။ အဲ့ဒါက တကယ်ပဲလား။
NKZY : အဲ့ဒါက ဇာတ်ကား ရိုက်ပြီးလို့ သုံးရက်မြောက်နေ့လောက်မှာ ဖြစ်တာပါ။ အဲဒီနေ့က ရိုက်တဲ့အခန်းက အမြန်လမ်းပေါ်မှာ ယောက်ျားတစ်ယောက်က ကားကို မီးရှို့ပြီးတော့ သူ့ရဲ့မိသားစုကို ချန်ခဲ့တဲ့အခန်းကို ရိုက်ကြတာပါ။ အဲ့ဒီအခန်းကို ရိုက်ပြီးလို့ ပြန်ကြည့်မယ်လုပ်တော့ လုံးဝ ဖွင့်လို့မရဘူး။ အဲ့ဒီလူရဲ့ မိန်းမနဲ့ကလေးက အပြင်မှာ ဝိညာဉ်အဖြစ် ကျန်ခဲ့တာကို ရိုက်ကွင်းပေါ်က ကျန်တဲ့လူတွေ အကုန်မြင်တယ်။ နန်းခင်နဲ့ ကင်မရာသမားက မမြင်ဘူး။ အဲ့ဒီအခန်း ရိုက်ပြီးတော့ နောက်တစ်ကတ် ရိုက်တဲ့အခါမှာ သရုပ်ဆောင်တွေထဲက ပထမတစ်ယောက်ကို အရင် စပူးတယ်။ အဲ့ဒီတစ်ယောက်ကလည်း သူအရမ်း ကြောက်တယ်။ မရိုက်တော့ဘူး ဆိုပြီး ပြောတယ်။
Voice : အဲ့ဒီလိုတွေ ကြုံရတော့ ကိုယ်တိုင်ရော ဘယ်လောက်အထိ စိတ်လှုပ်ရှားခဲ့ရလဲ။
NKZY : သရဲတွေက နန်းခင်တို့ကားကို ဘေးကနေ လိုက်ပြီး ခြောက်တဲ့အခန်း ရိုက်တဲ့အခါမှာ ဇာတ်ပို့ တစ်ယောက်ကို အရင်စပူးတယ်။ နောက်ထပ်ပြီးတော့ ဒုတိယတစ်ယောက်ကို ဆက်ပူးတယ်။ သူ့ကို အကြောက်ပြေအောင် ဘုရားစာ ရွတ်ပေးတယ်။ ရေတိုက်တယ်။ သိပ်မကြာဘူး သူ့နောက်ခုံက တစ်ယောက်ကိုပါ ဆက်ပူးတယ်။ သုံးယောက်လောက် ဒီလိုမျိုးတွေ ကြုံလာရတော့ နန်းခင်တို့က ဇာတ်ကားကို ဘယ်လိုမှ ဆက်ရိုက်လို့ မရတော့ဘူး။ ည ဆယ့်နှစ်နာရီကျော်လောက်မှာ ရိုက်ကွင်းသိမ်းပြီး ပြန်လာရတယ်။ ဇာတ်ကား မရိုက်ခင် ပွဲတွေလည်း ပေးထားတော့ ဒီလိုမျိုးတွေ ကြုံရမယ်လို့ မထင်ဘူးလေ။ အပူးခံထားရတဲ့ မိန်းကလေး သုံးယောက်လုံးကလည်း သူတို့ ဆက်မရိုက်တော့ဘူးလို့ ဒါရိုက်တာကို ပြောတယ်။
Voice : အမြန်လမ်းပေါ်မှာ ခရီးသွားရင်း ကြုံရတဲ့ အဖြစ်အပျက်တွေကို ရိုက်ပြထားတာလား။
NKZY : အမြန်လမ်းပေါ်မှာ တကယ်ဖြစ်ခဲ့တဲ့ မတော်တဆ ဖြစ်ရပ်တွေ၊ ယာဉ်တိုက်မှုတွေ အကြောင်းကို ရိုက်ပြထားတာပေါ့။ ဒီကားမှာ နန်းခင်နဲ့ ပိုင်တံခွန်က သမီးရည်းစားတွေပေါ့။ နှစ်ယောက်အတူ ခရီးသွားဖို့ ကားနဲ့ လိုက်လာတယ်။ အမြန်လမ်းပေါ် အရောက်မှာ ဝိညာဉ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်က နန်းခင်ကို သူ့ရဲ့ ယောက်ျားက သူ့ကို သတ်သွားပါတယ်။ အမှုကို ဖော်ထုတ်ပေးပါဆိုပြီး ကိုယ့်ကို အိပ်မက်လာပေးတာပေါ့။ ရှေ့မှာလည်း နန်းခင် သရဲကား ရိုက်ဖူးပါတယ်။ အဲ့ဒီကားကျတော့ တကယ့်ဖြစ်ရပ် မဟုတ်ဘဲ ဇာတ်လမ်းဆင်ပြီး ရိုက်တာပေါ့။ ဒီကားကကျတော့ တကယ့် ဖြစ်ရပ်မှန်တွေကို ရိုက်တာဆိုတော့ စီးတယ်လို့ပဲ ထင်တယ်။
Voice : ကိုယ်တိုင်ရော ဘယ်လို ထူးထူးခြားခြား ဖြစ်ရပ်တွေ ကြုံခဲ့ရတာမျိုးရှိလဲ။
NKZY : ရိုက်ကွင်းမှာ ဘာတွေ မြင်ရလဲဆိုတော့ ဇာတ်ဝင်ခန်း ရိုက်ပြီးလို့ ကားအောက်ကို ဆင်းတဲ့အခါမှာ အရိပ်တွေ ဖြတ်သွားတာ မြင်ရတယ်။ ဒရုန်းနဲ့ ရိုက်တဲ့အချိန်မှာလည်း မီးအနီရောင်တွေ လိုက်လာတာတွေ တွေ့ရတယ်။ တစ်ကားလုံးမှာရှိနေတဲ့ လူတွေက ကားအောက်မှာရှိတဲ့ ဇာတ်ပို့တစ်ယောက်ကို မြင်ရတယ်။ နန်းခင်နဲ့ ကင်မရာသမားက အောက်မှာရှိတဲ့ ဇာတ်ပို့တစ်ယောက်ကို မမြင်ရဘူး။ အဲ့ဒီလိုမျိုး ထူးဆန်းတဲ့ ဖြစ်ရပ်တွေ အများကြီး ကြုံရတယ်။ ဘဝမှာလည်း တစ်ခါမှ မကြုံဖူးဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ ကိုယ်ယူထားတဲ့ တာဝန်တစ်ခုကိုတော့ ပြီးဆုံးအောင် လုပ်မှာပါ။
Voice : ဒီကားက ကိုယ့်အတွက် ရုပ်ရှင်ကားကြီးမှာ ခေါင်းဆောင်အနေနဲ့ ပထမဆုံး ရိုက်ခွင့်ရတာနော်။ ဘယ်လောက်အထိ အောင်မြင်မှုရဖို့ မျှော်လင့်ထားလဲ။
NKZY : ဒီကားမှာ နန်းခင် အကောင်းဆုံးတော့ ကြိုးစားထားပါတယ်။ ကိုယ်မကြုံဖူးတဲ့ ဖြစ်ရပ်တွေ ကြုံရတဲ့အတွက် ကြောက်လည်း ကြောက်တယ်ပေါ့။ တကယ်ဖြစ်ခဲ့တဲ့ ဟာတွေကို ရိုက်ပြတာဆိုတော့ သရုပ်ဆောင်ရတာ တာဝန်လည်း ကြီးပါတယ်။ ရိုက်ကွင်းမှာ သရုပ်ဆောင်အချို့က ဆက်မရိုက်ရဲလို့ နုတ်ထွက်မယ်လို့ ပြောကြပေမယ့် နန်းခင်အနေနဲ့ကတော့ ကိုယ်လက်ခံထားတဲ့ အလုပ်တစ်ခုကို တာဝန်ကျေအောင် လုပ်သွားမှာပါ။ ဒီကားပြီးရင် ပိုင်တံခွန်နဲ့ ဟာသရုပ်ရှင်တစ်ကား ဆက်ရိုက်မယ်။ နောက်ပြီး ဦးဗေလုဝနဲ့ ရုပ်ရှင်တစ်ကား ရိုက်ဖို့ ရှိသေးတယ်။\
Voice : ကိုယ့်ရဲ့အနုပညာ သက်တမ်းလည်း နည်းနည်း ရလာပြီဆိုတော့ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုရော ဘယ်လို သုံးသပ် ပြင်ဆင်ဖြစ်လဲ။
NKZY : နန်းခင်အနေနဲ့ကတော့ ပရိသတ်လက်ခံတဲ့ သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင် အများကြီး ကြိုးစားရဦးမှာပါ။ ဒီအနုပညာလောကမှာ နေရာတစ်နေရာ ရဖို့အတွက် ကြိုးစားရမှာတွေ အများကြီး ရှိပါသေးတယ်။ အခုလက်ရှိ အချိန်မှာတော့ နန်းခင်တို့က အတွေ့အကြုံတွေ စုဆောင်းဆဲ၊ လေ့လာသင်ယူဆဲ အဆင့်ပဲ ရှိပါသေးတယ်။ အနုပညာ ဝမ်းစာတွေ ဖြည့်ဖို့ အများကြီး လိုနေပါသေးတယ်။ ဇာတ်ကားတစ်ကားချင်းစီမှာတော့ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို သေချာ ပြန်သုံးသပ်ပါတယ်။
သန့်ဇင်ဦး
Credit: The Voice myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...