သမီး ဘဝေတာ့ ပ်က္ပါၿပီ အေမရယ္

"သမီး ဘဝေတာ့ ပ်က္ပါၿပီ အေမရယ္" "ညည္းကို ေမးေနတယ္ ဘယ္သူနဲ႔လဲလို႔" "ဟင့္အင္း ဟင့္အင္း" "ဒီမွာ မိေအး ညည္းဒီလိုငိုေနလို႔မၿပီးဘူး.. ကာယကံ႐ွင္ကဘာတဲ့လဲ ညည္းကို.. တာဝန္မယူႏိုင္ဘူးတဲ့လား.." "ဟင့္အင္း အေမ..သူ သိေတာင္မသိေသးဘူး" "ဟင္..ဟုတ္လား ေျပာေျပာသမီး.. ဘယ္သူလဲ အေမ ေကာင္ေလးနဲ႔ေတြ႔ၿပီး.. ဒီကိစၥတာဝန္ယူေပးေအာင္ ညႇိႏႈိင္းေပးမယ္ အေမတို႔ သားအမိအ႐ွက္တကြဲအက်ိဳးနည္း မျဖစ္ခင္ေလး.." "ဟင့္ ဟင့္ ဟီးအဟီး.." "ငိုေနလို႔ မၿပီးဘူးသမီး အေမတို႔သားအမိ ဒီရြာေလးမွာ ပန္းစိုက္ေရာင္းၿပီး.. ႐ိုး႐ိုးသားသားေနလာခဲ့တာ.. မုဆိုးမသမီးဆိုၿပီး အႏိုင္က်င့္တာေတာ့.. အေမမခံဘူး သမီးေ႐ွ႕မွာအေမ႐ွိတယ္:" မိခင္ရဲ႕ရင္နင့္သံနဲ႔ေျပာစကားေၾကာင့္.. မိေအးရင္ထဲ လႈိက္ကနဲဝမ္းနည္းသြားၿပီး.. ႐ႈိက္ႀကီးတငင္ငိုေႂကြးေလေတာ့သည္..။

ၿပီးမွ...တိုးလႊလႊအသံေလးနဲ႔... "အဟင့္ ဟင့္ ဟိုဟို..ဆရာေလး.. ကိုပိုင္စိုး" "ဘာ ဘယ္လို.." "ဒါ ေဒါင္းေယာင္ေဆာင္တဲ့ေျမေခြးပဲ" စိတ္ထဲ႐ွိသလိုေရရြတ္လိုက္သည္..၊ (ေဒါင္းေယာင္ေဆာင္ေသာက်ီးလည္းမဟုတ္.) "ဒီလိုမ်ဳိးလုပ္လို႔ဘယ္ရမလဲ လာမိေအး.. မုဆိုးမသမီးဆိုၿပီး ေျခေတာ္တင္တာ.. မခံဘူးေဟ့..လာခဲ့ ဒီကိစၥအျပက္႐ွင္းမယ္" ေဒၚျမသစ္ သမီးျဖစ္သူမိေအးလက္ကိုဆြဲၿပီး ဒေရာပါးထြက္လာခဲ့ေလသည္..။

ရြာလည္က အုပ္ခ်ဳပ္ေရးမႉးအိမ္သို႔.... အုပ္ခ်ဳပ္ေရးမႉးအိမ္ဝင္လိုက္ေတာ့..၊ဝိုင္းအုံ ေနတဲ့လူအုပ္ႀကီးကိုေတြ႔ၿပီး က်ေတာ္ မ်က္လုံးျပဴးသြားသည္..၊လာေခၚတဲ့ဆယ္အိမ္ မႉးဧးသုရဲ႕ေျပာစကားအရ မိေအးမွာ.. သူ႔ကိုယ္ဝန္ လြယ္ထားရလို႔ ၊အုပ္ခ်ဳပ္ေရးမႉး ဆီလာတိုင္ေနတယ္တဲ့၊က်ေတာ္..မ်က္လုံး ျပဴးသြားသည္၊မိေအးဆိုတာ..မီးေကာင္ေပါက္ အရြယ္ကေလးမေလး၁၆ ၁၇ႏွစ္အရြယ္ေလး ႏွမေလးလိုသေဘာထားခဲ့သည္၊စိတ္နဲ႔ေတာင္ မျပစ္မွားဖူး၊ဘယ္လိုေၾကာင့္မ်ား... "လာလာ ဆရာပိုင္စိုး" က်ေတာ္ေရာက္ေတာ့ အုပ္ခ်ဳပ္ေရးမႉးကမ်က္ႏွာမသာ မယာနဲ႔လွမ္းေခၚသည္၊လူအုပ္က႐ွဲေပးလိုက္ ေတာ့၊အုပ္ခ်ဳပ္ေရးမႉးစားပြဲေ႐ွ႕မွာတ႐ႈံ႕႐ႈံ႕ငို ေနေသာမိေအး၊ေဘးမွာသူ႔ကိုမ်က္ေထာင့္နီ ႀကီးနဲ႔ၾကည့္ေနတဲ့ေဒၚျမသစ္... "ကဲဆရာ..မိေအးက သူ႔မွာ ဆရာနဲ႔ရတဲ့ ကိုယ္ဝန္႐ွိေနၿပီးတဲ့.." "ဟုတ္ကဲ့ အဲ မဟုတ္ကဲ့.. ေနပါဦးဗ်ာ မိေအးကိုကြၽန္ေတာ္ေမးပါရေစ"

"ဒီမွာဆရာ က်ဳပ္တို႔ရြာသူကို စားၿပီးနားမလည္ မလုပ္ပါနဲ႔" ေဘးက ကာလသားေခါင္းမိုးေျပးကဝင္ေျပာ သည္..၊ "အာ စားၿပီးနားမလည္ လည္းမလုပ္ပါဘူး ဝါးၿပီးေထြးထုတ္လည္းမလုပ္ပါဘူး.. အခုဟာက ကြၽန္ေတာ္ကိုယ္တိုင္မသိလို႔ ေမးပါရေစလို႔.." "ဟား ဒါကေတာ့႐ွင္းပါတယ္ဗ်ာ.. မိေအးကဆရာ့အိမ္ကိုေန႔တိုင္းပန္းလာလဲေပး ေဝယာဝစၥလာလုပ္ေပးေနတာပဲ.. တစ္ေန႔ ဆရာမူးလာမယ္၊မိေအးကဆရာ့အိပ္ ခန္းထဲသန္႔႐ွင္းေရးဝင္လုပ္ေပးေနမယ္၊ မူးလာတဲ့ဆရာက၊ဆရာေျပာေျပာေနတဲ့.. ၿမိဳ႕ကဆရာ့ခ်စ္သူမွဲ႔နီေလးနဲ႔အျမင္မွားမယ္ ၿပီးေတာ့ မိေအးကို ဟြာျပဳမိမယ္၊မိေအးက ႐ွက္လို႔ဘယ္သူ႔မွမေျပာပဲေနမယ္၊ဆရာကမူး ၿပီးအိပ္ေပ်ာ္သြားၿပီး၊ဘာမွမမွတ္မိေတာ့ဘူး၊ အဲ အခုက်အထုတ္အထည္ေပၚလာေတာ့ မိေအးကေဖာ္လိုက္တယ္၊ဒါပဲေပါ့ဗ်.." ကာလသားေခါင္းမိုးေျပးကသူထင္ရာစြတ္ ေျပာေနေလသည္..။

"ဟာဗ်ာ ကြၽန္ေတာ္ကမနက္အေစာႀကီး.. မူးရမလားဗ် ၊ကြၽန္ေတာ္တစ္ခါတေလ ပဲေသာက္စားတက္တယ္၊ဒါေတာင္ရြာမွာ ဘယ္ေတာ့မွမေသာက္ဘူး၊ေက်ာင္းပိတ္ရက္ ၿမိဳ႕သြားတဲ့အခါ၊သူငယ္ခ်င္းေတြနဲ႔ေတြ႕မွ နည္းနည္းပါးပါးပါ၊ၿပီးေတာ့ဒီကိစၥႀကီးျဖစ္တာ မမွတ္မိႏိုင္ေလာက္ေအာင္ႀကီးေတာ့.. ဟာ..မဟုတ္ေသးပါဘူးဗ်ာ" "ေဟ့ေကာင္မိုးေျပး မင္းထင္ရာျမင္ရာေတြ စြတ္ေျပာမေနနဲ႔ကြ" အုပ္ခ်ဳပ္ေရးမႉးဝင္ဟန္႔လိုက္မွ၊ရြာမွာအရပ္ ျပဇာတ္လုပ္ရင္အျမဲဇာတ္ၫႊန္းေရးသူ၊ တစ္ေန႔ႏိုင္ငံေက်ာ္ဘတ္ဆဲလ္လားစာေရး ဆရာျဖစ္ရမယ္လို႔အျမဲၾကံဳးဝါးေနတဲ့.. ကာလသားေခါင္းမိုးေျပး ပါစပ္ပိတ္သြားေလ သည္။အဲ့ေတာ့မွ..က်ေတာ္က ေဒၚျမသစ္ ဘက္လွည့္ၿပီး... "အေဒၚ ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ.. ဟို..." "ဒီကိစၥ ေတာင္းပန္႐ုံၿပီးတဲ့ကိစၥမဟုတ္ဘူး.. ေက်ာင္းဆရာ.." ေဒၚျမသစ္ေဒါသနဲ႔ျပန္ေျပာသည္၊ေဒၚျမသစ္ အသံေၾကာင့္ဝိုင္းအုံေနတဲ့လူေတြဆီမွ.. အသံမ်ားႂကြတ္စိစိထြက္ေပၚလာေလသည္။

"ဟုတ္ကဲ့ပါအေဒၚ ဒီကိစၥကြၽန္ေတာ္ဟာ ေသခ်ာရင္၊မိေအးကိုတင့္ေတာင္းတင့္တယ္ လက္ထပ္ယူပါ့မယ္၊ဒါေပမယ့္..ကြၽန္ေတာ္ ေမးပါရေစ ႐ွင္းေအာင္." "ဟုတ္တယ္ မိေအး အခုအေျခအေနေရာက္မွ ႐ွက္မေနနဲ႔ေတာ့ ဆရာေလးပိုင္စိုး အပါအဝင္အားလုံးရွင္းေအာင္ ဆရာေလးေမးတာ ေျဖလိုက္.." အုပ္ခ်ဳပ္ေရးမႉးကဝင္ေျပာလိုက္ေတာ့.. မိေအးေခါင္းေမာ့ၾကည့္သည္.. "ကဲ ဆရာေမးပါ" "ညီမေလးမိေအး အခုညည္းကိုယ္ဝန္က ဆရာနဲ႔ပက္သက္တာဆိုရင္.. ဘယ္တုန္းက ဆရာနဲ႔ၿငိစြန္းခဲ့တယ္.. ေျပာျပပါ ဆရာတကယ္မမွတ္မိလို႔.. မ႐ွက္နဲ႔ညီမ ဆရာသာမွန္ရင္အကုန္တာဝန္ ယူမွာပါ"

"လြန္ခဲ့ႏွစ္လေလာက္က ဆရာၿမိဳ႕က ျပန္လာေနာက္ရက္.." မိေအးရဲ႕တိက်တဲ့အေျဖေၾကာင့္.အားလုံး.. "ဟင္"လို႔ ျဖစ္သြားသည္..။ "ဟုတ္ၿပီး ဆရာမွတ္မိတယ္..အဲ့ေန႔က.. ဘယ္လိုက ဘယ္လိုစျဖစ္တာလဲ.. ေျပာျပပါ ညီမ.." "အဲ့ေန႔က ကြၽန္မလာေတာ့ ဆရာအအေပါက္ ထဖြင့္ေပးတယ္ေလ.." "အင္း ဟုတ္ၿပီ..မွတ္မိတယ္.." "ဆရာကေျပာတယ္ေလ..ဆရာညကမွျမိဳ႕က ျပန္လာတာ အေပါင္းသင္းေတြနဲ႔ေတြ႕လို႔ နည္းနည္းေသာက္လာတာ အမူးမက်လို႔.. ေက်ာင္းပိတ္ရက္မို႔ျပန္အိပ္လိုက္ဦးမယ္လို႔ ဆရာေျပာတယ္ေလ.."

"အင္း မွတ္မိတယ္ အဲ့ေန႔ကတနဂၤေႏြေန႔" "အဲ့ဒါနဲ႔ကြၽန္မလည္းဘုရားပန္းလဲ.. အိမ္သန္႔႐ွင္းေရးလုပ္ၿပီး..ဆရာ့အခန္းထဲက စားပြဲေပၚကပန္းအိုးလဲဖို႔အလာ.." "အင္း" "အဲ့ေတာ့ ဆရာကဆရာ့အခန္းထဲကုတင္ ေပၚမွာ အက်ႌမပါပဲအိပ္ေပ်ာ္ေနတယ္.." "အင္း" "ကြၽန္မလည္း႐ွက္႐ွက္နဲ႔ဆရာ့ကိုမၾကည့္ပဲ ဆရာ့ကုတင္ေဘးကစားပြဲေပၚကပန္းအိုးေလး ယူၿပီး ပန္းအသစ္လဲေပးတယ္ေလ.." "အင္း" "ပန္းအိုးျပန္ထားၿပီးဆရာႏိုးမွာစိုးလို႔.. ေျခဖြဖြေလးနဲ႔..ႀကိဳးတန္းကဆရာ့အဝတ္စား ေတြေလ်ွာ္ေပးဖို႔အယူ...ေနာက္ကဆရာက ေလ..." "အင္း ဆိုပါဦး အာ့အထိဆရာမသိဘူး.." "ဆရာက ေနာက္ကေနၿပီး အိပ္ေနရင္းက လက္ယမ္းလိုက္တာ အခုဏကပန္းအိုးေလး ကိုထိမိၿပီး က်ကြဲသြားတယ္ေလ.." "အဲ့ေတာ့.." "ကြၽန္မလည္း လန္႔ၿပီးေနာက္လွည့္ၾကည့္ ေတာ့ ပန္းအိုးကၾကမ္းျပင္မွာက်ကြဲ႔ေနတယ္ အခုဏက ကြၽန္မလဲေပးထားတဲ့ႏွင္းဆီပန္း ေလးေပၚကပ်ားေကာင္ေလးထပ်ံသြားတာ ေတြ႕လိုက္ရတယ္..အဲ့မွာ ကြၽန္မဘဝေတာ့ သြားပါၿပီဆိုတာသိလိုက္ရၿပီး..မ်က္ႏွာကို လက္အုပ္ၿပီး ဆရာ့အိမ္ကေျပးထြက္ခဲ့တယ္"

"အန္..အာ့နဲ႔နင့္မွာကိုယ္ဝန္က.." "ကိုယ္ဝန္႐ွိေနၿပီဆိုတာ..ဒီေန႔မွသိလိုက္တာ ပါ မနက္ကကြၽန္မသြားတိုက္ေနရင္းပ်ိဳ႕တက္ လာၿပီးအန္တယ္ အဲ့မွာကြၽန္မကိုယ္ဝန္႐ွိေနၿပီ ဆိုတာသိလိုက္တာ.." "ဟာ..မဟုတ္ေသးပါဘူး.." "ဘာမဟုတ္ေသးပါဘူးလဲဆရာ.. မိေအးကိုေတာသူဆိုၿပီးအထင္မေသးပါနဲ႔.. ျမန္မာဗြီဒီယိုကားေတြၾကည့္ထားတာပါ.. သူေဌးသားကမူးလာတယ္၊အိမ္ေဖာ္မေလးက သူေဌးသားအခန္းသန္႔႐ွင္းေရးလုပ္ေနတယ္၊ ၿပီးရင္ ပန္းအိုးက်ကြဲတယ္၊ပန္းပြင့္ကိုပ်ားက နမ္းၿပီး ထပ်ံသြားတယ္၊ေနာက္ေတာ့.. အိမ္ေဖာ္မေလးပ်ိဳ႕အန္တယ္၊ျပီးရင္ကိုယ္ဝန္ ရလာေတာ့ သူေဌးသားကမယူႏိုင္ဘူး ျငင္းတယ္.၊ဆရာလည္းျငင္းမွာမလား.. သိပါတယ္..မိေအးကိုကကံဆိုးတာပါ.. အရက္မူးမက်ဘူးဆိုကတည္းကလွည့္ျပန္ လာရမွာ..အခုေတာ့ သူ႔အခန္းထဲဝင္မိတယ္ ပန္းအိုးကြဲတဲ့အဆင့္ကိုေရာက္ရတယ္.. ဟီး.." မိေအး ေျပာေျပာဆိုဆိုျဗဲကနဲထငိုေလသည္။ နားစြင့္ေနေသာလူအုပ္ႀကီး.."ဟင္"ခနဲ.. "ဟာ"ခနဲျဖစ္ကုန္သည္..။

 ထိုအထဲတြင္မွ မိေအးအေမ ေဒၚျမသစ္ မ်က္ႏွာႀကီးရဲၿပီးပါစပ္ေဟာင္းေလာင္းႀကီး.. အုပ္ခ်ဳပ္ေရးမႉး ေဒါသေပါက္ကြဲသြားေလသည္ "@#$%&မိေအး အဲ ငါဒီလိုဆဲရင္လည္း.. ေနာက္တစ္ခါပ်ိဳ႕ရင္ ငါ့ေၾကာင့္ျဖစ္ဦးမယ္ သြားေတာ့ ေဒၚျမသစ္ ခင္ဗ်ားသမီးကို.. က်မၼာေရးမႉးဆီေခၚၿပီးေဆးစစ္ျပလိုက္" က်ေတာ္လည္း သက္ျပင္းေမာႀကီးခ်မိေလ ေတာ့သည္..။
 (ဘဝအေမာေျပ ဟာသ)
Credit # ဧကန္လင္းေဇ
=====
"သမီး ဘဝတော့ ပျက်ပါပြီ အမေရယ်" "ညည်းကို မေးနေတယ် ဘယ်သူနဲ့လဲလို့" "ဟင့်အင်း ဟင့်အင်း" "ဒီမှာ မိအေး ညည်းဒီလိုငိုနေလို့မပြီးဘူး.. ကာယကံရှင်ကဘာတဲ့လဲ ညည်းကို.. တာဝန်မယူနိုင်ဘူးတဲ့လား.." "ဟင့်အင်း အမေ..သူ သိတောင်မသိသေးဘူး" "ဟင်..ဟုတ်လား ပြောပြောသမီး.. ဘယ်သူလဲ အမေ ကောင်လေးနဲ့တွေ့ပြီး.. ဒီကိစ္စတာဝန်ယူပေးအောင် ညှိနှိုင်းပေးမယ် အမေတို့ သားအမိအရှက်တကွဲအကျိုးနည်း မဖြစ်ခင်လေး.." "ဟင့် ဟင့် ဟီးအဟီး.." "ငိုနေလို့ မပြီးဘူးသမီး အမေတို့သားအမိ ဒီရွာလေးမှာ ပန်းစိုက်ရောင်းပြီး.. ရိုးရိုးသားသားနေလာခဲ့တာ.. မုဆိုးမသမီးဆိုပြီး အနိုင်ကျင့်တာတော့.. အမေမခံဘူး သမီးရှေ့မှာအမေရှိတယ်:" မိခင်ရဲ့ရင်နင့်သံနဲ့ပြောစကားကြောင့်.. မိအေးရင်ထဲ လှိုက်ကနဲဝမ်းနည်းသွားပြီး.. ရှိုက်ကြီးတငင်ငိုကြွေးလေတော့သည်..။

ပြီးမှ...တိုးလွှလွှအသံလေးနဲ့... "အဟင့် ဟင့် ဟိုဟို..ဆရာလေး.. ကိုပိုင်စိုး" "ဘာ ဘယ်လို.." "ဒါ ဒေါင်းယောင်ဆောင်တဲ့မြေခွေးပဲ" စိတ်ထဲရှိသလိုရေရွတ်လိုက်သည်..၊ (ဒေါင်းယောင်ဆောင်သောကျီးလည်းမဟုတ်.) "ဒီလိုမျိုးလုပ်လို့ဘယ်ရမလဲ လာမိအေး.. မုဆိုးမသမီးဆိုပြီး ခြေတော်တင်တာ.. မခံဘူးဟေ့..လာခဲ့ ဒီကိစ္စအပြက်ရှင်းမယ်" ဒေါ်မြသစ် သမီးဖြစ်သူမိအေးလက်ကိုဆွဲပြီး ဒရောပါးထွက်လာခဲ့လေသည်..။

ရွာလည်က အုပ်ချုပ်ရေးမှူးအိမ်သို့.... အုပ်ချုပ်ရေးမှူးအိမ်ဝင်လိုက်တော့..၊ဝိုင်းအုံ နေတဲ့လူအုပ်ကြီးကိုတွေ့ပြီး ကျတော် မျက်လုံးပြူးသွားသည်..၊လာခေါ်တဲ့ဆယ်အိမ် မှူးဧးသုရဲ့ပြောစကားအရ မိအေးမှာ.. သူ့ကိုယ်ဝန် လွယ်ထားရလို့ ၊အုပ်ချုပ်ရေးမှူး ဆီလာတိုင်နေတယ်တဲ့၊ကျတော်..မျက်လုံး ပြူးသွားသည်၊မိအေးဆိုတာ..မီးကောင်ပေါက် အရွယ်ကလေးမလေး၁၆ ၁ရနှစ်အရွယ်လေး နှမလေးလိုသဘောထားခဲ့သည်၊စိတ်နဲ့တောင် မပြစ်မှားဖူး၊ဘယ်လိုကြောင့်များ... "လာလာ ဆရာပိုင်စိုး" ကျတော်ရောက်တော့ အုပ်ချုပ်ရေးမှူးကမျက်နှာမသာ မယာနဲ့လှမ်းခေါ်သည်၊လူအုပ်ကရှဲပေးလိုက် တော့၊အုပ်ချုပ်ရေးမှူးစားပွဲရှေ့မှာတရှုံ့ရှုံ့ငို နေသောမိအေး၊ဘေးမှာသူ့ကိုမျက်ထောင့်နီ ကြီးနဲ့ကြည့်နေတဲ့ဒေါ်မြသစ်... "ကဲဆရာ..မိအေးက သူ့မှာ ဆရာနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီးတဲ့.." "ဟုတ်ကဲ့ အဲ မဟုတ်ကဲ့.. နေပါဦးဗျာ မိအေးကိုကျွန်တော်မေးပါရစေ"

"ဒီမှာဆရာ ကျုပ်တို့ရွာသူကို စားပြီးနားမလည် မလုပ်ပါနဲ့" ဘေးက ကာလသားခေါင်းမိုးပြေးကဝင်ပြော သည်..၊ "အာ စားပြီးနားမလည် လည်းမလုပ်ပါဘူး ဝါးပြီးထွေးထုတ်လည်းမလုပ်ပါဘူး.. အခုဟာက ကျွန်တော်ကိုယ်တိုင်မသိလို့ မေးပါရစေလို့.." "ဟား ဒါကတော့ရှင်းပါတယ်ဗျာ.. မိအေးကဆရာ့အိမ်ကိုနေ့တိုင်းပန်းလာလဲပေး ဝေယာဝစ္စလာလုပ်ပေးနေတာပဲ.. တစ်နေ့ ဆရာမူးလာမယ်၊မိအေးကဆရာ့အိပ် ခန်းထဲသန့်ရှင်းရေးဝင်လုပ်ပေးနေမယ်၊ မူးလာတဲ့ဆရာက၊ဆရာပြောပြောနေတဲ့.. မြို့ကဆရာ့ချစ်သူမှဲ့နီလေးနဲ့အမြင်မှားမယ် ပြီးတော့ မိအေးကို ဟွာပြုမိမယ်၊မိအေးက ရှက်လို့ဘယ်သူ့မှမပြောပဲနေမယ်၊ဆရာကမူး ပြီးအိပ်ပျော်သွားပြီး၊ဘာမှမမှတ်မိတော့ဘူး၊ အဲ အခုကျအထုတ်အထည်ပေါ်လာတော့ မိအေးကဖော်လိုက်တယ်၊ဒါပဲပေါ့ဗျ.." ကာလသားခေါင်းမိုးပြေးကသူထင်ရာစွတ် ပြောနေလေသည်..။

"ဟာဗျာ ကျွန်တော်ကမနက်အစောကြီး.. မူးရမလားဗျ ၊ကျွန်တော်တစ်ခါတလေ ပဲသောက်စားတက်တယ်၊ဒါတောင်ရွာမှာ ဘယ်တော့မှမသောက်ဘူး၊ကျောင်းပိတ်ရက် မြို့သွားတဲ့အခါ၊သူငယ်ချင်းတွေနဲ့တွေ့မှ နည်းနည်းပါးပါးပါ၊ပြီးတော့ဒီကိစ္စကြီးဖြစ်တာ မမှတ်မိနိုင်လောက်အောင်ကြီးတော့.. ဟာ..မဟုတ်သေးပါဘူးဗျာ" "ဟေ့ကောင်မိုးပြေး မင်းထင်ရာမြင်ရာတွေ စွတ်ပြောမနေနဲ့ကွ" အုပ်ချုပ်ရေးမှူးဝင်ဟန့်လိုက်မှ၊ရွာမှာအရပ် ပြဇာတ်လုပ်ရင်အမြဲဇာတ်ညွှန်းရေးသူ၊ တစ်နေ့နိုင်ငံကျော်ဘတ်ဆဲလ်လားစာရေး ဆရာဖြစ်ရမယ်လို့အမြဲကြုံးဝါးနေတဲ့.. ကာလသားခေါင်းမိုးပြေး ပါစပ်ပိတ်သွားလေ သည်။အဲ့တော့မှ..ကျတော်က ဒေါ်မြသစ် ဘက်လှည့်ပြီး... "အဒေါ် ကျွန်တော်တောင်းပန်ပါတယ်ဗျာ.. ဟို..." "ဒီကိစ္စ တောင်းပန်ရုံပြီးတဲ့ကိစ္စမဟုတ်ဘူး.. ကျောင်းဆရာ.." ဒေါ်မြသစ်ဒေါသနဲ့ပြန်ပြောသည်၊ဒေါ်မြသစ် အသံကြောင့်ဝိုင်းအုံနေတဲ့လူတွေဆီမှ.. အသံများကြွတ်စိစိထွက်ပေါ်လာလေသည်။

"ဟုတ်ကဲ့ပါအဒေါ် ဒီကိစ္စကျွန်တော်ဟာ သေချာရင်၊မိအေးကိုတင့်တောင်းတင့်တယ် လက်ထပ်ယူပါ့မယ်၊ဒါပေမယ့်..ကျွန်တော် မေးပါရစေ ရှင်းအောင်." "ဟုတ်တယ် မိအေး အခုအခြေအနေရောက်မှ ရှက်မနေနဲ့တော့ ဆရာလေးပိုင်စိုး အပါအဝင်အားလုံးရှင်းအောင် ဆရာလေးမေးတာ ဖြေလိုက်.." အုပ်ချုပ်ရေးမှူးကဝင်ပြောလိုက်တော့.. မိအေးခေါင်းမော့ကြည့်သည်.. "ကဲ ဆရာမေးပါ" "ညီမလေးမိအေး အခုညည်းကိုယ်ဝန်က ဆရာနဲ့ပက်သက်တာဆိုရင်.. ဘယ်တုန်းက ဆရာနဲ့ငြိစွန်းခဲ့တယ်.. ပြောပြပါ ဆရာတကယ်မမှတ်မိလို့.. မရှက်နဲ့ညီမ ဆရာသာမှန်ရင်အကုန်တာဝန် ယူမှာပါ"

"လွန်ခဲ့နှစ်လလောက်က ဆရာမြို့က ပြန်လာနောက်ရက်.." မိအေးရဲ့တိကျတဲ့အဖြေကြောင့်.အားလုံး.. "ဟင်"လို့ ဖြစ်သွားသည်..။ "ဟုတ်ပြီး ဆရာမှတ်မိတယ်..အဲ့နေ့က.. ဘယ်လိုက ဘယ်လိုစဖြစ်တာလဲ.. ပြောပြပါ ညီမ.." "အဲ့နေ့က ကျွန်မလာတော့ ဆရာအအပေါက် ထဖွင့်ပေးတယ်လေ.." "အင်း ဟုတ်ပြီ..မှတ်မိတယ်.." "ဆရာကပြောတယ်လေ..ဆရာညကမှမြို့က ပြန်လာတာ အပေါင်းသင်းတွေနဲ့တွေ့လို့ နည်းနည်းသောက်လာတာ အမူးမကျလို့.. ကျောင်းပိတ်ရက်မို့ပြန်အိပ်လိုက်ဦးမယ်လို့ ဆရာပြောတယ်လေ.."

"အင်း မှတ်မိတယ် အဲ့နေ့ကတနင်္ဂနွေနေ့" "အဲ့ဒါနဲ့ကျွန်မလည်းဘုရားပန်းလဲ.. အိမ်သန့်ရှင်းရေးလုပ်ပြီး..ဆရာ့အခန်းထဲက စားပွဲပေါ်ကပန်းအိုးလဲဖို့အလာ.." "အင်း" "အဲ့တော့ ဆရာကဆရာ့အခန်းထဲကုတင် ပေါ်မှာ အကျႌမပါပဲအိပ်ပျော်နေတယ်.." "အင်း" "ကျွန်မလည်းရှက်ရှက်နဲ့ဆရာ့ကိုမကြည့်ပဲ ဆရာ့ကုတင်ဘေးကစားပွဲပေါ်ကပန်းအိုးလေး ယူပြီး ပန်းအသစ်လဲပေးတယ်လေ.." "အင်း" "ပန်းအိုးပြန်ထားပြီးဆရာနိုးမှာစိုးလို့.. ခြေဖွဖွလေးနဲ့..ကြိုးတန်းကဆရာ့အဝတ်စား တွေလျှော်ပေးဖို့အယူ...နောက်ကဆရာက လေ..." "အင်း ဆိုပါဦး အာ့အထိဆရာမသိဘူး.." "ဆရာက နောက်ကနေပြီး အိပ်နေရင်းက လက်ယမ်းလိုက်တာ အခုဏကပန်းအိုးလေး ကိုထိမိပြီး ကျကွဲသွားတယ်လေ.." "အဲ့တော့.." "ကျွန်မလည်း လန့်ပြီးနောက်လှည့်ကြည့် တော့ ပန်းအိုးကကြမ်းပြင်မှာကျကွဲ့နေတယ် အခုဏက ကျွန်မလဲပေးထားတဲ့နှင်းဆီပန်း လေးပေါ်ကပျားကောင်လေးထပျံသွားတာ တွေ့လိုက်ရတယ်..အဲ့မှာ ကျွန်မဘဝတော့ သွားပါပြီဆိုတာသိလိုက်ရပြီး..မျက်နှာကို လက်အုပ်ပြီး ဆရာ့အိမ်ကပြေးထွက်ခဲ့တယ်"

"အန်..အာ့နဲ့နင့်မှာကိုယ်ဝန်က.." "ကိုယ်ဝန်ရှိနေပြီဆိုတာ..ဒီနေ့မှသိလိုက်တာ ပါ မနက်ကကျွန်မသွားတိုက်နေရင်းပျို့တက် လာပြီးအန်တယ် အဲ့မှာကျွန်မကိုယ်ဝန်ရှိနေပြီ ဆိုတာသိလိုက်တာ.." "ဟာ..မဟုတ်သေးပါဘူး.." "ဘာမဟုတ်သေးပါဘူးလဲဆရာ.. မိအေးကိုတောသူဆိုပြီးအထင်မသေးပါနဲ့.. မြန်မာဗွီဒီယိုကားတွေကြည့်ထားတာပါ.. သူဌေးသားကမူးလာတယ်၊အိမ်ဖော်မလေးက သူဌေးသားအခန်းသန့်ရှင်းရေးလုပ်နေတယ်၊ ပြီးရင် ပန်းအိုးကျကွဲတယ်၊ပန်းပွင့်ကိုပျားက နမ်းပြီး ထပျံသွားတယ်၊နောက်တော့.. အိမ်ဖော်မလေးပျို့အန်တယ်၊ပြီးရင်ကိုယ်ဝန် ရလာတော့ သူဌေးသားကမယူနိုင်ဘူး ငြင်းတယ်.၊ဆရာလည်းငြင်းမှာမလား.. သိပါတယ်..မိအေးကိုကကံဆိုးတာပါ.. အရက်မူးမကျဘူးဆိုကတည်းကလှည့်ပြန် လာရမှာ..အခုတော့ သူ့အခန်းထဲဝင်မိတယ် ပန်းအိုးကွဲတဲ့အဆင့်ကိုရောက်ရတယ်.. ဟီး.." မိအေး ပြောပြောဆိုဆိုဗြဲကနဲထငိုလေသည်။ နားစွင့်နေသောလူအုပ်ကြီး.."ဟင်"ခနဲ.. "ဟာ"ခနဲဖြစ်ကုန်သည်..။

 ထိုအထဲတွင်မှ မိအေးအမေ ဒေါ်မြသစ် မျက်နှာကြီးရဲပြီးပါစပ်ဟောင်းလောင်းကြီး.. အုပ်ချုပ်ရေးမှူး ဒေါသပေါက်ကွဲသွားလေသည် "@#$%&မိအေး အဲ ငါဒီလိုဆဲရင်လည်း.. နောက်တစ်ခါပျို့ရင် ငါ့ကြောင့်ဖြစ်ဦးမယ် သွားတော့ ဒေါ်မြသစ် ခင်ဗျားသမီးကို.. ကျမ္မာရေးမှူးဆီခေါ်ပြီးဆေးစစ်ပြလိုက်" ကျတော်လည်း သက်ပြင်းမောကြီးချမိလေ တော့သည်..။
 (ဘဝအမောပြေ ဟာသ)
Credit # ဧကန်လင်းဇေ

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...