ရန္ကုန္တြင္ ဧၿပီလကစၿပီး မီတာခ ၃ ဆ တိုးေကာက္မည္

ရန္ကုန္တြင္ ဧၿပီလကစၿပီး မီတာခ ၃ ဆ တိုးေကာက္မည္
By ေရႊေအာင္ 2 March 2017 Print Tweet
ရန္ကုန္တိုင္းအတြင္း ဧၿပီလကစလို႔ မီတာခ ၃ ဆခန္႔ တိုးျမႇင့္ေကာက္ခံေတာ့မွာျဖစ္ၿပီး အ႐ႈံးေပၚေနတဲ့အတြက္ တိုးေကာက္မွာ ျဖစ္ပါတယ္။
ဒီေန႔ ရန္ကုန္လႊတ္ေတာ္ေဆာင္မွာလုပ္ခဲ့တဲ့ တိုင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ တိုင္းအန္အယ္လ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေတြ႔ဆံုတုန္း ၀န္ႀကီးခ်ဳပ္က ေျပာခဲ့တာပါ။
ဒဂံုၿမိဳ႕နယ္ တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်က ကိုယ္စားလွယ္ေတြအေနနဲ႔ မီတာခ တိုးေကာက္ရတဲ့အေၾကာင္း မဲဆႏၵရွင္ျပည္သူေတြ နားလည္ေအာင္ ရွင္းျပေပးဖို႔ ေျပာတယ္လို႔ ေျပာပါတယ္။
“မီတာခေတြ တိုးမယ္ဗ်။ လွ်ပ္စစ္မီတာခေတြက အ႐ႈံးေပၚေနတယ္။ ရန္ကုန္တိုင္းက ျမန္မာျပည္ရဲ႕ တ၀က္ေလာက္ကို မီး သံုးေနတဲ့အတြက္ အဲ့ဒါကို လက္ရွိ ႏွုန္းထားရဲ႔ ၃ဆ ေလာက္ ဆက္ျပီး တိုးမယ္ ဆိုတဲ့အေၾကာင္း၊ အဲ့ဒါကို ျပည္သူေတြ နားလည္ေအာင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကလည္း ရွင္းျပ ေပးေစလိုေၾကာင္းေပါ့၊အဲ့ဒါေလးေတြပါ”
မီးမွန္မွန္မရႏိုင္ေသးဘဲ မီတာခတိုးေကာက္မွာကို ျပည္သူေတြထံ ရွင္းျပဖို႔က အခက္အခဲ ေတြ႔ႏိုင္တယ္လို႔လည္း သူက ေျပာပါတယ္။
ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္က တိုင္းအန္အယ္လ္ဒီကိုယ္စားလွယ္မ်ားနဲ႔ ေတြ႔ဆံုရာမွာ ၿမိဳ႕သစ္စီမံကိန္းမ်ား ကိစၥ၊ WATER TAXI ေျပးဆြဲမယ့္ ကိစၥ၊YBS ဘတ္စ္ကားလိုင္း ေျပးဆြဲတဲ့ကိစၥ၊ ေက်ာင္သားသမဂၢ တည္ေဆာက္မယ့္ကိစၥရပ္မ်ားကို ရွင္းျပခဲ့ပါတယ္။
ရန္ကုန္တိုင္း၊ လ်ပ္စစ္မီးလင္းေရးကိစကို အရင္က ျပည္ေထာင္စုအစိုးရက ကိုင္တြယ္ေျဖရွင္းဖို႔ စီစဥ္ခဲ့ေပမယ့္ အခုေတာ့ တိုင္းအစိုးရအဖြဲ႔ အစီအစဥ္နဲ႔ပဲ ေျဖရွင္း လုပ္ေဆာင္ေတာ့မွာလည္း ျဖစ္ပါတယ္။
လက္ရွိ မီတာခ တယူနစ္ ၃၅ က်ပ္ျဖစ္ၿပီး တိုးေကာက္ရင္ တယူနစ္ က်ပ္ ၁၀၀ ေက်ာ္ ေပးေဆာင္ရမွာ ျဖစ္ပါတယ္။
#DVB
http://burmese.dvb.no/archives/192518
==========
ရန်ကုန်တွင် ဧပြီလကစပြီး မီတာခ ၃ ဆ တိုးကောက်မည်
By ရွှေအောင် 2 March 2017 Print Tweet
ရန်ကုန်တိုင်းအတွင်း ဧပြီလကစလို့ မီတာခ ၃ ဆခန့် တိုးမြှင့်ကောက်ခံတော့မှာဖြစ်ပြီး အရှုံးပေါ်နေတဲ့အတွက် တိုးကောက်မှာ ဖြစ်ပါတယ်။
ဒီနေ့ ရန်ကုန်လွှတ်တော်ဆောင်မှာလုပ်ခဲ့တဲ့ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ တိုင်းအန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံတုန်း ဝန်ကြီးချုပ်က ပြောခဲ့တာပါ။
ဒဂုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ကိုယ်စားလှယ်တွေအနေနဲ့ မီတာခ တိုးကောက်ရတဲ့အကြောင်း မဲဆန္ဒရှင်ပြည်သူတွေ နားလည်အောင် ရှင်းပြပေးဖို့ ပြောတယ်လို့ ပြောပါတယ်။
“မီတာခတွေ တိုးမယ်ဗျ။ လျှပ်စစ်မီတာခတွေက အရှုံးပေါ်နေတယ်။ ရန်ကုန်တိုင်းက မြန်မာပြည်ရဲ့ တဝက်လောက်ကို မီး သုံးနေတဲ့အတွက် အဲ့ဒါကို လက်ရှိ နှုန်းထားရဲ့ ၃ဆ လောက် ဆက်ပြီး တိုးမယ် ဆိုတဲ့အကြောင်း၊ အဲ့ဒါကို ပြည်သူတွေ နားလည်အောင် လွှတ်တော်ကိုယ်စားလှယ်များကလည်း ရှင်းပြ ပေးစေလိုကြောင်းပေါ့၊အဲ့ဒါလေးတွေပါ”
မီးမှန်မှန်မရနိုင်သေးဘဲ မီတာခတိုးကောက်မှာကို ပြည်သူတွေထံ ရှင်းပြဖို့က အခက်အခဲ တွေ့နိုင်တယ်လို့လည်း သူက ပြောပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က တိုင်းအန်အယ်လ်ဒီကိုယ်စားလှယ်များနဲ့ တွေ့ဆုံရာမှာ မြို့သစ်စီမံကိန်းများ ကိစ္စ၊ WATER TAXI ပြေးဆွဲမယ့် ကိစ္စ၊YBS ဘတ်စ်ကားလိုင်း ပြေးဆွဲတဲ့ကိစ္စ၊ ကျောင်သားသမဂ္ဂ တည်ဆောက်မယ့်ကိစ္စရပ်များကို ရှင်းပြခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ လျပ်စစ်မီးလင်းရေးကိစကို အရင်က ပြည်ထောင်စုအစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ခဲ့ပေမယ့် အခုတော့ တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ပဲ ဖြေရှင်း လုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်။
လက်ရှိ မီတာခ တယူနစ် ၃၅ ကျပ်ဖြစ်ပြီး တိုးကောက်ရင် တယူနစ် ကျပ် ၁၀၀ ကျော် ပေးဆောင်ရမှာ ဖြစ်ပါတယ်။
#DVB
http://burmese.dvb.no/archives/192518

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...