ကိုးတန္းက်သည့္ ေက်ာင္းသားက ဆယ္တန္းစာေမးပြဲ ေျဖဆိုသည္ကို အဂၤလိပ္စာေျဖသည့္ေန႔မွ သိရ

မႏၲေလးတုိင္းေဒသႀကီး မိတၳီလာနဲ႔ ျပင္ဦးလြင္ၿမိဳ႕နယ္မွာ နဝမတန္း မေအာင္တဲ့ ေက်ာင္းသား ႏွစ္ဦးဟာ လိမ္လည္ျပီး တကၠသိုလ္ဝင္စာေမးပြဲေျဖဆုိဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။
မိတၳီလာၿမိဳ႕ အထက (၃)မွ နဝမတန္း မေအာင္တဲ့ ေက်ာင္းသားႏွစ္ဦးဟာ ေက်ာင္းေျပာင္းလက္မွတ္ေတြမွာ နဝမတန္းေအာင္ျမင္ေၾကာင္း ျပင္ဆင္ေရးသားခဲ့ၿပီး ကိုယ္ပိုင္ေက်ာင္းေတြကတစ္ဆင့္ တကၠသိုလ္ဝင္စာေမးပြဲ ဝင္ေရာက္ေျဖဆုိ္ဖို႔ ႀကိဳးပမ္းခဲ့တာ ျဖစ္ပါတယ္။
အဆိုပါႏွစ္ဦးအနက္ ျပင္ဦးလြင္ၿမိဳ႕နယ္မွ ေက်ာင္းသားကို စာေမးပြဲမေျဖမီ စစ္ေဆးေတြ႕ရွိခဲ့ေပမယ့္ မိတၳီလာၿမိဳ႕နယ္မွ ေက်ာင္းသားကိုေတာ့ အဂၤလိပ္စာေျဖဆိုေနစဥ္မွ စစ္ေဆးေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။
‘‘ေက်ာင္းစာေရးကေန လုပ္ေပးတယ္။ တစ္သိန္းနဲ႔ ပုဆိုးယူတယ္လို႔လည္း သိရတယ္။ ေနာက္ၿပီး ဆရာမတစ္ေယာက္လည္း ပါတယ္ေျပာတယ္။ ကေလးႏွစ္ေယာက္ကို လုပ္ေပးတာ။ စာေရးက သူကိုယ္တုိင္ကလည္းဝန္ခံတယ္။ ျပင္ဦးလြင္က တစ္ေယာက္ေတာ့ အခ်ိန္မီသိလိုက္တယ္။ မိတၳီလာ အထက(၃)ေက်ာင္းက ကေလးက ထ(၃)မွာ ျပန္ေျဖရေတာ့ ဆရာ၊ ဆရာမေတြက သိေနတယ္။ စိစစ္လိုက္တဲ့အခါမွာ ေပၚတယ္။ ကေလးကလည္း ဆက္ေျဖခ်င္တဲ့အတြက္ ႐ုတ္႐ုတ္သဲသဲျဖစ္မွာစိုးတဲ့အတြက္ ေျဖခြင့္ေပးထားတယ္။ စာစစ္ဌာနကို အေၾကာင္းၾကားထားပါတယ္’’လုိ႔ မိတၳီလာၿမိဳ႕နယ္ ပညာေရးမွဴးက ေျပာထားပါတယ္။

ကိုယ္ပိုင္ေက်ာင္းေတြကို မႏၲေလးတုိင္းေဒသႀကီး ပညာေရးမွဴး႐ံုးက တိုက္႐ိုက္ကြပ္ကဲၿပီး ေက်ာင္းေျပာင္းလက္မွတ္ အတု၊ အစစ္ကို ကိုယ္ပိုင္ေက်ာင္းေတြအေနနဲ႔ ခြဲျခားမသိရတာေၾကာင့္ ဒီလိုမ်ိဳး အေျခအေနျဖစ္ေပၚခဲ့တယ္လို႔လည္း သံုးသပ္ပါတယ္။
‘‘အေျခခံပညာေက်ာင္းမွာ ေကာင္ေလးက နဝမတန္းက်တယ္။ ေက်ာင္းထြက္လက္မွတ္ မူရင္းကို ျပင္ဆင္ေရးသားၿပီး ကိုယ္ပိုင္ေက်ာင္းမွာ သြားအပ္တယ္။ ခံုနံပါတ္ထြက္သြားတယ္။ အဂၤလိပ္စာေျဖတဲ့ေန႔မွာ ေက်ာင္း သားအခ်င္းခ်င္းကေန သိတယ္။ သူကိုးတန္း မေအာင္ဘူးဆုိတာ။ စိစစ္လိုက္တဲ့အခ်ိန္မွာ မွန္ကန္ ေနတယ္။ စာစစ္ဌာနကိုလည္း အေၾကာင္းၾကားၿပီးပါၿပီ’’ လို႔ မႏၲေလးတိုင္းေဒသႀကီး ပညာေရးမွဴး႐ံုးမွ ဒုၫႊန္ၾကားေရးမွဴး ဦးခင္ေမာင္ျမင့္က ေျပာထားပါတယ္။
အဆိုပါျဖစ္စဥ္နဲ႔ပတ္သက္ျပီး ေက်ာင္းေျပာင္းလက္မွတ္ထုတ္ ေပးခဲ့တဲ့ အထက္တန္းေက်ာင္းနဲ႔ ကိုယ္ပိုင္ေက်ာင္းကို စစ္ေဆးမွာျဖစ္ျပီး ပညာေရးဝန္ႀကီးဌာန (ေနျပည္ေတာ္႐ံုးခ်ဳပ္) က ဆက္လက္စစ္ေဆးေဆာင္ရြက္မွာျဖစ္ပါတယ္။

Source: 7Day Daily
Photos: Sann Yay Aye
================

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာနဲ့ ပြင်ဦးလွင်မြို့နယ်မှာ နဝမတန်း မအောင်တဲ့ ကျောင်းသား နှစ်ဦးဟာ လိမ်လည်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ ကြိုးပမ်းခဲ့ပါတယ်။
မိတ္ထီလာမြို့ အထက (၃)မှ နဝမတန်း မအောင်တဲ့ ကျောင်းသားနှစ်ဦးဟာ ကျောင်းပြောင်းလက်မှတ်တွေမှာ နဝမတန်းအောင်မြင်ကြောင်း ပြင်ဆင်ရေးသားခဲ့ပြီး ကိုယ်ပိုင်ကျောင်းတွေကတစ်ဆင့် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါနှစ်ဦးအနက် ပြင်ဦးလွင်မြို့နယ်မှ ကျောင်းသားကို စာမေးပွဲမဖြေမီ စစ်ဆေးတွေ့ရှိခဲ့ပေမယ့် မိတ္ထီလာမြို့နယ်မှ ကျောင်းသားကိုတော့ အင်္ဂလိပ်စာဖြေဆိုနေစဉ်မှ စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
‘‘ကျောင်းစာရေးကနေ လုပ်ပေးတယ်။ တစ်သိန်းနဲ့ ပုဆိုးယူတယ်လို့လည်း သိရတယ်။ နောက်ပြီး ဆရာမတစ်ယောက်လည်း ပါတယ်ပြောတယ်။ ကလေးနှစ်ယောက်ကို လုပ်ပေးတာ။ စာရေးက သူကိုယ်တိုင်ကလည်းဝန်ခံတယ်။ ပြင်ဦးလွင်က တစ်ယောက်တော့ အချိန်မီသိလိုက်တယ်။ မိတ္ထီလာ အထက(၃)ကျောင်းက ကလေးက ထ(၃)မှာ ပြန်ဖြေရတော့ ဆရာ၊ ဆရာမတွေက သိနေတယ်။ စိစစ်လိုက်တဲ့အခါမှာ ပေါ်တယ်။ ကလေးကလည်း ဆက်ဖြေချင်တဲ့အတွက် ရုတ်ရုတ်သဲသဲဖြစ်မှာစိုးတဲ့အတွက် ဖြေခွင့်ပေးထားတယ်။ စာစစ်ဌာနကို အကြောင်းကြားထားပါတယ်’’လို့ မိတ္ထီလာမြို့နယ် ပညာရေးမှူးက ပြောထားပါတယ်။

ကိုယ်ပိုင်ကျောင်းတွေကို မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးက တိုက်ရိုက်ကွပ်ကဲပြီး ကျောင်းပြောင်းလက်မှတ် အတု၊ အစစ်ကို ကိုယ်ပိုင်ကျောင်းတွေအနေနဲ့ ခွဲခြားမသိရတာကြောင့် ဒီလိုမျိုး အခြေအနေဖြစ်ပေါ်ခဲ့တယ်လို့လည်း သုံးသပ်ပါတယ်။
‘‘အခြေခံပညာကျောင်းမှာ ကောင်လေးက နဝမတန်းကျတယ်။ ကျောင်းထွက်လက်မှတ် မူရင်းကို ပြင်ဆင်ရေးသားပြီး ကိုယ်ပိုင်ကျောင်းမှာ သွားအပ်တယ်။ ခုံနံပါတ်ထွက်သွားတယ်။ အင်္ဂလိပ်စာဖြေတဲ့နေ့မှာ ကျောင်း သားအချင်းချင်းကနေ သိတယ်။ သူကိုးတန်း မအောင်ဘူးဆိုတာ။ စိစစ်လိုက်တဲ့အချိန်မှာ မှန်ကန် နေတယ်။ စာစစ်ဌာနကိုလည်း အကြောင်းကြားပြီးပါပြီ’’ လို့ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုညွှန်ကြားရေးမှူး ဦးခင်မောင်မြင့်က ပြောထားပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောင်းပြောင်းလက်မှတ်ထုတ် ပေးခဲ့တဲ့ အထက်တန်းကျောင်းနဲ့ ကိုယ်ပိုင်ကျောင်းကို စစ်ဆေးမှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာန (နေပြည်တော်ရုံးချုပ်) က ဆက်လက်စစ်ဆေးဆောင်ရွက်မှာဖြစ်ပါတယ်။

Source: 7Day Daily
Photos: Sann Yay Aye

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...