ဒါရိုက်တာကြီး ကိုညိုမင်းလွင်တို့ကတော့ လှော်ပြီ..။



Photo - Nyo Min Lwin FB
www.apannpyay.com

 မနာလိုဘူးပဲပြောပြော၊ ဘာပဲပြောပြော
ဒီနှစ်အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ပြေတီဦး ဆိုလို့ကတော့
ညိုမင်းလွင် ရုပ်ရှင်လောကထဲကနေ ထွက်ပြီပဲ...
အဲဒီလိုမပြောခင် သေချာအောင်တော့ သုံးဆယ့်သုံးကားထဲမှာ
သူ့ကား ပါ မပါ အရင်စုံစမ်းလိုက်ရတာပေါ့လေ...
ဒါတောင် သိပ်တော့လည်းစိတ်ချရသေးတာမဟုတ်ဘူး၊
သူ့ကားမပါပေမယ့် သူ့ ကတော်ကားက ပါနေသေးတယ်၊
တော်ကြာ အုဝဲရတဲ့ဆုကို အုဝဲနေမကောင်းလို့ဆိုပြီးသူတက်ယူပြီးမှ
" ဟိတ်ကောင် ငါ့မိန်းမနဲ့ငါနဲ့က ဘယ်သူရရ အတူတူပဲ " ဆိုပြီး
လာထွက်ခိုင်းနေမှ ဒုက္ခ... လို့
Nyo Min Lwin  FB အကောင့်မှာ ဒါရိုက်တာကြီး ကိုညိုမင်းလွင်က အခုလို ကိုပြေတီဦးကို စနောက်တဲ့ အနေနဲ့ တင်ထားတာဖြစ်ပါတယ်..။

သူစနောက်မယ်ဆိုလည်း စနောက်ချင်စရာကြီးလေ... ကိုပြေတီဦးကလည်း အခြားအနုပညာရှင်တွေ အားကျလောက်အောင်ကို အကယ်ဒမီတွေ ဆက်တိုက်ရခဲ့တဲ ့စတားမင်းသားတစ်လက်ဖြစ်နေတာဆိုတော့...

Photo - Nyo Min Lwin FB
www.apannpyay.com









Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...