ေမြးစားသမီးျဖစ္သူအား သံုးႏွစ္ၾကာ အဓမၼျပဳက်င့္မႈ

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ၿမိဳ႕နယ္ ဟိုနား(ေစာမြန္)ေက်းရြာတြင္ ေမြးစားသမီီး ျဖစ္သူအား ခင္ပြန္းျဖစ္သူက သံုးႏွစ္ၾကာ အဓမၼျပဳက်င့္ေနၾကာင္း သိရိွသြားသျဖင့္ ဇနီးျဖစ္သူက မိုင္းျဖတ္ရဲစခန္းတြင္ မတ္လ (၁၄)ရက္ေန႔က အမႈဖြင့္ တုိင္ၾကားလုိက္ေၾကာင္း သိရသည္။

အမႈဖြင့္တိုင္ၾကားသူ ေဒၚ....သည္ အဆိုပါကေလးအား ဒုတိယတန္းအရြယ္ ၂၀၁၀ ခုႏွစ္ကတည္းက ေက်ာင္းထားေပးရန္ ေမြးစားထားျခင္း ျဖစ္ၿပီး ပဥၥမတန္းေက်ာင္းတက္သည့္ အခ်ိန္ ၂၀၁၃ ခုႏွစ္တြင္ သင္တန္းသြား တက္ေနစဥ္ ခင္ပြန္းျဖစ္သူ မိုင္းျဖတ္ၿမိဳ႕နယ္ ဆားလို႔ေအာက္ရြာေန အသက္ (၄၈)ႏွစ္အရြယ္ ေပတရုဆိုုသူက ေမြးစားသမီးျဖစ္သူအား အဓမၼ စတင္ျပဳက်င့္ခဲ့သည္ကုိ ယခုအခ်ိန္မွ သိရသျဖင့္ အမႈဖြင့္တိုင္ၾကားျခင္း ျဖစ္ေၾကာင္း သိရသည္။

ဇနီးျဖစ္သူ မရိွခ်ိန္တြင္ ေပတရု၏ သမီးအငယ္ဆံုးႏွင့္ အဖြားျဖစ္သူတို႔လည္း ေနအိမ္၌ ရိွေနေၾကာင္း သိရသည္။

ေပတရုသည္ ဇနီးျဖစ္သူ သင္တန္းမွ ျပန္လာၿပီးသည့္ ေနာက္တြင္ ၂၀၁၃ ခုနွစ္မွ ၂၀၁၅ ခုႏွစ္အတြင္း ဇနီးျဖစ္သူ ေနအိမ္တြင္ မရိွသည့္ အခ်ိန္မ်ားတြင္ လည္းေကာင္း၊ ၎ အလုပ္လုပ္ကိုင္ေနသည့္ ဆားလို႔(ေအာက္)ရြာရိွ ရာဘာၿခံတြင္ ေခၚယူ၍ လည္းေကာင္း၊ လူငယ္ေဘာ္ဒါေဆာင္တြင္ ေက်ာင္းတက္ေနစဥ္ တြင္လည္း ေမြးစားသမီးျဖစ္သူအား သြားေရာက္ေခၚယူၿပီး အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ေနျခင္းျဖစ္ၿပီး ၎အား လက္ထပ္ရန္ ေတာင္းဆိုလာေၾကာင္း ေမြးစားသမီးျဖစ္သူက မိခင္ျဖစ္သူ ေဒၚမာရိယာအား ျပန္လည္ ေျပာျပလာသျဖင့္ အမႈဖြင့္ တုိင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

ယခု အသက္ (၁၈)ႏွစ္အရြယ္ေမြးစားသမီးျဖစ္သူသည္ အသက္(၁၄)ႏွစ္မွ (၁၆)ႏွစ္အရြယ္အထိ အဓမၼျပဳက်င့္ခံခဲ့ရေသာ္လည္း ေၾကာက္ရြံ႕သျဖင့္ သက္ဆိုင္ရာအား တုိင္ၾကားခဲ့ျခင္း မရိွဘဲ ၎အား လက္ထပ္ယူရန္ အႀကိမ္ႀကိမ္ ေသြးေဆာင္ ျဖားေယာင္းလာသျဖင့္ မိခင္ျဖစ္သူအား ေျပာျပလာျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ တုိင္ၾကားခ်က္အရ ေပတရုအား မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၅/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ထားၿပီး တရားလိုျဖစ္သူ ႏွင့္ ေမြးစားသမီးထံမွ စစ္ေဆးခ်က္ ရယူထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုသာ
Tachileik News Agency
http://www.tachileik.net
===========

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် ဟိုနား(စောမွန်)ကျေးရွာတွင် မွေးစားသမီီး ဖြစ်သူအား ခင်ပွန်းဖြစ်သူက သုံးနှစ်ကြာ အဓမ္မပြုကျင့်နေကြာင်း သိရှိသွားသဖြင့် ဇနီးဖြစ်သူက မိုင်းဖြတ်ရဲစခန်းတွင် မတ်လ (၁၄)ရက်နေ့က အမှုဖွင့် တိုင်ကြားလိုက်ကြောင်း သိရသည်။

အမှုဖွင့်တိုင်ကြားသူ ဒေါ်....သည် အဆိုပါကလေးအား ဒုတိယတန်းအရွယ် ၂၀၁၀ ခုနှစ်ကတည်းက ကျောင်းထားပေးရန် မွေးစားထားခြင်း ဖြစ်ပြီး ပဥ္စမတန်းကျောင်းတက်သည့် အချိန် ၂၀၁၃ ခုနှစ်တွင် သင်တန်းသွား တက်နေစဉ် ခင်ပွန်းဖြစ်သူ မိုင်းဖြတ်မြို့နယ် ဆားလို့အောက်ရွာနေ အသက် (၄၈)နှစ်အရွယ် ပေတရုဆိုုသူက မွေးစားသမီးဖြစ်သူအား အဓမ္မ စတင်ပြုကျင့်ခဲ့သည်ကို ယခုအချိန်မှ သိရသဖြင့် အမှုဖွင့်တိုင်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူ မရှိချိန်တွင် ပေတရု၏ သမီးအငယ်ဆုံးနှင့် အဖွားဖြစ်သူတို့လည်း နေအိမ်၌ ရှိနေကြောင်း သိရသည်။

ပေတရုသည် ဇနီးဖြစ်သူ သင်တန်းမှ ပြန်လာပြီးသည့် နောက်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ဇနီးဖြစ်သူ နေအိမ်တွင် မရှိသည့် အချိန်များတွင် လည်းကောင်း၊ ၎င်း အလုပ်လုပ်ကိုင်နေသည့် ဆားလို့(အောက်)ရွာရှိ ရာဘာခြံတွင် ခေါ်ယူ၍ လည်းကောင်း၊ လူငယ်ဘော်ဒါဆောင်တွင် ကျောင်းတက်နေစဉ် တွင်လည်း မွေးစားသမီးဖြစ်သူအား သွားရောက်ခေါ်ယူပြီး အကြိမ်ကြိမ် အဓမ္မပြုကျင့်နေခြင်းဖြစ်ပြီး ၎င်းအား လက်ထပ်ရန် တောင်းဆိုလာကြောင်း မွေးစားသမီးဖြစ်သူက မိခင်ဖြစ်သူ ဒေါ်မာရိယာအား ပြန်လည် ပြောပြလာသဖြင့် အမှုဖွင့် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

ယခု အသက် (၁၈)နှစ်အရွယ်မွေးစားသမီးဖြစ်သူသည် အသက်(၁၄)နှစ်မှ (၁၆)နှစ်အရွယ်အထိ အဓမ္မပြုကျင့်ခံခဲ့ရသော်လည်း ကြောက်ရွံ့သဖြင့် သက်ဆိုင်ရာအား တိုင်ကြားခဲ့ခြင်း မရှိဘဲ ၎င်းအား လက်ထပ်ယူရန် အကြိမ်ကြိမ် သွေးဆောင် ဖြားယောင်းလာသဖြင့် မိခင်ဖြစ်သူအား ပြောပြလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားချက်အရ ပေတရုအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားပြီး တရားလိုဖြစ်သူ နှင့် မွေးစားသမီးထံမှ စစ်ဆေးချက် ရယူထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ကိုသာ
Tachileik News Agency
http://www.tachileik.net

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...