ေျမြေပြးလိုလူမျဖစ္ေစနဲ႕
ဘာေျကာင့္ ဒီလိုေျပာပါလိမ့္ေနာ့ ေျပာျပမယ္ေနာ့ ။
ကြၽန္ေတာ္တို႔ ဖဒိုၿမိဳ႕က ေစ်းထဲမွာ ေႁမြသည္ေတြအမ်ားႀကီး႐ွိတယ္.။ စပါးရိတ္ခ်ိန္ဆိုရင္ ေခါင္းျဖတ္ထားတဲ့ ေႁမြေတြ အေခြလိုက္ထည့္ထားတဲ့ လင္ဗန္းကိုယ္စီရြက္ၿပီး ေႁမြလိုက္ေရာင္းေနတဲ့ မိန္းကေလးေတြကို ေဆာင္းဦးနံနက္ခင္းတိုင္း ေတြ႔ရတတ္တယ္..။ လင္းေႁမြ ေရေႁမြ ေႁမြေပြး အစံုပဲ.. ေႁမြေပြးဆိုရင္ေတာ့ ေစ်းႀကီးတယ္.။ တစ္ေကာင္ကို ၁ေသာင္း ၀န္းက်င္ေပးရတယ္.. လင္းေႁမြတို႔ ေရေႁမြတို႔က ပိသာခ်ိန္နဲ႔ ေရာင္းတာ..ေစ်းသိပ္မရဘူး..။ ဒါေၾကာင့္ ေႁမြဖမ္းသမားေတြက ေႁမြေပြးလိုက္႐ွာၿပီးဖမ္းတတ္တယ္..။ တစ္ညကို ၂ ေကာင္ေလာက္ပဲရ.. ေန႔တြက္ ၂ေသာင္း စီသြားၿပီေလ..
ကြၽန္ေတာ့္အိမ္နားမွာ ေႁမြလိုက္ဖမ္းတဲ့ ေႁမြမုဆိုး ကရင္ဖထီးျကီး တစ္ေယာက္႐ွိတယ္..။ တစ္ေနကုန္ အရက္ေလးေသာက္လိုက္ အိပ္လိုက္နဲ႔ ညက်မွ ၂ ခြမွိန္းေလးကိုင္ ၊ ၀ါးပလိုင္းေလးလြယ္ ၊ ဓားမတိုေလးတစ္ေခ်ာင္း ခါးၾကားထိုးၿပီး ကြမ္းေလးတစ္ဖြီဖြီနဲ႔ေႁမြလိုက္ဖမ္းေတာ့တာပဲ..။ သူ႔ေျခေထာက္တစ္ဖက္က နဲနဲဆာတာတာနဲ႔ဆိုေတာ့ လမ္းေလ်ာက္ရင္ သိပ္မေလ်ာက္ႏိုင္ဘူး.. ဒါေပမဲ့ ည ၃ နာရီေလာက္ဆိုရင္ အိမ္ေ႐ွ႕ကေန ေတာစီးဖိနပ္သံတစ္ဂြက္ဂြက္နဲ႔ သူအိမ္ျပန္တဲ့အသံကိုၾကားရတယ္..။ ကရင္သီခ်င္းေလးခပ္တိုးတိုး ဆိုလာၿပီဆို က်ိန္းေသတယ္.. ေႁမြေပြး ၂ ေကာင္ေလာက္မိလာၿပီ.. ေျခေထာက္ဆာတာတာနဲ႔ ဒီအတီးက အင္မတန္လ်ွင္ျမန္တဲ့ ေႁမြဆိုတဲ့ သတၱ၀ါကို ဘယ္လိုဖမ္းလဲဆိုတာကြၽန္ေတာ္စိတ္၀င္စားတယ္..။
ဒါေၾကာင့္ တစ္ေန႔ေတာ့ ကြၽန္ေတာ္အဲ့ဒီအတီးအိမ္ကို သြားလည္ရင္း သူ႔ကို အင္တာဗ်ဴးရတာေပါ့.. "အတီး..အတီးက ေျခေထာက္လည္း မသန္ဘဲနဲ႔ ဒီေလာက္ျမန္တဲ့ ေႁမြေတြကို ဘယ္လိုဖမ္းလဲဗ်.." "ငါက ေျခေထာက္မသန္ေတာ့ လင္းေႁမြတို႔ ေရေႁမြတို႔ကို မဖမ္းႏိုင္ဘူး..။ ဒီေကာင္ေတြက လူေတြ႔ရင္ ထြက္ေျပးတယ္ကြ. ဒါေၾကာင့္ငါေႁမြေပြးပဲဖမ္းတယ္.." "အတီးက ေႁမြေပြးကိုေရာ ဘယ္လိုဖမ္းလဲ.." "ေႁမြေပြးက လူေတြ႔ရင္ ထြက္မေျပးဘူးကြ.. လူုကိုရန္မူမယ္ဆိုၿပီး အသင့္အေနအထားနဲ႔ ၿငိမ္ေနတာ..။ သူ႔မွာ အဆိပ္ျပင္းတယ္ေပါ့ကြာ..။ ဘယ္သူ႔ကိုမွ ဂ႐ုမစုိက္ဘူးေပါ့.. လာမထိနဲ႔ ေသသြားမယ္ေပါ့ကြာ..။ သူ႔ကိုထိတာနဲ႔ ဆတ္ခနဲ လွမ္းကိုက္ေတာ့တာပဲေဟ့.. သူ႔ကိုမထိေသးရင္ မင္းကိုဘာမွမလုပ္ဘူး..
အဲ့ဒီေတာ့ သူ႔ေခါင္းနားကို မွိန္းနဲ႔အသာေလးကပ္သြားၿပီး ထိလုထိခင္က်မွ မွိန္း ၂ ခြနဲ႔ ေခါင္းကိုအျမန္ထိုးခ်လိုက္ရင္ ဒီေကာင့္ကို မိတာပဲ..ဟဲဟဲ....။ ေႁမြထဲမွာ အဆိပ္ျပင္းပါတယ္ဆိုတဲ့ ေႁမြေပြးက ဖမ္းလို႔အလြယ္ဆံုးဟ..။ ဒီေကာင္က အဆိ္ပ္ျပင္းတယ္ဆိုၿပီး သူ႔ကိုယ္သူ မာန္တတ္ေနတာကိုး..." "ေအာ္......" ကြၽန္ေတာ့္ရင္ထဲ အေတြးေတြ တသီႀကီးနဲ႔ အတီးအိမ္က ျပန္လာခဲ့တယ္..။ အဆိပ္မ႐ွိတဲ့ ေရေႁမြတို႔ လင္းေႁမြတို႔ကမွ လြတ္ေျမာက္နို္င္တဲ့လမ္း ႐ွိေသးတာပါလား.. ငါအဆိပ္ျပင္းတာပဲဆိုၿပီး မာန္တတ္ေနတဲ့ ေႁမြေပြးကေတာ့ ေႁမြမုဆိုးလက္ထဲမွာ ေသတာပဲ..။
တကယ္က... အဆိပ္တည္းဟူေသာ မာန္မာန အမွားေၾကာင့္ အဆိပ္တည္းဟူေသာ အားကိုးရာလက္နက္အမွားေၾကာင့္ သူတစ္ပါးကို အထင္ေသးမိတဲ့အခါ ေႁမြမုဆိုးလက္မွာ ေသပြဲ၀င္ရ႐ွာတာပါလား..။
ကြၽန္ေတာ္ ဆက္စပ္ၿပီး ေတြးေနမိတယ္... ကြၽန္ေတာ္တို႔ လူ႔ေဘာင္ လူ႔ပတ္၀န္းက်င္မွာလည္း လူေႁမြေပြးေတြ အမ်ားအျပားပါလား..။ ဟင္း..ငါ့လာမထိနဲ႔ေနာ္..ေသသြားမယ္.. ငါ့ကို ဘာေကာင္ထင္ေနလဲ.. ငါလုပ္လိုက္ရ မင္းဘ၀ပ်က္သြားမယ္ သားႀကီး..။ ငါနဲ႔ မၿငိေစနဲ႔..ဆိုတဲဲ့ အစြယ္တစ္ေဖြးေဖြး လူေႁမြေပြးေတြကုိ ေတြ႔တိုင္း ေျခေထာက္တစ္ဖက္ဆာေနတဲ့ ေႁမြမုဆိုးကရင္ဖထီးႀကီးကို ကြၽန္ေတာ္ ေျပးျမင္ၿပီး ျပံဳးမိတယ္..။ ကို္ယ့္ကိုယ္ကိုလည္း ျပန္လည္ ဆင္ျခင္ခဲ့တယ္..။ စီးပြားေရးေလး အဆင္ေျပလာတိုင္း လုပ္ငန္းေတြ တိုးတတ္လာတိုင္း ေနာက္ဆံုး..fb မွာ follower ေတြ တိုးလာတိုင္း ကိုယ့္ကို ခ်ီးက်ဴးသံေတြ ညံလာတိုင္း "ငါကြ" ဆိုတဲ့ မာန္မာနေတြ တစ္ရိပ္ရိပ္တတ္လာေနခဲ့ပါလား..။ ကိုယ့္ေခါင္းေပၚမွာ ဖထီးရဲ႕ ခက္ရင္း ၂ ခြ မွိန္းႀကီး လာ၀ဲေနၿပီဆိုတာ မသိဘဲနဲ႔ ယစ္မူးသာယာေနတဲ့ မာန္မာန အဆိပ္ေတြ..မာန္မာန အစြယ္ေတြ.. အိုး.....ရင္ထဲမွာ အသိဥာဏ္တစ္ခ်ိဳ႕ လင္းလက္လို႔သြားပါတယ္.. မာန္တတ္မယ္ၾကံတိုင္း ကြမ္းေလးတဖြီဖြီနဲ႔ မွိန္းႀကီးကိုင္ထားတဲ့ဖထီးရဲ႕ပံုရိပ္ကိုျမင္ေယာင္မိၿပီး ကိုယ့္ကို္ယ္ကို ျပန္ဆံုးမတယ္..။
မိတ္ေဆြတို႔ ေခါင္းေပၚမွာေရာ.. ဖထီးရဲ႕ မွိန္းႀကီးေရာက္ေနၿပီလား...ေမာ့ၾကည့္ၾကေစခ်င္ပါတယ္..။
ကိုစိုးထိုက္(ဖဒို) 21.3.2017 စြယ္ စုံ
www.apannpyay.com
===================
မြွေပွေးလိုလူမဖြစ်စေနဲ့
ဘာကြောင့် ဒီလိုပြောပါလိမ့်နော့ ပြောပြမယ်နော့ ။
ကျွန်တော်တို့ ဖဒိုမြို့က စျေးထဲမှာ မြွေသည်တွေအများကြီးရှိတယ်.။ စပါးရိတ်ချိန်ဆိုရင် ခေါင်းဖြတ်ထားတဲ့ မြွေတွေ အခွေလိုက်ထည့်ထားတဲ့ လင်ဗန်းကိုယ်စီရွက်ပြီး မြွေလိုက်ရောင်းနေတဲ့ မိန်းကလေးတွေကို ဆောင်းဦးနံနက်ခင်းတိုင်း တွေ့ရတတ်တယ်..။ လင်းမြွေ ရေမြွေ မြွေပွေး အစုံပဲ.. မြွေပွေးဆိုရင်တော့ စျေးကြီးတယ်.။ တစ်ကောင်ကို ၁သောင်း ဝန်းကျင်ပေးရတယ်.. လင်းမြွေတို့ ရေမြွေတို့က ပိသာချိန်နဲ့ ရောင်းတာ..စျေးသိပ်မရဘူး..။ ဒါကြောင့် မြွေဖမ်းသမားတွေက မြွေပွေးလိုက်ရှာပြီးဖမ်းတတ်တယ်..။ တစ်ညကို ၂ ကောင်လောက်ပဲရ.. နေ့တွက် ၂သောင်း စီသွားပြီလေ..
ကျွန်တော့်အိမ်နားမှာ မြွေလိုက်ဖမ်းတဲ့ မြွေမုဆိုး ကရင်ဖထီးကြီး တစ်ယောက်ရှိတယ်..။ တစ်နေကုန် အရက်လေးသောက်လိုက် အိပ်လိုက်နဲ့ ညကျမှ ၂ ခွမှိန်းလေးကိုင် ၊ ၀ါးပလိုင်းလေးလွယ် ၊ ဓားမတိုလေးတစ်ချောင်း ခါးကြားထိုးပြီး ကွမ်းလေးတစ်ဖွီဖွီနဲ့မြွေလိုက်ဖမ်းတော့တာပဲ..။ သူ့ခြေထောက်တစ်ဖက်က နဲနဲဆာတာတာနဲ့ဆိုတော့ လမ်းလျောက်ရင် သိပ်မလျောက်နိုင်ဘူး.. ဒါပေမဲ့ ည ၃ နာရီလောက်ဆိုရင် အိမ်ရှေ့ကနေ တောစီးဖိနပ်သံတစ်ဂွက်ဂွက်နဲ့ သူအိမ်ပြန်တဲ့အသံကိုကြားရတယ်..။ ကရင်သီချင်းလေးခပ်တိုးတိုး ဆိုလာပြီဆို ကျိန်းသေတယ်.. မြွေပွေး ၂ ကောင်လောက်မိလာပြီ.. ခြေထောက်ဆာတာတာနဲ့ ဒီအတီးက အင်မတန်လျှင်မြန်တဲ့ မြွေဆိုတဲ့ သတ္တဝါကို ဘယ်လိုဖမ်းလဲဆိုတာကျွန်တော်စိတ်ဝင်စားတယ်..။
ဒါကြောင့် တစ်နေ့တော့ ကျွန်တော်အဲ့ဒီအတီးအိမ်ကို သွားလည်ရင်း သူ့ကို အင်တာဗျူးရတာပေါ့.. "အတီး..အတီးက ခြေထောက်လည်း မသန်ဘဲနဲ့ ဒီလောက်မြန်တဲ့ မြွေတွေကို ဘယ်လိုဖမ်းလဲဗျ.." "ငါက ခြေထောက်မသန်တော့ လင်းမြွေတို့ ရေမြွေတို့ကို မဖမ်းနိုင်ဘူး..။ ဒီကောင်တွေက လူတွေ့ရင် ထွက်ပြေးတယ်ကွ. ဒါကြောင့်ငါမြွေပွေးပဲဖမ်းတယ်.." "အတီးက မြွေပွေးကိုရော ဘယ်လိုဖမ်းလဲ.." "မြွေပွေးက လူတွေ့ရင် ထွက်မပြေးဘူးကွ.. လူုကိုရန်မူမယ်ဆိုပြီး အသင့်အနေအထားနဲ့ ငြိမ်နေတာ..။ သူ့မှာ အဆိပ်ပြင်းတယ်ပေါ့ကွာ..။ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးပေါ့.. လာမထိနဲ့ သေသွားမယ်ပေါ့ကွာ..။ သူ့ကိုထိတာနဲ့ ဆတ်ခနဲ လှမ်းကိုက်တော့တာပဲဟေ့.. သူ့ကိုမထိသေးရင် မင်းကိုဘာမှမလုပ်ဘူး..
အဲ့ဒီတော့ သူ့ခေါင်းနားကို မှိန်းနဲ့အသာလေးကပ်သွားပြီး ထိလုထိခင်ကျမှ မှိန်း ၂ ခွနဲ့ ခေါင်းကိုအမြန်ထိုးချလိုက်ရင် ဒီကောင့်ကို မိတာပဲ..ဟဲဟဲ....။ မြွေထဲမှာ အဆိပ်ပြင်းပါတယ်ဆိုတဲ့ မြွေပွေးက ဖမ်းလို့အလွယ်ဆုံးဟ..။ ဒီကောင်က အဆိ်ပ်ပြင်းတယ်ဆိုပြီး သူ့ကိုယ်သူ မာန်တတ်နေတာကိုး..." "အော်......" ကျွန်တော့်ရင်ထဲ အတွေးတွေ တသီကြီးနဲ့ အတီးအိမ်က ပြန်လာခဲ့တယ်..။ အဆိပ်မရှိတဲ့ ရေမြွေတို့ လင်းမြွေတို့ကမှ လွတ်မြောက်နို်င်တဲ့လမ်း ရှိသေးတာပါလား.. ငါအဆိပ်ပြင်းတာပဲဆိုပြီး မာန်တတ်နေတဲ့ မြွေပွေးကတော့ မြွေမုဆိုးလက်ထဲမှာ သေတာပဲ..။
တကယ်က... အဆိပ်တည်းဟူသော မာန်မာန အမှားကြောင့် အဆိပ်တည်းဟူသော အားကိုးရာလက်နက်အမှားကြောင့် သူတစ်ပါးကို အထင်သေးမိတဲ့အခါ မြွေမုဆိုးလက်မှာ သေပွဲဝင်ရရှာတာပါလား..။
ကျွန်တော် ဆက်စပ်ပြီး တွေးနေမိတယ်... ကျွန်တော်တို့ လူ့ဘောင် လူ့ပတ်ဝန်းကျင်မှာလည်း လူမြွေပွေးတွေ အများအပြားပါလား..။ ဟင်း..ငါ့လာမထိနဲ့နော်..သေသွားမယ်.. ငါ့ကို ဘာကောင်ထင်နေလဲ.. ငါလုပ်လိုက်ရ မင်းဘဝပျက်သွားမယ် သားကြီး..။ ငါနဲ့ မငြိစေနဲ့..ဆိုတဲဲ့ အစွယ်တစ်ဖွေးဖွေး လူမြွေပွေးတွေကို တွေ့တိုင်း ခြေထောက်တစ်ဖက်ဆာနေတဲ့ မြွေမုဆိုးကရင်ဖထီးကြီးကို ကျွန်တော် ပြေးမြင်ပြီး ပြုံးမိတယ်..။ ကို်ယ့်ကိုယ်ကိုလည်း ပြန်လည် ဆင်ခြင်ခဲ့တယ်..။ စီးပွားရေးလေး အဆင်ပြေလာတိုင်း လုပ်ငန်းတွေ တိုးတတ်လာတိုင်း နောက်ဆုံး..fb မှာ follower တွေ တိုးလာတိုင်း ကိုယ့်ကို ချီးကျူးသံတွေ ညံလာတိုင်း "ငါကွ" ဆိုတဲ့ မာန်မာနတွေ တစ်ရိပ်ရိပ်တတ်လာနေခဲ့ပါလား..။ ကိုယ့်ခေါင်းပေါ်မှာ ဖထီးရဲ့ ခက်ရင်း ၂ ခွ မှိန်းကြီး လာဝဲနေပြီဆိုတာ မသိဘဲနဲ့ ယစ်မူးသာယာနေတဲ့ မာန်မာန အဆိပ်တွေ..မာန်မာန အစွယ်တွေ.. အိုး.....ရင်ထဲမှာ အသိဉာဏ်တစ်ချို့ လင်းလက်လို့သွားပါတယ်.. မာန်တတ်မယ်ကြံတိုင်း ကွမ်းလေးတဖွီဖွီနဲ့ မှိန်းကြီးကိုင်ထားတဲ့ဖထီးရဲ့ပုံရိပ်ကိုမြင်ယောင်မိပြီး ကိုယ့်ကို်ယ်ကို ပြန်ဆုံးမတယ်..။
မိတ်ဆွေတို့ ခေါင်းပေါ်မှာရော.. ဖထီးရဲ့ မှိန်းကြီးရောက်နေပြီလား...မော့ကြည့်ကြစေချင်ပါတယ်..။
ကိုစိုးထိုက်(ဖဒို) 21.3.2017 စွယ် စုံ
www.apannpyay.com
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment