ဘာေၾကာင့္ ဘီလူးစီးသလို ခံစားရတာလဲ..

ကၽြန္ေတ္ာတို႔ သက္တမ္းတေလွ်ာက္မွာ အိပ္ရာက ရုတ္တရက္ လန္႔ႏုိးလာတဲ့အခါ လႈပ္လို႔ ရွားလို႔ မရတာမ်ိဳး၊ တစ္ခုခုက တက္ဖိထားသလို အသက္ရွဴေတြက်ပ္ရတာမ်ိဳး တစ္ၾကိမ္တစ္ခါေတာ့ ျဖစ္ဖူးၾကမွာပါ။

အဲဒီလို ျဖစ္ေနျပီဆို အိပ္ရာက ႏုိးေနေပမယ့္ ေျခေတြ၊လက္ေတြပါ လႈပ္လို႔ မရတဲ့ အျပင္ ယုတ္စြအဆံုး မ်က္ခြံေတာင္ ဖြင့္လို႔ မရေတာ့ပါဘူး။ ဒီလိုျဖစ္ေနတာဟာ တစ္ခါတေလ မိနစ္ပိုင္းေလာက္ပဲ ၾကာတတ္ေပမယ့္ တစ္ခါတေလက်ရင္ေတာ့လည္း နာရီပိုင္းေလာက္ ၾကာတတ္ပါတယ္။ ျဖစ္ေနတုန္းေတာ့ တစ္ေယာက္ေယာက္ပဲ တက္ဖိထားသလို ဆိုေတာ့ အေတာ္ေၾကာက္စရာေကာင္းတဲ့ ကိစၥဗ်။

 ဒီလိုေတြ ဘာေၾကာင့္ျဖစ္ရလဲ?
ဒီလိုျဖစ္ရျခင္းဟာ Sleep Paralysis လို႔ ေခၚတဲ့ ထူးျခားတဲ့ သဘာဝအိပ္ျခင္းျဖစ္စဥ္ေၾကာင့္ ျဖစ္ရတာပါ။ အထူးသျဖင့္ စိုးရိမ္ပူပန္တတ္သူေတြနဲ႔ စိတ္က်ေဝဒနာခံစားရသူေတြဟာ ဒီလို ျဖစ္ဖို႔ ၃၁.၉ ရာခုိင္ႏႈန္းေလာက္ အခြင့္အလမ္း ပိုမ်ားတယ္လို႔ ဆုိပါတယ္။

သိပံၸနည္းက်ေတြ႔ရွိခ်က္အရေတာ့ အိပ္ရာက ႏုိးေနေပမယ့္ လႈပ္လို႔ မရတဲ့ ျဖစ္စဥ္မွာ လူဟာ သတိေမ့ေနသလို ျဖစ္ေနတာပါတဲ့။ အဲ့ဒါေၾကာင့္ စိတ္က ႏုိးေနေပမယ့္ လူက လႈပ္လို႔ မရတာေပါ့။ ဘာေတြနဲ႔ ပက္သက္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ ငယ္ငယ္က သင္ရတဲ့ REM Stage ( Rapid Eye Movement) နဲ႔ ဆုိင္ပါတယ္။

ဦးေႏွာက္ဟာ REM Sleep Stage မွာ အဆမတန္ႏုိးၾကားေနျပီး လူ႔ခႏၶာကိုယ္ကေတာ့ အိပ္ေမာက်ေနဆဲပဲ ရွိပါေသးတယ္။ ႏုိးသြားတဲ့ အခ်ိန္မွာ လႈပ္မရဘူးဆိုတာ အိပ္မက္ဆက္မက္ေနတာ၊ အိပ္မက္ထဲက မထြက္ႏုိင္သလို ျဖစ္ေနတာမ်ိဳးနဲ႔ တူပါတယ္တဲ့။ အဲ့ဒါကိုေတာ့ REM Atonia လို႔ ေခၚပါတယ္။

ဒါဟာ အျမဲတမ္းေတာ့ ျဖစ္ေနတာ မဟုတ္ဘဲ REM Atonia ဝင္တဲ့ တစ္ခါတစ္ရံမွာမွ ထျဖစ္ျပီး လႈပ္မရတတ္တာမ်ိဳးပါ။ အဲဒီအခ်ိန္မွာ ဦးေႏွာက္ဟာ အရမ္းႏုိးၾကားေနေတာ့ ခႏၶာကုိုယ္ကို ဒီလို သတင္းပို႔ခ်က္အမွားေတြ စေပးပါေတာ့တယ္။ “မင္းလက္ေမာင္းေတြ လႈပ္လုိ႔ မရဘူးေနာ္၊ ဒါေပမယ့္ မင္းလက္ေမာင္းလႈပ္ေနတယ္လို႔ ထင္ေယာင္စမ္း” ဆိုတာမ်ိဳးေပါ့။
leep Paralysis ျဖစ္ေနတဲ့ အခ်ိန္မွာ ဒီလို ျဖစ္ရပ္ေတြ အပိုင္း ၃ ပိုင္းခြဲျပီး ျဖစ္ပြားေလ့ရွိပါတယ္။

Incubus (တစ္စံုတစ္ေယာက္တက္ဖိထားတယ္လို႔ ခံစားရျခင္း)
ဒါကေတာ့ အိပ္ေပ်ာ္ေနသလို ႏုိးေနသလို ျဖစ္ေနတဲ့ အခ်ိန္မ်ိဳးမွာ တစ္စံုတစ္ခု ဒါမွမဟုတ္ တစ္စံုတစ္ေယာက္က ရင္ဘတ္ကို ဖိထားသလို အသက္ရွဴမဝျဖစ္တာပါ။ တကယ္ေတာ့ ဒါဟာ  စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္သက္သက္သာ ျဖစ္ပါတယ္။ အိပ္မက္ကေနျဖစ္ျဖစ္၊ တစ္စံုတစ္ခုကေန ရုတ္တရက္ လန္႔ႏုိးလာတဲ့အခါ ေၾကာက္ရြံ႕စိတ္ေၾကာင့္ ရုတ္တရက္အသက္ရွဴမဝမႈျဖစ္ပြားတာပါ။ ခႏၶာကိုယ္ကေတာ့ REM Breathing Mode မွာ ရွိေနလို႔ လႈပ္မရျဖစ္ေနတာပါတဲ့။

Intruder (တစ္စံုတစ္ေယာက္ ရွိေနတယ္လို႔ ခံစားရျခင္း)
ဒါကေတာ့ ဒီလို အိပ္တစ္ဝက္၊ ႏုိးတစ္ဝက္ ခံစားခ်က္မွာ အခန္းထဲမွာ၊ ကိုယ့္ေဘးမွာ တစ္စံုတစ္ေယာက္ရွိေနတယ္လို႔ ခံစားရတာ၊ ေၾကာက္စရာတစ္ခုခု ျမင္ရသလို ၾကားေနသလို ထင္ေယာင္ထင္မွား ျဖစ္ေနတာမ်ိဳးပါ။ ဒါကိုေတာ့ “Hypervigilant State of the Midbrain” လို႔ ေခၚျပီး ပတ္ဝန္းက်င္က ေသးေသးမႊားမႊားအရာေလးကိုေတာင္ ၾကီးၾကီးမားမားအရာ ဒါမွမဟုတ္ ကိုယ့္ကို အႏ ၱရာယ္ျပဳမယ့္ အရာလို႔ ထင္တာမ်ိဳးပါ။ Sleep Paralysis ျဖစ္ေနတဲ့ အခ်ိန္မ်ိဳးမွာ အသံတိုးတုိးေလးတစ္ခုၾကားရင္ေတာင္ အရမ္းေၾကာက္စရာေကာင္းတယ္ ထင္တတ္တာမ်ိဳးေပါ့။

Unusual Bodily Experiences (ေမ်ာလြင့္သြားသလို ခံစားရျခင္း)
ဒီအေျခအေနကုိ ၾကံဳဖူးသူေတြကေတာ့ သူတို႔ရဲ့ စိတ္ဝိညဥ္ဟာ ခႏၶာကိုယ္အျပင္ဘက္ထြက္သြားတဲ့ အေတြ႔အၾကံဳမ်ိဳး ခံစားဖူးသူေတြပါ။ အဲဒီလိုအခ်ိန္ေတြမွာဆိုရင္ သူတို႔ဟာ ေလဟာနယ္ထဲမွာ ေမ်ာလြင့္ေနသလို၊ ပ်ံသန္းေနရသလို ခံစားေနခဲ့ရတယ္လို႔ ဆိုပါတယ္။

ဒါဆုိ ဘီလူးစီးတာမ်ိဳး မျဖစ္ေအာင္ ဘယ္လို ကာကြယ္ရမလဲ
ဒီလိုမျဖစ္ေအာင္ ကာကြယ္ဖို႔က ခက္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒါဟာ မ်ိဳးရိုးဗီဇေၾကာင့္လည္း ျဖစ္ႏိုင္သလို  တျခား အိပ္စက္ျခင္းဆုိင္ရာ ျပႆနာေတြနဲ႔ က်န္းမာေရးဆုိင္ရာ ျပႆနာေတြေၾကာင့္လည္း ျဖစ္ႏုိင္လို႔ပါပဲ။ ဒါေပမယ့္ ျဖစ္ႏုိင္ေခ်နည္းေအာင္ေတာ့ ဒီနည္းေလးေတြ လုပ္လို႔ ရပါတယ္။
ပက္လက္လွန္မအိပ္ပါနဲ႔
ေဘးတေစာင္းအိပ္ျခင္းဟာ Sleep Paralysis (ျမန္မာျပည္မွာေတာ့ ဘီလူးစီးျခင္းလို႔ ေခၚၾကပါတယ္) ကို ေလ်ာ့က်ေစပါတယ္။

အာရုံစုိက္ပါ။
အကယ္၍ ခင္ဗ်ားက ရုတ္တရက္အိပ္ရာႏုိးလာျပီး လႈပ္မရ၊ ျပဳမရျဖစ္ေနျပီဆိုရင္ လက္ေခ်ာင္းတစ္ေခ်ာင္းျဖစ္ေစ၊ ေျခေခ်ာင္းေလးတစ္ေခ်ာင္းျဖစ္ေစကိုပဲ အာရုံစိုက္ျပီး လႈပ္ေအာင္ၾကိဳးစားၾကည့္ပါ။ ၾကြက္သားတစ္ခ်က္စလႈပ္လို႔ ရျပီဆိုတာနဲ႕ Sleep Paralysis ပ်က္ျပယ္သြားပါျပီ။

ဘုရားစာရြတ္ပါ။

ကၽြန္ေတာ္တို႔ ဗုဒၶဘာသာအလိုအရဆိုရင္ေတာ့ ဘုရားစာကို စိတ္ထဲက ရြတ္ေပးတာလည္း ေကာင္းပါတယ္။ အနည္းဆံုးေတာ့ စိတ္တည္ျငိမ္လာျပီး ခဏေန သက္သာသြားပါလိမ့္မယ္။

ဒီဘီလူးစီးသလို အျဖစ္မိ်ဳး ၾကံဳဖူးလားဗ်။ ၾကံဳဖူးရင္ ဘယ္လို လြတ္ေအာင္ ဘာေတြ လုပ္ခဲ့ရလဲဆိုတာကို Comment Box မွာ မွ်ေဝေပးခဲ့ပါဦးခင္ဗ်ား။

 ရိုးလူ (အခရာ)
www.akhayar.com
Ref : jerseydemic.com
Photo Credit : jerseydemic.com
======
ကျွန်တေ်ာတို့ သက်တမ်းတလျှောက်မှာ အိပ်ရာက ရုတ်တရက် လန့်နိုးလာတဲ့အခါ လှုပ်လို့ ရှားလို့ မရတာမျိုး၊ တစ်ခုခုက တက်ဖိထားသလို အသက်ရှူတွေကျပ်ရတာမျိုး တစ်ကြိမ်တစ်ခါတော့ ဖြစ်ဖူးကြမှာပါ။

အဲဒီလို ဖြစ်နေပြီဆို အိပ်ရာက နိုးနေပေမယ့် ခြေတွေ၊လက်တွေပါ လှုပ်လို့ မရတဲ့ အပြင် ယုတ်စွအဆုံး မျက်ခွံတောင် ဖွင့်လို့ မရတော့ပါဘူး။ ဒီလိုဖြစ်နေတာဟာ တစ်ခါတလေ မိနစ်ပိုင်းလောက်ပဲ ကြာတတ်ပေမယ့် တစ်ခါတလေကျရင်တော့လည်း နာရီပိုင်းလောက် ကြာတတ်ပါတယ်။ ဖြစ်နေတုန်းတော့ တစ်ယောက်ယောက်ပဲ တက်ဖိထားသလို ဆိုတော့ အတော်ကြောက်စရာကောင်းတဲ့ ကိစ္စဗျ။

 ဒီလိုတွေ ဘာကြောင့်ဖြစ်ရလဲ?
ဒီလိုဖြစ်ရခြင်းဟာ Sleep Paralysis လို့ ခေါ်တဲ့ ထူးခြားတဲ့ သဘာဝအိပ်ခြင်းဖြစ်စဉ်ကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် စိုးရိမ်ပူပန်တတ်သူတွေနဲ့ စိတ်ကျဝေဒနာခံစားရသူတွေဟာ ဒီလို ဖြစ်ဖို့ ၃၁.၉ ရာခိုင်နှုန်းလောက် အခွင့်အလမ်း ပိုများတယ်လို့ ဆိုပါတယ်။

သိပ္ပံနည်းကျတွေ့ရှိချက်အရတော့ အိပ်ရာက နိုးနေပေမယ့် လှုပ်လို့ မရတဲ့ ဖြစ်စဉ်မှာ လူဟာ သတိမေ့နေသလို ဖြစ်နေတာပါတဲ့။ အဲ့ဒါကြောင့် စိတ်က နိုးနေပေမယ့် လူက လှုပ်လို့ မရတာပေါ့။ ဘာတွေနဲ့ ပက်သက်လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်က သင်ရတဲ့ REM Stage ( Rapid Eye Movement) နဲ့ ဆိုင်ပါတယ်။

ဦးနှောက်ဟာ REM Sleep Stage မှာ အဆမတန်နိုးကြားနေပြီး လူ့ခန္ဓာကိုယ်ကတော့ အိပ်မောကျနေဆဲပဲ ရှိပါသေးတယ်။ နိုးသွားတဲ့ အချိန်မှာ လှုပ်မရဘူးဆိုတာ အိပ်မက်ဆက်မက်နေတာ၊ အိပ်မက်ထဲက မထွက်နိုင်သလို ဖြစ်နေတာမျိုးနဲ့ တူပါတယ်တဲ့။ အဲ့ဒါကိုတော့ REM Atonia လို့ ခေါ်ပါတယ်။

ဒါဟာ အမြဲတမ်းတော့ ဖြစ်နေတာ မဟုတ်ဘဲ REM Atonia ဝင်တဲ့ တစ်ခါတစ်ရံမှာမှ ထဖြစ်ပြီး လှုပ်မရတတ်တာမျိုးပါ။ အဲဒီအချိန်မှာ ဦးနှောက်ဟာ အရမ်းနိုးကြားနေတော့ ခန္ဓာကိုုယ်ကို ဒီလို သတင်းပို့ချက်အမှားတွေ စပေးပါတော့တယ်။ “မင်းလက်မောင်းတွေ လှုပ်လို့ မရဘူးနော်၊ ဒါပေမယ့် မင်းလက်မောင်းလှုပ်နေတယ်လို့ ထင်ယောင်စမ်း” ဆိုတာမျိုးပေါ့။
leep Paralysis ဖြစ်နေတဲ့ အချိန်မှာ ဒီလို ဖြစ်ရပ်တွေ အပိုင်း ၃ ပိုင်းခွဲပြီး ဖြစ်ပွားလေ့ရှိပါတယ်။

Incubus (တစ်စုံတစ်ယောက်တက်ဖိထားတယ်လို့ ခံစားရခြင်း)
ဒါကတော့ အိပ်ပျော်နေသလို နိုးနေသလို ဖြစ်နေတဲ့ အချိန်မျိုးမှာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်က ရင်ဘတ်ကို ဖိထားသလို အသက်ရှူမဝဖြစ်တာပါ။ တကယ်တော့ ဒါဟာ  စိတ်ပိုင်းဆိုင်ရာ ခံစားချက်သက်သက်သာ ဖြစ်ပါတယ်။ အိပ်မက်ကနေဖြစ်ဖြစ်၊ တစ်စုံတစ်ခုကနေ ရုတ်တရက် လန့်နိုးလာတဲ့အခါ ကြောက်ရွံ့စိတ်ကြောင့် ရုတ်တရက်အသက်ရှူမဝမှုဖြစ်ပွားတာပါ။ ခန္ဓာကိုယ်ကတော့ REM Breathing Mode မှာ ရှိနေလို့ လှုပ်မရဖြစ်နေတာပါတဲ့။

Intruder (တစ်စုံတစ်ယောက် ရှိနေတယ်လို့ ခံစားရခြင်း)
ဒါကတော့ ဒီလို အိပ်တစ်ဝက်၊ နိုးတစ်ဝက် ခံစားချက်မှာ အခန်းထဲမှာ၊ ကိုယ့်ဘေးမှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့ ခံစားရတာ၊ ကြောက်စရာတစ်ခုခု မြင်ရသလို ကြားနေသလို ထင်ယောင်ထင်မှား ဖြစ်နေတာမျိုးပါ။ ဒါကိုတော့ “Hypervigilant State of the Midbrain” လို့ ခေါ်ပြီး ပတ်ဝန်းကျင်က သေးသေးမွှားမွှားအရာလေးကိုတောင် ကြီးကြီးမားမားအရာ ဒါမှမဟုတ် ကိုယ့်ကို အန ္တရာယ်ပြုမယ့် အရာလို့ ထင်တာမျိုးပါ။ Sleep Paralysis ဖြစ်နေတဲ့ အချိန်မျိုးမှာ အသံတိုးတိုးလေးတစ်ခုကြားရင်တောင် အရမ်းကြောက်စရာကောင်းတယ် ထင်တတ်တာမျိုးပေါ့။

Unusual Bodily Experiences (မျောလွင့်သွားသလို ခံစားရခြင်း)
ဒီအခြေအနေကို ကြုံဖူးသူတွေကတော့ သူတို့ရဲ့ စိတ်ဝိညဉ်ဟာ ခန္ဓာကိုယ်အပြင်ဘက်ထွက်သွားတဲ့ အတွေ့အကြုံမျိုး ခံစားဖူးသူတွေပါ။ အဲဒီလိုအချိန်တွေမှာဆိုရင် သူတို့ဟာ လေဟာနယ်ထဲမှာ မျောလွင့်နေသလို၊ ပျံသန်းနေရသလို ခံစားနေခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါဆို ဘီလူးစီးတာမျိုး မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ
ဒီလိုမဖြစ်အောင် ကာကွယ်ဖို့က ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သလို  တခြား အိပ်စက်ခြင်းဆိုင်ရာ ပြဿနာတွေနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်လို့ပါပဲ။ ဒါပေမယ့် ဖြစ်နိုင်ချေနည်းအောင်တော့ ဒီနည်းလေးတွေ လုပ်လို့ ရပါတယ်။
ပက်လက်လှန်မအိပ်ပါနဲ့
ဘေးတစောင်းအိပ်ခြင်းဟာ Sleep Paralysis (မြန်မာပြည်မှာတော့ ဘီလူးစီးခြင်းလို့ ခေါ်ကြပါတယ်) ကို လျော့ကျစေပါတယ်။

အာရုံစိုက်ပါ။
အကယ်၍ ခင်ဗျားက ရုတ်တရက်အိပ်ရာနိုးလာပြီး လှုပ်မရ၊ ပြုမရဖြစ်နေပြီဆိုရင် လက်ချောင်းတစ်ချောင်းဖြစ်စေ၊ ခြေချောင်းလေးတစ်ချောင်းဖြစ်စေကိုပဲ အာရုံစိုက်ပြီး လှုပ်အောင်ကြိုးစားကြည့်ပါ။ ကြွက်သားတစ်ချက်စလှုပ်လို့ ရပြီဆိုတာနဲ့ Sleep Paralysis ပျက်ပြယ်သွားပါပြီ။

ဘုရားစာရွတ်ပါ။

ကျွန်တော်တို့ ဗုဒ္ဓဘာသာအလိုအရဆိုရင်တော့ ဘုရားစာကို စိတ်ထဲက ရွတ်ပေးတာလည်း ကောင်းပါတယ်။ အနည်းဆုံးတော့ စိတ်တည်ငြိမ်လာပြီး ခဏနေ သက်သာသွားပါလိမ့်မယ်။

ဒီဘီလူးစီးသလို အဖြစ်မျိုး ကြုံဖူးလားဗျ။ ကြုံဖူးရင် ဘယ်လို လွတ်အောင် ဘာတွေ လုပ်ခဲ့ရလဲဆိုတာကို Comment Box မှာ မျှဝေပေးခဲ့ပါဦးခင်ဗျား။

 ရိုးလူ (အခရာ)
www.akhayar.com
Ref : jerseydemic.com
Photo Credit : jerseydemic.com

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...