သရဲကားရိုက်ရင်း သရဲဝင်ပူးတာကို ကြုံခဲ့ရတဲ့ ပိုင်တံခွန်

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကတော့ သရဲကားရိုင်ရင်း သရဲဝင်ပူးတာကို ပထမဆုံးအကြိမ် ကြုံဖူးခဲ့ပြီလို့ ဆိုပါတယ်။ "သန်းခေါင်ယံ ခရီးသည်များ" ဆိုတဲ့ သရဲကားကြီးကို ရိုက်ကူးနေရင်း ကြုံတွေ့ရတာလို့ ဆိုပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေတာ သုံးရက်မြောက် ရှိပြီဖြစ်ပြီး ကားတွေ မတော်တဆမှုများဖြစ်တဲ့ မိုင်တိုင်တွေမှာ တကယ်သွားရိုက်ရတယ်လို့ ဆိုပါတယ်။
ရှုတင်ကိုလည်း ည(၇)နာရီကနေ စတည်ကာ မနက်(၂)နာရီလောက်အထိကို အမြန်လမ်းမပေါ်မှာရိုက်ကူးရတာဖြစ်ပြီး မတ်လ(၂) နက်နေ့ နံနက်ခင်းပိုင်းမှာ ကားပေါ်ကို သရဲတွေ တက်လာပြီး လူတွေကိုဝင်စီးတဲ့ အခန်းရိုက်ကူးနေစဉ် ရှုတင်အဖွဲ့သားတွေ တစ်ယောက်ပြီး တစ်ယောက် ဝင်ပူးတာခံခဲ့ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပြီး ဝင်ပူးခံနေရတဲ့အချိန်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုကိုပါတင်ပြီး ပရိသတ်တွေကို ပြောပြထားပါတယ်။

သူ့ရဲ့ အားလပ်ချိန်တိုင်းကို ပရိသတ်တွေနဲ့ Live ပြောပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မော်ဒယ်လောက ကနေ သရုပ်ဆောင်ပိုင်းကို ဝင်ရောက်လာတဲ့ ပိုင်တံခွန်ကတော့ပရိသတ်တွေအားပေးမှု ရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။  မကြာသေးခင်က သူ့သီဆိုထားတဲ့ "မေရယ်" ဆိုတဲ့ သီချင်းကလည်း ပရိသတ်အားပေးမှု ရရှိလိုက်တဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
Photo : ပိုင်တံခွန်ဖေ့စ်ဘွတ်

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...