သြားနဲ႔ခံတြင္းဆရာဝန္က ရင္သားအလွျပဳျပင္ေပးလိုက္ေသာအခါ.. ျဖစ္လာတဲ့ ေၾကာက္စရာျဖစ္ရပ္

မၾကာေသးမီကမွ ရင္သားအလွ ခြဲစိတ္ျပဳျပင္မွု ျပဳလုပ္ခဲ့ေသာ အမ်ိဳးသမီးတစ္ဦးသည္ ခြဲစိတ္ထားေသာ ရင္သားေနရာမွ အရည္မ်ား ယိုစိမ့္ထြက္လာခဲ့ၿပီးေနာက္ ေဆး႐ုံသို႔ သြားျပခဲ့ရာတြင္ သူမကို ခြဲစိပ္ေပးခဲ့ေသာ ဆရာဝန္မွာ သြားနဲ႔ခံတြင္း ဆရာဝန္ျဖစ္ေနေၾကာင္း အသိေနာက္က်ခဲ့ရသည္။
Li Ying ဆိုသူ အမ်ိဳးသမီက ၿပီးခဲ့သည့္ ႏွစ္ကုန္ပိုင္းတြင္ ရင္သားႀကီးထြားေစရန္ Jiaxing ၿမိဳ႕ရွိ ပလပ္စတစ္ ဆာဂ်ရီ အလွျပင္ခြဲစိပ္ျပဳျပင္မွုမ်ား ျပဳလုပ္သည့္ ေဆး႐ုံတြင္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။
သိပ္မၾကာေသးမီက အဆိုပါခြဲစိပ္ျပဳျပင္ထားေသာ ရင္သားေနရာက အရည္မ်ား ယိုစိမ့္လာသလို သူမရဲ့ နို႔သီးေခါင္းေနရာ ညိဳးပုတ္လာတာကို ေတြ႕ရတဲ့အတြက္ ခြဲစိပ္ေပးခဲ့ေသာ ဆရာဝန္ထံသို႔ အြန္လိုင္း WeChat မွေန၍ အက်ိဳးအေၾကာင္းကို ဓာတ္ပုံႏွင့္တစ္ကြ ေပးပို႔ေမးျမန္ခဲ့ရာ ဆရာဝန္မွ ဒါဟာ ပုံမွန္သာျဖစ္ေၾကာင္း၊ စိတ္ပူရန္ မလိုေၾကာင္း ေျပာဆိုခဲ့ၿပီး ဆႏၵရွိပါက ေနာက္ေန႔တြင္ ေဆး႐ုံသို႔လာျပရန္ ေျပာဆိုခဲ့သည္။
ေနာက္ရက္တြင္ သူမက ကံေကာင္းစြာျဖင့္ အျခားအေတြးတစ္ခုရၿပီး ရွန္ဟိုင္းေဆး႐ုံႀကီးသို႔ သြားျပခဲ့ရာ ဆရာဝန္မ်ား၏ စစ္ေဆးခ်က္အရ ျဖစ္ကတတ္ဆန္း ခြဲစိတ္ထားသည့္အတြက္ ရင္သားအတြင္း ျပသနာျဖစ္ေနေၾကာင္း ေတြ႕ရွိခဲ့ရၿပီး အေရးေပၚ ခြဲစိတ္မွုျပဳလုပ္ကာ ရင္းသားထဲက ပစၥည္းမ်ားကို ျပန္လည္ထုတ္ယူခဲ့ရသည္။
ထို႔ေနာက္ ယခင္က ခြဲစိတ္ေပးခဲ့ေသာ ဆရာဝန္အား မွတ္တမ္းမ်ားႏွင့္ ျပန္လည္စစ္ေဆးရာ သြားႏွင့္ခံတြင္း ခြဲစိတ္ကုဆရာဝန္ျဖစ္ေနၿပီး ယခုကဲ့သို႔ အလွျပဳျပင္ခြဲစိတ္ရန္ လိုင္စင္မရွိေၾကာင္း ေတြ႕ခဲ့ရၿပီးေနာက္ အမ်ိဳးသမီးက တရားစြဲဆိုရန္ တင္ျပထားသည္။
Credit:popolay
Unicode
မကြာသေးမီကမှ ရင်သားအလှ ခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့သော အမျိုးသမီးတစ်ဦးသည် ခွဲစိတ်ထားသော ရင်သားနေရာမှ အရည်များ ယိုစိမ့်ထွက်လာခဲ့ပြီးနောက် ဆေးရုံသို့ သွားပြခဲ့ရာတွင် သူမကို ခွဲစိပ်ပေးခဲ့သော ဆရာဝန်မှာ သွားနဲ့ခံတွင်း ဆရာဝန်ဖြစ်နေကြောင်း အသိနောက်ကျခဲ့ရသည်။
Li Ying ဆိုသူ အမျိုးသမီက ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ရင်သားကြီးထွားစေရန် Jiaxing မြို့ရှိ ပလပ်စတစ် ဆာဂျရီ အလှပြင်ခွဲစိပ်ပြုပြင်မှုများ ပြုလုပ်သည့် ဆေးရုံတွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သိပ်မကြာသေးမီက အဆိုပါခွဲစိပ်ပြုပြင်ထားသော ရင်သားနေရာက အရည်များ ယိုစိမ့်လာသလို သူမရဲ့ နို့သီးခေါင်းနေရာ ညိုးပုတ်လာတာကို တွေ့ရတဲ့အတွက် ခွဲစိပ်ပေးခဲ့သော ဆရာဝန်ထံသို့ အွန်လိုင်း WeChat မှနေ၍ အကျိုးအကြောင်းကို ဓာတ်ပုံနှင့်တစ်ကွ ပေးပို့မေးမြန်ခဲ့ရာ ဆရာဝန်မှ ဒါဟာ ပုံမှန်သာဖြစ်ကြောင်း၊ စိတ်ပူရန် မလိုကြောင်း ပြောဆိုခဲ့ပြီး ဆန္ဒရှိပါက နောက်နေ့တွင် ဆေးရုံသို့လာပြရန် ပြောဆိုခဲ့သည်။

နောက်ရက်တွင် သူမက ကံကောင်းစွာဖြင့် အခြားအတွေးတစ်ခုရပြီး ရှန်ဟိုင်းဆေးရုံကြီးသို့ သွားပြခဲ့ရာ ဆရာဝန်များ၏ စစ်ဆေးချက်အရ ဖြစ်ကတတ်ဆန်း ခွဲစိတ်ထားသည့်အတွက် ရင်သားအတွင်း ပြသနာဖြစ်နေကြောင်း တွေ့ရှိခဲ့ရပြီး အရေးပေါ် ခွဲစိတ်မှုပြုလုပ်ကာ ရင်းသားထဲက ပစ္စည်းများကို ပြန်လည်ထုတ်ယူခဲ့ရသည်။
ထို့နောက် ယခင်က ခွဲစိတ်ပေးခဲ့သော ဆရာဝန်အား မှတ်တမ်းများနှင့် ပြန်လည်စစ်ဆေးရာ သွားနှင့်ခံတွင်း ခွဲစိတ်ကုဆရာဝန်ဖြစ်နေပြီး ယခုကဲ့သို့ အလှပြုပြင်ခွဲစိတ်ရန် လိုင်စင်မရှိကြောင်း တွေ့ခဲ့ရပြီးနောက် အမျိုးသမီးက တရားစွဲဆိုရန် တင်ပြထားသည်။
Credit:popolay

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...