ဗိုလ္ခ်ဳပ္ေအာင္ဆန္း ဘာေၾကာင့္ ဦးေန၀င္းကို ပါး႐ိုက္ဆံုးမခဲ့တာလဲဆိုရင္...

ေနဝင္းကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းဘာေၾကာင့္ပါး႐ိုက္ဆံုးမခဲ့တာလဲဆိုရင္.....?

ဗိုလ္ေနဝင္းရဲ႕ စ႐ိုက္လကၡဏာအမွန္

ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ေနဝင္းက သမၼတမန္းဝင္းေမာင္ကို ေကာ္လာကေဆာင့္ဆြဲတယ္ ဒုဝန္ႀကီးခ်ဳပ္ဦးေက်ာ္ၿငိမ္းကို ခင္ဗ်ားတို႔ ေစာက္အစိုးရကို ဘာျဖစ္တယ္ ညာျဖစ္တယ္ေျပာခဲ့ဖူးတယ္ဆိုၿပီး တပ္မေတာ္ကအၿငိမ္းစားတေယာက္ ဘယ္သူမွမၾကားဘူးတဲ့ သမိုင္းသစ္ေတြ ေျပာေနတယ္ၾကားတယ္ဗ်။ အဲေတာ့ က်ေနာ္ ဖတ္ဖူးမွတ္ဖူးတာေလးေတြ နားေထာင္ဖူးတာေတြ ျပန္မွ်ပါရေစဗ်ာ။

ဂ်ပန္ကို ရဲေဘာ္သံုးက်ိတ္ဘဝနဲ႔ မသြားခင္ စာတိုက္စာေရး ကိုရႈေမာင္ ဘဝကတည္းက မိန္းမမႈေပြတာ ေလာင္းကစားလုပ္တာ နာမည္ႀကီးပါတယ္။ တခ်ိဳ႕က ပိုက္ဆံအၿမဲျပတ္ေနလို႔ ပုလိပ္သတင္းေပးလည္း လုပ္ဖူးတယ္ဆိုစမွတ္ရွိပါတယ္။ ေနာက္ၿပီး ဒို႔ဗမာအစည္းအရံုး ႏွစ္ဂိုဏ္းကြဲစဥ္ သခင္ကိုယ္ေတာ္မွိုင္းအုပ္စုမဟုတ္တဲ့ ေဖာက္ျပန္တယ္လို႔ သိၾကတဲ့ ဗစိန္ ထြန္းအုပ္ဂိုဏ္းမွာ ေနရာတခုရေအာင္ယူပါတယ္။ ေၾကာင္လက္သည္းဝွက္ ရႈေမာင္ကို ရဲေဘာ္သံုးက်ိတ္စီစဥ္ခ်ိန္မွာ သခင္ကိုယ္ေတာ္မွိုင္းရဲ႕ သေဘာထားႀကီးမႈနဲ႔ ေသြးမကြဲလိုလို႔ ဗစိန္ထြန္းအုပ္ဂိုဏ္းကလူတခ်ိဳ႕ေခၚရာမွာ ထည့္သြင္းေစလႊတ္ခံရပါတယ္။ ဗစိန္ထြန္းအုပ္ဂိုဏ္းက လူေတြ ဗမာ့ႏိုင္ငံေရးမွာ အၿမဲရႈပ္ခဲ့ပံုလဲ သိၾကမယ္ထင္ပါတယ္။

ဂ်ပန္အဝင္ အဂၤလိပ္အဆုတ္ ေျမေအာက္ေတာ္လွန္ေရးစီမံဖို႔ ႀကိဳလႊတ္ေပမဲ့ ရန္ကုန္ဖာတန္းက မနည္းဆြဲထုတ္ရလို႔ ဗိုလ္ခ်ဳပ္က ျပင္းစြာသတိေပးခဲ့တယ္ဆိုပါတယ္။ ေနာက္တခါ ရန္ကုန္ကို ဗိုလ္မီူးႀကီးေနဝင္းဦးေဆာင္တဲ့ ဗမာ့တပ္မေတာ္က သိမ္းလိုက္ၿပီလို႔ ေက်ျငာခ်က္ထုတ္ၿပီး သူဘဲ လုပ္သလို နာမည္ယူလို႔ သတိေပးခံရပါေသးသတဲ့။

ဂ်ပန္ေခတ္မွာ ဗိုလ္ေနဝင္းရဲ႕ ရာထူးဟာ ေလာင္းကစား မိန္းမ လိုက္စားမႈစတဲ့ စာရိတၱပိုင္းဆိုင္ရာ ျပႆနာေတြေျကာင့္ ရာထူးခ်ခံရဖူးပါတယ္။ ဂ်ပန္ေခတ္ေတာ္လွန္ေရး အေတြ႕အၾကံဳ စာအုပ္ေတြ အတၳဳပတၱိေတြမွာ ဗိုလ္ေနဝင္း နာမည္ေတြ႕ရမွာ မဟုတ္ပါ။ သတင္းေပး လုပ္ဖူးတာ မိန္းမမႈျပႆနာ ျမင္းေလာင္းတာေတြနဲ႔ ေထြးလံုးေနလို႔ လိ်ဳွ႕ဝွက္ကိစၥေတြမွာ ေဘးဖယ္ထားခံရပါတယ္။

ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ မိန္းမေကာင္းတေယာက္အေပၚ ဗိုလ္ေနဝင္းရဲ႕ မဟားဒယားၾကံစည္မႈနဲ႔ ပတ္သက္ၿပီး ပါး႐ိုက္ဆံုးမခဲ့တယ္။ မ်က္ရည္လည္ရြဲ ၾကက္ႀကီးလည္လိမ္႐ုပ္နဲ႔ ငုတ္တုတ္ၿငိမ္ခံခဲ့တယ္ဆိုပါတယ္။

ဗိုလ္ေနဝင္းဟာ ျပစ္ခ်က္မ်ိဳးစံု ရွိေပမဲ့ ဗိုလ္ခ်ဳပ္ေခၚဆူတိုင္း ေျခသလံုးဖက္မတတ္ေတာင္းပန္တိုးလ်ွိုးတတ္တာရယ္ လူ႐ိုးလူအႀကီးလို ဟန္ေဆာင္တာရယ္ေၾကာင့္ သက္ၫွာေထာက္ထားခဲ့တယ္ အၿပီးမထုတ္ပယ္ခဲ့တာလို႔ ထင္ေၾကးေပးၾကပါတယ္။ ဒါေပမဲ့ ဗိုလ္ခ်ဳပ္အေပၚ အမ်က္သိုခဲ့ၿပီး လုပ္ၾကံခံရမႈမွာ သံသယေတြ သဲလြန္စေတြ ရွိခဲ့ေပမဲ့ သူဟာေနရာတခု ဆုပ္ကိုင္ထားလို႔ မေဖာ္ထုတ္ႏိုင္ခဲ့ပါဘူး။

လြတ္လပ္ေရးရအၿပီး ဦးႏုအစိုးရေခတ္မွာလည္း လင္ရွိမယား ေဒၚခင္ေမသန္းကို ယူတဲ့ျပစ္မႈနဲ႔ ဦးႏုက လူမႈေရးစည္းေဖာက္မႈနဲ႔ ထုတ္ပယ္ဖို႔ စီစဥ္ပါေသးတယ္။ သူေမြးထားတဲ့ ဆရာ ဦးေက်ာ္ၿငိမ္း ဦးဗေဆြကတဆင့္ ရွိခိုးေတာင္းပန္တယ္။ ေနာက္သူတို႔ပါ ျဖဳတ္ထုတ္အက်ဥ္းခ်ခံရမွာ မမွန္းဆႏိုင္ခဲ့တဲ့ ေဆြၿငိမ္းအုပ္စုေၾကာင့္ ရာထူးၿမဲခဲ့ျပန္ပါတယ္။ တကၠသိုလ္ေက်ာင္းသား ျဖဴျဖဴစင္စင္ႏိုင္ငံေရးသမားဘဝကလာခဲ့တဲ့ ဗိုလ္ခ်ဳပ္ေရာ ဦးႏုပါ ဗိုလ္ေနဝင္းရဲ႕ ဒူးတုတ္ရွိခိုး မ်က္ရည္လည္ရြဲ လွည့္ကြက္ကို လူ႐ိုးသားေတြမို႔ နားမလည္ဘဲ ဗမာျပည္ကံဆိုးခဲ့ရပါတယ္။

အခ်ဳပ္ေျပာရရင္ ရႈေမာင္ေခၚ ဗိုလ္ေနဝင္းဟာ အာဏာရွင္မျဖစ္ခင္ ကာလတေလွွ်ာက္လံုး အထက္လူႀကီးေတြကို နင္ဘဲငဆ ေျပာဖို႔ အက်ႌေဆာင့္ဆြဲဖို႔ အသာထား လုပ္ခ်င္လုပ္ ထင္ရာစိုင္းၿပီးရင္ မ်က္ရည္လည္ရြဲ ဒူးတုတ္ေတာင္းပန္သူပါ။ ကပ္ဖားရပ္ဖား ဆရာေမြးၿပီး တက္လမ္းရွာသူပါ။ အင္မတန္ ထက္တယ္ လည္တယ္ဆိုတဲ့ ဦးေက်ာ္ၿငိမ္းလို လူေတာင္ တပတ္႐ိုက္ ဆရာေမြးၿပီး ေနာက္ဆံုးမွ အက်ဥ္းခ်ခဲ့သူပါ။ ဦးဗေဆြကေတာ့ ေထာင္ထဲေရာက္ေနခ်ိန္ေတာင္ သူ႔လူဗိုလ္ေနဝင္းက တိုင္းျပည္အေပၚေတာ့ ေစတနာရွိတယ္ ယံုခဲ့သူပါ။ ဘယ္ေလာက္ ေၾကာင္လက္သည္းဝွက္ ေရွ႕တမ်ိဳးကြယ္ရာတမ်ိဳးလုပ္တတ္သလဲဆို ဦးႏုကေတာ္ ေဒၚျမရီဟာ အာဏာသိမ္းခံရတဲ့ညက ေမာင္ေနဝင္းေလးေရာ အႏၲရာယ္ကင္းရဲ႕လားမသိဘူးဆိုၿပီး စိုးရိမ္ေနခဲ့ပါသတဲ့။ အာဏာရၿပီးခ်ိန္ ေသာင္းက်န္းပံုေတြကေတာ့ ၾကားဖူးၾကမွာပါ။ အခုေတာ့ ဗိုလ္ေနဝင္းဟာ မဟုတ္မခံ မွန္မွန္လုပ္တတ္တဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္လို ပံုေဖာ္တာကို အမွန္သိေစခ်င္လို႔ မွတ္မိသေလာက္ ျပန္ခ်ေရးလိုက္ပါတယ္။

(အခ်က္အလက္ေတြကို ေၾကးမံုဦးေသာင္းရဲ႕ စာအုပ္မ်ား ေထာက္လွမ္းေရးဒုၫႊန္ခ်ဳပ္ ဗိုလ္မႉးႀကီးၾကည္ေဆြရဲ႕ စာအုပ္၊ ဦးေအာင္ခင္ရဲ႕ ေအာင္ဆန္းကိုဘယ္သူသတ္သလဲ စာအုပ္ ေနာက္ၿပီး မိုးမခစာအုပ္စင္ စာမ်က္ႏွာ စာေရးသူေတြဆီမွာ ဖတ္ဖူးမွတ္ဖူးတာေတြက ကိုးကားတာပါ။ ေနာက္ၿပီး ငယ္ငယ္က ႏိုင္ငံေရးအတိတ္ေတြ ေျပာျပတဲ့ ေဖေဖနဲ႔ သူ႔မိတ္ေဆြေတြ ေျပာတာေတြ နားေထာင္ခဲ့တာေတြလည္း ပါပါတယ္။ )

Credit - UNL

ဓာတ္ပံုမွာ တာဝန္ခ်ိန္တြင္ စစ္ရုံးတြင္ မရွိပဲ ရန္ကုန္ျမင္းျပိဳင္ကြင္းသို႕ သြားကာ ျမင္းစီးသမား ေဂ်ာ္ကီ နာမည္ၾကည့္ျပီး ေလာင္းေလ့ရွိေသာ ဗိုလ္ခ်ဳပ္ၾကီး ေနဝင္းကို သတင္းစာဆရာ ဦးအုန္းခင္ သြားေရာက္ အင္တာဗ်ဴးေနသည္ ပံု ျဖစ္သည္။ ဆိုင္းဘုတ္တြင္ ျမင္းစီးသမားမ်ား၏ အမည္ကို ေတြ႕ရမည္။

copy..Nay zaw myo win
==========

နေဝင်းကို ဗိုလ်ချုပ်အောင်ဆန်းဘာကြောင့်ပါးရိုက်ဆုံးမခဲ့တာလဲဆိုရင်.....?

ဗိုလ်နေဝင်းရဲ့ စရိုက်လက္ခဏာအမှန်

ကာကွယ်ရေးဦးစီးချုပ်ဗိုလ်နေဝင်းက သမ္မတမန်းဝင်းမောင်ကို ကော်လာကဆောင့်ဆွဲတယ် ဒုဝန်ကြီးချုပ်ဦးကျော်ငြိမ်းကို ခင်ဗျားတို့ စောက်အစိုးရကို ဘာဖြစ်တယ် ညာဖြစ်တယ်ပြောခဲ့ဖူးတယ်ဆိုပြီး တပ်မတော်ကအငြိမ်းစားတယောက် ဘယ်သူမှမကြားဘူးတဲ့ သမိုင်းသစ်တွေ ပြောနေတယ်ကြားတယ်ဗျ။ အဲတော့ ကျနော် ဖတ်ဖူးမှတ်ဖူးတာလေးတွေ နားထောင်ဖူးတာတွေ ပြန်မျှပါရစေဗျာ။

ဂျပန်ကို ရဲဘော်သုံးကျိတ်ဘဝနဲ့ မသွားခင် စာတိုက်စာရေး ကိုရှုမောင် ဘဝကတည်းက မိန်းမမှုပွေတာ လောင်းကစားလုပ်တာ နာမည်ကြီးပါတယ်။ တချို့က ပိုက်ဆံအမြဲပြတ်နေလို့ ပုလိပ်သတင်းပေးလည်း လုပ်ဖူးတယ်ဆိုစမှတ်ရှိပါတယ်။ နောက်ပြီး ဒို့ဗမာအစည်းအရုံး နှစ်ဂိုဏ်းကွဲစဉ် သခင်ကိုယ်တော်မှိုင်းအုပ်စုမဟုတ်တဲ့ ဖောက်ပြန်တယ်လို့ သိကြတဲ့ ဗစိန် ထွန်းအုပ်ဂိုဏ်းမှာ နေရာတခုရအောင်ယူပါတယ်။ ကြောင်လက်သည်းဝှက် ရှုမောင်ကို ရဲဘော်သုံးကျိတ်စီစဉ်ချိန်မှာ သခင်ကိုယ်တော်မှိုင်းရဲ့ သဘောထားကြီးမှုနဲ့ သွေးမကွဲလိုလို့ ဗစိန်ထွန်းအုပ်ဂိုဏ်းကလူတချို့ခေါ်ရာမှာ ထည့်သွင်းစေလွှတ်ခံရပါတယ်။ ဗစိန်ထွန်းအုပ်ဂိုဏ်းက လူတွေ ဗမာ့နိုင်ငံရေးမှာ အမြဲရှုပ်ခဲ့ပုံလဲ သိကြမယ်ထင်ပါတယ်။

ဂျပန်အဝင် အင်္ဂလိပ်အဆုတ် မြေအောက်တော်လှန်ရေးစီမံဖို့ ကြိုလွှတ်ပေမဲ့ ရန်ကုန်ဖာတန်းက မနည်းဆွဲထုတ်ရလို့ ဗိုလ်ချုပ်က ပြင်းစွာသတိပေးခဲ့တယ်ဆိုပါတယ်။ နောက်တခါ ရန်ကုန်ကို ဗိုလ်မီူးကြီးနေဝင်းဦးဆောင်တဲ့ ဗမာ့တပ်မတော်က သိမ်းလိုက်ပြီလို့ ကျေငြာချက်ထုတ်ပြီး သူဘဲ လုပ်သလို နာမည်ယူလို့ သတိပေးခံရပါသေးသတဲ့။

ဂျပန်ခေတ်မှာ ဗိုလ်နေဝင်းရဲ့ ရာထူးဟာ လောင်းကစား မိန်းမ လိုက်စားမှုစတဲ့ စာရိတ္တပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ရာထူးချခံရဖူးပါတယ်။ ဂျပန်ခေတ်တော်လှန်ရေး အတွေ့အကြုံ စာအုပ်တွေ အတ္ထုပတ္တိတွေမှာ ဗိုလ်နေဝင်း နာမည်တွေ့ရမှာ မဟုတ်ပါ။ သတင်းပေး လုပ်ဖူးတာ မိန်းမမှုပြဿနာ မြင်းလောင်းတာတွေနဲ့ ထွေးလုံးနေလို့ လျိုှ့ဝှက်ကိစ္စတွေမှာ ဘေးဖယ်ထားခံရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မိန်းမကောင်းတယောက်အပေါ် ဗိုလ်နေဝင်းရဲ့ မဟားဒယားကြံစည်မှုနဲ့ ပတ်သက်ပြီး ပါးရိုက်ဆုံးမခဲ့တယ်။ မျက်ရည်လည်ရွဲ ကြက်ကြီးလည်လိမ်ရုပ်နဲ့ ငုတ်တုတ်ငြိမ်ခံခဲ့တယ်ဆိုပါတယ်။

ဗိုလ်နေဝင်းဟာ ပြစ်ချက်မျိုးစုံ ရှိပေမဲ့ ဗိုလ်ချုပ်ခေါ်ဆူတိုင်း ခြေသလုံးဖက်မတတ်တောင်းပန်တိုးလျှိုးတတ်တာရယ် လူရိုးလူအကြီးလို ဟန်ဆောင်တာရယ်ကြောင့် သက်ညှာထောက်ထားခဲ့တယ် အပြီးမထုတ်ပယ်ခဲ့တာလို့ ထင်ကြေးပေးကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အပေါ် အမျက်သိုခဲ့ပြီး လုပ်ကြံခံရမှုမှာ သံသယတွေ သဲလွန်စတွေ ရှိခဲ့ပေမဲ့ သူဟာနေရာတခု ဆုပ်ကိုင်ထားလို့ မဖော်ထုတ်နိုင်ခဲ့ပါဘူး။

လွတ်လပ်ရေးရအပြီး ဦးနုအစိုးရခေတ်မှာလည်း လင်ရှိမယား ဒေါ်ခင်မေသန်းကို ယူတဲ့ပြစ်မှုနဲ့ ဦးနုက လူမှုရေးစည်းဖောက်မှုနဲ့ ထုတ်ပယ်ဖို့ စီစဉ်ပါသေးတယ်။ သူမွေးထားတဲ့ ဆရာ ဦးကျော်ငြိမ်း ဦးဗဆွေကတဆင့် ရှိခိုးတောင်းပန်တယ်။ နောက်သူတို့ပါ ဖြုတ်ထုတ်အကျဉ်းချခံရမှာ မမှန်းဆနိုင်ခဲ့တဲ့ ဆွေငြိမ်းအုပ်စုကြောင့် ရာထူးမြဲခဲ့ပြန်ပါတယ်။ တက္ကသိုလ်ကျောင်းသား ဖြူဖြူစင်စင်နိုင်ငံရေးသမားဘဝကလာခဲ့တဲ့ ဗိုလ်ချုပ်ရော ဦးနုပါ ဗိုလ်နေဝင်းရဲ့ ဒူးတုတ်ရှိခိုး မျက်ရည်လည်ရွဲ လှည့်ကွက်ကို လူရိုးသားတွေမို့ နားမလည်ဘဲ ဗမာပြည်ကံဆိုးခဲ့ရပါတယ်။

အချုပ်ပြောရရင် ရှုမောင်ခေါ် ဗိုလ်နေဝင်းဟာ အာဏာရှင်မဖြစ်ခင် ကာလတလျှှောက်လုံး အထက်လူကြီးတွေကို နင်ဘဲငဆ ပြောဖို့ အကျႌဆောင့်ဆွဲဖို့ အသာထား လုပ်ချင်လုပ် ထင်ရာစိုင်းပြီးရင် မျက်ရည်လည်ရွဲ ဒူးတုတ်တောင်းပန်သူပါ။ ကပ်ဖားရပ်ဖား ဆရာမွေးပြီး တက်လမ်းရှာသူပါ။ အင်မတန် ထက်တယ် လည်တယ်ဆိုတဲ့ ဦးကျော်ငြိမ်းလို လူတောင် တပတ်ရိုက် ဆရာမွေးပြီး နောက်ဆုံးမှ အကျဉ်းချခဲ့သူပါ။ ဦးဗဆွေကတော့ ထောင်ထဲရောက်နေချိန်တောင် သူ့လူဗိုလ်နေဝင်းက တိုင်းပြည်အပေါ်တော့ စေတနာရှိတယ် ယုံခဲ့သူပါ။ ဘယ်လောက် ကြောင်လက်သည်းဝှက် ရှေ့တမျိုးကွယ်ရာတမျိုးလုပ်တတ်သလဲဆို ဦးနုကတော် ဒေါ်မြရီဟာ အာဏာသိမ်းခံရတဲ့ညက မောင်နေဝင်းလေးရော အန္တရာယ်ကင်းရဲ့လားမသိဘူးဆိုပြီး စိုးရိမ်နေခဲ့ပါသတဲ့။ အာဏာရပြီးချိန် သောင်းကျန်းပုံတွေကတော့ ကြားဖူးကြမှာပါ။ အခုတော့ ဗိုလ်နေဝင်းဟာ မဟုတ်မခံ မှန်မှန်လုပ်တတ်တဲ့ ကာကွယ်ရေးဦးစီးချုပ်လို ပုံဖော်တာကို အမှန်သိစေချင်လို့ မှတ်မိသလောက် ပြန်ချရေးလိုက်ပါတယ်။

(အချက်အလက်တွေကို ကြေးမုံဦးသောင်းရဲ့ စာအုပ်များ ထောက်လှမ်းရေးဒုညွှန်ချုပ် ဗိုလ်မှူးကြီးကြည်ဆွေရဲ့ စာအုပ်၊ ဦးအောင်ခင်ရဲ့ အောင်ဆန်းကိုဘယ်သူသတ်သလဲ စာအုပ် နောက်ပြီး မိုးမခစာအုပ်စင် စာမျက်နှာ စာရေးသူတွေဆီမှာ ဖတ်ဖူးမှတ်ဖူးတာတွေက ကိုးကားတာပါ။ နောက်ပြီး ငယ်ငယ်က နိုင်ငံရေးအတိတ်တွေ ပြောပြတဲ့ ဖေဖေနဲ့ သူ့မိတ်ဆွေတွေ ပြောတာတွေ နားထောင်ခဲ့တာတွေလည်း ပါပါတယ်။ )

Credit - UNL

ဓာတ်ပုံမှာ တာဝန်ချိန်တွင် စစ်ရုံးတွင် မရှိပဲ ရန်ကုန်မြင်းပြိုင်ကွင်းသို့ သွားကာ မြင်းစီးသမား ဂျော်ကီ နာမည်ကြည့်ပြီး လောင်းလေ့ရှိသော ဗိုလ်ချုပ်ကြီး နေဝင်းကို သတင်းစာဆရာ ဦးအုန်းခင် သွားရောက် အင်တာဗျူးနေသည် ပုံ ဖြစ်သည်။ ဆိုင်းဘုတ်တွင် မြင်းစီးသမားများ၏ အမည်ကို တွေ့ရမည်။

copy..Nay zaw myo win

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...