သူနာျပဳ ဆႏၵျပပြဲႏွင့္ပတ္သတ္၍ သုံးသပ္ျခင္း

သူနာျပဳ ဆႏၵျပပြဲႏွင့္ပတ္သတ္၍ သုံးသပ္ျခင္း

၂၀၁၇ႏွစ္ မတ္လ ၁၅ရက္ေန႔ (ယေန႔)မွာ သူတုိ႔ ဆႏၵျပပြဲျဖစ္ခဲ႔ျကပါတယ္…။ေတြ႔ရွိရတဲ႔ ဗီဒီယုိဖုိင္မ်ားအရ အလြန္စည္းကမ္းရွိတဲ႔ ဆႏၵျပပြဲျဖစ္ပါတယ္…။အဲဒီလုိ စည္းကမ္းတက် ဆႏၵျပတာျဖစ္တာေျကာင့္ သူတုိ႔ကုိ အေရးယူဖုိ႔ ျပဳလုပ္မယ္ဆုိ အစုိးရဟာ အရွက္ရဖြယ္ရွိတယ္လုိ႔ က်ေနာ္ ဦးစြာေျပာလုိပါတယ္…။

ဘာေျကာင့္ ဆႏၵျပရလဲဆုိတဲ႕ အေျကာင္းအရင္းကုိ က်ေနာ္တီးေခါက္ ေလ့လာျကည့္မိတယ္…။အဓိက အခ်က္ကေတာ့ သူနာျပဳ ေက်ာင္းဆင္းျပီးတာေတာင္ သူနာျပဳလုိင္စင္ မထုတ္ေပးဘူးလုိ႔…က်န္းမာေရးဝန္ျကီးဌာနဘက္က သတ္မွတ္တာဟာ သူတုိ႔ အဓိက ဆႏၵျပရျခင္း အေျကာင္းအရင္းပါပဲ…။

အဲဒီမွာ ရယ္စရာေကာင္းတဲ႔အခ်က္ တစ္ခ်က္ေတြ႔ရတယ္…။သူနာျပဳလုပ္ကုိင္ခြင့္ လုိင္စင္မရွိေပမယ့္…ျပည္သ႔ူ(အစုိးရ)ေဆးရုံေတြမွာ သူနာျပဳ ၃ႏွစ္ လုပ္ကုိင္ရေပးရမယ္ဆုိတဲ႔ အခ်က္ပါပဲ…။

"အရင္ကဆုိ ေက်ာင္းျပီး ၆လဆုိ သူနာျပဳလုိင္စင္ထုတ္ေပးတယ္…။

ႏွစ္ႏွစ္တာဝန္ထမ္းေဆာင္ရတယ္…။

ယခု လုိင္မထုတ္ေပးပဲ
တာဝန္ထမ္းေဆာင္ခုိင္းမယ္…။

၃ႏွစ္လုိ႔တုိးတယ္…။
၃ႏွစ္ျပီးမွ လုိင္စင္ထုတ္ေပးမယ္…။"

ဒီေတာ့ တရားဥပေဒ စုိးမုိးေရး အရ က်ေနာ္တုိ႔ ျပန္ျကည့္ျကမယ္…။ဥပေဒေပါ့ေလ…။ကားေမာင္းလုိင္စင္မရွိဘဲ…ကားေမာင္းလုိ႔…စစ္ေဆးေတြ႔ရွိရင္ အေရးယူမခံရဘူးလား…။ကားေမာင္းသင္တန္းေအာင္ျမင္ျပီး လမ္းေပၚမွာ လုိင္စင္မရွိဘဲ ၃ႏွစ္ေလာက္ေမာင္းျပျပီးမွ ကားေမာင္းလုိင္စင္ထုတ္ေပးပါသလား…။ျကည့္ေနာ္ ရယ္စရာ အရမ္းေကာင္းေနတယ္…။

ကားမားလုိင္စင္မရွိဘဲ ကားေမာင္းရင္ ဖမ္းတဲ႔ႏုိင္ငံမွာ…သူနာျပဳလုပ္ကုိင္ခြင့္ လုိင္စင္မရွိတဲ့ သူေတြကုိ ျပည္သူေဆးရုံေတြမွာ ၃ႏွစ္အလုပ္ခန္႔တယ္ဆုိေတာ့…။ေတာ္ေတာ္ရယ္စရာေကာင္းေနပါျပီ…။ဒီေတာ့ ဒီလုိ စည္းမ်ဥ္းစည္းကမ္း(ဥပေဒ)ထုတ္ျပန္တာ ကုသခံရမယ့္ ျပည္သူေတြေရာ…ကုသရမယ့္ သူနာျပဳေတြအတြက္ေရာ မွ်တရဲ႕လားေတြးစရာပါပဲ…။

ေနာက္တစ္ခ်က္က…
အစုိးရဘက္ဘာလုိ႔ အဲဒီလုိလုပ္လဲဆုိတာကုိ စဥ္းစားခန္းပါ…။ဘာေျကာင့္လုိင္စင္ထုတ္မေပးလဲဆုိေတာ့…လိုင္စင္မရွိရင္…အျပင္ေဆးခန္းေတြမွာ အခ်ိန္ပုိင္း အလုပ္လုပ္လုိ႔မရေတာ့ပါဘူး…။ဒီလုိ မလုပ္ေစခ်င္လုိ႔ လုိင္စင္မထုတ္ေပးတာလုိ႔ ေတြးလုိ႔ရတယ္…။ဒါမွမဟုတ္ရင္ သူနာျပဳေက်ာင္းက အဆင့္မမီွလုိ႔လားေမးခြန္းထုတ္ရေတာ့မွာေနာ္…။ေက်ာင္းျပီး စာေမးပြဲေတြေအာင္ျပီးတာေတာင္ သူနာျပဳပညာတတ္ေအာင္ မသင္ေပးလုိက္ႏုိင္ပါဘူးလုိ႔ ႏုိင္ငံေတာ္ပညာေရးက ဝန္ခံလုိက္သလုိ ျဖစ္သြားမွာေပါ့…။(ေက်ာင္းတက္ေနစဥ္မွာပဲ ေဆးရုံအေတြ႔အျကုံယူျပီးသားပါပဲ)

ဒီေတာ့…က်ေနာ္ ပထမအခ်က္ပဲယူပါတယ္…။
အရပ္စကားနဲ႔ဆုိ အျပင္မွာ မလုပ္စားေစခ်င္လုိ႔…။ဟုတ္ျပီ…သူနာျပဳေလးေတြ အျပင္ေဆးခန္းမွာ လုပ္ကုိင္ေနတာကုိ ေလ့လာျကည့္ေတာ့…သူတုိ႔အခ်ိန္ပုိင္း အလုပ္လုပ္တာဟာ သူတုိ႔ အားလပ္ရက္ အနားယူရမယ့္ ရက္မွာ…အနားမယူဘဲ လုပ္ကုိင္ျကတာျဖစ္တယ္…။ေဆးရုံ အမ်ားစုကေတာ့ နားရက္ ၈ရက္…တခ်ဳိ႕ေဆးရုံ ၉ရက္ရတယ္…တခ်ဳိ႕ ေဆးရုံ ၈ရက္ထပ္နည္းရတယ္…။

လူတုိင္း သက္သာရတာ အနားရတာကုိ ျကုိက္ပါတယ္…။ဒါေပမယ့္ မနားဘဲ ဘာေျကာင့္ အလုပ္ထပ္လုပ္ေနရသလဲ…ဘာေျကာင့္လဲဆုိေတာ့ မူရင္းအလုပ္ဟာ လုံေလာက္တဲ႔ ဝင္ေငြ မရွိလုိ႔ေပါ့။အဲလုိ သူတုိ႔ရတဲ႔ နားရက္ေလးေတြမွာ မနားဘဲ အျပင္ဝင္ေငြေလးရဖုိ႔ အခ်ိန္ပုိင္းအလုပ္ေလးဆင္းရဖုိ႔ လိုင္စင္ေလးသူတုိ႔မွာလုိအပ္တယ္…။

သူနာျပဳတစ္ေယာက္ျဖစ္ဖုိ႔ ေက်ာင္း ၃ႏွစ္ ၄ႏွစ္တက္ရပါတယ္…။သူတုိ႔ဟာ သူတုိ႔စားရိတ္နဲ႔သူတုိ႔တက္ရတာပါ…။ ​BNSc( Bachelor of nursing science) ဘြဲ႔ရဖုိ႔ဆုိ ၄ႏွစ္…။ Diploma ဆုိ ၃ႏွစ္…။

ဒီႏွစ္ေတြအတြင္း မိဘအုပ္ထိန္းသူေတြက ေထာက္ပံေပးထားရတာ…။အဆင္ေျပတဲ႔ မိဘေတြတုိေတာ္ေသးတာေပါ့…။မေျပတဲ႔ မိဘေတြဆုိရင္ ေက်ာင္းဆင္းျပီးရင္ နဲနဲေတာ့ မိဘကုိ ျပန္ျကည့္ေစခ်င္တာေပါ့…။က်ေနာ္တုိ႔ဆီမွာ အဆင္မေျပတဲ႔ မိသားစုကမ်ားပါတယ္…။ကုိယ့္ကေလး ပညာတတ္ေစခ်င္လုိ႔ ေပါင္လွန္ေခ်းငွားျပီး ေက်ာင္းထားထားရတဲ႔ မိဘေတြမနဲပါဘုူး…။ဒါေတြ ျပန္ေပးစပ္ဖုိ႔လဲ ရွိေသးတယ္မဟုတ္လား…။

ဟုတ္ျပီ ရတဲ႔ လစာက (၁သိန္း၆ေသာင္းခြဲ)…။သူနာျပဳေတြေနဖုိ႕ တူတူတန္တန္ အေဆာင္ေလးေတာင္ ေလာက္ငွေအာင္မရွိပါဘုူး…ဖယ္ရီမရွိ…။ဒီေတာ့ နယ္ခံမဟုတ္တဲ႔ သူဆုိ အေဆာင္ငွားေနမယ္…။ကားခ ယခုဆုိ သိတဲ႔အတုိင္း ကားေတြက ႏွစ္ဆင့္သုံးဆင့္…တစ္ရက္ တစ္ေထာင္ထား…။တစ္လ သုံးေသာင္း…။အေဆာင္ခနဲ႔ ၆ေသာင္းေလာက္ထား…။အလုပ္ခ်ိန္မီဖုိ႔အတြက္ ၂၄နာရီ ဂ်ဴတီေတြေျကာင့္ ခ်က္စားဖုိ႔ သိပ္မျဖစ္ႏုိင္ ဝယ္စားမယ္…။မနက္စာ ေန႕လယ္စာ ညစာ…ေခြ်ေခြ်တာတာ၃ေထာင္ေတာ့ အနဲဆုံးက်မွာပဲ…။၉ေသာင္းထား…။အဲလုိ ကြက္တိသုံးမွ ၁ေသာင္းေလာက္ပုိမွာ…။ေဟာ လူမႈေရး အလွဴအတန္း…အဝတ္အစားဖုိး…သူနာျပဳေနမေကာင္းရင္ေရာ…သူတုိ႔ ေနာင္ေရးအတြက္ စုဖုိ႔ေဆာင္းဖုိ႕…အိမ္ေထာင္သည္ဆုိရင္ေရာ ကေလးစားရိတ္…အမ်ားျကီးပါပဲ…။

ဒါေျကာင့္ သူနာျပဳေတြလည္း အျပင္ဝင္ေငြေလးရေအာင္ရွာဖုိ႔ေတာ့ ေတြးလာျပီေပါ့…။အဲလုိ သူတုိ႔နားခ်ိန္ကုိ မနားဘဲ ရုန္းကန္ဖုိ႔အတြက္ေလးကုိ လုိင္စင္လုိပါတယ္ ခင္ဗ်ာ…။

( ၁ )ဥပေဒဟာ ရယ္စရာျကီး ျဖစ္မေနဖုိ႔
( ၂ )သူနာျပဳေတြ ရတဲ႔ လစာနည္းပါးမႈ
ဒီႏွစ္ခ်က္နဲ႔တင္ လုိင္စင္ဟာ မျဖစ္မေနထုတ္ေပးဖုိ႔ လုိအပ္ေနပါတယ္…။ဒါေျကာင့္ သူနာျပဳဆႏၵျပပြဲဟာ ျပသင့္ျပထုိက္လုိ႔ ျပတာျဖစ္ေျကာင္းပါလုိ႕ ဦးစြာသုံးသပ္ရင္း ထုိဆႏၵျပပြဲကုိ က်ေနာ္ေထာက္ခံပါတယ္…။

--
ႏွစ္တုိးတဲ႔ ကိစၥ…။တုိင္းျပည္အတြက္ အရမ္းလုိအပ္ေနလုိ႔ လုိင္စင္ေလးေပးျပီး…၁ႏွစ္ပုိတာဝန္ထမ္းေဆာင္ဖုိ႔ ေမတၱာရပ္ခံျပီး စည္းကမ္းထုတ္တာမ်ဳိးဆုိ သူနာျပဳေတြလည္း ျငင္းမယ္မထင္ပါဘူး…။

ဘာေျကာင့္လဲဆုိေတာ့ သူနာျပဳျဖစ္ဖုိ႕ဆုိတာ ေတာ္ရုံ စိတ္ထားမ်ဳိးနဲ႔မရပါဘူး…။ကရုဏာေဒါသနဲ႔ လူနာေတြေအာ္ခ်င္ေအာ္မိေပမယ့္…မရြံရ မရွက္ရ…အလွျပထြက္ေနလုိ႔မရ…အိပ္ေရးပ်က္ရ…ဒါေတြကုိ အနစ္နာခံျပီး လုပ္ဖုိ႕ ေရြးခ်ယ္ခဲ႔ျကသူေတြျဖစ္ျကလုိ႔ပါပဲ…။

ျပီးေတာ့ ေတာ္ရုံအရည္ခ်င္းမ်ဳိးနဲ႔ ၁၀တန္းေအာင္ခဲ႔ျကသူေတြမဟုတ္ပါဘူး…။ဂုဏ္ထူးမွတ္ေတြနဲ႔ေတာင္လာတာပါ…။သူတုိ႔ဟာ တျခားဝင္ေငြေကာင္းတဲ႔ အလုပ္အကုိင္အခြင့္အလမ္းကုိ ေရြးခ်ယ္ခြင့္ရွိသူေတြပါ…။ဝါသနာ ေစတနာ ပုိးျပီး အနစ္နာကုိ မမႈ႔ခဲ႔လုိ႔ ဒီလုိ သူနာျပဳဘဝကုိ ေရြးခ်ယ္သူေတြေပါ့…။

ဒါေျကာင့္
အစုိးရအေနနဲ႔ သူတုိ႔ကုိ ပုိက်ပ္တည္းေအာင္ အျပဳအမႈမ်ဳိးလုပ္ခဲ႔ရင္ …ဖိလြန္းရင္ ကန္ထြက္ပါတယ္…။ေတာ္ျပီ သူနာျပဳမျဖစ္ရလည္းေနေတာ့ သူနာျပဳမလုပ္ခ်င္ျကေတာ့ဘူးဆုိရင္ အနာဂတ္ တုိင္းျပည္က်န္းမာေရးက စုိးရိမ္စရာပဲလုိ႔ ေျပာခ်င္ပါတယ္…။

--
ဒါကေတာ့ သူနာျပဳ ဘဝေတြကုိ စာနာႏုိင္ဖုိ႔ က်ေနာ္တစ္ခ်ိန္ကေရးခဲ႔တာေလးပါ…။

သူနာျပဳ …
------
သူနာျပဳဟု ေခၚသည္…။
ဆရာမေလးလုိ႔လဲ ေခၚျက၏ …။
ေယာက္က်ား သူနာျပဳမ်ားလည္း ရွိသည္ဟု ဆုိျက၏ …။သုိ႔ေသာ္ မိန္းကေလး သူနာျပဳမ်ားသာ အမ်ားဆုံး ၉၉%သာျမင္ဖူးပါသည္ …။

သူနာျပဳေလးမ်ား အလွျပင္ျကသည္…။
ျပင္ေပမည္…အဘယ္ေျကာင့္ဆုိေသာ္ မိန္းကေလးျဖစ္၍ မသဘာဝေျကာင့္ …မပညတ္ျပ႒ာန္းမႈေျကာင့္ ျပင္ေပလိမ့္မည္…။ဤသည္ကုိ အျပစ္ေျပာ၍ မရပါ…။မသဘာဝပင္ ျဖစ္ေသာေျကာင့္သာ ျဖစ္၏…။

သူနာျပဳဆုိသည္မွာ နာမက်န္းသူမ်ားအား ျပဳစုေစာင့္ေရွာင့္ျခင္း အတတ္ကုိ တတ္ကြ်မ္းသူမ်ားကုိ ဆုိလုိျခင္းျဖစ္၏…။
ထုိ႔ေျကာင့္…သူတုိ႔တြင္ အတတ္ပညာဟူေသာ ဂုဏ္ရွိပါသည္…။
အတတ္ပညာဟူသည္ အသိပညာအေျခခံမွသာ ေပါက္ဖြား၍ ရသည္…။ထုိ႔ေျကာင့္ …သူတုိ႔တြင္ အသိပညာပါရွိ၏…။ေဆးပညာႏွင့္ လူနာျပဳစုေစာင့္ေရွာက္ျခင္း အသိပညာ အတတ္ပညာတုိ႔ သူတုိ႔ထံတြင္ရွိပါသည္…။ဤသုိ႔ေသာ သတ္မွတ္ ျပ႒ာန္းခ်က္ …အရည္အခ်င္းစစ္ေဆးျခင္းေအာင္ျမင္၍ သူနာျပဳဟူေသာ အသက္ေမြးဝမ္းေက်ာင္း လက္မွတ္ကုိ ရရွိျခင္းသာျဖစ္သည္…။

မိန္းမျဖစ္လုိ႔…လွလုိ႔…ႏြဲ႕လုိ႔ …ႏွလုိ႔ …သူနာျပဳျဖစ္ျခင္းမဟုတ္ပါ…။ပညာေျကာင့္သာ သူနာျပဳျဖစ္ျခင္း ျဖစ္ေပ၏…။

လိင္ပုိင္းဆုိင္ရာ …အလွအကၡရာမ်ားေျကာင့္မဟုတ္…။ပညာတည္းဟူေသာ တည့္တည့္ျကီးေျဖာင့္တန္းေနေသာအရာေျကာင့္ သူနာျပဳျဖစ္ရျခင္းျဖစ္ေလေတာ့၏…။

ဟုတ္ပါျပီ …။
သူနာျပဳဟူသည္ ပညာရွင္ျဖစ္ေသာေျကာင့္ မပင္ပန္း မဆင္းရဲဘူးဟု သင္ျမင္ပါသလား…။သင္အျမင္ မွားယြင္းသြားလိမ့္မည္…။

ယေန႔ေခတ္…က်ေနာ္တုိ႔ ႏုိင္ငံေတာ္ဝယ္…
စရိတ္မွ်ေပး က်န္းမာေရးေဆးရုံမ်ား၌ အမႈထမ္းေနေသာ သူနာျပဳေလးမ်ား သင္သြားျကည့္ပါ…။

လူနာ၅၀ေလာက္ရွိေသာ လူနာအေဆာင္တစ္ခုမွာ သူနာျပဳ ႏွစ္ေယာက္ခန္႔သာ ရွိပါသည္…။ထုိ႔ေျကာင့္ ၂၅ခ်ဳိး ၁ခ်ဳိးသာ သူနာျပဳ စြမ္းရည္ကုိ သင္ခံစားရမည္ျဖစ္သည္…။ဆရာဝန္မ်ားလည္းရွိမည္…။ဆရာဝန္ႏွင့္ သူနာျပဳမ်ား တာဝန္ခြဲပုံရသည္…။

ဆရာဝန္မ်ားက ေရာဂါရွာေဖြျကည့္ရႈ႕ခ်ိန္ရွိမည္…။ျပီးလွ်င္ ညႊန္ျကားမည္…။မည္သည့္ေဆးသြင္း…မည္သည့္ေဆးတုိက္ စသျဖင့္တုိ႔ကုိ ရွာေဖြလုပ္ေဆာင္ညႊန္ျကားသည္…။ဤသည္တုိ႔ကုိ သူနာျပဳမ်ားက ေဆာင္ရြက္ေပးရသည္…။

တာဝန္ခ်ိန္က…၂၄နာရီ ျဖစ္ခ်င္လည္းျဖစ္တတ္သည္…။အေသးအဖြဲ ပင္ပန္းဆင္းရဲမႈေလးေတြ မ်ားစြာရွိသည္…။

ေသြးသြင္းထားတဲ႔ လူနာ…ေသြးစက္မက်လုိ႔…ေသြးေျကာျပန္ရွာရတာ…ေဆးသြင္းလဲ ထုိ႔အတူပါပဲ…။
တစ္ဘူးကုန္သြားလုိ႔ ေနာက္တစ္ဘူး လဲဖုိ႔…။ဤသုိ႔ ကိစၥမ်ဳိးေတြပင္ လူနာရွင္က တေက်ာ္ေက်ာ္ ေခၚေနတတ္သည္…။လူနာက တစ္ေယာက္တည္းလဲ မဟုတ္ပါ…။ေသြးေျကာရွာခက္တဲ႔ လူနာနဲ႔ေတြ႔ရင္ ေခြ်းပင္ပ်ံေရာပဲ…။

ဒီလူနာကုိ လုပ္ေပးေနတုန္း ေနာက္လူနာ၂ေယာက္ ၃ေယာက္ကလဲ အလားတူအျဖစ္မ်ဳိးနဲ႔ ေခၚေနတာရွိသည္…။သူနာျပဳခဗ်ာ ထုိင္ဖုိ႔လုပ္ရင္း ေခၚလုိ႔ထရ…ျပန္ထုိင္မလုိ႔ လုပ္ရင္း…ထရနဲ႔ …မထုိင္လုိက္ရတာလဲရွိသည္…။တစ္ခါတစ္ခါ အျငိမ္မေနတဲ႔ လူနာ…ေျပာစကားနားမေထာင္တဲ႔ လူနာနဲ႔ေတြ႔ရင္ ပုိပင္ပန္းသည္…။လူ႔က်န္းမာေရး…အသက္ႏွင့္ ပတ္သက္ဆက္ႏြယ္ လုပ္ကုိင္ေနရတဲ႔ အတြက္ ပုိဖိအားမ်ားသည္…။ထုိ႔ေျကာင့္ စကားနားမေထာင္ပါက…တစ္ခါတစ္ခါ ေလသံမာ …ေအာ္ေငါက္မိတတ္သည္…။
ေဆးလိပ္ခုိးေသာက္သည့္ လူနာမ်ဳိးပင္ ရွိေသး၏…။ဂရုဏာေဒါသသာျဖစ္သည္…။

ဒုံးေဝးတဲ႔ လူနာရွင္ေတြပါရင္ ပုိဆုိးသည္…။ေဆးတုိက္ကအစ သူနာျပဳ တာဝန္လုိပိလာသည္…။အခ်ိန္ကုိက္ေဆးသြင္း…ေသြးသြင္းရတဲ႔ လူနာ…။စာရင္းဇယားေတြနဲ႔မွတ္ထားရသည္…။စိတ္ပင္မလြတ္လပ္ေတာ့…ထုိအခ်ိန္ကုိက္အတြက္ သတိထားေနရသည္…။အသက္အႏၲရာယ္အေရးျကီးတဲ႔ လူနာ…ထုိလူနာမ်ဳိးကုိ ပုိအခြင့္အေရးေပးျကည့္ရႈ႕ေတာ့လဲ…က်န္တဲ႔ လူနာရွင္က မ်က္ေစာင္းထုိးတဲ႔ ဒုကၡကမေသးေပ…။

တခ်ဳိ႕က တုိင္ျကေသးသည္…။သူနာျပဳေတြ ငုိက္ေနတယ္ဟု…သူနာျပဳေတြ ငုိက္မွာေပါ့…။ငုိက္ခြင့္ပဲရွိသည္…။အိပ္ခြင့္မွမရွိတာ…။ဒါကုိ နားလည္သင့္သည္…။လူနာေတြ ျငိမ္ခ်ိန္ …အိပ္ခ်ိန္ျကမွ သူတုိ႔လဲ ငုိက္ရသည္…။အိပ္ရသည္ မဟုတ္…။ေမွးရျခင္းသာျဖစ္သည္…။
ဒုန္း…ဒုန္းဆုိ ေျပးရတာပါပဲ…။

အေရးေပၚလူနာေဆာင္လုိမ်ဳိးေနရာတြင္
သူနာျပဳတစ္ေယာက္ကုိ တစ္ေနကုန္ထုိင္ျကည့္မည္ဆုိပါက…
ေတာ္ေတာ္ လမ္းေလွ်ာက္တဲ႔ မိန္းမလုိ႔ ခ်ီးက်ဴးမိမည္ျဖစ္သည္…။အေခါက္တုိ ပတ္ေလွ်ာက္…။အေဆာင္ကူး…အခန္းကူး…။ေဆးမွတ္တမ္းေတြ ဟုိပုိ႔ဒီပုိ႔…။ဆရာဝန္ေရးသြားတဲ႔ မွတ္တမ္းေတြလုိက္ျကည့္…။လူနာဆုိတာ ထမင္းစားခ်ိန္မနာနဲ႔ ေျပာထား၍ ရသည့္အမ်ဳိးမဟုတ္ပါ…။ထမင္းခ်ဳိင့္ဖြင့္တုန္း…ႏွစ္ဇြန္းေလာက္ပဲ ဝင္ေသး…လာပါဦးဆုိ ေျပးရျပန္သည္…။

အဲဒီ႔တစ္ခ်က္ရွိေသးသည္…။
သူနာျပဳဆုိသည္မွာ အေတာ္ပင္ ႏွလုံးေကာင္း …သတၱိရွိမွ လုပ္ႏုိင္မည့္ အလုပ္သာျဖစ္သည္…။က်ေနာ္ပင္ ေဆးရုံ၌ ထမင္းမစားတတ္ပါ…။ေဆးနံေတြ လူနာနံ႔ေတြႏွင့္ မအီမသာႏူိင္လြန္းလွသည္…။သူနာျပဳေနရာက စဥ္းစားျကည့္ရင္ အေတာ္ပင္ ဒုကၡမ်ားသည္…။

ေသြးျပည္…တစ္ခါတစ္ေလ ဖင္ေပါက္မက်န္…အညစ္အေျကး မေရွာင္ရ …အနာမေရွာင္ရ …လက္အိတ္ႏွင့္ဆုိေစဦး ေတာ္ရုံ ႏွလုံးမေကာင္းလုိ႔ကေတာ့ ရင္ထဲေတာ့ ပ်ဳိ႕မည္ျဖစ္သည္…။ေဆးထုိးအပ္ေတြ ေဆးပစၥည္းအသုံးအေဆာင္ေတြလဲ ကုိယ့္ကုိယ္မထိခုိက္မိဖုိ႔ ဂရုစုိက္ရေသးသည္…။

တစ္ခါတစ္ခါ ႏွာဘူး အႏၲရာယ္ကရွိေသးသည္…။သူနာျပဳတုိ႔၏ ရင္တြင္း၌ေတာ့ ဘာသာ လူမ်ဳိး ေယာက္က်ား မိန္းမဟူသည္ စိတ္မ်ဳိးမထားရွိပါ…။လူနာဟူေသာ တျဖည္းညီထဲေသာ အျမင္သာရွိပါသည္…။ဤသုိ႔လဲ ဥေပကၡာ တရားလဲ ထားရေသး၏…။ရွက္ေနေျကာက္ေနဖုိ႔ဆုိတာသူနာျပဳတာဝန္ခ်ိန္၌ အေဝးမွာသာ ထားရသည္…။အျပင္ေရာက္မွ ကုိယ့္ရည္းစားနဲ႔ေတြ႔မွသာ ရွက္ခ်င္ရွက္ျပမည္ ေျကာက္ခ်င္ေျကာက္မည္ ႏြဲ႕ခ်င္ႏြဲ႕မည္…။

ျပီးေတာ့ …လူနာကုိ ျပဳစုေစာင့္ေရွာက္တာျခင္း အတူတူ ဆရာဝန္တုိ႔ေလာက္ ေလးစားျခင္းမခံရေခ်…။တခ်ဳိ႔ဆုိ သူနာျပဳေတြအေပၚ အေတာ္ႏွိမ့္က်ေသာ အျမင္ပင္ရွိေခ်သည္…။တကယ္ေတာ့ သူနာျပဳ အလုပ္သည္ …အေတာ္ပင္ သနားဖုိ႔ေကာင္းပါသည္…။အခ်ိန္တန္ေတာ့လဲ…ကုိယ္ပုိင္ေဆးခန္းဖြင့္လုိ႔ရသည္လည္း မဟုတ္ပါ…။

မိန္းကေလးမ်ား တန္မဲ႔န႔ဲ
အရွက္ အေျကာက္ …ေရာဂါ ကူးစက္မႈ ေျခာက္လန္႔ျခင္း အႏၲရာယ္ …ေသြး…ျပည္…ရြံရွာ စက္ရႈပ္ဖြယ္ အလီလီတုိ႔ကုိ ေဘးခ် ေက်ာ္လႊား၍ …
ႏွလုံးသားျကံျကံ…သတၱိမာမာ …စိတ္ဓတ္ခုိင္ခုိင္ လုပ္ကုိင္ေနျကသူမ်ားသာျဖစ္သည္…။

သူနာျပဳသည္ လူနာမ်ားကုိ ျပဳစုေစာင့္ေရွာက္သူမ်ားဟုသာ ဖြင့္ေသာ္လည္း…တကယ္ေတာ့ သူအနာခံျပီး သူမ်ားကုိ ျပဳစုေစာင့္ေရွာက္ေနေသာ ႏွလုံးလွ ဆရာမေလးမ်ားသာ ျဖစ္ပါေတာ့၏…။

ထုိ႔ေျကာင့္…
က်ေနာ္တုိ႔သည္ ထုိကဲ႔သုိ႔ေသာ
အမ်ဳိးသမီးမ်ားကုိ မေလးစားလ်ွင္ ပ်က္ရယ္ျပဳရာ ေရာက္ေပေတာ့မည္…။

ေလးစားပါ၏…။
သူနာျပဳေလးမ်ား……

မွတ္စုျကမ္း
#zeroneo
သူနာပြု ဆန္ဒပြပွဲနှင့်ပတ်သတ်၍ သုံးသပ်ခြင်း

၂၀၁ရနှစ် မတ်လ ၁၅ရက်နေ့ (ယနေ့)မှာ သူတို့ ဆန္ဒပြပွဲဖြစ်ခဲ့ကြပါတယ်…။တွေ့ရှိရတဲ့ ဗီဒီယိုဖိုင်များအရ အလွန်စည်းကမ်းရှိတဲ့ ဆန္ဒပြပွဲဖြစ်ပါတယ်…။အဲဒီလို စည်းကမ်းတကျ ဆန္ဒပြတာဖြစ်တာကြောင့် သူတို့ကို အရေးယူဖို့ ပြုလုပ်မယ်ဆို အစိုးရဟာ အရှက်ရဖွယ်ရှိတယ်လို့ ကျနော် ဦးစွာပြောလိုပါတယ်…။

ဘာကြောင့် ဆန္ဒပြရလဲဆိုတဲ့ အကြောင်းအရင်းကို ကျနော်တီးခေါက် လေ့လာကြည့်မိတယ်…။အဓိက အချက်ကတော့ သူနာပြု ကျောင်းဆင်းပြီးတာတောင် သူနာပြုလိုင်စင် မထုတ်ပေးဘူးလို့…ကျန်းမာရေးဝန်ကြီးဌာနဘက်က သတ်မှတ်တာဟာ သူတို့ အဓိက ဆန္ဒပြရခြင်း အကြောင်းအရင်းပါပဲ…။

အဲဒီမှာ ရယ်စရာကောင်းတဲ့အချက် တစ်ချက်တွေ့ရတယ်…။သူနာပြုလုပ်ကိုင်ခွင့် လိုင်စင်မရှိပေမယ့်…ပြည်သူ့(အစိုးရ)ဆေးရုံတွေမှာ သူနာပြု ၃နှစ် လုပ်ကိုင်ရပေးရမယ်ဆိုတဲ့ အချက်ပါပဲ…။

"အရင်ကဆို ကျောင်းပြီး ၆လဆို သူနာပြုလိုင်စင်ထုတ်ပေးတယ်…။

နှစ်နှစ်တာဝန်ထမ်းဆောင်ရတယ်…။

ယခု လိုင်မထုတ်ပေးပဲ
တာဝန်ထမ်းဆောင်ခိုင်းမယ်…။

၃နှစ်လို့တိုးတယ်…။
၃နှစ်ပြီးမှ လိုင်စင်ထုတ်ပေးမယ်…။"

ဒီတော့ တရားဥပဒေ စိုးမိုးရေး အရ ကျနော်တို့ ပြန်ကြည့်ကြမယ်…။ဥပဒေပေါ့လေ…။ကားမောင်းလိုင်စင်မရှိဘဲ…ကားမောင်းလို့…စစ်ဆေးတွေ့ရှိရင် အရေးယူမခံရဘူးလား…။ကားမောင်းသင်တန်းအောင်မြင်ပြီး လမ်းပေါ်မှာ လိုင်စင်မရှိဘဲ ၃နှစ်လောက်မောင်းပြပြီးမှ ကားမောင်းလိုင်စင်ထုတ်ပေးပါသလား…။ကြည့်နော် ရယ်စရာ အရမ်းကောင်းနေတယ်…။

ကားမားလိုင်စင်မရှိဘဲ ကားမောင်းရင် ဖမ်းတဲ့နိုင်ငံမှာ…သူနာပြုလုပ်ကိုင်ခွင့် လိုင်စင်မရှိတဲ့ သူတွေကို ပြည်သူဆေးရုံတွေမှာ ၃နှစ်အလုပ်ခန့်တယ်ဆိုတော့…။တော်တော်ရယ်စရာကောင်းနေပါပြီ…။ဒီတော့ ဒီလို စည်းမျဉ်းစည်းကမ်း(ဥပဒေ)ထုတ်ပြန်တာ ကုသခံရမယ့် ပြည်သူတွေရော…ကုသရမယ့် သူနာပြုတွေအတွက်ရော မျှတရဲ့လားတွေးစရာပါပဲ…။

နောက်တစ်ချက်က…
အစိုးရဘက်ဘာလို့ အဲဒီလိုလုပ်လဲဆိုတာကို စဉ်းစားခန်းပါ…။ဘာကြောင့်လိုင်စင်ထုတ်မပေးလဲဆိုတော့…လိုင်စင်မရှိရင်…အပြင်ဆေးခန်းတွေမှာ အချိန်ပိုင်း အလုပ်လုပ်လို့မရတော့ပါဘူး…။ဒီလို မလုပ်စေချင်လို့ လိုင်စင်မထုတ်ပေးတာလို့ တွေးလို့ရတယ်…။ဒါမှမဟုတ်ရင် သူနာပြုကျောင်းက အဆင့်မမှီလို့လားမေးခွန်းထုတ်ရတော့မှာနော်…။ကျောင်းပြီး စာမေးပွဲတွေအောင်ပြီးတာတောင် သူနာပြုပညာတတ်အောင် မသင်ပေးလိုက်နိုင်ပါဘူးလို့ နိုင်ငံတော်ပညာရေးက ဝန်ခံလိုက်သလို ဖြစ်သွားမှာပေါ့…။(ကျောင်းတက်နေစဉ်မှာပဲ ဆေးရုံအတွေ့အကြုံယူပြီးသားပါပဲ)

ဒီတော့…ကျနော် ပထမအချက်ပဲယူပါတယ်…။
အရပ်စကားနဲ့ဆို အပြင်မှာ မလုပ်စားစေချင်လို့…။ဟုတ်ပြီ…သူနာပြုလေးတွေ အပြင်ဆေးခန်းမှာ လုပ်ကိုင်နေတာကို လေ့လာကြည့်တော့…သူတို့အချိန်ပိုင်း အလုပ်လုပ်တာဟာ သူတို့ အားလပ်ရက် အနားယူရမယ့် ရက်မှာ…အနားမယူဘဲ လုပ်ကိုင်ကြတာဖြစ်တယ်…။ဆေးရုံ အများစုကတော့ နားရက် ၈ရက်…တချို့ဆေးရုံ ၉ရက်ရတယ်…တချို့ ဆေးရုံ ၈ရက်ထပ်နည်းရတယ်…။

လူတိုင်း သက်သာရတာ အနားရတာကို ကြိုက်ပါတယ်…။ဒါပေမယ့် မနားဘဲ ဘာကြောင့် အလုပ်ထပ်လုပ်နေရသလဲ…ဘာကြောင့်လဲဆိုတော့ မူရင်းအလုပ်ဟာ လုံလောက်တဲ့ ဝင်ငွေ မရှိလို့ပေါ့။အဲလို သူတို့ရတဲ့ နားရက်လေးတွေမှာ မနားဘဲ အပြင်ဝင်ငွေလေးရဖို့ အချိန်ပိုင်းအလုပ်လေးဆင်းရဖို့ လိုင်စင်လေးသူတို့မှာလိုအပ်တယ်…။

သူနာပြုတစ်ယောက်ဖြစ်ဖို့ ကျောင်း ၃နှစ် ၄နှစ်တက်ရပါတယ်…။သူတို့ဟာ သူတို့စားရိတ်နဲ့သူတို့တက်ရတာပါ…။ ​BNSc( Bachelor of nursing science) ဘွဲ့ရဖို့ဆို ၄နှစ်…။ Diploma ဆို ၃နှစ်…။

ဒီနှစ်တွေအတွင်း မိဘအုပ်ထိန်းသူတွေက ထောက်ပံပေးထားရတာ…။အဆင်ပြေတဲ့ မိဘတွေတိုတော်သေးတာပေါ့…။မပြေတဲ့ မိဘတွေဆိုရင် ကျောင်းဆင်းပြီးရင် နဲနဲတော့ မိဘကို ပြန်ကြည့်စေချင်တာပေါ့…။ကျနော်တို့ဆီမှာ အဆင်မပြေတဲ့ မိသားစုကများပါတယ်…။ကိုယ့်ကလေး ပညာတတ်စေချင်လို့ ပေါင်လှန်ချေးငှားပြီး ကျောင်းထားထားရတဲ့ မိဘတွေမနဲပါဘုူး…။ဒါတွေ ပြန်ပေးစပ်ဖို့လဲ ရှိသေးတယ်မဟုတ်လား…။

ဟုတ်ပြီ ရတဲ့ လစာက (၁သိန်း၆သောင်းခွဲ)…။သူနာပြုတွေနေဖို့ တူတူတန်တန် အဆောင်လေးတောင် လောက်ငှအောင်မရှိပါဘုူး…ဖယ်ရီမရှိ…။ဒီတော့ နယ်ခံမဟုတ်တဲ့ သူဆို အဆောင်ငှားနေမယ်…။ကားခ ယခုဆို သိတဲ့အတိုင်း ကားတွေက နှစ်ဆင့်သုံးဆင့်…တစ်ရက် တစ်ထောင်ထား…။တစ်လ သုံးသောင်း…။အဆောင်ခနဲ့ ၆သောင်းလောက်ထား…။အလုပ်ချိန်မီဖို့အတွက် ၂၄နာရီ ဂျူတီတွေကြောင့် ချက်စားဖို့ သိပ်မဖြစ်နိုင် ဝယ်စားမယ်…။မနက်စာ နေ့လယ်စာ ညစာ…ချွေချွေတာတာ၃ထောင်တော့ အနဲဆုံးကျမှာပဲ…။၉သောင်းထား…။အဲလို ကွက်တိသုံးမှ ၁သောင်းလောက်ပိုမှာ…။ဟော လူမှုရေး အလှူအတန်း…အဝတ်အစားဖိုး…သူနာပြုနေမကောင်းရင်ရော…သူတို့ နောင်ရေးအတွက် စုဖို့ဆောင်းဖို့…အိမ်ထောင်သည်ဆိုရင်ရော ကလေးစားရိတ်…အများကြီးပါပဲ…။

ဒါကြောင့် သူနာပြုတွေလည်း အပြင်ဝင်ငွေလေးရအောင်ရှာဖို့တော့ တွေးလာပြီပေါ့…။အဲလို သူတို့နားချိန်ကို မနားဘဲ ရုန်းကန်ဖို့အတွက်လေးကို လိုင်စင်လိုပါတယ် ခင်ဗျာ…။

( ၁ )ဥပဒေဟာ ရယ်စရာကြီး ဖြစ်မနေဖို့
( ၂ )သူနာပြုတွေ ရတဲ့ လစာနည်းပါးမှု
ဒီနှစ်ချက်နဲ့တင် လိုင်စင်ဟာ မဖြစ်မနေထုတ်ပေးဖို့ လိုအပ်နေပါတယ်…။ဒါကြောင့် သူနာပြုဆန္ဒပြပွဲဟာ ပြသင့်ပြထိုက်လို့ ပြတာဖြစ်ကြောင်းပါလို့ ဦးစွာသုံးသပ်ရင်း ထိုဆန္ဒပြပွဲကို ကျနော်ထောက်ခံပါတယ်…။

--
နှစ်တိုးတဲ့ ကိစ္စ…။တိုင်းပြည်အတွက် အရမ်းလိုအပ်နေလို့ လိုင်စင်လေးပေးပြီး…၁နှစ်ပိုတာဝန်ထမ်းဆောင်ဖို့ မေတ္တာရပ်ခံပြီး စည်းကမ်းထုတ်တာမျိုးဆို သူနာပြုတွေလည်း ငြင်းမယ်မထင်ပါဘူး…။

ဘာကြောင့်လဲဆိုတော့ သူနာပြုဖြစ်ဖို့ဆိုတာ တော်ရုံ စိတ်ထားမျိုးနဲ့မရပါဘူး…။ကရုဏာဒေါသနဲ့ လူနာတွေအော်ချင်အော်မိပေမယ့်…မရွံရ မရှက်ရ…အလှပြထွက်နေလို့မရ…အိပ်ရေးပျက်ရ…ဒါတွေကို အနစ်နာခံပြီး လုပ်ဖို့ ရွေးချယ်ခဲ့ကြသူတွေဖြစ်ကြလို့ပါပဲ…။

ပြီးတော့ တော်ရုံအရည်ချင်းမျိုးနဲ့ ၁ဝတန်းအောင်ခဲ့ကြသူတွေမဟုတ်ပါဘူး…။ဂုဏ်ထူးမှတ်တွေနဲ့တောင်လာတာပါ…။သူတို့ဟာ တခြားဝင်ငွေကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ရွေးချယ်ခွင့်ရှိသူတွေပါ…။ဝါသနာ စေတနာ ပိုးပြီး အနစ်နာကို မမှု့ခဲ့လို့ ဒီလို သူနာပြုဘဝကို ရွေးချယ်သူတွေပေါ့…။

ဒါကြောင့်
အစိုးရအနေနဲ့ သူတို့ကို ပိုကျပ်တည်းအောင် အပြုအမှုမျိုးလုပ်ခဲ့ရင် …ဖိလွန်းရင် ကန်ထွက်ပါတယ်…။တော်ပြီ သူနာပြုမဖြစ်ရလည်းနေတော့ သူနာပြုမလုပ်ချင်ကြတော့ဘူးဆိုရင် အနာဂတ် တိုင်းပြည်ကျန်းမာရေးက စိုးရိမ်စရာပဲလို့ ပြောချင်ပါတယ်…။

--
ဒါကတော့ သူနာပြု ဘဝတွေကို စာနာနိုင်ဖို့ ကျနော်တစ်ချိန်ကရေးခဲ့တာလေးပါ…။

သူနာပြု …
------
သူနာပြုဟု ခေါ်သည်…။
ဆရာမလေးလို့လဲ ခေါ်ကြ၏ …။
ယောက်ကျား သူနာပြုများလည်း ရှိသည်ဟု ဆိုကြ၏ …။သို့သော် မိန်းကလေး သူနာပြုများသာ အများဆုံး ၉၉%သာမြင်ဖူးပါသည် …။

သူနာပြုလေးများ အလှပြင်ကြသည်…။
ပြင်ပေမည်…အဘယ်ကြောင့်ဆိုသော် မိန်းကလေးဖြစ်၍ မသဘာဝကြောင့် …မပညတ်ပြဋ္ဌာန်းမှုကြောင့် ပြင်ပေလိမ့်မည်…။ဤသည်ကို အပြစ်ပြော၍ မရပါ…။မသဘာဝပင် ဖြစ်သောကြောင့်သာ ဖြစ်၏…။

သူနာပြုဆိုသည်မှာ နာမကျန်းသူများအား ပြုစုစောင့်ရှောင့်ခြင်း အတတ်ကို တတ်ကျွမ်းသူများကို ဆိုလိုခြင်းဖြစ်၏…။
ထို့ကြောင့်…သူတို့တွင် အတတ်ပညာဟူသော ဂုဏ်ရှိပါသည်…။
အတတ်ပညာဟူသည် အသိပညာအခြေခံမှသာ ပေါက်ဖွား၍ ရသည်…။ထို့ကြောင့် …သူတို့တွင် အသိပညာပါရှိ၏…။ဆေးပညာနှင့် လူနာပြုစုစောင့်ရှောက်ခြင်း အသိပညာ အတတ်ပညာတို့ သူတို့ထံတွင်ရှိပါသည်…။ဤသို့သော သတ်မှတ် ပြဋ္ဌာန်းချက် …အရည်အချင်းစစ်ဆေးခြင်းအောင်မြင်၍ သူနာပြုဟူသော အသက်မွေးဝမ်းကျောင်း လက်မှတ်ကို ရရှိခြင်းသာဖြစ်သည်…။

မိန်းမဖြစ်လို့…လှလို့…နွဲ့လို့ …နှလို့ …သူနာပြုဖြစ်ခြင်းမဟုတ်ပါ…။ပညာကြောင့်သာ သူနာပြုဖြစ်ခြင်း ဖြစ်ပေ၏…။

လိင်ပိုင်းဆိုင်ရာ …အလှအက္ခရာများကြောင့်မဟုတ်…။ပညာတည်းဟူသော တည့်တည့်ကြီးဖြောင့်တန်းနေသောအရာကြောင့် သူနာပြုဖြစ်ရခြင်းဖြစ်လေတော့၏…။

ဟုတ်ပါပြီ …။
သူနာပြုဟူသည် ပညာရှင်ဖြစ်သောကြောင့် မပင်ပန်း မဆင်းရဲဘူးဟု သင်မြင်ပါသလား…။သင်အမြင် မှားယွင်းသွားလိမ့်မည်…။

ယနေ့ခေတ်…ကျနော်တို့ နိုင်ငံတော်ဝယ်…
စရိတ်မျှပေး ကျန်းမာရေးဆေးရုံများ၌ အမှုထမ်းနေသော သူနာပြုလေးများ သင်သွားကြည့်ပါ…။

လူနာ၅ဝလောက်ရှိသော လူနာအဆောင်တစ်ခုမှာ သူနာပြု နှစ်ယောက်ခန့်သာ ရှိပါသည်…။ထို့ကြောင့် ၂၅ချိုး ၁ချိုးသာ သူနာပြု စွမ်းရည်ကို သင်ခံစားရမည်ဖြစ်သည်…။ဆရာဝန်များလည်းရှိမည်…။ဆရာဝန်နှင့် သူနာပြုများ တာဝန်ခွဲပုံရသည်…။

ဆရာဝန်များက ရောဂါရှာဖွေကြည့်ရှု့ချိန်ရှိမည်…။ပြီးလျှင် ညွှန်ကြားမည်…။မည်သည့်ဆေးသွင်း…မည်သည့်ဆေးတိုက် စသဖြင့်တို့ကို ရှာဖွေလုပ်ဆောင်ညွှန်ကြားသည်…။ဤသည်တို့ကို သူနာပြုများက ဆောင်ရွက်ပေးရသည်…။

တာဝန်ချိန်က…၂၄နာရီ ဖြစ်ချင်လည်းဖြစ်တတ်သည်…။အသေးအဖွဲ ပင်ပန်းဆင်းရဲမှုလေးတွေ များစွာရှိသည်…။

သွေးသွင်းထားတဲ့ လူနာ…သွေးစက်မကျလို့…သွေးကြောပြန်ရှာရတာ…ဆေးသွင်းလဲ ထို့အတူပါပဲ…။
တစ်ဘူးကုန်သွားလို့ နောက်တစ်ဘူး လဲဖို့…။ဤသို့ ကိစ္စမျိုးတွေပင် လူနာရှင်က တကျော်ကျော် ခေါ်နေတတ်သည်…။လူနာက တစ်ယောက်တည်းလဲ မဟုတ်ပါ…။သွေးကြောရှာခက်တဲ့ လူနာနဲ့တွေ့ရင် ချွေးပင်ပျံရောပဲ…။

ဒီလူနာကို လုပ်ပေးနေတုန်း နောက်လူနာ၂ယောက် ၃ယောက်ကလဲ အလားတူအဖြစ်မျိုးနဲ့ ခေါ်နေတာရှိသည်…။သူနာပြုခဗျာ ထိုင်ဖို့လုပ်ရင်း ခေါ်လို့ထရ…ပြန်ထိုင်မလို့ လုပ်ရင်း…ထရနဲ့ …မထိုင်လိုက်ရတာလဲရှိသည်…။တစ်ခါတစ်ခါ အငြိမ်မနေတဲ့ လူနာ…ပြောစကားနားမထောင်တဲ့ လူနာနဲ့တွေ့ရင် ပိုပင်ပန်းသည်…။လူ့ကျန်းမာရေး…အသက်နှင့် ပတ်သက်ဆက်နွယ် လုပ်ကိုင်နေရတဲ့ အတွက် ပိုဖိအားများသည်…။ထို့ကြောင့် စကားနားမထောင်ပါက…တစ်ခါတစ်ခါ လေသံမာ …အော်ငေါက်မိတတ်သည်…။
ဆေးလိပ်ခိုးသောက်သည့် လူနာမျိုးပင် ရှိသေး၏…။ဂရုဏာဒေါသသာဖြစ်သည်…။

ဒုံးဝေးတဲ့ လူနာရှင်တွေပါရင် ပိုဆိုးသည်…။ဆေးတိုက်ကအစ သူနာပြု တာဝန်လိုပိလာသည်…။အချိန်ကိုက်ဆေးသွင်း…သွေးသွင်းရတဲ့ လူနာ…။စာရင်းဇယားတွေနဲ့မှတ်ထားရသည်…။စိတ်ပင်မလွတ်လပ်တော့…ထိုအချိန်ကိုက်အတွက် သတိထားနေရသည်…။အသက်အန္တရာယ်အရေးကြီးတဲ့ လူနာ…ထိုလူနာမျိုးကို ပိုအခွင့်အရေးပေးကြည့်ရှု့တော့လဲ…ကျန်တဲ့ လူနာရှင်က မျက်စောင်းထိုးတဲ့ ဒုက္ခကမသေးပေ…။

တချို့က တိုင်ကြသေးသည်…။သူနာပြုတွေ ငိုက်နေတယ်ဟု…သူနာပြုတွေ ငိုက်မှာပေါ့…။ငိုက်ခွင့်ပဲရှိသည်…။အိပ်ခွင့်မှမရှိတာ…။ဒါကို နားလည်သင့်သည်…။လူနာတွေ ငြိမ်ချိန် …အိပ်ချိန်ကြမှ သူတို့လဲ ငိုက်ရသည်…။အိပ်ရသည် မဟုတ်…။မှေးရခြင်းသာဖြစ်သည်…။
ဒုန်း…ဒုန်းဆို ပြေးရတာပါပဲ…။

အရေးပေါ်လူနာဆောင်လိုမျိုးနေရာတွင်
သူနာပြုတစ်ယောက်ကို တစ်နေကုန်ထိုင်ကြည့်မည်ဆိုပါက…
တော်တော် လမ်းလျှောက်တဲ့ မိန်းမလို့ ချီးကျူးမိမည်ဖြစ်သည်…။အခေါက်တို ပတ်လျှောက်…။အဆောင်ကူး…အခန်းကူး…။ဆေးမှတ်တမ်းတွေ ဟိုပို့ဒီပို့…။ဆရာဝန်ရေးသွားတဲ့ မှတ်တမ်းတွေလိုက်ကြည့်…။လူနာဆိုတာ ထမင်းစားချိန်မနာနဲ့ ပြောထား၍ ရသည့်အမျိုးမဟုတ်ပါ…။ထမင်းချိုင့်ဖွင့်တုန်း…နှစ်ဇွန်းလောက်ပဲ ဝင်သေး…လာပါဦးဆို ပြေးရပြန်သည်…။

အဲဒီ့တစ်ချက်ရှိသေးသည်…။
သူနာပြုဆိုသည်မှာ အတော်ပင် နှလုံးကောင်း …သတ္တိရှိမှ လုပ်နိုင်မည့် အလုပ်သာဖြစ်သည်…။ကျနော်ပင် ဆေးရုံ၌ ထမင်းမစားတတ်ပါ…။ဆေးနံတွေ လူနာနံ့တွေနှင့် မအီမသာနိူင်လွန်းလှသည်…။သူနာပြုနေရာက စဉ်းစားကြည့်ရင် အတော်ပင် ဒုက္ခများသည်…။

သွေးပြည်…တစ်ခါတစ်လေ ဖင်ပေါက်မကျန်…အညစ်အကြေး မရှောင်ရ …အနာမရှောင်ရ …လက်အိတ်နှင့်ဆိုစေဦး တော်ရုံ နှလုံးမကောင်းလို့ကတော့ ရင်ထဲတော့ ပျို့မည်ဖြစ်သည်…။ဆေးထိုးအပ်တွေ ဆေးပစ္စည်းအသုံးအဆောင်တွေလဲ ကိုယ့်ကိုယ်မထိခိုက်မိဖို့ ဂရုစိုက်ရသေးသည်…။

တစ်ခါတစ်ခါ နှာဘူး အန္တရာယ်ကရှိသေးသည်…။သူနာပြုတို့၏ ရင်တွင်း၌တော့ ဘာသာ လူမျိုး ယောက်ကျား မိန်းမဟူသည် စိတ်မျိုးမထားရှိပါ…။လူနာဟူသော တဖြည်းညီထဲသော အမြင်သာရှိပါသည်…။ဤသို့လဲ ဥပေက္ခာ တရားလဲ ထားရသေး၏…။ရှက်နေကြောက်နေဖို့ဆိုတာသူနာပြုတာဝန်ချိန်၌ အဝေးမှာသာ ထားရသည်…။အပြင်ရောက်မှ ကိုယ့်ရည်းစားနဲ့တွေ့မှသာ ရှက်ချင်ရှက်ပြမည် ကြောက်ချင်ကြောက်မည် နွဲ့ချင်နွဲ့မည်…။

ပြီးတော့ …လူနာကို ပြုစုစောင့်ရှောက်တာခြင်း အတူတူ ဆရာဝန်တို့လောက် လေးစားခြင်းမခံရချေ…။တချို့ဆို သူနာပြုတွေအပေါ် အတော်နှိမ့်ကျသော အမြင်ပင်ရှိချေသည်…။တကယ်တော့ သူနာပြု အလုပ်သည် …အတော်ပင် သနားဖို့ကောင်းပါသည်…။အချိန်တန်တော့လဲ…ကိုယ်ပိုင်ဆေးခန်းဖွင့်လို့ရသည်လည်း မဟုတ်ပါ…။

မိန်းကလေးများ တန်မဲ့နဲ့
အရှက် အကြောက် …ရောဂါ ကူးစက်မှု ခြောက်လန့်ခြင်း အန္တရာယ် …သွေး…ပြည်…ရွံရှာ စက်ရှုပ်ဖွယ် အလီလီတို့ကို ဘေးချ ကျော်လွှား၍ …
နှလုံးသားကြံကြံ…သတ္တိမာမာ …စိတ်ဓတ်ခိုင်ခိုင် လုပ်ကိုင်နေကြသူများသာဖြစ်သည်…။

သူနာပြုသည် လူနာများကို ပြုစုစောင့်ရှောက်သူများဟုသာ ဖွင့်သော်လည်း…တကယ်တော့ သူအနာခံပြီး သူများကို ပြုစုစောင့်ရှောက်နေသော နှလုံးလှ ဆရာမလေးများသာ ဖြစ်ပါတော့၏…။

ထို့ကြောင့်…
ကျနော်တို့သည် ထိုကဲ့သို့သော
အမျိုးသမီးများကို မလေးစားလျှင် ပျက်ရယ်ပြုရာ ရောက်ပေတော့မည်…။

လေးစားပါ၏…။
သူနာပြုလေးများ……

မှတ်စုကြမ်း
#zeroneo

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...