အလှူပွဲသွားတဲ့ စက်လှေ မီးလောင်မှုဖြစ် ၆ ဦးသေဆုံး...
သစ်ထူးလွင်
KGM@Maung Mon Aung
====
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာအုပ်စု ကုလားဘာတောင်ကျေးရွာ အလှူပွဲသွားတဲ့ စက်လှေတစ်စီး မတ်လ ၁၇ ရက်နေ ့ဒီကနေ ့နေ ့လည် ၁ နာရီ ၃၅ မီနစ်အချိန်ခန် ့မှာ အင်ဂျင်ချွတ်ယွင်း မီးလောင်မှု ဖြစ်ပွားခဲ့ရာ စက်လှေပေါ် လိုက်ပါလာသူ ၁၅ဦး အနက်၊ (၆)ဦး သေဆုံးပြီး၊ သေဆုံးသူတွေထဲက ကလေးငယ်(၂)ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။
အဆိုပါ စက်လှေဟာ ​ကျောက်​ဖြူမြို့မှ ဦးကင်​းအုပ်​စု ကုလားဘာ​တောင်​​ကျွေးရွာ အလှူပွဲကို သွားတဲ့ ပဲ့နင်​းဦးဘ​မောင်​ဦး​ မောင်​းနှင်​ပြီး (ဦးစံထွန်​း​ကျော်​၊​ တောင်​းရင်​း​ကျေးရွာအုပ်​စု၊ ကုလားဘာ​ကျေးရွာ ပိုင်​ဆိုင်​​သော) စက်​​လှေဖြစ်ကြောင်း သိရပါတယ်။
သစ်​ပုတ်​​တောင်​ ​ရေတပ်​စခန်​းဌာနချုပ်​အနီးမှာ စက်​အင်​ဂျင်​မီး​လောင်​မှု ဖြစ်​ပွားခဲ့ကာ ​လှေ​ပေါ်စီးနင်​းလိုက်​ပါလာသူ ကျား(၇)ဦး၊ မ(၈)ဦး ​ပေါင်​း(၁၅)ဦးအနက်​ မ​အောင်​​မေသင်​း၊ မ​အေးသန်​းမြင့်၊ မခင်​​မေသန်​း၊ မစန္ဒာ​နွေ တို့ ၄ဦးမှာ ​ရေနစ်​ ​သေဆုံးသွားပြီး - ပျေက်ဆုံးနေတဲ့ က​လေး၂ဦးမှာ ​(​မောင်​ဖြိုးမင်​းပိုင်​ နဲ ့​မောင်​ထွန်​း​စေ့​ကေ) လို ့သိရပါတယ်။
အသက်ရှင် ကျန်သူ ၉ ဦးကိုတော့ ဓညဝတီ​ရေတပ်​စခန်​းဌာနချုပ်​မှ ကယ်​တင်​ထားပြီး လိုအပ်​​သော ကျန်​းမာ​ရေး​စောင်​့​ရှောက်​မှုများကို ​ဆောင်​ရွက်​​ပေးလျက်​ရှိ​ကြောင်​း သိရှိရပါတယ်။
သစ်ထူးလွင်
KGM@Maung Mon Aung
သတင်း- ဓါတ်ပုံ ။  ။ သတင်းထောက်စောမိုးကျော်(ကြေးမုံ-ကျောက်ဖြူ  မြို  ့)
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...