Valentine's Day (ခ်စ္သူမ်ားေန႔သည္ လင္မယားေန႔ မဟုတ္ပါ)

Valentine's Day (ခ်စ္သူမ်ားေန႔သည္ လင္မယားေန႔ မဟုတ္ပါ)

တစ္ကယ္ေတာ့ အေနာက္တိုင္း ယဥ္ေက်းမႈ တစ္ခုျဖစ္တဲ႔ Valentine's Day ဆိုတဲ႔ ခ်စ္သူမ်ားေန႔ရဲ႕ အနွစ္သာရ အဓိပၸာယ္က လြန္စြာ သိမ္ေမြ႔ ယဥ္ေက်း ၾကည္နႈးဖို႔ ေကာင္းပါတယ္။
ခ်စ္သူမ်ားေန႔ကို အရြယ္မေရြး အေျခအေနမေရြး ဆင္ႏြဲနိုင္တယ္။ အားလံုးနဲ႔ သက္ဆိုင္တယ္။ ကြ်န္ေတာ့္မွာ ခ်စ္သူ မရွိဘူး… ကြ်န္မမွာ ရည္းစား မရွိဘူး ဆိုတာေတြနဲ႔ မဆိုင္ဘူး။
(1) အိမ္ေထာင္သည္ လင္မယားတို႔ရဲ႕ နွစ္ကာလရွည္ တစ္ဦးေပၚတစ္ဦး နားလည္ သည္းခံ ခြင့္လႊတ္ကာ ေပါင္းသင္းလာၾကေသာ ခ်စ္ျခင္း…
(2) မိဘနွင့္ သားသမီးတို႔ရဲ႕ ခ်စ္ျခင္း…
(3) ညီအစ္ကို ေမာင္နွစ္မ တို႔ရဲ႕ ခ်စ္ျခင္း…
(4)သူငယ္ခ်င္းေတြရဲဲ႕ ခ်စ္ျခင္း…
(5) ဘိုးဘြားနဲ႔ ေျမးတို႔ရဲ႕ ခ်စ္ျခင္း…
စတဲ႔ ခ်စ္ျခင္းေမတၱာေတြကို ကိုယ္စားျပဳတယ္။ ဒီခ်စ္ျခင္းေတြကို ခ်စ္သူမ်ားေန႔ ေရာက္တဲ႔အခါ ပိုၿပီး အသိအမွတ္ျပဳ ေဖာ္ထုတ္ ျပသၾကတယ္။ လက္ေဆာင္ေတြ ေပးၾကတယ္။ ျမန္မာနိုင္ငံမွာ အာဇာနည္ေတြရဲ႕ ဂုဏ္ေက်းဇူးကို သိၾကပါေသာ္လည္း ဇူလိုင္လ (၁၉)ရက္ေန႔မွာမွ အတိုးခ်လို႔ ပိုၿပီး အသိအမွတ္ ျပဳၾကသလိုမ်ိဳးေပါ႔။
နႈတ္ခမ္းခ်င္းေတ့စုပ္၊ ဟိုကိုင္/ဒီကိုင္၊ ဟိုပြတ္/ဒီပြတ္၊ စတဲ႔ ခ်စ္ျခင္းတစ္ခုတည္းကိုသာ ကိုယ္စားျပဳတဲ႔ေန႔ မဟုတ္ပါ။
Valentine's Dayလို႔ ျဖစ္ေပၚလာပံုက… ေရာမေခတ္ ဘုရင္တစ္ပါးရဲ႕ လက္ထက္မွာ စစ္တိုက္ထြက္ၾကတဲ့ စစ္သည္ေတာ္မ်ားဟာ ခ်စ္သူရည္းစားႏွင့္ ဇနီးမယားမ်ားကို တမ္းတ အမွတ္ရမႈမ်ားေၾကာင့္ စစ္ပြဲတိုင္း အၿမဲ ရွံဳးနိမ့္ေနၾကသတဲ႔။ အဲဒီ အေၾကာင္းကို ဘုရင္ႀကီးက သိလာေတာ့ ေရာမၿမိဳ႕မွာ ခ်စ္သူရည္းစား မထားရ၊ လက္မထပ္ရလိ႔ု အမိန္႔ ထုတ္လိုက္တယ္။
လက္ထပ္ထိမ္းျမားျခင္းကို အစဥ္အလာအရ ျပဳလုပ္ေပးရတဲ့ ဘုန္းေတာ္ႀကီးမ်ားကိုလည္း လုံးဝ မျပဳလုပ္ေပးရလို႔ ျပင္းျပင္းထန္ထန္ အမိန႔္ထုတ္ခဲ့တယ္။
အဲဒီမွာ အရမ္းခ်စ္ၾကတဲ့ စိန္႔လူစီကာနဲ႔ ဂ်ကိုပိုဘတ္ဆန္ႏို ဆိုတဲ့ ခ်စ္သူႏွစ္ဦးက ဘုန္းေတာ္ႀကီး စိန႔္ ဗယ္လင္တိုင္း (St. Valentine)ထံ သူတို႔ႏွစ္ဦးကို လက္ထပ္ေပးဖို႔ ေတာင္းဆိုခဲ့ၾကတယ္။ ဘုန္းေတာ္ႀကီး စိန႔္ ဗယ္လင္တိုင္းကလည္း ခ်စ္သူတို႔၏ ဘဝ၊ ခ်စ္ျခင္းနိယာမကို နားလည္ စာနာတတ္သူမို႔ သူ႔အသက္ကို ပဓာနမထားပဲ ခ်စ္သူနွစ္ဦးကို တိတ္တိတ္ေလး လက္ထပ္ ေပးလိုက္တယ္။
အဲဒီအေၾကာင္းကို ဘုရင္ႀကီး သိသြားေတာ့… အဲဒီေန႔မွာပဲ ဘုန္းေတာ္ႀကီး စိန္႔ ဗယ္လင္တိုင္းကို အဆုံး စီရင္လိုက္တယ္။
``အဲဒီေန႔က ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔´´
ဒီေတာ့ ခ်စ္သူနွစ္ဦးအတြက္ အသက္ေပးသြားတဲ့ ခရစ္ယာန္ ဘုန္းေတာ္ႀကီး စိန႔္ ဗယ္လင္တိုင္းကို ဂုဏ္ျပဳတဲ႔ အေနနဲ႔ ေဖေဖၚဝါရီ (၁၄)ရက္ေန႔ ေရာက္တိုင္း Valentine's Dayလို႔ သတ္မွတ္ လိုက္ၾကတယ္။
ၾကာလာေတာ့ Valentine's Dayဟာ ဘုန္းေတာ္ႀကီးက သူမ်ားေတြရဲ႕ ခ်စ္ျခင္းကို အေလးထား စာနာမိ၍ အသတ္ခံရမႈေၾကာင့္ ျဖစ္ေပၚလာခဲ႔တာမို႔… ဘုန္းေတာ္ႀကီးရဲ႕ ေမတၱာတရားကို ပိုမိုထင္ဟပ္ေစမဲ႔ ခ်စ္သူမ်ားေန႔ ဆိုတဲ႔ Nickname ေလးပါ အပိုထည့္ ေျပာင္းလဲ ခံစား သံုးစြဲလာခဲ႔ပါတယ္။ ဒါေပမဲ႔ သူတို႔ေတြ အပိုေဆာင္း ေရြးခ်ယ္ ခံစားလိုက္တဲ႔ ခ်စ္သူမ်ားေန႔ ဆိုတာက သမီးရည္းစားတို႔ရဲ႕ ၁၅၀၀ ကိေလသာ အခ်စ္တစ္ခုတည္းကိုသာ ရည္ညႊန္းတာ မဟုတ္ပါ။
အေပၚမွာ ေရးထားသလို (၅၂၈) ခ်စ္ေမတၱာမ်ားနွင့္လည္း သက္ဆိုင္ပါတယ္။ ဘိုးဘြားခ်စ္၊ မိဘခ်စ္၊ ေမာင္နွစ္မခ်စ္၊ သူငယ္ခ်င္းခ်စ္၊ အားလံုးနဲ႔ အက်ံဳးဝင္ပါတယ္။ (( တစ္ခုေတာ့ရွိတယ္ သူတို႔လို အပ်ိဳစင္ဘဝကို တန္ဖိုးမထားတဲ႔ နိုင္ငံမွာက… ဒီနိုင္ငံမွာလို ခ်စ္သူမ်ားေန႔ ေရာက္မွ… ဘာေန႔မွလို႔ မဟုတ္ပါ။ အဆင္ေျပရင္ ေျပသလို ကိုယ့္အိမ္ထဲမွာပင္ မိဘေရွ႕ကေန ကိုယ့္အိပ္ခန္းထဲကို ေခၚသြင္းခြင့္ရတဲ႔ လူမ်ိဳးေတြ…။)) ဤသည္ကား စကားခ်ပ္။ :P
ခု ျမန္မာနိုင္ငံမွာ… (အထူးသျဖင့္) ရန္ကုန္၊ မႏၲေလး တို႔လို ၿမိဳ႕ႀကီးေတြမွာ ခ်စ္သူမ်ားေန႔ေၾကာင့္ မိန္းကေလးေတြ ဒီေန႔မွာ အပ်ိဳရည္ ပ်က္ၾကတယ္… လိင္မႈဆက္စပ္ပစၥည္းေတြ ေရာင္းအားေကာင္းတယ္… ဒါေတြကို လူႀကီးေတြက စိတ္ပူတယ္… ဒါေၾကာင့္ ခ်စ္သူမ်ားေန႔သည္ ျမန္မာ့ယဥ္ေက်းမႈနဲ႔ မဆိုင္… ခ်စ္သူမ်ားေန႔သည္ လင္မယားေန႔ မဟုတ္… ခ်စ္သူမ်ားေန႔ မရွိရင္ေကာင္းမယ္… စသျဖင့္ ခ်စ္သူမ်ားေန႔ကိုသာ အျပစ္တင္ ေျပာဆိုလာတာေတြ ျမင္ေတြ႔ေန… ဖတ္ေနရပါတယ္။
ဒီလိုလုပ္ေနလို႔ ဘာမွ အက်ိဳးထူးမွာ မဟုတ္ပါဘူး။ ဖြံ႔ၿဖိဳးတိုးတက္လိုမႈေၾကာင့္ ေျပာင္းလဲလာတဲ႔ ေခတ္စနစ္မွာ ေနာက္က ကပ္ပါလာတဲ႔ ေဘးထြက္ ဆိုးက်ိဳးေတြကိုေတာ့ ကြ်န္ေတာ္တို႔ေတြ မလြဲမေသြ ႀကံဳေတြ႔ ခံစားရမွာပါ။
ခုခ်ိန္မွာ မီဒီယာႀကီးေတြ၊ ကုမၸဏီႀကီးေတြကေတာင္ ခ်စ္သူမ်ားေန႔ကို ေၾကာ္ျငာလုပ္၊ ပရိုမိုရွင္းလုပ္ ျဖစ္ေနၾကေတာ့… ဒီ ခ်စ္သူမ်ားေန႔ဟာ ျမန္မာနိုင္ငံမွာ မရွိရင္ ေကာင္းမယ္လို႔ စိတ္ကူး အျပစ္တင္ေနရံုနဲ႔ေတာ့ ဘာမွ ေကာင္းမြန္ေသာ ေျပာင္းလဲ ထူးျခားမႈကို ရရွိလာမွာ မဟုတ္ပါ။
ဒီလို ခ်စ္သူမ်ားေန႔ကို အျပစ္တင္ေနမဲ႔အစား မိမိတို႔ရဲ႕ သမီးပ်ိဳမ်ားကို ခ်စ္သူမ်ားေန႔ အေၾကာင္းအား ေသခ်ာစြာ ေျပာျပၿပီး… ၎ေန႔မွာ မိသားစု စံုစံုလင္လင္ျဖင့္ ခ်စ္သူမ်ားေန႔ကို ဥမကြဲသိုက္မပ်က္ က်င္းပျခင္း၊ သူငယ္ခ်င္းေတြနဲ႔သာ အခ်ိန္တန္ အိမ္ျပန္ေရာက္ ပံုစံျဖင့္ ခ်စ္သူမ်ားေန႔ကို က်င္းပခြင့္ ျပဳျခင္း၊ စသည့္ ပံုစံမ်ားျဖင့္သာ မိမိတို႔ သားပ်ိဳမ်ား၏ အက်င့္သိကၡာ၊ မိမိတို႔ သမီးပ်ိဳမ်ား၏ ဘဝခႏၲာေတြကို ထိန္းသိမ္း ေပးၾကပါစို႔လားလို႔…။
===========

Unicode>>>
Valentine's Day (ချစ်သူများနေ့သည် လင်မယားနေ့ မဟုတ်ပါ)

တစ်ကယ်တော့ အနောက်တိုင်း ယဉ်ကျေးမှု တစ်ခုဖြစ်တဲ့ Valentine's Day ဆိုတဲ့ ချစ်သူများနေ့ရဲ့ အနှစ်သာရ အဓိပ္ပာယ်က လွန်စွာ သိမ်မွေ့ ယဉ်ကျေး ကြည်နှုးဖို့ ကောင်းပါတယ်။
ချစ်သူများနေ့ကို အရွယ်မရွေး အခြေအနေမရွေး ဆင်နွဲနိုင်တယ်။ အားလုံးနဲ့ သက်ဆိုင်တယ်။ ကျွန်တော့်မှာ ချစ်သူ မရှိဘူး… ကျွန်မမှာ ရည်းစား မရှိဘူး ဆိုတာတွေနဲ့ မဆိုင်ဘူး။
(1) အိမ်ထောင်သည် လင်မယားတို့ရဲ့ နှစ်ကာလရှည် တစ်ဦးပေါ်တစ်ဦး နားလည် သည်းခံ ခွင့်လွှတ်ကာ ပေါင်းသင်းလာကြသော ချစ်ခြင်း…
(2) မိဘနှင့် သားသမီးတို့ရဲ့ ချစ်ခြင်း…
(3) ညီအစ်ကို မောင်နှစ်မ တို့ရဲ့ ချစ်ခြင်း…
(4)သူငယ်ချင်းတွေရဲဲ့ ချစ်ခြင်း…
(5) ဘိုးဘွားနဲ့ မြေးတို့ရဲ့ ချစ်ခြင်း…
စတဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်စားပြုတယ်။ ဒီချစ်ခြင်းတွေကို ချစ်သူများနေ့ ရောက်တဲ့အခါ ပိုပြီး အသိအမှတ်ပြု ဖော်ထုတ် ပြသကြတယ်။ လက်ဆောင်တွေ ပေးကြတယ်။ မြန်မာနိုင်ငံမှာ အာဇာနည်တွေရဲ့ ဂုဏ်ကျေးဇူးကို သိကြပါသော်လည်း ဇူလိုင်လ (၁၉)ရက်နေ့မှာမှ အတိုးချလို့ ပိုပြီး အသိအမှတ် ပြုကြသလိုမျိုးပေါ့။
နှုတ်ခမ်းချင်းတေ့စုပ်၊ ဟိုကိုင်/ဒီကိုင်၊ ဟိုပွတ်/ဒီပွတ်၊ စတဲ့ ချစ်ခြင်းတစ်ခုတည်းကိုသာ ကိုယ်စားပြုတဲ့နေ့ မဟုတ်ပါ။
Valentine's Dayလို့ ဖြစ်ပေါ်လာပုံက… ရောမခေတ် ဘုရင်တစ်ပါးရဲ့ လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်များဟာ ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတ အမှတ်ရမှုများကြောင့် စစ်ပွဲတိုင်း အမြဲ ရှုံးနိမ့်နေကြသတဲ့။ အဲဒီ အကြောင်းကို ဘုရင်ကြီးက သိလာတော့ ရောမမြို့မှာ ချစ်သူရည်းစား မထားရ၊ လက်မထပ်ရလို့ အမိန့် ထုတ်လိုက်တယ်။
လက်ထပ်ထိမ်းမြားခြင်းကို အစဉ်အလာအရ ပြုလုပ်ပေးရတဲ့ ဘုန်းတော်ကြီးများကိုလည်း လုံးဝ မပြုလုပ်ပေးရလို့ ပြင်းပြင်းထန်ထန် အမိန့်ထုတ်ခဲ့တယ်။
အဲဒီမှာ အရမ်းချစ်ကြတဲ့ စိန့်လူစီကာနဲ့ ဂျကိုပိုဘတ်ဆန်နို ဆိုတဲ့ ချစ်သူနှစ်ဦးက ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine)ထံ သူတို့နှစ်ဦးကို လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကလည်း ချစ်သူတို့၏ ဘဝ၊ ချစ်ခြင်းနိယာမကို နားလည် စာနာတတ်သူမို့ သူ့အသက်ကို ပဓာနမထားပဲ ချစ်သူနှစ်ဦးကို တိတ်တိတ်လေး လက်ထပ် ပေးလိုက်တယ်။
အဲဒီအကြောင်းကို ဘုရင်ကြီး သိသွားတော့… အဲဒီနေ့မှာပဲ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကို အဆုံး စီရင်လိုက်တယ်။
``အဲဒီနေ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့´´
ဒီတော့ ချစ်သူနှစ်ဦးအတွက် အသက်ပေးသွားတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ ရောက်တိုင်း Valentine's Dayလို့ သတ်မှတ် လိုက်ကြတယ်။
ကြာလာတော့ Valentine's Dayဟာ ဘုန်းတော်ကြီးက သူများတွေရဲ့ ချစ်ခြင်းကို အလေးထား စာနာမိ၍ အသတ်ခံရမှုကြောင့် ဖြစ်ပေါ်လာခဲ့တာမို့… ဘုန်းတော်ကြီးရဲ့ မေတ္တာတရားကို ပိုမိုထင်ဟပ်စေမဲ့ ချစ်သူများနေ့ ဆိုတဲ့ Nickname လေးပါ အပိုထည့် ပြောင်းလဲ ခံစား သုံးစွဲလာခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေ အပိုဆောင်း ရွေးချယ် ခံစားလိုက်တဲ့ ချစ်သူများနေ့ ဆိုတာက သမီးရည်းစားတို့ရဲ့ ၁၅၀၀ ကိလေသာ အချစ်တစ်ခုတည်းကိုသာ ရည်ညွှန်းတာ မဟုတ်ပါ။
အပေါ်မှာ ရေးထားသလို (၅၂၈) ချစ်မေတ္တာများနှင့်လည်း သက်ဆိုင်ပါတယ်။ ဘိုးဘွားချစ်၊ မိဘချစ်၊ မောင်နှစ်မချစ်၊ သူငယ်ချင်းချစ်၊ အားလုံးနဲ့ အကျုံးဝင်ပါတယ်။ (( တစ်ခုတော့ရှိတယ် သူတို့လို အပျိုစင်ဘဝကို တန်ဖိုးမထားတဲ့ နိုင်ငံမှာက… ဒီနိုင်ငံမှာလို ချစ်သူများနေ့ ရောက်မှ… ဘာနေ့မှလို့ မဟုတ်ပါ။ အဆင်ပြေရင် ပြေသလို ကိုယ့်အိမ်ထဲမှာပင် မိဘရှေ့ကနေ ကိုယ့်အိပ်ခန်းထဲကို ခေါ်သွင်းခွင့်ရတဲ့ လူမျိုးတွေ…။)) ဤသည်ကား စကားချပ်။ :P
ခု မြန်မာနိုင်ငံမှာ… (အထူးသဖြင့်) ရန်ကုန်၊ မန္တလေး တို့လို မြို့ကြီးတွေမှာ ချစ်သူများနေ့ကြောင့် မိန်းကလေးတွေ ဒီနေ့မှာ အပျိုရည် ပျက်ကြတယ်… လိင်မှုဆက်စပ်ပစ္စည်းတွေ ရောင်းအားကောင်းတယ်… ဒါတွေကို လူကြီးတွေက စိတ်ပူတယ်… ဒါကြောင့် ချစ်သူများနေ့သည် မြန်မာ့ယဉ်ကျေးမှုနဲ့ မဆိုင်… ချစ်သူများနေ့သည် လင်မယားနေ့ မဟုတ်… ချစ်သူများနေ့ မရှိရင်ကောင်းမယ်… စသဖြင့် ချစ်သူများနေ့ကိုသာ အပြစ်တင် ပြောဆိုလာတာတွေ မြင်တွေ့နေ… ဖတ်နေရပါတယ်။
ဒီလိုလုပ်နေလို့ ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်လိုမှုကြောင့် ပြောင်းလဲလာတဲ့ ခေတ်စနစ်မှာ နောက်က ကပ်ပါလာတဲ့ ဘေးထွက် ဆိုးကျိုးတွေကိုတော့ ကျွန်တော်တို့တွေ မလွဲမသွေ ကြုံတွေ့ ခံစားရမှာပါ။
ခုချိန်မှာ မီဒီယာကြီးတွေ၊ ကုမ္ပဏီကြီးတွေကတောင် ချစ်သူများနေ့ကို ကြော်ငြာလုပ်၊ ပရိုမိုရှင်းလုပ် ဖြစ်နေကြတော့… ဒီ ချစ်သူများနေ့ဟာ မြန်မာနိုင်ငံမှာ မရှိရင် ကောင်းမယ်လို့ စိတ်ကူး အပြစ်တင်နေရုံနဲ့တော့ ဘာမှ ကောင်းမွန်သော ပြောင်းလဲ ထူးခြားမှုကို ရရှိလာမှာ မဟုတ်ပါ။
ဒီလို ချစ်သူများနေ့ကို အပြစ်တင်နေမဲ့အစား မိမိတို့ရဲ့ သမီးပျိုများကို ချစ်သူများနေ့ အကြောင်းအား သေချာစွာ ပြောပြပြီး… ၎င်းနေ့မှာ မိသားစု စုံစုံလင်လင်ဖြင့် ချစ်သူများနေ့ကို ဥမကွဲသိုက်မပျက် ကျင်းပခြင်း၊ သူငယ်ချင်းတွေနဲ့သာ အချိန်တန် အိမ်ပြန်ရောက် ပုံစံဖြင့် ချစ်သူများနေ့ကို ကျင်းပခွင့် ပြုခြင်း၊ စသည့် ပုံစံများဖြင့်သာ မိမိတို့ သားပျိုများ၏ အကျင့်သိက္ခာ၊ မိမိတို့ သမီးပျိုများ၏ ဘဝခန္တာတွေကို ထိန်းသိမ်း ပေးကြပါစို့လားလို့…။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...