ဇာတ္ပို႕ဆုကိုရရွိခဲ့လို႔ မူရင္းဘ၀ကို ေအာက္ေမ့တသျဖစ္ေစတယ္လို႕ ဖြင့္ဟလာတဲ့ လူမင္း


လပ္ကီးဆဲဗင္း ရုပ္ရွင္ထုတ္လုပ္ေရးမွ ဒါရုိက္တာ ခင္ေစာမ်ိဳးရိုက္ကူးတဲ့ ပေရာ္ဖက္ဆာ ေဒါက္တာဆိတ္ဖြားနဲ႕ျမိဳင္ရာဇာတာေတ ဇာတ္ကားျဖင့္ဇာတ္ပို႕ဆုကို ထုိက္တန္စြာရရွိပုိင္ဆိုင္ခဲ့တဲ့ လူမင္းဟာ ေရႊမႈန္ၾကဲတဲ့ မိုးေကာင္းကင္ဇာတ္ကားနဲ႕အမ်ိဳးသားဇာတ္ေဆာင္ဆုကို ၂၀၀၂ ခုႏွစ္က ပထမဆံုးအၾကိမ္ရရွိခဲ့သလို က်န္စစ္မင္းဇာတ္ကားနဲ႕လဲ အမ်ိဳးသားဇာတ္ေဆာင္ဆုကုိ ထပ္မံၿပီး ၂၀၀၅ ခုႏွစ္မွာ ရရွိခဲ့ပါတယ္။ အခု၂၀၁၇ ခုႏွစ္မွာ အမ်ိဳးသားဇာတ္ပုိ႕ဆုကိုရရွိခဲ့တာကေတာ့ လူမင္းအတြက္ ရတနာသံုးပါး ဦးထိပ္ထားကာ တတိယအၾကိမ္ရရွိခဲ့တာ ျဖစ္တဲ့အတြက္ အဆုိပါဆုသံုးဆုနဲ႕ပတ္သက္ၿပီး သူ႕ရဲ႕ ရင္တြင္းစကားသံမ်ားကေတာ့
"အမွန္အတိုင္းေျပာရရင္ ကၽြန္ေတာ္တကယ္ကို လိုခ်င္တာပါ။ ႏွစ္တုိင္းႏွစ္တုိင္းလဲ နာမည္ၾကီးသေလာက္လြဲခဲ့တဲ့ ေမာင္ေမာင္မို႕လို႕ ဒီႏွစ္မွာလဲ လြဲမယ္လို႕ပဲ သက္ေတာင့္သက္သာေလးပဲေတြးထားတာပါ။ အႏုပညာလုပ္သက္ ႏွစ္အစိတ္ရွိပါၿပီ။ အကယ္ဒမီမရတာလဲ ၁၂ ႏွစ္တိတိရွိပါၿပီ။ ကၽြန္ေတာ္အစည္းအရံုး ဥကၠဌတာ၀န္ကိုယူေနစဥ္ကတည္းက ရလဲရခ်င္တယ္။ တစ္၀က္ကလဲ ရိုးရိုးသားသား၀န္ခံရရင္ မရခ်င္ပါဘူး။ ဒါေပမဲ့လဲ ကၽြန္ေတာ့္အႏုပညာအေပၚ ကၽြန္ေတာ္လိပ္ျပာသန္႕စြာ ရင္းႏွီးေပးဆပ္ခဲ့တဲ့အတြက္ အၾကိမ္ၾကိမ္ေျပာပါတယ္။ ဒီဆုေလးအတြက္ ကၽြန္ေတာ့္ရင္ထဲမွာ လိပ္ျပာသန္႕ပါတယ္။ ကၽြန္ေတာ္ႏွစ္အစိတ္ရွိပါၿပီ။ မရတာလဲ ၁၂ ႏွစ္ရွိပါၿပီ။ ဇာတ္ပို႕ဆုျဖစ္တဲ့အတြက္ ပိုျမတ္ႏုိးခုံမင္မိပါတယ္။ ကၽြန္ေတာ္ဟာလြန္ခဲ့တဲ့ ႏွစ္အစိတ္က တစ္ခန္းစ၊ ႏွစ္ခန္းစကေန ဇာတ္ပို႕ဘ၀ကေန ဇာတ္ေဆာင္ဘ၀ကို တက္လွမ္းခဲ့တာျဖစ္ပါတယ္။ ကၽြန္ေတာ့္ရဲ႕ ပထမေျခလွမ္းေလးကို အမွတ္ရေစမဲ့ ဒီဇာတ္ပို႕ဆုကိုရရွိခဲ့တဲ့ အတြက္ ကၽြန္ေတာ္အတိုင္းမသိ ၀မ္းသာပါတယ္။ ဆရာၾကီးမင္းသိခၤရဲ႕၀တၳဳကုိ ပထမဆံုးအၾကိမ္ရိုက္ကူးျခင္းပါ။ အဲ့ဒီအတြက္ မရွိေတာ့ေပမဲ့ ဆရာၾကီးကိုလဲ ကုိယ္စားဂါရ၀ျပဳပါတယ္။ ဒီကားကိုရိုက္ကူးဖို႕အတြက္ ကၽြန္ေတာ့္ဥကၠဌတာ၀န္ေတြနဲ႕မအားမလပ္ျဖစ္ေနရာကေန ေစာင့္စားရိုက္ကူးေပးတဲ့ ဒါရိုက္တာခင္ေစာမ်ိဳးနဲ႕အႏုပညာအၾကံေပး တြဲဖက္ဒါရိုက္တာၾကီး ကိုမ်ိဳးထူးကိုလဲေက်းဇူးတင္ပါတယ္။ ဒီကားမွာ ကၽြန္ေတာ့္ကုိရိုက္ဖို႕ေရြးခ်ယ္ေပးတဲ့ လပ္ကီးဆဲဗင္းထုတ္လုပ္ေရးက မေအးေအး၀င္းတို႕ကိုလဲေက်းဇူးတင္ပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ္ဇာတ္ပို႕ဘ၀ လြန္ခဲ့တဲ့ ႏွစ္အစိတ္က ရုပ္ရွင္ဘ၀မွာ ဒီလိုဇာတ္ပုိ႕ဘ၀ေလးနဲ႕ပဲ ရပ္တည္ႏုိင္ေအာင္ကၽြန္ေတာ့္ကိုအစစအရာရာ သြန္သင္ဆံုးမေပးခဲ့တဲ့ ကၽြန္ေတာ့ ဆရာအရင္းဦးေအာင္ျမင့္ျမတ္ကို ဒီေနရာကေနလက္အုပ္ခ်ီမိုးရွီခိုးကန္႕ေတာ့ပါတယ္။ ေရႊတိဂံုဘုရားၾကီးေနာက္ခံထားလို႕ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ေက်းဇူးတင္ထိုက္သူမ်ားအားလံုးကုိ ေက်းဇူးအထူးတင္ပါတယ္"လို႕ေက်းဇူးတင္စကားကုိ အကယ္ဒမီစင္ျမင့္ေပၚကေန ျပည့္ျပည့္စံုစံု ေျပာျပသြားခဲ့ပါတယ္။
ဒါ့အျပင္ အန္ကယ္ေလးဟာ ရရွိခဲ့တဲ့ ဇာတ္ပို႕ဆုနဲ႕ပတ္သက္ၿပီးေတာ့လဲ "တကယ္ေတာ့ စိတ္ေလွ်ာ့ထားတာပါ။ ကၽြန္ေတာ့ စိတ္ထဲမွာ ဒီပြဲၾကီးမွာ ဘာမ်ားလိုအပ္မလဲဆိုတဲ့ စိတ္ပဲပူပန္ေနတာပါ။ မေမွ်ာ္လင့္ပဲ ေၾကညာလိုက္ေတာ့ တကယ့္ကို အံ့ၾသ၀မ္းသာျဖစ္ရပါတယ္။ ေနာက္တစ္ခုက ကၽြန္ေတာ့္ရဲ႕ ဥကၠဌသက္တမ္း ႏႈတ္ဆက္တဲ့အခ်ိန္မွာပဲ ရလိုက္တဲ့အတြက္ ပိုၿပီး အမွတ္တရျဖစ္ေစပါတယ္။ ေနာက္တစ္ခုက ဇာတ္ပို႕ဆုျဖစ္တဲ့အတြက္လဲ ကၽြန္ေတာ့ရဲ႕မူရင္းဘ၀ကုိ အစပထမဘ၀ေတြကို ေအာက္ေမ့တသျဖစ္ၿပီးေတာ့ ဒီဇာတ္ပို႕ဆုေလးကို ကၽြန္ေတာ္ျမတ္ႏုိးမိပါတယ္။ ကၽြန္ေတာ္အမွန္အတိုင္းေျပာရရင္ ဇာတ္ပို႕နဲ႕ဒါရိုက္တာဆုိ ဒါရိုက္တာကို လိုခ်င္ခဲ့တာပါ။ ဒါေပမဲ့လဲ အခုရခဲ့တဲ့ ဇာတ္ပို႕ဆုေလးကလဲ ကၽြန္ေတာ့္ရဲ႕မူလဘ၀ျဖစ္တဲ့အတြက္ ျမတ္ႏုိးပါတယ္။ ကၽြန္ေတာ္ဥကၠဌဘ၀ကႏႈတ္ထြက္တယ္ဆိုတာကလဲ သက္တမ္း ႏွစ္ဆက္ျပည့္သြားလို႕ပါ။ ၿပီးေတာ့ ကၽြန္ေတာ့္ရဲ႕အႏုပညာစိတ္ကူးစိတ္သန္းေတြ ၊ ကၽြန္ေတာ္ေမ့ထားတဲ့ကိစၥေတြ၊ အႏုပညာလုပ္ငန္းေတြကို အရင္ထက္အဆေပါင္းမ်ားစြာ ပိုၿပီးျပန္လုပ္ႏုိင္ေတာ့မွာပါ။ ပရိသတ္ေတြကိုလဲေက်းဇူးတင္ပါတယ္။ ကၽြန္ေတာ့ရဲ႕ အနုပညာသက္တမ္း ႏွစ္အစိတ္ဆိုတာကို ေျပာႏုိင္ဖို႕ဆုိတာ ကၽြန္ေတာ့္ကို အားေပးတဲ့ပရိသတ္ဆိုတာရွိမွျဖစ္တာပါ။ ပရိသတ္ေက်းဇူးဆိုတာ မရွိမျဖစ္ပါ။ ေ၀ဖန္မႈနဲ႕ပတ္သက္ၿပီးကေတာ့ ကိုယ္ဥကၠဌစလုပ္ကတည္းက ကိုယ္ရွင္းထားၿပီးသားပါ။ ကိုယ္အႏုပညာလုပ္လာတာ ႏွစ္အစိတ္ရွိၿပီ။ ကုိယ္ဥကၠဌလုပ္လာတာ ၄ႏွစ္ပဲရွိပါေသးတယ္။ ကုိယ့္အႏုပညာအတြက္ေတာ့ ကုိယ္လိပ္ျပာသန္႕ပါတယ္။ အမွန္အတုိင္းေျပာရရင္ တကယ္ကိုလိုခ်င္တာပါ။ ႏွစ္တုိင္းမွာေမးတိုင္းလဲေျဖခဲ့ပါတယ္။ တကယ္လုိခ်င္ပါတယ္လို႕။ ဒါေပမဲ့လဲ အျမဲတမ္းလဲလြဲေနၾကဆိုေတာ့ ဒီႏွစ္လဲ လြဲလိမ့္မယ္လုိ႕ပဲယံုၾကည္ထားတာပါ။"လို႕ လူမင္းက ထပ္မံေျပာျပေပးသြားခဲ့ပါတယ္။

trend.com.mm
===============

လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ ခင်စောမျိုးရိုက်ကူးတဲ့ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနဲ့မြိုင်ရာဇာတာတေ ဇာတ်ကားဖြင့်ဇာတ်ပို့ဆုကို ထိုက်တန်စွာရရှိပိုင်ဆိုင်ခဲ့တဲ့ လူမင်းဟာ ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်ဇာတ်ကားနဲ့အမျိုးသားဇာတ်ဆောင်ဆုကို ၂၀၀၂ ခုနှစ်က ပထမဆုံးအကြိမ်ရရှိခဲ့သလို ကျန်စစ်မင်းဇာတ်ကားနဲ့လဲ အမျိုးသားဇာတ်ဆောင်ဆုကို ထပ်မံပြီး ၂၀၀၅ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ အခု၂၀၁၇ ခုနှစ်မှာ အမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့တာကတော့ လူမင်းအတွက် ရတနာသုံးပါး ဦးထိပ်ထားကာ တတိယအကြိမ်ရရှိခဲ့တာ ဖြစ်တဲ့အတွက် အဆိုပါဆုသုံးဆုနဲ့ပတ်သက်ပြီး သူ့ရဲ့ ရင်တွင်းစကားသံများကတော့
"အမှန်အတိုင်းပြောရရင် ကျွန်တော်တကယ်ကို လိုချင်တာပါ။ နှစ်တိုင်းနှစ်တိုင်းလဲ နာမည်ကြီးသလောက်လွဲခဲ့တဲ့ မောင်မောင်မို့လို့ ဒီနှစ်မှာလဲ လွဲမယ်လို့ပဲ သက်တောင့်သက်သာလေးပဲတွေးထားတာပါ။ အနုပညာလုပ်သက် နှစ်အစိတ်ရှိပါပြီ။ အကယ်ဒမီမရတာလဲ ၁၂ နှစ်တိတိရှိပါပြီ။ ကျွန်တော်အစည်းအရုံး ဥက္ကဌတာဝန်ကိုယူနေစဉ်ကတည်းက ရလဲရချင်တယ်။ တစ်ဝက်ကလဲ ရိုးရိုးသားသားဝန်ခံရရင် မရချင်ပါဘူး။ ဒါပေမဲ့လဲ ကျွန်တော့်အနုပညာအပေါ် ကျွန်တော်လိပ်ပြာသန့်စွာ ရင်းနှီးပေးဆပ်ခဲ့တဲ့အတွက် အကြိမ်ကြိမ်ပြောပါတယ်။ ဒီဆုလေးအတွက် ကျွန်တော့်ရင်ထဲမှာ လိပ်ပြာသန့်ပါတယ်။ ကျွန်တော်နှစ်အစိတ်ရှိပါပြီ။ မရတာလဲ ၁၂ နှစ်ရှိပါပြီ။ ဇာတ်ပို့ဆုဖြစ်တဲ့အတွက် ပိုမြတ်နိုးခုံမင်မိပါတယ်။ ကျွန်တော်ဟာလွန်ခဲ့တဲ့ နှစ်အစိတ်က တစ်ခန်းစ၊ နှစ်ခန်းစကနေ ဇာတ်ပို့ဘဝကနေ ဇာတ်ဆောင်ဘဝကို တက်လှမ်းခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပထမခြေလှမ်းလေးကို အမှတ်ရစေမဲ့ ဒီဇာတ်ပို့ဆုကိုရရှိခဲ့တဲ့ အတွက် ကျွန်တော်အတိုင်းမသိ ဝမ်းသာပါတယ်။ ဆရာကြီးမင်းသိင်္ခရဲ့ဝတ္ထုကို ပထမဆုံးအကြိမ်ရိုက်ကူးခြင်းပါ။ အဲ့ဒီအတွက် မရှိတော့ပေမဲ့ ဆရာကြီးကိုလဲ ကိုယ်စားဂါရဝပြုပါတယ်။ ဒီကားကိုရိုက်ကူးဖို့အတွက် ကျွန်တော့်ဥက္ကဌတာဝန်တွေနဲ့မအားမလပ်ဖြစ်နေရာကနေ စောင့်စားရိုက်ကူးပေးတဲ့ ဒါရိုက်တာခင်စောမျိုးနဲ့အနုပညာအကြံပေး တွဲဖက်ဒါရိုက်တာကြီး ကိုမျိုးထူးကိုလဲကျေးဇူးတင်ပါတယ်။ ဒီကားမှာ ကျွန်တော့်ကိုရိုက်ဖို့ရွေးချယ်ပေးတဲ့ လပ်ကီးဆဲဗင်းထုတ်လုပ်ရေးက မအေးအေးဝင်းတို့ကိုလဲကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော်ဇာတ်ပို့ဘဝ လွန်ခဲ့တဲ့ နှစ်အစိတ်က ရုပ်ရှင်ဘဝမှာ ဒီလိုဇာတ်ပို့ဘဝလေးနဲ့ပဲ ရပ်တည်နိုင်အောင်ကျွန်တော့်ကိုအစစအရာရာ သွန်သင်ဆုံးမပေးခဲ့တဲ့ ကျွန်တော့ ဆရာအရင်းဦးအောင်မြင့်မြတ်ကို ဒီနေရာကနေလက်အုပ်ချီမိုးရှီခိုးကန့်တော့ပါတယ်။ ရွှေတိဂုံဘုရားကြီးနောက်ခံထားလို့ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ကျေးဇူးတင်ထိုက်သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်"လို့ကျေးဇူးတင်စကားကို အကယ်ဒမီစင်မြင့်ပေါ်ကနေ ပြည့်ပြည့်စုံစုံ ပြောပြသွားခဲ့ပါတယ်။
ဒါ့အပြင် အန်ကယ်လေးဟာ ရရှိခဲ့တဲ့ ဇာတ်ပို့ဆုနဲ့ပတ်သက်ပြီးတော့လဲ "တကယ်တော့ စိတ်လျှော့ထားတာပါ။ ကျွန်တော့ စိတ်ထဲမှာ ဒီပွဲကြီးမှာ ဘာများလိုအပ်မလဲဆိုတဲ့ စိတ်ပဲပူပန်နေတာပါ။ မမျှော်လင့်ပဲ ကြေညာလိုက်တော့ တကယ့်ကို အံ့သြဝမ်းသာဖြစ်ရပါတယ်။ နောက်တစ်ခုက ကျွန်တော့်ရဲ့ ဥက္ကဌသက်တမ်း နှုတ်ဆက်တဲ့အချိန်မှာပဲ ရလိုက်တဲ့အတွက် ပိုပြီး အမှတ်တရဖြစ်စေပါတယ်။ နောက်တစ်ခုက ဇာတ်ပို့ဆုဖြစ်တဲ့အတွက်လဲ ကျွန်တော့ရဲ့မူရင်းဘဝကို အစပထမဘဝတွေကို အောက်မေ့တသဖြစ်ပြီးတော့ ဒီဇာတ်ပို့ဆုလေးကို ကျွန်တော်မြတ်နိုးမိပါတယ်။ ကျွန်တော်အမှန်အတိုင်းပြောရရင် ဇာတ်ပို့နဲ့ဒါရိုက်တာဆို ဒါရိုက်တာကို လိုချင်ခဲ့တာပါ။ ဒါပေမဲ့လဲ အခုရခဲ့တဲ့ ဇာတ်ပို့ဆုလေးကလဲ ကျွန်တော့်ရဲ့မူလဘဝဖြစ်တဲ့အတွက် မြတ်နိုးပါတယ်။ ကျွန်တော်ဥက္ကဌဘဝကနှုတ်ထွက်တယ်ဆိုတာကလဲ သက်တမ်း နှစ်ဆက်ပြည့်သွားလို့ပါ။ ပြီးတော့ ကျွန်တော့်ရဲ့အနုပညာစိတ်ကူးစိတ်သန်းတွေ ၊ ကျွန်တော်မေ့ထားတဲ့ကိစ္စတွေ၊ အနုပညာလုပ်ငန်းတွေကို အရင်ထက်အဆပေါင်းများစွာ ပိုပြီးပြန်လုပ်နိုင်တော့မှာပါ။ ပရိသတ်တွေကိုလဲကျေးဇူးတင်ပါတယ်။ ကျွန်တော့ရဲ့ အနုပညာသက်တမ်း နှစ်အစိတ်ဆိုတာကို ပြောနိုင်ဖို့ဆိုတာ ကျွန်တော့်ကို အားပေးတဲ့ပရိသတ်ဆိုတာရှိမှဖြစ်တာပါ။ ပရိသတ်ကျေးဇူးဆိုတာ မရှိမဖြစ်ပါ။ ဝေဖန်မှုနဲ့ပတ်သက်ပြီးကတော့ ကိုယ်ဥက္ကဌစလုပ်ကတည်းက ကိုယ်ရှင်းထားပြီးသားပါ။ ကိုယ်အနုပညာလုပ်လာတာ နှစ်အစိတ်ရှိပြီ။ ကိုယ်ဥက္ကဌလုပ်လာတာ ၄နှစ်ပဲရှိပါသေးတယ်။ ကိုယ့်အနုပညာအတွက်တော့ ကိုယ်လိပ်ပြာသန့်ပါတယ်။ အမှန်အတိုင်းပြောရရင် တကယ်ကိုလိုချင်တာပါ။ နှစ်တိုင်းမှာမေးတိုင်းလဲဖြေခဲ့ပါတယ်။ တကယ်လိုချင်ပါတယ်လို့။ ဒါပေမဲ့လဲ အမြဲတမ်းလဲလွဲနေကြဆိုတော့ ဒီနှစ်လဲ လွဲလိမ့်မယ်လို့ပဲယုံကြည်ထားတာပါ။"လို့ လူမင်းက ထပ်မံပြောပြပေးသွားခဲ့ပါတယ်။
trend.com.mm

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...