အစိုးရသစ် လက်ထက် ပမာဏ အများဆုံး အဖြစ် ကျောက်စိမ်းတုံးတင် ကား ၉ စီး ဖမ်းမိ

 အစိုးရသစ် လက်ထက် ပမာဏ အများဆုံး အဖြစ် ကျောက်စိမ်းတုံးတင်ကား ၉ စီးကို
အဆိုပါကားများကို ရတနာ ကြယ်စင်လင်း ကုမ္ဗဏီ ပိုင် ကားများဖြစ်ပြီး
ဖားကန့်မြို့နယ် လုံးခင်းမှနေပြည်တော်သို့ အသွား အခွန်ပေးဆောင်ထားသည့်

မထင်ထားမိကြဘူး”ဟုမြို့နယ်ထွေအုပ်ရုံးဒုဦးစီးမှူး ဦးစံရွှေမြင့် က မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
တရားမ၀င်ကျောက်စိမ်းရိုင်းတုံးများကို ထိန်းသိမ်းထားရှိပြီး

ထွန်းထွန်း
ဖေဖော်ဝါရီ ၁၄
 Unicode
===
အစိုုးရသစ် လက်ထက် ပမာဏ အများဆုုံး အဖြစ် ကျောက်စိမ်းတုုံးတင်ကား ၉ စီးကိုု
ရွှေဘို- မြစ်ကြီးနားပြည်ထောင်စုကားလမ်းတွင် ၁၂ရက်နေ့ကဖမ်းဆီးရမိ ကြောင်းသိရသည်။
အဆိုပါကားများကိုု ရတနာ ကြယ်စင်လင်း ကုမ္ဗဏီ ပိုုင် ကားများဖြစ်ပြီး
ဖားကန့်မြို့နယ် လုံးခင်းမှှနေပြည်တော်သို့ အသွား အခွန်ပေးဆောင်ထားသည့်
ကျောက်စိမ်းအရိုင်းတုံးများအပြင် ကားများ၌အံဝှက်ပြုလုပ်ကာ တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများအား တင်ဆောင်လာခဲ့ကြောင်းစစ်ဆေးတွေ့ရှိခဲ့သဖြင့်
မိုးညှင်းမြို့ အမြောက်စစ်ဆင်ရေးကွပ်ကဲရေးမှူးချုပ်ရုံး မစခ(၉၀၄) တွင်
ထိန်းသိမ်းထားကာမိုးညှင်းမြို့မရဲစခန်းသို့လွဲပြောင်းပေးခဲ့ကြောင်းသိရသည်။

“ကျောက်မျက်ရတနာဆိုတာ တရားဝင်အခွန်ဆောင်ကြရပြီးနိုင်ငံတော်ကခွင့်ပြုချက်ရရှိထားကြတဲ့ ကျောက်မျက်ကုမ္ပဏီတွေကဘဲ ဒီလိုသယ်ဆောင်ခွင့်ရတာ အခုကားတွေကကျောက်စိမ်းရုံးမှာစစ်ဆေးပြီးမှထွက်ခွာလာခဲ့တဲ့ကားတွေပါ အခုလိုအံဝှက်တွေနဲ့တရားမဝင်သယ်ဆောင်လိမ့်မယ်ဆိုတာဘယ်သူကမှ
မထင်ထားမိကြဘူး”ဟုမြို့နယ်ထွေအုပ်ရုံးဒုဦးစီးမှူး ဦးစံရွှေမြင့် က မြစ်ကြီးနား သတင်းဂျာနယ်သိုု့ ပြောသည်။
တရားမဝင်ကျောက်စိမ်းရိုင်းတုံးများကို ် ထိန်းသိမ်းထားရှိပြီး
အရေအတွက်၊အလေးချိန်၊တန်ဖိုးများအားတာဝန်ရှိသူများက
စီစစ်နေဆဲဖြစ်ကြောင်းမိုးညှင်းမြို့မရဲစခန်းမှသိရသည်။

ထွန်းထွန်း
ဖေဖော်ဝါရီ ၁၄
#Myitmakha News Journal


Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...