#မုံရြာကလူေတြဓားျပအတိုက္ခံရလို႕သိရွိရ
မေကြးတိုင္းကုိျဖတ္လို့ အထက္ဘက္ကိုသြားတဲ့ ပဒါန္းလမ္းဆံုနဲ႔ ေရႊစက္ေတာ္၊ ပုဂံ-ေညာင္ဦးၾကား ပုသိမ္-မံုရြာ လမ္းမႀကီးေပၚမွာ မေန႔က ၂၄.၂.၂၀၁၇ နံနက္ ၃ နာရီ အခ်ိန္မွာ မိသားစုကားတစ္စီးကို ဓားျပတိုက္တာပါ....
အထက္ဘက္ကိုလာၾကတဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္ စီးလာတဲ့ကားကို...ပဒါန္းလမ္းဆံုအေက်ာ္မွာ...အမ်ိဳးသမီးတစ္ဦး...အဘိုးအိုဟန္ေဆာင္လာတဲ့ လူတစ္ဦးနဲ႔...အမ်ိဳးသားႏွစ္ဦး စုစုေပါင္း ေလးဦးမွတားကို...ဒုကၡအရမ္းေရာက္ေနလို႔ ေဆးရံုကို အခ်ိန္မွီသြားရမွာမို႔ ကားၾကံဳေလးလုိက္ခ်င္လို႔ ကူညီပါလို႔ အတင္းေတာင္းပန္ၾကတာပါ...ကားပိုင္႐ွင္ အမ်ိဳးသမီးက သနားလို႔ လမ္းၾကံဳေခၚတင္ၿပီး ကူညီလိုက္ပါတယ္...ကားေပၚေရာက္ေတာ့ သိပ္မၾကာပါဘူး...အဘိုးႀကီးဟန္ေဆာင္သူက အဘိုးႀကီးမဟုတ္ေတာ့ဘဲ ဓားေထာက္ကာ...ဓားျပတိုက္ပါေတာ့တယ္...ဒါနဲ႔ အတင္းေတာင္းပန္ၿပီး လူကို အႏၲရာယ္မေပးဖို႔...႐ွိတဲ့ ပစၥည္းအကုန္႐ွာေဖြယူႏိုင္ေၾကာင္း ေျပာလိုက္ပါတယ္...
ေငြသား ၁၀ သိန္းနဲ႔ ဆြဲႀကိဳး၊ လက္စြပ္၊ နားကပ္ အကုန္ခြၽတ္ယူၿပီး သြားၾကပါတယ္...ပံု႔လဲ ေညာင္ဦးေဆးရံုမွာ လူနာေစာင့္ရင္း သိခဲ့တာပါ...ဘုရားဖူးသြားတဲ့သူ...ခရီးသြားတဲ့သူေတြ အားလံုးဘဲ သတိထားႏိုင္ဖို႔ မ်ွေဝေပးလိုက္ပါတယ္႐ွင္....ဒီလမ္းမွ မဟုတ္ပါဘူး...ဘယ္လမ္းမဆို အလြယ္တကူ လမ္းၾကံဳမတင္ဖို႔ သတိေပးပါရေစ႐ွင္....
credit-မေကြးသတင္းမ်ားမွ ကူးယူေဖာ္ျပသည္။
#မုံရွာကလူတွေဓားပြအတိုက်ခံရလို့သိရှိရမကွေးတိုင်းကုိဖြတ်လို့ အထက်ဘက်ကိုသွားတဲ့ ပဒါန်းလမ်းဆုံနဲ့ ရွှေစက်တော်၊ ပုဂံ-ညောင်ဦးကြား ပုသိမ်-မုံရွာ လမ်းမကြီးပေါ်မှာ မနေ့က ၂၄.၂.၂၀၁၇ နံနက် ၃ နာရီ အချိန်မှာ မိသားစုကားတစ်စီးကို ဓားပြတိုက်တာပါ....
အထက်ဘက်ကိုလာကြတဲ့ ဇနီးမောင်နှံနှစ်ယောက် စီးလာတဲ့ကားကို...ပဒါန်းလမ်းဆုံအကျော်မှာ...အမျိုးသမီးတစ်ဦး...အဘိုးအိုဟန်ဆောင်လာတဲ့ လူတစ်ဦးနဲ့...အမျိုးသားနှစ်ဦး စုစုပေါင်း လေးဦးမှတားကို...ဒုက္ခအရမ်းရောက်နေလို့ ဆေးရုံကို အချိန်မှီသွားရမှာမို့ ကားကြုံလေးလိုက်ချင်လို့ ကူညီပါလို့ အတင်းတောင်းပန်ကြတာပါ...ကားပိုင်ရှင် အမျိုးသမီးက သနားလို့ လမ်းကြုံခေါ်တင်ပြီး ကူညီလိုက်ပါတယ်...ကားပေါ်ရောက်တော့ သိပ်မကြာပါဘူး...အဘိုးကြီးဟန်ဆောင်သူက အဘိုးကြီးမဟုတ်တော့ဘဲ ဓားထောက်ကာ...ဓားပြတိုက်ပါတော့တယ်...ဒါနဲ့ အတင်းတောင်းပန်ပြီး လူကို အန္တရာယ်မပေးဖို့...ရှိတဲ့ ပစ္စည်းအကုန်ရှာဖွေယူနိုင်ကြောင်း ပြောလိုက်ပါတယ်...
ငွေသား ၁၀ သိန်းနဲ့ ဆွဲကြိုး၊ လက်စွပ်၊ နားကပ် အကုန်ချွတ်ယူပြီး သွားကြပါတယ်...ပုံ့လဲ ညောင်ဦးဆေးရုံမှာ လူနာစောင့်ရင်း သိခဲ့တာပါ...ဘုရားဖူးသွားတဲ့သူ...ခရီးသွားတဲ့သူတွေ အားလုံးဘဲ သတိထားနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ရှင်....ဒီလမ်းမှ မဟုတ်ပါဘူး...ဘယ်လမ်းမဆို အလွယ်တကူ လမ်းကြုံမတင်ဖို့ သတိပေးပါရစေရှင်....
credit-မကွေးသတင်းများမှ ကူးယူဖော်ပြသည်။
0 comments :
Post a Comment