လူ(၈)ဦး ကားမီးေလာင္ ေသဆုံးမႈတြင္ လုံးဝကြယ္ေပ်ာက္ေနသည့္ အခ်က္တစ္ခ်က္

လူ(၈)ဦး ကားမီးေလာင္ ေသဆုံးမႈတြင္ လုံးဝကြယ္ေပ်ာက္ေနသည့္ အခ်က္တစ္ခ်က္

ဇန္နဝါရီလ ၂၁ ရက္ေန႕က အျမန္လမ္း ၄ မိုင္ ၂ ဖာလုံတြင္ ျဖစ္ပြားခဲ့ေသာ Hi-Ace အမ်ိဳးအစား ယာဥ္မီးေလာင္မႈေၾကာင့္ လူ(၈)ဦး မီးေလာင္ကြၽမ္းေသဆုံးခဲ့ရမႈကို ရဲတပ္ဖြဲ႕က စစ္ေဆးခဲ့ၿပီးေနာက္ အဆိုပါအမႈကို မေတာ္တဆျဖစ္ပြားသည့္ ယာဥ္ေပါ့ဆမႈမ်ိဳးျဖစ္ေၾကာင္း သတ္မွတ္ကာ ယာဥ္ေမာင္း ေအာင္ခန႔္ဇြဲ ျမန္မာ(ခ)ေအာင္ခန႔္အား ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က အရ တရားစြဲဆိုထားေၾကာင္း ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕မွ ေအာက္ပါအတိုင္း အျပည့္အစုံ သတင္းထုတ္ျပန္ခဲ့သည္။

(သတင္းစာပါ ေဖာ္ျပခ်က္)
ဇန္နဝါရီ ၂၁ ရက္ နံနက္ ၈ နာရီခြဲခန႔္တြင္ လွည္းကူးၿမိဳ႕နယ္ အျမန္လမ္း မိုင္တိုင္အမွတ္ (၄/၂) အနီး၌ ေနျပည္ေတာ္ဘက္မွ ရန္ကုန္ ဘက္သို႔ ေမာင္းႏွင္လာသည့္ ယာဥ္အမွတ္ 9H^ 7167 Hiace ယာဥ္သည္ ဘီးေပါက္ၿပီး လမ္း လယ္ကြၽန္းတြင္ ကာရံထားေသာ သံတန္းအား အရွိန္ျဖင့္ပြတ္တိုက္မိရာမွ ဆီတိုင္ကီေပါက္ကြဲ၍ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ ယာဥ္ေပၚပါ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးခုနစ္ဦး စုစုေပါင္း ရွစ္ဦး မီးေလာင္ကြၽမ္း ေသဆုံးခဲ့ၿပီး အဘ ဦးေဇာ္မိုး ေက်ာ္၏ သားျဖစ္သူ ယာဥ္ေမာင္း ေအာင္ခန႔္ (၂၅)ႏွစ္ အသက္ရွင္က်န္ရစ္ခဲ့သည့္ ျဖစ္စဥ္ကို အမွတ္(၃)လမ္းဆုံ အျမန္လမ္းမႀကီးရဲစခန္းက အမႈဖြင့္အေရးယူခဲ့ၿပီး မႈခင္းရဲတပ္ဖြဲ႕က လႊဲေျပာင္း စစ္ေဆးခဲ့ေၾကာင္း သိရသည္။

မႈခင္းရဲတပ္ဖြဲ႕ အမႈစစ္အဖြဲ႕က အဓိက သက္ေသ ၂၀ ႏွင့္ ယာဥ္ေမာင္း ေအာင္ခန႔္ဇြဲျမန္မာ (ခ)ေအာင္ခန႔္တို႔အား စစ္ေဆးခဲ့ၿပီး သက္ေသခံ ပစၥည္း ၁၇ မ်ိဳးကို သိမ္းဆည္းခဲ့ေၾကာင္း၊ စစ္ေဆး ခ်က္မ်ားအရ ဇန္နဝါရီ ၁၈ ရက္တြင္ ရန္ကုန္ၿမိဳ႕ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ဆ႒ဂံျမန္မာေဆာက္လုပ္ ေရးကုမၸဏီမွ CEO ဦးဝင္းထြန္းသည္ 9H^ 7167 Hiace (အံစာတုံး)ယာဥ္အား တစ္ရက္လွ်င္ ေငြက်ပ္ ၇၀၀၀၀ ျဖင့္ ငွားရမ္းကာ ကုမၸဏီမွ ယာဥ္ေမာင္း ေအာင္ခန႔္ဇြဲျမန္မာ(ခ)ေအာင္ခန႔္အား ေမာင္းႏွင္ ေစလ်က္ ကုမၸဏီဝန္ထမ္း မျမတ္ျမတ္ေအး၊ မေမ သူကို၊ မခင္သီတာ၊ မခိုင္ျမတ္ဦး၊ မသင္းသင္းေမာ္၊ မယုရတနာလင္း၊ မဝင္းပပေဌးတို႔ႏွင့္အတူ ပုဂံၿမိဳ႕ သို႔ ဘုရားဖူး သြားေရာက္ခဲ့ၾကေၾကာင္း။
ဇန္နဝါရီ ၂၀ ရက္ ညေနပိုင္းတြင္ ပုဂံမွ ရန္ကုန္သို႔ျပန္လည္ထြက္ခြာၿပီး ယာဥ္အား ေအာင္ခန႔္ဇြဲျမန္မာ (ခ)ေအာင္ခန႔္ႏွင့္ ဦးဝင္းထြန္း တို႔ တစ္လွည့္စီ ေမာင္းႏွင္ခဲ့ေၾကာင္း၊ ေနျပည္ေတာ္ ဟိုတယ္ဇုန္ရွိ Denko ဆီဆိုင္သို႔ ည ၁၁ နာရီခြဲခန႔္ တြင္ေရာက္ရွိၿပီး ကားအား ေအာက္တိန္း(၉၂)ဆီ အျပည့္ျဖည့္ခဲ့ေၾကာင္း၊ ဆက္လက္ ေမာင္းႏွင္လာ ၿပီး ဇန္နဝါရီ ၂၁ ရက္ နံနက္ ၃ နာရီ ၁၅ မိနစ္ ခန႔္တြင္ အျမန္လမ္း(ေတာင္ငူၿမိဳ႕ ဆိုင္းဘုတ္အနီး) လမ္းေဘး၌ ကားရပ္ကာ ကားေပၚတြင္ ေခတၱ အနားယူအိပ္စက္ခဲ့ေၾကာင္း။

ထို႔ေနာက္ ဆက္လက္ေမာင္းႏွင္ခဲ့ရာ (၃၉) မိုင္ (၄)ဖာလုံသို႔ နံနက္ ၇ နာရီခန႔္က ေရာက္ရွိၿပီး နီလာရိုးမ စက္သုံးဆီဆိုင္တြင္ ေအာက္တိန္း(၉၂) ဆီအျပည့္ျဖည့္ခဲ့ေၾကာင္း၊ ၿပီးေနာက္ သေျပရိပ္ စားေသာက္ဆိုင္တြင္ နံနက္စာ စားသုံးခဲ့ေၾကာင္း၊ နံနက္ ၇ နာရီခြဲခန႔္တြင္ ထြက္ခြာလာရာ ေအာင္ခန႔္ဇြဲျမန္မာ(ခ)ေအာင္ခန႔္က ယာဥ္အား ေမာင္းႏွင္ကာ ယာဥ္ေမာင္းေနရာ ဝဲဘက္တြင္ ဦးဝင္းထြန္းက ထိုင္ခဲ့ၿပီး အမ်ိဳးသမီး ခုနစ္ဦးမွာ ယာဥ္ေနာက္ခန္းတြင္ လိုက္ပါစီးနင္းခဲ့ေၾကာင္း၊ နံနက္ ၈ နာရီခြဲခန႔္တြင္ အျမန္လမ္း မိုင္တိုင္ အမွတ္ (၄/၂)မိုင္အေရာက္ ယာဥ္တစ္စီးကို ေက်ာ္ တက္ရန္ ဝဲဘက္ယာဥ္ေၾကာသို႔ေျပာင္းစဥ္ အရွိန္ မထိန္းနိုင္ဘဲ လမ္းလယ္ကြၽန္းကပ္တုံးအား တိုက္မိ Guard Rail တန္းအရွည္ ၉၁ ေပခန႔္ကို ယာဥ္၏ဝဲဘက္အျခမ္းျဖင့္ ျပင္းထန္ စြာ ပြတ္တိုက္ ခဲ့ေၾကာင္း၊ ယာဥ္မွာ Guard Rail တန္းႏွင့္ တိုက္ၿပီးေနာက္ လမ္းလယ္ကြၽန္းကပ္တုံးအား ဆက္လက္တိုက္ကာ ရပ္သြားခဲ့ေၾကာင္း၊ ယာဥ္ တိုက္မႈေၾကာင့္ ဘန္ဘာအတြင္း တပ္ဆင္ထား သည့္ ဆင္ဆာစနစ္အရ ကားတံခါးမ်ား ေလာ့က်သြားခဲ့ေၾကာင္း။

ေအာင္ခန႔္ဇြဲျမန္မာ(ခ)ေအာင္ခန႔္က ကား တံခါးအားဖြင့္၍ဆင္းၿပီး ေရွ႕ခန္းတြင္လိုက္ပါလာ ေသာ ဦးဝင္းထြန္း၏ ကားတံခါးပြင့္လ်က္ရွိသည့္ အျပင္ ကား၏ Dashboard မွာလည္း အတြင္းသို႔ တစ္ေပခန႔္ ဝင္ေနသည္ကို ေတြ႕ရွိရ၍ ယာဥ္ေပၚမွ ဆြဲခ်စဥ္ ဦးဝင္းထြန္း၏ ေျခေထာက္ညွပ္ေနသျဖင့္ ဆြဲမထုတ္နိုင္ခဲ့ေၾကာင္း၊ ေနာက္ခန္းဝဲဘက္ေဘး ေလွ်ာတံခါးအားဖြင့္ရာ ဖြင့္မရဘဲရွိေနစဥ္ အခင္း ျဖစ္ယာဥ္၏ ေရွ႕မွသြားေနသည့္ Probox အျဖဴ ေရာင္(အငွား)ယာဥ္အမွတ္ BB/2656 မွ ယာဥ္ေမာင္း ဦးဝင္းစိုးေအာင္(ခ)ထန္းလ်က္က ယာဥ္၏ ေနာက္ၾကည့္မွန္ မွၾကည့္စဥ္ ေနာက္မွ ပါလာေသာ Hiace ယာဥ္မွာ လမ္းလယ္ကြၽန္းအနီး တြင္ ရပ္တန႔္လ်က္ ဖုန္လုံးမ်ား ထလာသည္ကို ေတြ႕ရသျဖင့္ ယာဥ္အား(၄)မိုင္(၁)ဖာလုံခန႔္တြင္ ရပ္ၿပီး အကူအညီေပးရန္အတြက္ Hiace ယာဥ္ရွိ ရာသို႔ ေျပးလာခဲ့ေၾကာင္း၊ ေအာင္ခန႔္ဇြဲျမန္မာ(ခ) ေအာင္ခန႔္သည္ ယာဥ္၏ ဝဲဘက္ရွိ ဆလိုက္တံခါး ကို ဖြင့္ေနစဥ္ ဦးဝင္းစိုးေအာင္(ခ)ထန္းလ်က္ ေရာက္ရွိခဲ့ၿပီး ႏွစ္ေယာက္အတူ ယာဥ္အတြင္းမွ လူမ်ားအားကယ္တင္ရရွိရန္ တံခါးကိုဖြင့္စဥ္ ယာဥ္ေအာက္ပိုင္း ဆီတိုင္ကီအနီးမွ မီးေတာက္ မ်ား ထြက္လာ၍ ေနာက္သို႔ခုန္ေရွာင္ ခဲ့ရေၾကာင္း။ ခဏအၾကာ ယာဥ္အမွတ္ 3D/9984 ဆာဖာရီယာဥ္ျဖင့္ ရန္ကုန္မွ ေနျပည္ေတာ္ဘက္ သို႔ ခရီးသြားသူ ဦးေနလင္းဦးက ယာဥ္တြင္ အသင့္ ေဆာင္ထားေသာ မီးသတ္ေဆးဘူးကို ယူေဆာင္ၿပီး လာေရာက္၍ ကူညီမီးျငႇိမ္း သတ္ေပးခဲ့ေၾကာင္း၊ ယာဥ္ေအာက္ပိုင္း၌ မီးစြဲေလာင္ကြၽမ္းလာသျဖင့္ ေအာင္ခန႔္ဇြဲျမန္မာ (ခ)ေအာင္ခန႔္ႏွင့္ ဦးဝင္းစိုး ေအာင္(ခ)ထန္းလ်က္တို႔သည္ ယာဥ္ေနာက္မွန္ အား အဂၤေတခဲျဖင့္ ပစ္ေပါက္ထုခြဲ ခဲ့ေၾကာင္း၊ ထိုအခ်ိန္ ယာဥ္အတြင္းမွ မီးခိုးလုံးမ်ားထြက္လာၿပီး မီးေတာက္မ်ား ပိုမိုေလာင္ကြၽမ္းခဲ့ေၾကာင္း၊ Hiace ယာဥ္မီးစြဲေလာင္ေနစဥ္ နံနက္ ၈ နာရီ မိနစ္ ၄၀ ခန႔္တြင္ ခြန္ရန္နိုင္ဦး(ခ)ကိုရဲ (ေဖ့စ္ဘုတ္တြင္ ယာဥ္ေပၚမွ ႏွစ္ဦးဆင္းလာစဥ္ တက္တူးပါေသာ လူငယ္တစ္ဦးဟု မွားယြင္းေဖာ္ျပခံရသူ)ႏွင့္ မိသား စုမ်ားသည္ အကူအညီေပးနိုင္ရန္အတြက္ ယာဥ္ မီးေလာင္သည့္ ေနရာအနီးသို႔ ခြန္ရန္နိုင္ဦး(ခ) ကိုရဲက သြားေရာက္ခဲ့ေၾကာင္း။

မီးေလာင္မႈျဖစ္သည့္ယာဥ္၏ အေနာက္ ဘက္ မလွမ္းမကမ္းရွိ လမ္းလယ္ကြၽန္းသို႔ ေရာက္ ရွိစဥ္ ခြန္ရန္နိုင္ဦး (ခ)ကိုရဲက ေအာင္ခန႔္ဇြဲျမန္မာ(ခ) ေအာင္ခန႔္အား ေနအိမ္သို႔ ဖုန္းဆက္အေၾကာင္း ၾကားနိုင္ေရးအတြက္ ၎၏ လက္ကိုင္ဖုန္းကိုေပးခဲ့ သျဖင့္ ေအာင္ခန႔္ဇြဲျမန္မာ(ခ)ေအာင္ခန႔္က မိခင္ ထံသို႔ ဖုန္းဆက္ခဲ့ေၾကာင္း၊ ခြန္ရန္နိုင္ဦး(ခ)ကိုရဲ သည္ ထိုအခ်ိန္က အခင္းျဖစ္ယာဥ္အနီး ေအာင္ခန႔္ ႏွင့္အတူ ေတြ႕ေသာ ကိုေနလင္းဦးအား မည္သူ မည္ဝါဟုမသိဘဲ အခင္းျဖစ္စဥ္ ယာဥ္အနီး အမ်ိဳးသားႏွစ္ဦးေတြ႕သည္ဟု မီဒီယာအားေျပာ ရာမွ သတင္းအမွား ျဖစ္ခဲ့သည့္အတြက္ ၎ ကိုယ္တိုင္ ဂ်ာနယ္တိုက္သို႔ သြားေရာက္ရွင္းလင္း ခဲ့ၿပီးျဖစ္ေၾကာင္း သိရွိရသည္။
အမႈမွာ မေတာ္တဆျဖစ္ပြားသည့္ ယာဥ္ ေပါ့ဆမႈမ်ိဳးျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ၿပီး စစ္ေဆး ေပၚေပါက္မႈ အေျခအေနကို ေသဆုံးသူတို႔ ၏ မိသားစုမ်ားကိုလည္း မႈခင္းရဲတပ္ဖြဲ႕ အမႈစစ္ အဖြဲ႕က ရွင္းလင္း ေျပာၾကားခဲ့ကာ အမႈတြဲကို ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံးသို႔ ေပးပို႔ခဲ့ ေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံး၏ ဥပေဒအႀကံျပဳခ်က္အရ ယာဥ္ေမာင္း ေအာင္ခန႔္ဇြဲ ျမန္မာ(ခ)ေအာင္ခန႔္အား ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-ကအရ လွည္းကူးၿမိဳ႕နယ္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရွိရသည္။
===============================================================
အထက္ပါသတင္းကို နိုင္ငံပိုင္ ေၾကးမုံသတင္းစာႏွင့္ ျပန္ၾကားေရးဝန္ႀကီးဌါ၏ ဝဘ္ဆိုက္တြင္ ေဖေဖာ္ဝါရီ ၂၃ ရက္ေန႕က ေရးသားေဖာ္ျပခဲ့ျခင္းျဖစ္သည္။

အဆိုပါ ကားမီးေလာင္၍ လူ(၈)ဦး ကားထဲမွာမီးေလာင္ေသဆုံးခဲ့ရသည့္ သတင္းမ်ားကို စတင္ျဖစ္ပြားခဲ့သည့္ ဇန္နဝါရီလ ၂၁ ရက္ေန႕မွ ယေန႕ထိ သတင္းဌါနေပါင္းစုံႏွင့္ မီဒီယာတို႔မွ မျပတ္ေရးသား သုံးသပ္ေဖာ္ျပခဲ့ၾကေသာ္လည္း သတင္းအခ်က္အလက္မ်ားမွာ ခပ္ဆင္ဆင္မ်ားသာ ျဖစ္ေနခဲ့သည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕မွ တစ္ဦးတည္း ျပန္လည္လြတ္ေျမာက္လာေသာ ယာဥ္ေမာင္း ေအာင္ခန႔္ႏွင့္ မ်က္ျမင္သက္ေသဆိုသူမ်ားကို စစ္ေဆးၿပီးသည္ထိ လုံးဝ ေဖာ္ျပေသးျခင္းမရွိေသာ အခ်က္တစ္ခ်က္မွာ ကားအတြင္း မီးေလာင္ေသဆုံးခဲ့ရသည့္ အမ်ိဳးသား ၁ ဦးႏွင့္ အမ်ိဳးသမီး ၇ ဦးတို႔၏ ေနာက္ဆုံးအခ်ိန္ အျဖစ္အပ်က္မ်ားပင္ ျဖစ္သည္။ အနိ႒ါ႐ုံ ျမင္ကြင္းျဖစ္သည့္တိုင္ အဆိုပါအခ်ိန္တိုေလးသည္ ျဖစ္စဥ္တစ္ခုလုံး၏ အေရးအႀကီးဆုံး အစိတ္အပိုင္း ျဖစ္သကဲ့သို႔ မေတာ္တဆမႈ၊ တမင္ႀကံ႐ြယ္မႈ စသည္ျဖင့္ အမႈတစ္ခုလုံး၏ ပုံစံကို ဆုံးျဖတ္ေပးနိုင္ေသာ အခ်က္တစ္ခ်က္ ျဖစ္သည့္အေလွ်ာက္ အမွန္တရားကိုသိရွိလိုေသာ ျပည္သူမ်ားအတြက္ ရွင္းလင္း ေဖာ္ျပသင့္သည့္ အေၾကာင္းအရာ တစ္ခုျဖစ္ေၾကာင္း သုံးသပ္မိပါသည္။
popolay
လူ(၈)ဦး ကားမီးလောင် သေဆုံးမှုတွင် လုံးဝကွယ်ပျောက်နေသည့် အချက်တစ်ချက်

ဇန်နဝါရီလ ၂၁ ရက်နေ့က အမြန်လမ်း ၄ မိုင် ၂ ဖာလုံတွင် ဖြစ်ပွားခဲ့သော Hi-Ace အမျိုးအစား ယာဉ်မီးလောင်မှုကြောင့် လူ(၈)ဦး မီးလောင်ကျွမ်းသေဆုံးခဲ့ရမှုကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပြီးနောက် အဆိုပါအမှုကို မတော်တဆဖြစ်ပွားသည့် ယာဉ်ပေါ့ဆမှုမျိုးဖြစ်ကြောင်း သတ်မှတ်ကာ ယာဉ်မောင်း အောင်ခန့်ဇွဲ မြန်မာ(ခ)အောင်ခန့်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က အရ တရားစွဲဆိုထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အောက်ပါအတိုင်း အပြည့်အစုံ သတင်းထုတ်ပြန်ခဲ့သည်။

(သတင်းစာပါ ဖော်ပြချက်)
ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ် အမြန်လမ်း မိုင်တိုင်အမှတ် (၄/၂) အနီး၌ နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် 9H^ 7167 Hiace ယာဉ်သည် ဘီးပေါက်ပြီး လမ်း လယ်ကျွန်းတွင် ကာရံထားသော သံတန်းအား အရှိန်ဖြင့်ပွတ်တိုက်မိရာမှ ဆီတိုင်ကီပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊ အမျိုးသမီးခုနစ်ဦး စုစုပေါင်း ရှစ်ဦး မီးလောင်ကျွမ်း သေဆုံးခဲ့ပြီး အဘ ဦးဇော်မိုး ကျော်၏ သားဖြစ်သူ ယာဉ်မောင်း အောင်ခန့် (၂၅)နှစ် အသက်ရှင်ကျန်ရစ်ခဲ့သည့် ဖြစ်စဉ်ကို အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူခဲ့ပြီး မှုခင်းရဲတပ်ဖွဲ့က လွှဲပြောင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့ အမှုစစ်အဖွဲ့က အဓိက သက်သေ ၂၀ နှင့် ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာ (ခ)အောင်ခန့်တို့အား စစ်ဆေးခဲ့ပြီး သက်သေခံ ပစ္စည်း ၁၇ မျိုးကို သိမ်းဆည်းခဲ့ကြောင်း၊ စစ်ဆေး ချက်များအရ ဇန်နဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆဋ္ဌဂံမြန်မာဆောက်လုပ် ရေးကုမ္ပဏီမှ CEO ဦးဝင်းထွန်းသည် 9H^ 7167 Hiace (အံစာတုံး)ယာဉ်အား တစ်ရက်လျှင် ငွေကျပ် ၇၀၀၀၀ ဖြင့် ငှားရမ်းကာ ကုမ္ပဏီမှ ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်အား မောင်းနှင် စေလျက် ကုမ္ပဏီဝန်ထမ်း မမြတ်မြတ်အေး၊ မမေ သူကို၊ မခင်သီတာ၊ မခိုင်မြတ်ဦး၊ မသင်းသင်းမော်၊ မယုရတနာလင်း၊ မဝင်းပပဌေးတို့နှင့်အတူ ပုဂံမြို့ သို့ ဘုရားဖူး သွားရောက်ခဲ့ကြကြောင်း။
ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းတွင် ပုဂံမှ ရန်ကုန်သို့ပြန်လည်ထွက်ခွာပြီး ယာဉ်အား အောင်ခန့်ဇွဲမြန်မာ (ခ)အောင်ခန့်နှင့် ဦးဝင်းထွန်း တို့ တစ်လှည့်စီ မောင်းနှင်ခဲ့ကြောင်း၊ နေပြည်တော် ဟိုတယ်ဇုန်ရှိ Denko ဆီဆိုင်သို့ ည ၁၁ နာရီခွဲခန့် တွင်ရောက်ရှိပြီး ကားအား အောက်တိန်း(၉၂)ဆီ အပြည့်ဖြည့်ခဲ့ကြောင်း၊ ဆက်လက် မောင်းနှင်လာ ပြီး ဇန်နဝါရီ ၂၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ် ခန့်တွင် အမြန်လမ်း(တောင်ငူမြို့ ဆိုင်းဘုတ်အနီး) လမ်းဘေး၌ ကားရပ်ကာ ကားပေါ်တွင် ခေတ္တ အနားယူအိပ်စက်ခဲ့ကြောင်း။

ထို့နောက် ဆက်လက်မောင်းနှင်ခဲ့ရာ (၃၉) မိုင် (၄)ဖာလုံသို့ နံနက် ၇ နာရီခန့်က ရောက်ရှိပြီး နီလာရိုးမ စက်သုံးဆီဆိုင်တွင် အောက်တိန်း(၉၂) ဆီအပြည့်ဖြည့်ခဲ့ကြောင်း၊ ပြီးနောက် သပြေရိပ် စားသောက်ဆိုင်တွင် နံနက်စာ စားသုံးခဲ့ကြောင်း၊ နံနက် ၇ နာရီခွဲခန့်တွင် ထွက်ခွာလာရာ အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်က ယာဉ်အား မောင်းနှင်ကာ ယာဉ်မောင်းနေရာ ဝဲဘက်တွင် ဦးဝင်းထွန်းက ထိုင်ခဲ့ပြီး အမျိုးသမီး ခုနစ်ဦးမှာ ယာဉ်နောက်ခန်းတွင် လိုက်ပါစီးနင်းခဲ့ကြောင်း၊ နံနက် ၈ နာရီခွဲခန့်တွင် အမြန်လမ်း မိုင်တိုင် အမှတ် (၄/၂)မိုင်အရောက် ယာဉ်တစ်စီးကို ကျော် တက်ရန် ဝဲဘက်ယာဉ်ကြောသို့ပြောင်းစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးအား တိုက်မိ Guard Rail တန်းအရှည် ၉၁ ပေခန့်ကို ယာဉ်၏ဝဲဘက်အခြမ်းဖြင့် ပြင်းထန် စွာ ပွတ်တိုက် ခဲ့ကြောင်း၊ ယာဉ်မှာ Guard Rail တန်းနှင့် တိုက်ပြီးနောက် လမ်းလယ်ကျွန်းကပ်တုံးအား ဆက်လက်တိုက်ကာ ရပ်သွားခဲ့ကြောင်း၊ ယာဉ် တိုက်မှုကြောင့် ဘန်ဘာအတွင်း တပ်ဆင်ထား သည့် ဆင်ဆာစနစ်အရ ကားတံခါးများ လော့ကျသွားခဲ့ကြောင်း။

အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်က ကား တံခါးအားဖွင့်၍ဆင်းပြီး ရှေ့ခန်းတွင်လိုက်ပါလာ သော ဦးဝင်းထွန်း၏ ကားတံခါးပွင့်လျက်ရှိသည့် အပြင် ကား၏ Dashboard မှာလည်း အတွင်းသို့ တစ်ပေခန့် ဝင်နေသည်ကို တွေ့ရှိရ၍ ယာဉ်ပေါ်မှ ဆွဲချစဉ် ဦးဝင်းထွန်း၏ ခြေထောက်ညှပ်နေသဖြင့် ဆွဲမထုတ်နိုင်ခဲ့ကြောင်း၊ နောက်ခန်းဝဲဘက်ဘေး လျှောတံခါးအားဖွင့်ရာ ဖွင့်မရဘဲရှိနေစဉ် အခင်း ဖြစ်ယာဉ်၏ ရှေ့မှသွားနေသည့် Probox အဖြူ ရောင်(အငှား)ယာဉ်အမှတ် BB/2656 မှ ယာဉ်မောင်း ဦးဝင်းစိုးအောင်(ခ)ထန်းလျက်က ယာဉ်၏ နောက်ကြည့်မှန် မှကြည့်စဉ် နောက်မှ ပါလာသော Hiace ယာဉ်မှာ လမ်းလယ်ကျွန်းအနီး တွင် ရပ်တန့်လျက် ဖုန်လုံးများ ထလာသည်ကို တွေ့ရသဖြင့် ယာဉ်အား(၄)မိုင်(၁)ဖာလုံခန့်တွင် ရပ်ပြီး အကူအညီပေးရန်အတွက် Hiace ယာဉ်ရှိ ရာသို့ ပြေးလာခဲ့ကြောင်း၊ အောင်ခန့်ဇွဲမြန်မာ(ခ) အောင်ခန့်သည် ယာဉ်၏ ဝဲဘက်ရှိ ဆလိုက်တံခါး ကို ဖွင့်နေစဉ် ဦးဝင်းစိုးအောင်(ခ)ထန်းလျက် ရောက်ရှိခဲ့ပြီး နှစ်ယောက်အတူ ယာဉ်အတွင်းမှ လူများအားကယ်တင်ရရှိရန် တံခါးကိုဖွင့်စဉ် ယာဉ်အောက်ပိုင်း ဆီတိုင်ကီအနီးမှ မီးတောက် များ ထွက်လာ၍ နောက်သို့ခုန်ရှောင် ခဲ့ရကြောင်း။ ခဏအကြာ ယာဉ်အမှတ် 3D/9984 ဆာဖာရီယာဉ်ဖြင့် ရန်ကုန်မှ နေပြည်တော်ဘက် သို့ ခရီးသွားသူ ဦးနေလင်းဦးက ယာဉ်တွင် အသင့် ဆောင်ထားသော မီးသတ်ဆေးဘူးကို ယူဆောင်ပြီး လာရောက်၍ ကူညီမီးငြှိမ်း သတ်ပေးခဲ့ကြောင်း၊ ယာဉ်အောက်ပိုင်း၌ မီးစွဲလောင်ကျွမ်းလာသဖြင့် အောင်ခန့်ဇွဲမြန်မာ (ခ)အောင်ခန့်နှင့် ဦးဝင်းစိုး အောင်(ခ)ထန်းလျက်တို့သည် ယာဉ်နောက်မှန် အား အင်္ဂတေခဲဖြင့် ပစ်ပေါက်ထုခွဲ ခဲ့ကြောင်း၊ ထိုအချိန် ယာဉ်အတွင်းမှ မီးခိုးလုံးများထွက်လာပြီး မီးတောက်များ ပိုမိုလောင်ကျွမ်းခဲ့ကြောင်း၊ Hiace ယာဉ်မီးစွဲလောင်နေစဉ် နံနက် ၈ နာရီ မိနစ် ၄၀ ခန့်တွင် ခွန်ရန်နိုင်ဦး(ခ)ကိုရဲ (ဖေ့စ်ဘုတ်တွင် ယာဉ်ပေါ်မှ နှစ်ဦးဆင်းလာစဉ် တက်တူးပါသော လူငယ်တစ်ဦးဟု မှားယွင်းဖော်ပြခံရသူ)နှင့် မိသား စုများသည် အကူအညီပေးနိုင်ရန်အတွက် ယာဉ် မီးလောင်သည့် နေရာအနီးသို့ ခွန်ရန်နိုင်ဦး(ခ) ကိုရဲက သွားရောက်ခဲ့ကြောင်း။

မီးလောင်မှုဖြစ်သည့်ယာဉ်၏ အနောက် ဘက် မလှမ်းမကမ်းရှိ လမ်းလယ်ကျွန်းသို့ ရောက် ရှိစဉ် ခွန်ရန်နိုင်ဦး (ခ)ကိုရဲက အောင်ခန့်ဇွဲမြန်မာ(ခ) အောင်ခန့်အား နေအိမ်သို့ ဖုန်းဆက်အကြောင်း ကြားနိုင်ရေးအတွက် ၎င်း၏ လက်ကိုင်ဖုန်းကိုပေးခဲ့ သဖြင့် အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်က မိခင် ထံသို့ ဖုန်းဆက်ခဲ့ကြောင်း၊ ခွန်ရန်နိုင်ဦး(ခ)ကိုရဲ သည် ထိုအချိန်က အခင်းဖြစ်ယာဉ်အနီး အောင်ခန့် နှင့်အတူ တွေ့သော ကိုနေလင်းဦးအား မည်သူ မည်ဝါဟုမသိဘဲ အခင်းဖြစ်စဉ် ယာဉ်အနီး အမျိုးသားနှစ်ဦးတွေ့သည်ဟု မီဒီယာအားပြော ရာမှ သတင်းအမှား ဖြစ်ခဲ့သည့်အတွက် ၎င်း ကိုယ်တိုင် ဂျာနယ်တိုက်သို့ သွားရောက်ရှင်းလင်း ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အမှုမှာ မတော်တဆဖြစ်ပွားသည့် ယာဉ် ပေါ့ဆမှုမျိုးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး စစ်ဆေး ပေါ်ပေါက်မှု အခြေအနေကို သေဆုံးသူတို့ ၏ မိသားစုများကိုလည်း မှုခင်းရဲတပ်ဖွဲ့ အမှုစစ် အဖွဲ့က ရှင်းလင်း ပြောကြားခဲ့ကာ အမှုတွဲကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ပေးပို့ခဲ့ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ဥပဒေအကြံပြုချက်အရ ယာဉ်မောင်း အောင်ခန့်ဇွဲ မြန်မာ(ခ)အောင်ခန့်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၄-ကအရ လှည်းကူးမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
===============================================================
အထက်ပါသတင်းကို နိုင်ငံပိုင် ကြေးမုံသတင်းစာနှင့် ပြန်ကြားရေးဝန်ကြီးဌါ၏ ဝဘ်ဆိုက်တွင် ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကားမီးလောင်၍ လူ(၈)ဦး ကားထဲမှာမီးလောင်သေဆုံးခဲ့ရသည့် သတင်းများကို စတင်ဖြစ်ပွားခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ယနေ့ထိ သတင်းဌါနပေါင်းစုံနှင့် မီဒီယာတို့မှ မပြတ်ရေးသား သုံးသပ်ဖော်ပြခဲ့ကြသော်လည်း သတင်းအချက်အလက်များမှာ ခပ်ဆင်ဆင်များသာ ဖြစ်နေခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တစ်ဦးတည်း ပြန်လည်လွတ်မြောက်လာသော ယာဉ်မောင်း အောင်ခန့်နှင့် မျက်မြင်သက်သေဆိုသူများကို စစ်ဆေးပြီးသည်ထိ လုံးဝ ဖော်ပြသေးခြင်းမရှိသော အချက်တစ်ချက်မှာ ကားအတွင်း မီးလောင်သေဆုံးခဲ့ရသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၇ ဦးတို့၏ နောက်ဆုံးအချိန် အဖြစ်အပျက်များပင် ဖြစ်သည်။ အနိဋ္ဌါရုံ မြင်ကွင်းဖြစ်သည့်တိုင် အဆိုပါအချိန်တိုလေးသည် ဖြစ်စဉ်တစ်ခုလုံး၏ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သကဲ့သို့ မတော်တဆမှု၊ တမင်ကြံရွယ်မှု စသည်ဖြင့် အမှုတစ်ခုလုံး၏ ပုံစံကို ဆုံးဖြတ်ပေးနိုင်သော အချက်တစ်ချက် ဖြစ်သည့်အလျှောက် အမှန်တရားကိုသိရှိလိုသော ပြည်သူများအတွက် ရှင်းလင်း ဖော်ပြသင့်သည့် အကြောင်းအရာ တစ်ခုဖြစ်ကြောင်း သုံးသပ်မိပါသည်။
popolay

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...