တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဦးကြည်လင်းရဲ့ စစ်ချက်တွေမှာ ထွက်ဆိုခဲ့တဲ့အတိုင်း ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ၊ကျောင်းလမ်းမှာရှိတဲ့ မဟာအောင်မြေဗိမာန် စာသင်ကျောင်းတိုက်မှာ ဇန်န၀ါရီလ (၂)ရက်နေ့ကနေ စတင်တည်းခိုခဲ့တာလို့သိရပါတယ်။ ဦးကြည်လင်းက လာရောက်တည်းခိုနေထိုင်စဉ်မှာ ဖိုးထူး နာမည်နဲ့သာ တည်းခိုခဲ့တာဖြစ်ပြီးတော့ ဧည့်စာရင်းတိုင်ကြားထားတာ မရှိဘူးလို့သိရပါတယ်။
ဇန်န၀ါရီလ (၂၉)ရက်နေ့ ညနေ ၆နာရီကျော်မှာ ဦးကြည်လင်း (၂၇)ရက်ကြာ တည်းခိုနေထိုင်ခဲ့တဲ့ မဟာအောင်မြေဗိမာန် စာသင်ကျောင်းတိုက်ကို သက်ဆိုင်ရာတွေက လာရောက်စစ်ဆေးခဲ့ပြီးတော့ ဦးကြည်လင်းရဲ့ အ၀တ်အစား အသုံးအဆောင်အထုပ်တွေကိုလာရောက်သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာတော့ မဟာအောင်မြေဗိမာန်စာသင်ကျောင်းတိုက်ကို သက်ဆိုင်ရာတွေက (၇)ကြိမ် လာရောက်စစ်ဆေးမှုတွေ ပြုလုပ်သွားတယ်လို့ တတိယမြောက်ဆရာတော် ဦးဝိဇယကပြောပါတယ်။ တခြားအမည်မဖော်လိုတဲ့သံင်္ဃာတပါးကတော့ ဦးကြည်လင်းဆီမှာ အော်ရီဒူးနဲ့ အမ်ပီတီ ဆင်းကဒ်တွေ တွေ့ရတယ်လို့ပြောပါတယ်။
Credit: DVB
Link: https://www.facebook.com/DVBTVNews/posts/1323438347694662
0 comments :
Post a Comment