==============================================
အေျခခံပညာအဆင့္ ပထမတန္းမွ နဝမတန္းအထိ ေက်ာင္းသားမ်ား၏ စာေမးပြဲ အေအာင္၊ အ႐ံႈးကို အတန္းတင္ စာေမးပြဲရမွတ္ တစ္ခုတည္းျဖင့္ သတ္မွတ္သည့္စနစ္ ဖ်က္သိမ္းရန္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန အေနႏွင့္ ျပင္ဆင္လ်က္ရွိေၾကာင္း ပညာေရ းဝန္ႀကီးဌာနထံမွ သိရွိရသည္။
အခန္းဆံုး စာေမးပြဲရလဒ္၊ ႏွစ္ဝက္စာေမးပြဲရလဒ္၊ တစ္ဦးခ်င္း၏ ဘက္စံုအရည္အခ်င္း အကဲျဖတ္မွတ္တမ္း ရလဒ္ႏွင့္ အတန္းတင္ စာေမးပြဲရလဒ္မ်ား စုေပါင္းအကဲျဖတ္၍ အတန္းတင္ေပးသည့္ စနစ္ကို ယခုပညာသင္ႏွစ္မွစ၍ ေျပာင္းလဲရန္ ျပင္ဆင္ေနျခင္း ျဖစ္ေၾကာင္း ယင္းဌာနထံမွ သိရွိရသည္။
အဆိုပါကိစၥႏွင့္ ပတ္သက္၍ ပညာေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာခိုင္ၿမဲက “ႏွစ္ဆံုးစာေမးပြဲ တစ္ခုတည္းအေပၚ မူတည္ၿပီးေတာ့ ေအာင္စာရင္းထုတ္မွာ မဟုတ္ဘူးေပါ့။ တစ္ႏွစ္လံုး ေစာင့္ၾကည့္အကဲျဖတ္ၿပီးေတာ့ ရလဒ္အေပၚမွာ အကဲျဖတ္တဲ့ သေဘာေပါ႔” ဟု ေျပာၾကားသည္။
ထိုသို႔ ေျပာင္းလဲရန္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာနက မူဝါဒ ျပင္ဆင္ေရးဆြဲ၍ ပညာေရး စီမံခန္႔ခြဲမႈ ေကာ္မတီထံ တင္ျပရမည္ျဖစ္ရာ ယခုႏွစ္ အခ်ိန္မမီလွ်င္ ယင္းစနစ္ကို လာမည့္ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္တြင္ စတင္က်င့္သံုးမည္ ျဖစ္ေၾကာင္း ပညာေရး ဝန္ႀကီးဌာနထံမွ သိရွိရသည္။
အေျခခံပညာ ဦးစီးဌာန ဦးစီးအရာရွိ ဦးေငြတိုးက ဘက္စံုလႊမ္းၿခံဳေသာ ပညာေရးက႑ ေလ့လာသံုးသပ္ေရးလုပ္ငန္း အတြဲ (၂) အစီရင္ခံစာ (၂၀၁၄) တြင္ တတ္ကြၽမ္းမႈအဆင့္ကို ၆၀ ရာခိုင္ႏႈန္း၊ လုပ္ငန္းေပးေဆာင္႐ြက္ျခင္းကို ၄၀ ရာခိုင္ႏႈန္း သတ္မွတ္ၿပီး Grade A, B, C, D ျဖင့္ ေအာင္၊ ႐ံႈး သတ္မွတ္ရာတြင္ ေပါင္း၍အကဲျဖတ္ရန္ ေဖာ္ျပထားသည္ဟု ဆိုသည္။
“ဒီစနစ္ေျပာင္းလဲတာကို သေဘာတူပါတယ္။ ဒါေပမဲ့ တကယ္လုပ္ရမယ့္ အလုပ္ကို မလုပ္ခဲ့ဘဲနဲ႔ အခုမွ လုပ္တာကို ေျပာင္းတယ္လို႔ ေျပာတာ လက္မခံဘူး။ အခ်ိန္ေတာ္ေတာ္ေနာက္က်ေနၿပီ” ဟု ဦးေငြတိုးက ေျပာၾကားသည္။
ဘက္စံုအရည္အခ်င္းမွတ္တမ္း ရလဒ္အေပၚ အကဲျဖတ္မည္ ဆိုျခင္းႏွင့္ ပတ္သက္၍ ေက်ာင္းအုပ္ႀကီး၊ သက္ဆိုင္ရာ လုပ္ငန္းေဆာင္႐ြက္သည ့္ဆရာမ်ားကိုယ္တိုင္ ႏွစ္စမွ ႏွစ္ဆံုးတိုင္ စနစ္တက် အကဲျဖတ္ထားသည့္ မွတ္တမ္းျဖစ္ရန္ အေရးႀကီးေၾကာင္း ပညာေရး ေလ့လာသူမ်ားက ေထာက္ျပသည္။
ယင္းႏွင့္ပတ္သက္ၿပီး အေသးစိတ္ေမးျမန္းရန္ ျမန္မာႏိုင္ငံ စာစစ္ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးမ်ိဳးညြန္႔ထံ The Voice ကဆက္သြယ္ေသာ္လည္း ဖုန္းဆက္သြယ္မႈ မရရွိေပ။
ပထမတန္းမွ နဝမတန္းအထိ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ လပတ္စာေမးပြဲ (ဇြန္လမွစ၍) ႏွင့္ အတန္းတင္ စာေမးပြဲရလဒ္ကို အမွတ္စာရင္းအစား အဆင့္သတ္မွတ္ခ်က္ Grade A, B, C, D ျဖင့္ ေျပာင္းလဲထုတ္ျပန္မည္ ျဖစ္ေၾကာင္း ဇူလိုင္လအတြင္းက သတင္းထုတ္ျပန္ထားသည္။
ရမွတ္ ၁၀ဝ မွ ၈၀ အထိ Grade ‘A’၊ ရမွတ္ ၆၀ မွ ၇၉ အထိ Grade ‘B’၊ ရမွတ္ ၄၀ မွ ၅၉ အထိ Grade ‘C’၊ ရမွတ္ ၄၀ ေအာက္ကို Grade ‘D’ ျဖစ္ သတ္မွတ္ၿပီး ဘာသာရပ္ အားလံုးေပါင္း Grade သတ္မွတ္ခ်က္ကို ဘာသာရပ္ အားလံုးေပါင္း ရမွတ္ကို စုေပါင္းပ်မ္းမွ်ရွာ၍ Grade သတ္မွတ္သည္။
ဘာသာရပ္ အားလံုးေပါင္း၏ Grade သတ္မွတ္ရာတြင္ ဘာသာတစ္ခုခ်င္းစီအလိုက္ Grade သတ္မွတ္ရာက တစ္ဘာသာ Grade ‘D’ အဆင့္ရလွ်င္ Grade ‘D’ အျဖစ္သာ ရမည္ျဖစ္ (ဥပမာ- ဘာသာရပ္ ၆ ခုရွိ၍ ၅ ဘာသာတြင္ Grade A ရၿပီး က်န္တစ္ဘာသာတြင္ Grade D ရလွ်င္ ပ်မ္းမွ်ရွာရာတြင္လည္း Grade D သာ ရမည္ျဖစ္သည္။) သည္။
ယခု ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္ အေျခခံပညာအဆင့္ (သူငယ္တန္းမွ ဆယ္တန္းအထိ) တြင္ ေက်ာင္းသား၊ ေက်ာင္းသူ ၉ သန္းေက်ာ္ရွိၿပီး ဆရာ၊ ဆရာမ သံုးသိန္းခုနစ္ေသာင္းေက်ာ္ရွိေၾကာင္း အေျခခံပညာဦးစီးဌာန၊ စာရင္းအင္းဌာနထံမွ သိရွိရသည္။
http://thevoicemyanmar.com/news/5941-att
=====
Unicode
အတန်းတင်စာမေးပွဲဖြင့် အောင်၊ ရှုံး သတ်မှတ်သည့်စနစ် ဖျက်သိမ်းမည်
အခြေခံပညာအဆင့် ပထမတန်းမှ နဝမတန်းအထိ ကျောင်းသားများ၏ စာမေးပွဲ အအောင်၊ အရှုံးကို အတန်းတင် စာမေးပွဲရမှတ် တစ်ခုတည်းဖြင့် သတ်မှတ်သည့်စနစ် ဖျက်သိမ်းရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အနေနှင့် ပြင်ဆင်လျက်ရှိကြောင်း ပညာရေ းဝန်ကြီးဌာနထံမှ သိရှိရသည်။
အခန်းဆုံး စာမေးပွဲရလဒ်၊ နှစ်ဝက်စာမေးပွဲရလဒ်၊ တစ်ဦးချင်း၏ ဘက်စုံအရည်အချင်း အကဲဖြတ်မှတ်တမ်း ရလဒ်နှင့် အတန်းတင် စာမေးပွဲရလဒ်များ စုပေါင်းအကဲဖြတ်၍ အတန်းတင်ပေးသည့် စနစ်ကို ယခုပညာသင်နှစ်မှစ၍ ပြောင်းလဲရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ယင်းဌာနထံမှ သိရှိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက “နှစ်ဆုံးစာမေးပွဲ တစ်ခုတည်းအပေါ် မူတည်ပြီးတော့ အောင်စာရင်းထုတ်မှာ မဟုတ်ဘူးပေါ့။ တစ်နှစ်လုံး စောင့်ကြည့်အကဲဖြတ်ပြီးတော့ ရလဒ်အပေါ်မှာ အကဲဖြတ်တဲ့ သဘောပေါ့” ဟု ပြောကြားသည်။
ထိုသို့ ပြောင်းလဲရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက မူဝါဒ ပြင်ဆင်ရေးဆွဲ၍ ပညာရေး စီမံခန့်ခွဲမှု ကော်မတီထံ တင်ပြရမည်ဖြစ်ရာ ယခုနှစ် အချိန်မမီလျှင် ယင်းစနစ်ကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်ကျင့်သုံးမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
အခြေခံပညာ ဦးစီးဌာန ဦးစီးအရာရှိ ဦးငွေတိုးက ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အတွဲ (၂) အစီရင်ခံစာ (၂၀၁၄) တွင် တတ်ကျွမ်းမှုအဆင့်ကို ၆၀ ရာခိုင်နှုန်း၊ လုပ်ငန်းပေးဆောင်ရွက်ခြင်းကို ၄၀ ရာခိုင်နှုန်း သတ်မှတ်ပြီး Grade A, B, C, D ဖြင့် အောင်၊ ရှုံး သတ်မှတ်ရာတွင် ပေါင်း၍အကဲဖြတ်ရန် ဖော်ပြထားသည်ဟု ဆိုသည်။
“ဒီစနစ်ပြောင်းလဲတာကို သဘောတူပါတယ်။ ဒါပေမဲ့ တကယ်လုပ်ရမယ့် အလုပ်ကို မလုပ်ခဲ့ဘဲနဲ့ အခုမှ လုပ်တာကို ပြောင်းတယ်လို့ ပြောတာ လက်မခံဘူး။ အချိန်တော်တော်နောက်ကျနေပြီ” ဟု ဦးငွေတိုးက ပြောကြားသည်။
ဘက်စုံအရည်အချင်းမှတ်တမ်း ရလဒ်အပေါ် အကဲဖြတ်မည် ဆိုခြင်းနှင့် ပတ်သက်၍ ကျောင်းအုပ်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်သည ့်ဆရာများကိုယ်တိုင် နှစ်စမှ နှစ်ဆုံးတိုင် စနစ်တကျ အကဲဖြတ်ထားသည့် မှတ်တမ်းဖြစ်ရန် အရေးကြီးကြောင်း ပညာရေး လေ့လာသူများက ထောက်ပြသည်။
ယင်းနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ထံ The Voice ကဆက်သွယ်သော်လည်း ဖုန်းဆက်သွယ်မှု မရရှိပေ။
ပထမတန်းမှ နဝမတန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ လပတ်စာမေးပွဲ (ဇွန်လမှစ၍) နှင့် အတန်းတင် စာမေးပွဲရလဒ်ကို အမှတ်စာရင်းအစား အဆင့်သတ်မှတ်ချက် Grade A, B, C, D ဖြင့် ပြောင်းလဲထုတ်ပြန်မည် ဖြစ်ကြောင်း ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ထားသည်။
ရမှတ် ၁ဝဝ မှ ၈၀ အထိ Grade ‘A’၊ ရမှတ် ၆၀ မှ ၇၉ အထိ Grade ‘B’၊ ရမှတ် ၄၀ မှ ၅၉ အထိ Grade ‘C’၊ ရမှတ် ၄၀ အောက်ကို Grade ‘D’ ဖြစ် သတ်မှတ်ပြီး ဘာသာရပ် အားလုံးပေါင်း Grade သတ်မှတ်ချက်ကို ဘာသာရပ် အားလုံးပေါင်း ရမှတ်ကို စုပေါင်းပျမ်းမျှရှာ၍ Grade သတ်မှတ်သည်။
ဘာသာရပ် အားလုံးပေါင်း၏ Grade သတ်မှတ်ရာတွင် ဘာသာတစ်ခုချင်းစီအလိုက် Grade သတ်မှတ်ရာက တစ်ဘာသာ Grade ‘D’ အဆင့်ရလျှင် Grade ‘D’ အဖြစ်သာ ရမည်ဖြစ် (ဥပမာ- ဘာသာရပ် ၆ ခုရှိ၍ ၅ ဘာသာတွင် Grade A ရပြီး ကျန်တစ်ဘာသာတွင် Grade D ရလျှင် ပျမ်းမျှရှာရာတွင်လည်း Grade D သာ ရမည်ဖြစ်သည်။) သည်။
ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် အခြေခံပညာအဆင့် (သူငယ်တန်းမှ ဆယ်တန်းအထိ) တွင် ကျောင်းသား၊ ကျောင်းသူ ၉ သန်းကျော်ရှိပြီး ဆရာ၊ ဆရာမ သုံးသိန်းခုနစ်သောင်းကျော်ရှိကြောင်း အခြေခံပညာဦးစီးဌာန၊ စာရင်းအင်းဌာနထံမှ သိရှိရသည်။
http://thevoicemyanmar.com/news/5941-att
0 comments :
Post a Comment