ငါသာ ေၾကာင္မေနဘဲ မီး၀င္သတ္ခဲ့ရင္ လူေတြ အသက္ရွင္တယ္

မေတာ္တဆမႈမ်ားကုိ ရင္ဆုိင္ႏုိင္ေသာ ပညာ

အျမန္လမ္းတြင္ လူရွစ္ဦးေသဆံုးခဲ့ေသာ ဟိုက္ေအ့စ္ကား မီးေလာင္မႈျမင္ကြင္း
ဇန္န၀ါရီ ၂၁ ရက္က ျဖစ္ ပြားခဲ့ေသာ မေတာ္တဆမႈႏွစ္ခုက ၾကားသိရသူမ်ားကို တုန္လႈပ္ေစခဲ့ သည္။ အျမန္လမ္းမိုင္တုိင္ ၄ ဖာ လံုတြင္ ျဖစ္ပြားခဲ့ေသာ လူ ရွစ္ဦး ေသဆံုးသည့္ ကားမီးေလာင္မႈႏွင့္ ေတာင္ဒဂံုရိွ စားေသာက္ဆုိင္ တစ္ခုတြင္ လူငါးဦးေသဆံုးေစခဲ့သည့္ မီးေလာင္မႈတို႔ျဖစ္သည္။ ဇန္န၀ါရီ တြင္ ျဖစ္ပြားေသာ  ထုိျဖစ္ရပ္ႏွစ္ခု တြင္ လူ ၁၃ ဦးမွာ မီးေၾကာင့္ ေသဆံုးခဲ့ရသည္။ ျဖစ္စဥ္တြင္ အခ်ိဳ႕မွာ ႐ုပ္အေလာင္းမခဲြႏုိင္ ေလာက္ေအာင္ပင္
ေလာင္ကြၽမ္း ခဲ့ၿပီး အခ်ိဳ႕မွာလည္း အသက္႐ွဴ က်ပ္၍ ေသဆံုးခဲ့ျခင္းျဖစ္၏။


အထူးသျဖင့္ အျမန္လမ္း တြင္ ကားအစိတ္အပုိင္းအမ်ားစု ကုိပင္ ျပာျဖစ္သည္အထိ ေလာင္ ကြၽမ္းခဲ့ေသာ ဟုိက္ေအ့စ္ကား အေၾကာင္းျဖစ္သည္။ ထိုကားမီး ေလာင္သည့္ ျဖစ္စဥ္ႏွင့္ ပတ္ သက္၍ ပေဟဠိမ်ားရိွေနသည့္ နည္းတူအစ အဆံုးျဖစ္ပံုကို သိရိွ လိုၿပီး အျဖစ္မွန္ အျမန္ဆံုးေပၚ ေပါက္ရန္ လုိလားသူလည္း အ မ်ားအျပားရိွသည္။

ထိုယာဥ္မေတာ္တဆမႈကို အျမန္ဆံုး ေပၚေပါက္ေစခ်င္ၿပီး ရင္ေအးခ်င္သူထဲတြင္ ကိုေကာင္း ထက္တစ္ေယာက္လည္း ထိပ္ဆံုး က ပါ၀င္သည္။ သူက အမႈမွန္ကုိ သိရိွလို၍လည္းမဟုတ္၊ ေသြး႐ုိး သား႐ုိး ဟုတ္၊ မဟုတ္ သံသယ
ရိွ၍လည္းမဟုတ္။ သူ႔ရင္ထဲက ေန႔ စဥ္ခံစားေနရသည့္ ေ၀ဒနာတစ္ခု ေၾကာင့္ျဖစ္သည္ဟု ဆုိသည္။ သူ႔ ရင္ထဲတြင္ ထိုကိစၥက အပူလံုးႀကီး တစ္ခုလိုျဖစ္ေနသည္။ ဘာေၾကာင့္ ဆုိ သူ႔မ်က္စိေရွ႕တြင္ အဆိုပါ ကားမွာ မီးစေလာင္
ခဲ့ေသာ ေၾကာင့္ ျဖစ္သည္။ ပိုဆိုးသည္က အဆုိပါအေျခအေနတြင္ ဆံုးျဖတ္ ခ်က္မခ်ႏုိင္၍ မကယ္တင္ႏုိင္ခဲ့ ေသာေၾကာင့္ျဖစ္သည္။

ကိုေကာင္းထက္က ခရီး သည္တင္ယာဥ္ေမာင္း ျဖစ္၏။ ယခုမီးေလာင္ခဲ့သည့္ ကားက အျမန္လမ္းတြင္ ကုိေကာင္းထက္ ေမာင္းလာခဲ့သည့္ ကားကုိ ေက်ာ္ တက္သြားခဲ့ျခင္းျဖစ္သည္။ ေရွ႕ ပ်ပ်အေရာက္တြင္ေတာ့ ထိုကား မွာ ထုိးရပ္ေနၿပီး မီးခိုးမ်ား ထြက္ ေနသည္ဟု ၎က လူမႈကြန္ရက္ တြင္ ေရးသားထားခဲ့သည္။

‘‘ျပန္လွည့္ေကာင္းမလား၊ ဆက္သြားေကာင္းမလား ဘက္ မွန္ထဲမွာ မီးေတြနဲ႔ လွမ္းေတြ႕လိုက္ တယ္။ ဘာလုပ္ရင္ ေကာင္းမလဲ ဇေ၀ဇ၀ါႀကီး’’ဟု ၎ကဆုိသည္။

နာရီအနည္းငယ္ၾကာေတာ့ သတင္းဌာနမ်ားက အျမန္လမ္း တြင္ ကားမေတာ္တဆမႈေၾကာင့္ လူရွစ္ဦးေသဆံုးခဲ့ေၾကာင္း သတင္းမ်ားကုိ သူဖတ္လိုက္ရ သည္။ လိပ္ျပာမလံုစြာျဖင့္ ကားအတြင္းမွ မီးသတ္ေဆးဘူးမ်ားကုိ ေရတြက္
ၾကည့္မိသည္။ ၁၄ ဘူးရိွ သည္။ ေရတိုင္ကီတြင္လည္း ေရတစ္၀က္ခန္႔ရိွသည္။ ထုိစဥ္တြင္ သူ႔ထံ အေတြး၀င္လာခဲ့သည္က ‘‘ငါသာ ေၾကာင္မေနဘဲ မီး၀င္သတ္ခဲ့ရင္ လူေတြ အသက္ရွင္တယ္’’ ဟူ၍ ျဖစ္သည္ဟု ဆုိသည္။ ကိုေကာင္းထက္ ရင္ဘတ္ထဲ ထုိ အခ်ိန္ကစ၍ အပူလံုးႀကီးက တစ္ဆို႔၍ ေနခဲ့သည္။

ေဘးအႏၲရာယ္ျဖစ္သည္ကုိ မ်က္ျမင္ႀကံဳခ်ိန္တြင္ မွင္တက္မိ ေနသေလာက္ ယင္းျဖစ္ရပ္ ေၾကာင့္ လူရွစ္ဦးဆုိးရြားစြာ ေသဆံုးခဲ့သည္ကုိ သိၿပီးခ်ိန္တြင္မူစိတ္ပင္ပန္း၍ အလြန္၀မ္းနည္းရသည္ဟု ၎က ဖြင့္ဟသည္။

အေရးေပၚျဖစ္စဥ္တြင္ တုန္ လႈပ္၍ မွင္တက္ေနျခင္း၊ အေရး ေပၚကယ္ဆယ္မႈျပဳလုပ္ရန္ ေတြ ေ၀ေနျခင္းေၾကာင့္ လူရွစ္ဦးအ သက္ဆံုး႐ႈံးခဲ့ရသည္မွာ ၎အ တြက္ တစ္သက္စာသင္ခန္းစာပင္ ျဖစ္သည္။

ကုိေကာင္းထက္သာမကဘဲ ထိုကဲ့သုိ႔ ျဖစ္စဥ္ ႀကံဳဖူးသူမ်ား လည္းမ်ားစြာ ရိွသည္။ အဆုိပါ အေျခအေနမ်ိဳးတြင္ မိမိသိထား သည့္ အသိ၊ အေတြ႕အႀကံဳႏွင့္ ဆံုးျဖတ္ခ်က္ ျမန္ျမန္ခ်နုိင္သူမ်ားက ေဘးအႏၲရာယ္ကုိ အေကာင္းမြန္ ဆံုးေျဖရွင္းႏုိင္ေၾကာင္း အေရးေပၚ  ကူညီကယ္ဆယ္ေရးအဖြဲ႕ (ERSSDO)  တည္ေထာင္သူ ကုိဇြဲရန္ႏုိင္က ေျပာသည္။ ၎က  ရန္ကုန္ၿမိဳ႕တြင္ အေရးေပၚကူညီ ကယ္ဆယ္မႈမ်ားႏွင့္ လူမႈအ ေထာက္အကူျပဳအဖြဲ႕ ERSSDO ကို တည္ေထာင္သူျဖစ္ၿပီး ကယ္ ဆယ္ေရးအေတြ႕အႀကံဳေကာင္း ေကာင္းရိွသူျဖစ္၏။

‘‘အဲဒီလို ေဘးအႏၲရာယ္အ ေရးေပၚ အေျခအေနေရာက္ရင္ လူတုိင္းက မွင္တက္ႏိုင္ၾကတာပဲ။ ခဏ ဘာလုပ္ရမွန္းမသိဘူး ေၾကာင္သြားတတ္ၾကတယ္။ တ ခ်ိဳ႕တေလကလဲြလို အေတြ႕အႀကံဳ မရိွတဲ့ လူတုိင္းျဖစ္ႏုိင္ပါတယ္’’ဟု ၎က ဆုိသည္။ ‘‘ဒါေပမဲ့ ဒီႏုိင္ငံမွာက အေရးေပၚအေျခအေနျဖစ္ ရင္ ဥပမာ မီးေလာင္တာျဖစ္ျဖစ္၊ ကားမီးေလာင္တာျဖစ္ျဖစ္ ဘာ လုပ္လို႔ ဘာကုိင္ရမွန္းမသိတာမ်ိဳး ေၾကာင့္လည္း ျဖစ္တယ္’’ဟု ၎ ကဆုိသည္။

‘‘တကယ္လုိ႔ ကုိယ့္ေရွ႕မွာ ႀကံဳလာရင္ ပထမအေရးႀကီးဆံုး ကုိယ္လံုၿခံဳေအာင္ ေနဖုိ႔ပါ။ ကုိယ္ လံုၿခံဳၿပီဆုိရင္ေတာ့ ကူညီကယ္ ဆယ္ေရးအဖြဲ႕ေတြကုိ ဖုန္းဆက္ ဖို႔ပါ။ ဖုန္းဆက္ဖို႔ မတတ္သာဘူး ဆုိရင္ေတာ့ ကုိယ့္မွာသိထားတဲ့ အသိနဲ႔ ကယ္ဆယ္ဖို႔ပါပဲ။ ႏုိင္ငံ သားတစ္ေယာက္အေနနဲ႔ ဒါက တကယ္ တာ၀န္ရိွပါတယ္’’ ဟု ကုိဇြဲရန္ႏုိင္က ေျပာသည္။

အျမန္လမ္းတြင္ ကားမီးေလာင္ေသာျဖစ္စဥ္ ျဖစ္ပြားၿပီးေနာက္ပုိင္း လူမႈကြန္ရက္စာမ်က္ ႏွာမ်ားတြင္ မွန္ပိတ္မိေနသည့္ ကားအတြင္းမွ ခြဲထြက္သည့္နည္း လမ္းမ်ား၊ ကားေနာက္မီွမွ အခၽြန္ ကိုအသုံးျပဳ၍ မွန္ခြဲသည့္နည္း လမ္းမ်ား ကိုလည္း အခ်င္းခ်င္းမွ် ေ၀ၾကသည္။ ကားထုိင္ခုံ၏ေခါင္း ေနာက္မီွကို ဆြဲျဖဳတ္ကာ အဆုိပါ အခၽြန္ျဖင့္ မွန္ကိုကန္႔လန္႔၍ ခြဲ သည့္နည္းလမ္းျဖစ္ၿပီး အဆုိပါဗီဒီ ယိုဖုိင္ကို မွ်ေ၀သူမ်ားစြာရွိခဲ့သည္။ ထုိ႔အျပင္ ထုိျဖစ္စဥ္ျဖစ္ပြားၿပီး
မီးေဘးအႏၲရာယ္ မၾကာခဏ ျဖစ္ တတ္သည့္ ရန္ကုန္ၿမိဳ႕ေနလူထု ၾကား၌ မီးသတ္ေဆးဘူးမ်ား ေဆာင္ရန္ႏွင့္ မီးေဘးႏွင့္ ပတ္ သက္၍ သတိျပဳၾကရန္ အခ်င္းခ်င္း သတိေပးမႈမ်ားလည္းျပဳလုပ္လာ ၾကသည္။

အေတြ႕အႀကံဳအားျဖင့္ မရိွ ေသာ္လည္း သိထားသည့္ အသိ အခ်ိဳ႕ေၾကာင့္ သဘာ၀ေဘးမွ ေရွာင္လႊဲႏုိင္သည္မွာလည္း သာဓ ကမ်ားစြာရိွသည္။ ထို႔အတူ အ ေတြ႕အႀကံဳလည္း မရိွ၊ ေဘးအႏၲ ရာယ္ကုိ ခ်က္ခ်င္းတံု႔ျပန္ႏုိင္မည့္ နည္းလမ္းမ်ားလည္း မသိေသာ ေၾကာင့္ ေနာင္တရခဲ့သူမ်ားလည္း သာဓကအေနျဖင့္ ရိွေနျပန္သည္။

ထို႔ေၾကာင့္ ႏုိင္ငံသားတုိင္း အေရးေပၚအေျခအေနမ်ားတြင္ လ်င္ျမန္စြာ တံု႔ျပန္ႏုိင္ရန္ႏွင့္ ေရွး ဦးသူနာျပဳနည္းလမ္းမ်ားကို တတ္ ေျမာက္ထားရန္လုိေၾကာင္း ျမန္မာႏုိင္ငံၾကက္ေျခနီအသင္း ဥကၠ႒ ေဟာင္း ေဒါက္တာ သာလွေရႊ
ကေျပာသည္။

‘‘ဒီမွာက အသိပညာေပးတာ လည္း အားနည္းသလို လူေတြက လည္း သိပ္စိတ္မ၀င္စားၾကဘူး။ တကယ္က ဘယ္အခ်ိန္ႀကံဳမယ္ မသိတဲ့ ျပႆနာ၊ ကုိယ္တုိင္လည္း ႀကံဳႏုိင္သလုိ ကိုယ္ေတြ႕ေနရရင္ လည္း ကယ္တင္ႏုိင္ဖို႔ လိုအပ္ တယ္’’ဟု ၎ကဆုိသည္။

‘‘ဥပမာအေနနဲ႔ ကားမီး ေလာင္တယ္ေပါ့။ လူေတာ္ေတာ္ မ်ားမ်ားက ကားမီးေလာင္ရင္ ေပါက္ကြဲမယ္ထင္ၾကတယ္။ အ မွန္လည္း ကားမီးေလာင္တာက ေပါက္ကြဲႏုိင္ပါတယ္။ ဒါေပမဲ့ ကားဆိုတာ ဆလင္ဒါပံုတည္ေဆာက္
ထားတဲ့အတြက္ ေပါက္ကြဲရင္ အေရွ႕နဲ႔ အေနာက္ပဲပြင့္ ထြက္ မယ္။ ဒါေၾကာင့္ ကားထဲက လူ ကယ္မယ္ဆုိ ကားေဘးကပဲ ကယ္ရမယ္။ ဒီလိုအသိမ်ိဳးေတြေပါ့။ ၿပီးေတာ့ မီးေလာင္တယ္ ေရမရိွတဲ့အခါ သစ္ကုိင္းသစ္ေျခာက္ေတြ နဲ႔ ၿငႇိမ္းႏုိင္တယ္။ သဲနဲ႔ ပတ္ၿပီး ၿငိႇမ္းႏုိင္တယ္။ အ၀တ္ေျခာက္နဲ႔ ႐ုိက္ၿပီး ၿငိႇမ္းတာက နည္းလမ္း မမွန္ပါဘူး။ မီးကူးႏုိင္တယ္’’ဟု ၾကက္ေျခနီအဖြဲ႕၀င္ ကိုၿဖိဳးကုိကုိ ေဇာ္က အေတြ႕အႀကံဳကုိ မွ်ေ၀ သည္။

၎မွာ Public and Family ကူညီကယ္ဆယ္ေရးအဖဲြ႕ တည္ ေထာင္သူျဖစ္ၿပီး မီးသတ္တာ၀န္ လည္း ထမ္းေဆာင္ေနသူျဖစ္၏။

‘‘ၿပီးေတာ့ဆီကေန မီး ေလာင္ရင္ ေရနဲ႔ဖ်န္းလို႔မရဘူး။ေရ နဲ႔သြားဖ်န္္းရင္္ ေရေၾကာင့္ဆီက ျပန္႔သြားၿပီး ေလာင္တဲ့ဧရိယာမ်ား သြားတတ္တယ္’’ဟု ၎က ဆက္ လက္ေျပာသည္။ ‘‘ဒီႏိုင္ငံမွာ အ ေရးေပၚ ကယ္ဆယ္ေရးနည္းေတြ က ေတာ္႐ံုလူလည္း မသိပါဘူး။ ကြၽန္ေတာ္တို႔ေတာင္မွ အေတြ႕အ ႀကံဳေၾကာင့္ သင္ယူရင္းသိလာရ တာ။ လူထုက က်ယ္က်ယ္ျပန္႔ျပန္႔ သိရွိလာဖို႔ လည္း လိုအပ္တယ္’’ဟု ၎ကဆို သည္။

‘‘အလံုပိတ္အခန္းေတြမွာက အဓိကမီးခိုးေငြ႕ေၾကာင့္ေသဆံံုးရ တာမ်ိဳးေတြေတြ႕ရပါတယ္။ မီး ေလာင္ရာကေန ထြက္လာတဲ့ ကာ ဗြန္ဒိုင္ေအာက္ဆိုက္မီးခိုးေငြ႕က အသက္႐ွဴက်ပ္ၿပီး ေမ့ေျမာရာက ေနတစ္ဆင့္ မီးေလာင္မႈအတြင္း အသက္ဆံုး႐ံႈးတာမ်ိဳးေပါ့။ မီးခိုး ဆုိတဲ့အရာမ်ိဳးကလည္း အထက္ ကိုသာတက္တဲ့ သေဘာတရားရွိ တာမို႔ ဘယ္လိုမွ အျပင္ကုိထြက္ဖို႔ အခြင့္မသာတဲ့အခါ ၾကမ္းျပင္ ေအာက္ကို ေမွာက္ၿပီးေတာ့ အသက္႐ွဴလို႔ရတယ္ဗ်။ ေအာက္ေျခ
၆ လက္မခန္႔မွာ ေအာက္ဆီဂ်င္ရ ႏိုင္ေသးတယ္။ အဲဒါအျပင္အ၀တ္ ကို ေရဆြတ္ၿပီး ႏွာေခါင္းမွာစည္း ၿပီး အသက္႐ွဴတာမ်ိဳးလည္း ရ တယ္။ ၿပီးေတာ့ အခန္းေတြဆို ျပတင္းေပါက္နားမွာ မွန္ကိုခြဲလုိ႔ရ တဲ့ အအရာမ်ိဳးေတြ လြယ္လင့္တကူ  လက္လွမ္းမီသေလာက္ရွိသင့္ တယ္’’ဟု ကိုၿဖိဳးကိုကိုေဇာ္ကေျပာ သည္။

ပ်ဥ္းမနားၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ ဒုတပ္ခြဲမွဴးဦးစုိးႏုိင္ကလည္း‘‘ပိတ္မိေနတဲ့ အိမ္နဲ႔ကားေတြမွာ နီးစပ္ရာကို ႐ုိက္ခြဲၿပီး ထြက္ႏုိင္ ဖို႔က အဓိကက်တာပါ။ ဖြင့္ၿပီဆုိ ရင္ မီးေလာင္တဲ့အားကိုလည္း ေလ်ာ့က်ေစတယ္။ လူလည္း လြတ္ႏုိင္တယ္။ မီးခုိးေတြလည္း ထြက္ႏုိင္တယ္ေပါ့။ မီးေဆာ့ မီး သတ္ေဆးဘူးေတြလည္းေဆာင္ ထားပါ။ မီးသတ္ေဆးဘူးေတြက ၀ုိင္ယာေရွာ့ခ္ေလာင္တာမ်ဳိးလုိအ ေသးစားကိုေတာ့ ေကာင္းေကာင္း ႏုိင္တယ္’’ဟု အႀကံျပဳသည္။

‘‘ကြၽန္ေတာ္တို႔လူျမင္ကြင္း ေတြမွာ အသိပညာေပးတာေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ရွိဖို႔လိုပါ တယ္။ ေစ်း၀ယ္စင္တာေတြမွာ မီး ေဘးသင့္တာေတြကို လူေတြရွိေန တုန္းလုပ္သင့္တယ္။ လက္ကမ္း စာေစာင္ေတြလုပ္သင့္တယ္။
ေက်ာင္းေတြနဲ႔ ရပ္ကြက္ေတြမွာ ၿမိဳ႕နယ္မီးသတ္က ဦးစီးၿပီး ေဟာ ေျပာပြဲေတြ၊ လက္ေတြ႕ လုပ္ ေဆာင္ျပတာေတြ မ်ားမ်ားလုပ္ သင့္ပါတယ္’’ဟု ၾကက္ေျခနီတပ္ ဖြဲ႕စစ္မွဴး ကိုမိုးထိုက္ကဆိုသည္။

အဆိုပါျဖစ္စဥ္မ်ားတြင္ အ သိပညာေပးရန္ တာ၀န္ရွိသည့္ ျပည္ထဲေရး၀န္ႀကီးဌာန၏ မီး သတ္ဦးစီးဌာနမွ တာ၀န္ရွိသူမ်ား ကလည္း လက္ရွိအေျခအေနကို ေကာင္းစြာသိသည္။ ႏိုင္ငံအေန ႏွင့္ ပညာေပးအားနည္းေနမႈသည္ အမွန္ပင္ျဖစ္ေၾကာင္း တာ၀န္ရွိသူ မ်ားက၀န္ခံသည္။ သို႔ေသာ္ မီး သတ္ဦးစီးဌာန ကိုယ္တိုင္က ယခုႏွစ္ပိုင္းျဖစ္ပြားေသာ ျဖစ္စဥ္ မ်ားတြင္ လုပ္ေဆာင္ခ်က္ေကာင္း မြန္ေၾကာင္းျပည္သူမ်ားထံမွ ခ်ီးက်ဴး အသိအမွတ္ျပဳမႈရရွိထား သည္။

‘‘ကြၽန္ေတာ္တို႔လုပ္ေဆာင္ရ မယ့္တာ၀န္ေတြထဲမွာ ပညာေပးဖို႔ ကလည္း အဓိက အေနနဲ႔ရွိပါ တယ္။ ဒါေပမဲ့ ကြၽန္္ေတာ္တို႔ လက္ရွိမွာ ဘတ္ဂ်က္အေနအထား ရွိမယ္၊ လူအင္အားနည္းတာရွိ မယ္။ ျပည္သူပူးေပါင္းေဆာင္ရြက္ မႈလည္းရွိဖို႔လိုပါတယ္။ လက္ရွိမွာ ေတာ့ မီးသတ္တပ္ဖြဲ႕က အေတာ္ ေလးေတာ့ အရွိန္ေကာင္းေနပါ တယ္။ ေနာက္ေတာ့ ပိုလုပ္ႏိုင္မွာ ပါ’’ဟု ခ႐ိုင္မီးသတ္ဦးစီးမွဴး ဦး ေဌး၀င္းကေျပာသည္။

လက္ရွိတြင္ အမ်ားစုမွာ လည္း မီးေဘး၊ ယာဥ္ေဘးႏွင့္ အ ျခား မေတာ္တဆမႈမ်ားအတြက္ အေရးေပၚေျဖရွင္းနည္းမ်ားကို တိတိက်က် သိရွိျခင္းမရွိဘဲ သက္ ဆိုင္ရာက အသိပညာေပးမႈမ်ား လည္း အားနည္းခ်က္ရွိသည္။ ထို႔ ျပင္ မေတာ္တဆအေျခအေနျဖင့္ ထိခိုက္ဒဏ္ရာရေနသည္ကို ကူ ညီကယ္ဆယ္ပါက အမႈပတ္မည္ စိုးသည့္လူမ်ားကလည္း လက္ရွိ အထိ ရွိေနဆဲျဖစ္သည္။ ထိုသူမ်ား အေနျဖင့္ ရဲအေရးပိုင္ျဖစ္ရပ္မ်ား ကို ကူညီကယ္ဆယ္မိပါက ႐ံုး ေရာက္ဂါတ္ေရာက္ျဖစ္မည္ကို စိုး ရိမ္ေနဆဲျဖစ္သည္။ ထုိသို႔မျဖစ္ ေစရန္ ၂၀၁၄ ကတည္းက ျပည္ ေထာင္စုလႊတ္ေတာ္မွ အေရးေပၚ ေရွးဦးျပဳစုကယ္တင္ျခင္းဆုိင္ရာ ဥပေဒျပ႒ာန္းကာ ကာကြယ္ခဲ့ၿပီး ျဖစ္၏။ အဆုိပါ
ဥပေဒအရ အေရး ေပၚအေျခအေနျဖင့္ ထိခုိက္ဒဏ္ ရာရသူကို တာ၀န္ရွိသူ မလာမီ ေဆး႐ံု၊ ေဆးခန္းပို႔လွ်င္ အမႈႏွင့္ သက္ဆုိင္ျခင္းမရွိရန္ ကာကြယ္ ေပးမည္ျဖစ္၏။

‘‘ျမန္မာလူမ်ိဳးေတြပဲဗ်ာ၊ လူ တစ္ဖက္သားကို ကူညီခ်င္တာ ေပါ့။ ဒါေပမဲ့ ကိုယ့္အႏၲရာယ္ျဖစ္ မွာစုိးတာရယ္၊ အေရးအေၾကာင္း ဆုိ မလုပ္တတ္မကိုင္တတ္ရွိေန တာရယ္ေၾကာင့္ နစ္နာရတာေတြ ျဖစ္ၾကတာေပါ့’’ဟု ကိုၿဖိဳးကိုကို ေဇာ္က ေျပာသည္။

‘‘ကၽြန္ေတာ္သာ အေတြ႕အ ႀကံဳရွိခဲ့ရင္၊ မွင္တက္ၿပီး ေၾကာင္မ သြားခဲ့ရင္ အခုလိုအျဖစ္မ်ိဳးမျဖစ္ ေလာက္ဘူးလို႔ထင္ခဲ့ပါတယ္။ ဒါ ေပမဲ့ ကၽြန္ေတာ္က တစ္ဖက္မွာ ကားေမာင္းေနၿပီး ကၽြန္ေတာ့္ဆီမွာ လည္းခရီးသည္ေတြပါတယ္။ သူ တုိ႔လည္း ျမင္တယ္။ ဓာတ္ပံုေတြ၊ ဗီဒီယုိေတြေတာင္႐ိုက္လိုက္ေသး တယ္။ ကၽြန္ေတာ္လည္း ေမာင္း ထြက္လာမိတယ္’’ဟု ကိုေကာင္းထက္က ဆုိသည္။ ကိုေကာင္းထက္၏ အဆိုအရ ကားေပၚတြင္ ခရီးသည္မ်ားစြာလည္း
ပါ၀င္လာ ၿပီး မီးေလာင္ေနသည့္အခ်ိန္တြင္ မွင္တက္အံ့ၾသေနၾကၿပီး အတန္ ၾကာမွ ဆင္းကူညီရင္ေကာင္းမည္ ဆုိသည့္ အသိ ရၾကသည္ဟုဆုိ သည္။

‘‘မႀကံဳလည္း မႀကံဳဖူးဘူး။ ေသြးလည္းေၾကာင္သြားခဲ့တယ္။ အခုအခ်ိန္မွာ time ကို back gear ျပန္ထိုးခ်င္တယ္။ ေျပးကယ္ ခ်င္တယ္’’ဟု ကိုေကာင္းထက္ လူမႈကြန္ရက္တြင္ ေရးသားထား သည္။

Credit - 7daydaily
 =====
Unicode
မတော်တဆမှုများကို ရင်ဆိုင်နိုင်သော ပညာ

အမြန်လမ်းတွင် လူရှစ်ဦးသေဆုံးခဲ့သော ဟိုက်အေ့စ်ကား မီးလောင်မှုမြင်ကွင်း
ဇန်နဝါရီ ၂၁ ရက်က ဖြစ် ပွားခဲ့သော မတော်တဆမှုနှစ်ခုက ကြားသိရသူများကို တုန်လှုပ်စေခဲ့ သည်။ အမြန်လမ်းမိုင်တိုင် ၄ ဖာ လုံတွင် ဖြစ်ပွားခဲ့သော လူ ရှစ်ဦး သေဆုံးသည့် ကားမီးလောင်မှုနှင့် တောင်ဒဂုံရှိ စားသောက်ဆိုင် တစ်ခုတွင် လူငါးဦးသေဆုံးစေခဲ့သည့် မီးလောင်မှုတို့ဖြစ်သည်။ ဇန်နဝါရီ တွင် ဖြစ်ပွားသော  ထိုဖြစ်ရပ်နှစ်ခု တွင် လူ ၁၃ ဦးမှာ မီးကြောင့် သေဆုံးခဲ့ရသည်။ ဖြစ်စဉ်တွင် အချို့မှာ ရုပ်အလောင်းမခွဲနိုင် လောက်အောင်ပင်
လောင်ကျွမ်း ခဲ့ပြီး အချို့မှာလည်း အသက်ရှူ ကျပ်၍ သေဆုံးခဲ့ခြင်းဖြစ်၏။


အထူးသဖြင့် အမြန်လမ်း တွင် ကားအစိတ်အပိုင်းအများစု ကိုပင် ပြာဖြစ်သည်အထိ လောင် ကျွမ်းခဲ့သော ဟိုက်အေ့စ်ကား အကြောင်းဖြစ်သည်။ ထိုကားမီး လောင်သည့် ဖြစ်စဉ်နှင့် ပတ် သက်၍ ပဟေဠိများရှိနေသည့် နည်းတူအစ အဆုံးဖြစ်ပုံကို သိရှိ လိုပြီး အဖြစ်မှန် အမြန်ဆုံးပေါ် ပေါက်ရန် လိုလားသူလည်း အ များအပြားရှိသည်။

ထိုယာဉ်မတော်တဆမှုကို အမြန်ဆုံး ပေါ်ပေါက်စေချင်ပြီး ရင်အေးချင်သူထဲတွင် ကိုကောင်း ထက်တစ်ယောက်လည်း ထိပ်ဆုံး က ပါဝင်သည်။ သူက အမှုမှန်ကို သိရှိလို၍လည်းမဟုတ်၊ သွေးရိုး သားရိုး ဟုတ်၊ မဟုတ် သံသယ
ရှိ၍လည်းမဟုတ်။ သူ့ရင်ထဲက နေ့ စဉ်ခံစားနေရသည့် ဝေဒနာတစ်ခု ကြောင့်ဖြစ်သည်ဟု ဆိုသည်။ သူ့ ရင်ထဲတွင် ထိုကိစ္စက အပူလုံးကြီး တစ်ခုလိုဖြစ်နေသည်။ ဘာကြောင့် ဆို သူ့မျက်စိရှေ့တွင် အဆိုပါ ကားမှာ မီးစလောင်
ခဲ့သော ကြောင့် ဖြစ်သည်။ ပိုဆိုးသည်က အဆိုပါအခြေအနေတွင် ဆုံးဖြတ် ချက်မချနိုင်၍ မကယ်တင်နိုင်ခဲ့ သောကြောင့်ဖြစ်သည်။

ကိုကောင်းထက်က ခရီး သည်တင်ယာဉ်မောင်း ဖြစ်၏။ ယခုမီးလောင်ခဲ့သည့် ကားက အမြန်လမ်းတွင် ကိုကောင်းထက် မောင်းလာခဲ့သည့် ကားကို ကျော် တက်သွားခဲ့ခြင်းဖြစ်သည်။ ရှေ့ ပျပျအရောက်တွင်တော့ ထိုကား မှာ ထိုးရပ်နေပြီး မီးခိုးများ ထွက် နေသည်ဟု ၎င်းက လူမှုကွန်ရက် တွင် ရေးသားထားခဲ့သည်။

‘‘ပြန်လှည့်ကောင်းမလား၊ ဆက်သွားကောင်းမလား ဘက် မှန်ထဲမှာ မီးတွေနဲ့ လှမ်းတွေ့လိုက် တယ်။ ဘာလုပ်ရင် ကောင်းမလဲ ဇဝေဇဝါကြီး’’ဟု ၎င်းကဆိုသည်။

နာရီအနည်းငယ်ကြာတော့ သတင်းဌာနများက အမြန်လမ်း တွင် ကားမတော်တဆမှုကြောင့် လူရှစ်ဦးသေဆုံးခဲ့ကြောင်း သတင်းများကို သူဖတ်လိုက်ရ သည်။ လိပ်ပြာမလုံစွာဖြင့် ကားအတွင်းမှ မီးသတ်ဆေးဘူးများကို ရေတွက်
ကြည့်မိသည်။ ၁၄ ဘူးရှိ သည်။ ရေတိုင်ကီတွင်လည်း ရေတစ်ဝက်ခန့်ရှိသည်။ ထိုစဉ်တွင် သူ့ထံ အတွေးဝင်လာခဲ့သည်က ‘‘ငါသာ ကြောင်မနေဘဲ မီးဝင်သတ်ခဲ့ရင် လူတွေ အသက်ရှင်တယ်’’ ဟူ၍ ဖြစ်သည်ဟု ဆိုသည်။ ကိုကောင်းထက် ရင်ဘတ်ထဲ ထို အချိန်ကစ၍ အပူလုံးကြီးက တစ်ဆို့၍ နေခဲ့သည်။

ဘေးအန္တရာယ်ဖြစ်သည်ကို မျက်မြင်ကြုံချိန်တွင် မှင်တက်မိ နေသလောက် ယင်းဖြစ်ရပ် ကြောင့် လူရှစ်ဦးဆိုးရွားစွာ သေဆုံးခဲ့သည်ကို သိပြီးချိန်တွင်မူစိတ်ပင်ပန်း၍ အလွန်ဝမ်းနည်းရသည်ဟု ၎င်းက ဖွင့်ဟသည်။

အရေးပေါ်ဖြစ်စဉ်တွင် တုန် လှုပ်၍ မှင်တက်နေခြင်း၊ အရေး ပေါ်ကယ်ဆယ်မှုပြုလုပ်ရန် တွေ ဝေနေခြင်းကြောင့် လူရှစ်ဦးအ သက်ဆုံးရှုံးခဲ့ရသည်မှာ ၎င်းအ တွက် တစ်သက်စာသင်ခန်းစာပင် ဖြစ်သည်။

ကိုကောင်းထက်သာမကဘဲ ထိုကဲ့သို့ ဖြစ်စဉ် ကြုံဖူးသူများ လည်းများစွာ ရှိသည်။ အဆိုပါ အခြေအနေမျိုးတွင် မိမိသိထား သည့် အသိ၊ အတွေ့အကြုံနှင့် ဆုံးဖြတ်ချက် မြန်မြန်ချနိုင်သူများက ဘေးအန္တရာယ်ကို အကောင်းမွန် ဆုံးဖြေရှင်းနိုင်ကြောင်း အရေးပေါ်  ကူညီကယ်ဆယ်ရေးအဖွဲ့ (ERSSDO)  တည်ထောင်သူ ကိုဇွဲရန်နိုင်က ပြောသည်။ ၎င်းက  ရန်ကုန်မြို့တွင် အရေးပေါ်ကူညီ ကယ်ဆယ်မှုများနှင့် လူမှုအ ထောက်အကူပြုအဖွဲ့ ERSSDO ကို တည်ထောင်သူဖြစ်ပြီး ကယ် ဆယ်ရေးအတွေ့အကြုံကောင်း ကောင်းရှိသူဖြစ်၏။

‘‘အဲဒီလို ဘေးအန္တရာယ်အ ရေးပေါ် အခြေအနေရောက်ရင် လူတိုင်းက မှင်တက်နိုင်ကြတာပဲ။ ခဏ ဘာလုပ်ရမှန်းမသိဘူး ကြောင်သွားတတ်ကြတယ်။ တ ချို့တလေကလွဲလို အတွေ့အကြုံ မရှိတဲ့ လူတိုင်းဖြစ်နိုင်ပါတယ်’’ဟု ၎င်းက ဆိုသည်။ ‘‘ဒါပေမဲ့ ဒီနိုင်ငံမှာက အရေးပေါ်အခြေအနေဖြစ် ရင် ဥပမာ မီးလောင်တာဖြစ်ဖြစ်၊ ကားမီးလောင်တာဖြစ်ဖြစ် ဘာ လုပ်လို့ ဘာကိုင်ရမှန်းမသိတာမျိုး ကြောင့်လည်း ဖြစ်တယ်’’ဟု ၎င်း ကဆိုသည်။

‘‘တကယ်လို့ ကိုယ့်ရှေ့မှာ ကြုံလာရင် ပထမအရေးကြီးဆုံး ကိုယ်လုံခြုံအောင် နေဖို့ပါ။ ကိုယ် လုံခြုံပြီဆိုရင်တော့ ကူညီကယ် ဆယ်ရေးအဖွဲ့တွေကို ဖုန်းဆက် ဖို့ပါ။ ဖုန်းဆက်ဖို့ မတတ်သာဘူး ဆိုရင်တော့ ကိုယ့်မှာသိထားတဲ့ အသိနဲ့ ကယ်ဆယ်ဖို့ပါပဲ။ နိုင်ငံ သားတစ်ယောက်အနေနဲ့ ဒါက တကယ် တာဝန်ရှိပါတယ်’’ ဟု ကိုဇွဲရန်နိုင်က ပြောသည်။

အမြန်လမ်းတွင် ကားမီးလောင်သောဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက် နှာများတွင် မှန်ပိတ်မိနေသည့် ကားအတွင်းမှ ခွဲထွက်သည့်နည်း လမ်းများ၊ ကားနောက်မှီမှ အချွန် ကိုအသုံးပြု၍ မှန်ခွဲသည့်နည်း လမ်းများ ကိုလည်း အချင်းချင်းမျှ ဝေကြသည်။ ကားထိုင်ခုံ၏ခေါင်း နောက်မှီကို ဆွဲဖြုတ်ကာ အဆိုပါ အချွန်ဖြင့် မှန်ကိုကန့်လန့်၍ ခွဲ သည့်နည်းလမ်းဖြစ်ပြီး အဆိုပါဗီဒီ ယိုဖိုင်ကို မျှဝေသူများစွာရှိခဲ့သည်။ ထို့အပြင် ထိုဖြစ်စဉ်ဖြစ်ပွားပြီး
မီးဘေးအန္တရာယ် မကြာခဏ ဖြစ် တတ်သည့် ရန်ကုန်မြို့နေလူထု ကြား၌ မီးသတ်ဆေးဘူးများ ဆောင်ရန်နှင့် မီးဘေးနှင့် ပတ် သက်၍ သတိပြုကြရန် အချင်းချင်း သတိပေးမှုများလည်းပြုလုပ်လာ ကြသည်။

အတွေ့အကြုံအားဖြင့် မရှိ သော်လည်း သိထားသည့် အသိ အချို့ကြောင့် သဘာဝဘေးမှ ရှောင်လွှဲနိုင်သည်မှာလည်း သာဓ ကများစွာရှိသည်။ ထို့အတူ အ တွေ့အကြုံလည်း မရှိ၊ ဘေးအန္တ ရာယ်ကို ချက်ချင်းတုံ့ပြန်နိုင်မည့် နည်းလမ်းများလည်း မသိသော ကြောင့် နောင်တရခဲ့သူများလည်း သာဓကအနေဖြင့် ရှိနေပြန်သည်။

ထို့ကြောင့် နိုင်ငံသားတိုင်း အရေးပေါ်အခြေအနေများတွင် လျင်မြန်စွာ တုံ့ပြန်နိုင်ရန်နှင့် ရှေး ဦးသူနာပြုနည်းလမ်းများကို တတ် မြောက်ထားရန်လိုကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဟောင်း ဒေါက်တာ သာလှရွှေ
ကပြောသည်။

‘‘ဒီမှာက အသိပညာပေးတာ လည်း အားနည်းသလို လူတွေက လည်း သိပ်စိတ်မဝင်စားကြဘူး။ တကယ်က ဘယ်အချိန်ကြုံမယ် မသိတဲ့ ပြဿနာ၊ ကိုယ်တိုင်လည်း ကြုံနိုင်သလို ကိုယ်တွေ့နေရရင် လည်း ကယ်တင်နိုင်ဖို့ လိုအပ် တယ်’’ဟု ၎င်းကဆိုသည်။

‘‘ဥပမာအနေနဲ့ ကားမီး လောင်တယ်ပေါ့။ လူတော်တော် များများက ကားမီးလောင်ရင် ပေါက်ကွဲမယ်ထင်ကြတယ်။ အ မှန်လည်း ကားမီးလောင်တာက ပေါက်ကွဲနိုင်ပါတယ်။ ဒါပေမဲ့ ကားဆိုတာ ဆလင်ဒါပုံတည်ဆောက်
ထားတဲ့အတွက် ပေါက်ကွဲရင် အရှေ့နဲ့ အနောက်ပဲပွင့် ထွက် မယ်။ ဒါကြောင့် ကားထဲက လူ ကယ်မယ်ဆို ကားဘေးကပဲ ကယ်ရမယ်။ ဒီလိုအသိမျိုးတွေပေါ့။ ပြီးတော့ မီးလောင်တယ် ရေမရှိတဲ့အခါ သစ်ကိုင်းသစ်ခြောက်တွေ နဲ့ ငြှိမ်းနိုင်တယ်။ သဲနဲ့ ပတ်ပြီး ငြိှမ်းနိုင်တယ်။ အဝတ်ခြောက်နဲ့ ရိုက်ပြီး ငြိှမ်းတာက နည်းလမ်း မမှန်ပါဘူး။ မီးကူးနိုင်တယ်’’ဟု ကြက်ခြေနီအဖွဲ့ဝင် ကိုဖြိုးကိုကို ဇော်က အတွေ့အကြုံကို မျှဝေ သည်။

၎င်းမှာ Public and Family ကူညီကယ်ဆယ်ရေးအဖွဲ့ တည် ထောင်သူဖြစ်ပြီး မီးသတ်တာဝန် လည်း ထမ်းဆောင်နေသူဖြစ်၏။

‘‘ပြီးတော့ဆီကနေ မီး လောင်ရင် ရေနဲ့ဖျန်းလို့မရဘူး။ရေ နဲ့သွားဖျန််းရင်် ရေကြောင့်ဆီက ပြန့်သွားပြီး လောင်တဲ့ဧရိယာများ သွားတတ်တယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။ ‘‘ဒီနိုင်ငံမှာ အ ရေးပေါ် ကယ်ဆယ်ရေးနည်းတွေ က တော်ရုံလူလည်း မသိပါဘူး။ ကျွန်တော်တို့တောင်မှ အတွေ့အ ကြုံကြောင့် သင်ယူရင်းသိလာရ တာ။ လူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိလာဖို့ လည်း လိုအပ်တယ်’’ဟု ၎င်းကဆို သည်။

‘‘အလုံပိတ်အခန်းတွေမှာက အဓိကမီးခိုးငွေ့ကြောင့်သေဆုံံးရ တာမျိုးတွေတွေ့ရပါတယ်။ မီး လောင်ရာကနေ ထွက်လာတဲ့ ကာ ဗွန်ဒိုင်အောက်ဆိုက်မီးခိုးငွေ့က အသက်ရှူကျပ်ပြီး မေ့မြောရာက နေတစ်ဆင့် မီးလောင်မှုအတွင်း အသက်ဆုံးရှုံးတာမျိုးပေါ့။ မီးခိုး ဆိုတဲ့အရာမျိုးကလည်း အထက် ကိုသာတက်တဲ့ သဘောတရားရှိ တာမို့ ဘယ်လိုမှ အပြင်ကိုထွက်ဖို့ အခွင့်မသာတဲ့အခါ ကြမ်းပြင် အောက်ကို မှောက်ပြီးတော့ အသက်ရှူလို့ရတယ်ဗျ။ အောက်ခြေ
၆ လက်မခန့်မှာ အောက်ဆီဂျင်ရ နိုင်သေးတယ်။ အဲဒါအပြင်အဝတ် ကို ရေဆွတ်ပြီး နှာခေါင်းမှာစည်း ပြီး အသက်ရှူတာမျိုးလည်း ရ တယ်။ ပြီးတော့ အခန်းတွေဆို ပြတင်းပေါက်နားမှာ မှန်ကိုခွဲလို့ရ တဲ့ အအရာမျိုးတွေ လွယ်လင့်တကူ  လက်လှမ်းမီသလောက်ရှိသင့် တယ်’’ဟု ကိုဖြိုးကိုကိုဇော်ကပြော သည်။

ပျဉ်းမနားမြို့နယ် မီးသတ်တပ်ဖွဲ့မှ ဒုတပ်ခွဲမှူးဦးစိုးနိုင်ကလည်း‘‘ပိတ်မိနေတဲ့ အိမ်နဲ့ကားတွေမှာ နီးစပ်ရာကို ရိုက်ခွဲပြီး ထွက်နိုင် ဖို့က အဓိကကျတာပါ။ ဖွင့်ပြီဆို ရင် မီးလောင်တဲ့အားကိုလည်း လျော့ကျစေတယ်။ လူလည်း လွတ်နိုင်တယ်။ မီးခိုးတွေလည်း ထွက်နိုင်တယ်ပေါ့။ မီးဆော့ မီး သတ်ဆေးဘူးတွေလည်းဆောင် ထားပါ။ မီးသတ်ဆေးဘူးတွေက ဝိုင်ယာရှော့ခ်လောင်တာမျိုးလိုအ သေးစားကိုတော့ ကောင်းကောင်း နိုင်တယ်’’ဟု အကြံပြုသည်။

‘‘ကျွန်တော်တို့လူမြင်ကွင်း တွေမှာ အသိပညာပေးတာတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိဖို့လိုပါ တယ်။ စျေးဝယ်စင်တာတွေမှာ မီး ဘေးသင့်တာတွေကို လူတွေရှိနေ တုန်းလုပ်သင့်တယ်။ လက်ကမ်း စာစောင်တွေလုပ်သင့်တယ်။
ကျောင်းတွေနဲ့ ရပ်ကွက်တွေမှာ မြို့နယ်မီးသတ်က ဦးစီးပြီး ဟော ပြောပွဲတွေ၊ လက်တွေ့ လုပ် ဆောင်ပြတာတွေ များများလုပ် သင့်ပါတယ်’’ဟု ကြက်ခြေနီတပ် ဖွဲ့စစ်မှူး ကိုမိုးထိုက်ကဆိုသည်။

အဆိုပါဖြစ်စဉ်များတွင် အ သိပညာပေးရန် တာဝန်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာန၏ မီး သတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ကလည်း လက်ရှိအခြေအနေကို ကောင်းစွာသိသည်။ နိုင်ငံအနေ နှင့် ပညာပေးအားနည်းနေမှုသည် အမှန်ပင်ဖြစ်ကြောင်း တာဝန်ရှိသူ များကဝန်ခံသည်။ သို့သော် မီး သတ်ဦးစီးဌာန ကိုယ်တိုင်က ယခုနှစ်ပိုင်းဖြစ်ပွားသော ဖြစ်စဉ် များတွင် လုပ်ဆောင်ချက်ကောင်း မွန်ကြောင်းပြည်သူများထံမှ ချီးကျူး အသိအမှတ်ပြုမှုရရှိထား သည်။

‘‘ကျွန်တော်တို့လုပ်ဆောင်ရ မယ့်တာဝန်တွေထဲမှာ ပညာပေးဖို့ ကလည်း အဓိက အနေနဲ့ရှိပါ တယ်။ ဒါပေမဲ့ ကျွန််တော်တို့ လက်ရှိမှာ ဘတ်ဂျက်အနေအထား ရှိမယ်၊ လူအင်အားနည်းတာရှိ မယ်။ ပြည်သူပူးပေါင်းဆောင်ရွက် မှုလည်းရှိဖို့လိုပါတယ်။ လက်ရှိမှာ တော့ မီးသတ်တပ်ဖွဲ့က အတော် လေးတော့ အရှိန်ကောင်းနေပါ တယ်။ နောက်တော့ ပိုလုပ်နိုင်မှာ ပါ’’ဟု ခရိုင်မီးသတ်ဦးစီးမှူး ဦး ဌေးဝင်းကပြောသည်။

လက်ရှိတွင် အများစုမှာ လည်း မီးဘေး၊ ယာဉ်ဘေးနှင့် အ ခြား မတော်တဆမှုများအတွက် အရေးပေါ်ဖြေရှင်းနည်းများကို တိတိကျကျ သိရှိခြင်းမရှိဘဲ သက် ဆိုင်ရာက အသိပညာပေးမှုများ လည်း အားနည်းချက်ရှိသည်။ ထို့ ပြင် မတော်တဆအခြေအနေဖြင့် ထိခိုက်ဒဏ်ရာရနေသည်ကို ကူ ညီကယ်ဆယ်ပါက အမှုပတ်မည် စိုးသည့်လူများကလည်း လက်ရှိ အထိ ရှိနေဆဲဖြစ်သည်။ ထိုသူများ အနေဖြင့် ရဲအရေးပိုင်ဖြစ်ရပ်များ ကို ကူညီကယ်ဆယ်မိပါက ရုံး ရောက်ဂါတ်ရောက်ဖြစ်မည်ကို စိုး ရိမ်နေဆဲဖြစ်သည်။ ထိုသို့မဖြစ် စေရန် ၂၀၁၄ ကတည်းက ပြည် ထောင်စုလွှတ်တော်မှ အရေးပေါ် ရှေးဦးပြုစုကယ်တင်ခြင်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းကာ ကာကွယ်ခဲ့ပြီး ဖြစ်၏။ အဆိုပါ
ဥပဒေအရ အရေး ပေါ်အခြေအနေဖြင့် ထိခိုက်ဒဏ် ရာရသူကို တာဝန်ရှိသူ မလာမီ ဆေးရုံ၊ ဆေးခန်းပို့လျှင် အမှုနှင့် သက်ဆိုင်ခြင်းမရှိရန် ကာကွယ် ပေးမည်ဖြစ်၏။

‘‘မြန်မာလူမျိုးတွေပဲဗျာ၊ လူ တစ်ဖက်သားကို ကူညီချင်တာ ပေါ့။ ဒါပေမဲ့ ကိုယ့်အန္တရာယ်ဖြစ် မှာစိုးတာရယ်၊ အရေးအကြောင်း ဆို မလုပ်တတ်မကိုင်တတ်ရှိနေ တာရယ်ကြောင့် နစ်နာရတာတွေ ဖြစ်ကြတာပေါ့’’ဟု ကိုဖြိုးကိုကို ဇော်က ပြောသည်။

‘‘ကျွန်တော်သာ အတွေ့အ ကြုံရှိခဲ့ရင်၊ မှင်တက်ပြီး ကြောင်မ သွားခဲ့ရင် အခုလိုအဖြစ်မျိုးမဖြစ် လောက်ဘူးလို့ထင်ခဲ့ပါတယ်။ ဒါ ပေမဲ့ ကျွန်တော်က တစ်ဖက်မှာ ကားမောင်းနေပြီး ကျွန်တော့်ဆီမှာ လည်းခရီးသည်တွေပါတယ်။ သူ တို့လည်း မြင်တယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေတောင်ရိုက်လိုက်သေး တယ်။ ကျွန်တော်လည်း မောင်း ထွက်လာမိတယ်’’ဟု ကိုကောင်းထက်က ဆိုသည်။ ကိုကောင်းထက်၏ အဆိုအရ ကားပေါ်တွင် ခရီးသည်များစွာလည်း
ပါဝင်လာ ပြီး မီးလောင်နေသည့်အချိန်တွင် မှင်တက်အံ့သြနေကြပြီး အတန် ကြာမှ ဆင်းကူညီရင်ကောင်းမည် ဆိုသည့် အသိ ရကြသည်ဟုဆို သည်။

‘‘မကြုံလည်း မကြုံဖူးဘူး။ သွေးလည်းကြောင်သွားခဲ့တယ်။ အခုအချိန်မှာ time ကို back gear ပြန်ထိုးချင်တယ်။ ပြေးကယ် ချင်တယ်’’ဟု ကိုကောင်းထက် လူမှုကွန်ရက်တွင် ရေးသားထား သည်။

Credit - 7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...