ဦးကိုနီလုပ္ႀကံမႈ တရားခံ တပ္မေတာ္ အရာရိွေဟာင္း တစ္ဦးအဖမ္းခံရတဲ့သတင္း

ဖမ္းခံရတဲ့ စစ္အရာရိွေဟာင္း ေလဆိပ္ လုပ္ႀကံမႈနဲ႔ ပတ္သက္မႈ ရိွမရိွ အစုိးရက သတင္းထုတ္ျပန္ပါေတာ့မယ္
ရန္ကုန္ (Myanmar Now) - ဦးကိုနီကို လုပ္ႀကံမႈမွာ ပါဝင္တယ္လို႔ ယူဆရသူတစ္ဦးျဖစ္တဲ့ ရန္ကုန္၊ တာေမြၿမိဳ႕နယ္က ဦးေဇယ်ာၿဖိဳး ေဖေဖာ္ဝါရီ လဆန္းက ဖမ္းဆီးခံရေၾကာင္း သူသကၤန္းစည္းခဲ့တဲ့ ေက်ာက္ကုန္းေက်ာင္းႀကီး ပရိယတၱိစာသင္တိုက္ ဆရာေတာ္က ၾကာသပေတးေန႔မွာ မိန္႔ပါတယ္။
လဆန္း ၁ ရက္ေန႔က အဆိုပါေက်ာင္းမွာ သကၤန္းစည္းတဲ့ တပ္မေတာ္ အရာရိွေဟာင္း ဦးေဇယ်ာၿဖိဳးဟာ ၃ ရက္ေန႔ မနက္ပိုင္းမွာ လူဝတ္လဲသြားတယ္လို႔ ဆရာေတာ္က မိန္႔ပါတယ္။
“လူျပန္ထြက္သြားၿပီး သူ႔အိမ္ျပန္သြားတယ္။ အိမ္ျပန္ၿပီးမွ အဖမ္းခံရတာလားေတာ့ မသိဘူးေလ။ သူ႔ကုိ ဒီမွာလာ ေျပာလုိ႔ သူသိၿပီး လူထြက္တာေနမွာေပါ့။ အိမ္ခဏျပန္ၿပီးမွ သူ႔ကုိ ဟိုေခၚသြားတာ ျဖစ္ပါလိမ့္မယ္” လုိ႔ ဆရာေတာ္က မိန္႔ၾကားပါတယ္။
“အဲ့ဒီအခ်ိန္က ဆရာေတာ္လည္း ခရီးသြားေနတာ၊ သူလူထြက္ေတာ့ တိုက္အုပ္ကိုယ္ေတာ္က သိကၡာခ်ေပးလိုက္တာ”
သူတို႔မိသားစုက ေက်ာင္းမွာ အလွဴအတန္းလာေရာက္ လုပ္ကိုင္တတ္သလို အိမ္မွာ အလွဴပြဲ က်င္းပတဲ့အခါမွာ သြားေရာက္ တရားေဟာ၊ ဆြမ္းဘုန္းေပးခဲ့တာမ်ိဳး ရွိတယ္လို႔ ဆရာေတာ္ထံက သိရပါတယ္။
လြန္ခဲ့တဲ့ ၁ဝ ႏွစ္ခန္႔က စတင္ရင္းႏီွးၾကခ်ိန္မွာ ဦးေဇယ်ာၿဖိဳးဟာ တပ္မေတာ္ကေန ႏုတ္ထြက္ၿပီးျဖစ္တယ္လို႔ ယူဆေၾကာင္း၊ သကၤန္းစည္းတာ ဦးေဇယ်ာၿဖိဳး တစ္ဦးတည္း ျဖစ္ၿပီး အဲဒီေန႔က ေက်ာင္းကို မိသားစုနဲ႔ေဆြမ်ိဳးသားခ်င္းမ်ား လာေရာက္ၾကေၾကာင္း၊ သူဟာ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္သူလုိ႔ သိရေၾကာင္း ဆရာေတာ္က မိန္႔ပါတယ္။
“သူတိုက္ေတြဘာေတြ ေဆာက္တယ္ဆိုတာေလာက္ပဲ သိတယ္။ က်န္တာေတာ့ ဦးဇင္းတို႔လည္း မသိဘူး” လုိ႔ ဆရာေတာ္က မိန္႔ပါတယ္။
“သူ႔ကို ဖမ္းသြားၿပီး ေနာက္ပိုင္းလည္း ေက်ာင္းကို ဘယ္ရဲေတြမွ လာေမးျမန္းၾကတာမ်ိဳး မရွိပါဘူး”
ဦးေဇယ်ာၿဖိဳးကို ဖမ္းဆီးမႈနဲ႔ ပတ္သက္ၿပီး ရန္ကုန္၊ တာေမြရဲစခန္းကို ၾကာသပေတးေန႔ ညေနပိုင္းက ဆက္သြယ္ရာမွာ တာဝန္မွဴးျဖစ္သူ ဒုရဲအုပ္တစ္ဦးက စခန္းအေနနဲ႔ ဒီကိစၥကို မသိရွိေၾကာင္း၊ ဖမ္းဆီးမႈမွွာလည္း တာေမြၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္ေတြ ပါဝင္ခဲ့ျခင္း မရိွေၾကာင္း ျပန္လည္ေျဖၾကားပါတယ္။
ႏိုင္ငံေတာ္သမၼတ႐ံုး ေျပာေရးဆိုခြင့္ရွိသူ ေခတၱညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးကို ဆက္သြယ္ ေမးျမန္းရာမွာေတာ့ ဦးေဇယ်ာၿဖိဳးကို ဖမ္းဆီးထားမႈနဲ႔ ပတ္သက္ၿပီး အေျဖ တိတိက်က် မေပးေပမယ့္ မၾကာခင္ သတင္းထုတ္ျပန္မႈ ျပဳလုပ္မယ္လို႔ ေျပာပါတယ္။
“အဲ့ဒီကိစၥအတြက္ ကြ်န္ေတာ္တုိ႔ ညွိႏိႈင္းေနပါတယ္။ လာမယ့္ ၁ ရက္၊ ၂ ရက္အတြင္း သတင္း ထုတ္ျပန္မွာပါ။ အဲ့ဒီလူကို ဖမ္းဆီးထားတာ ဟုတ္သလား၊ မဟုတ္ဘူးလား၊ ပတ္သက္သလား၊ မပတ္သက္ဘူးလား အားလံုးကို သတင္းမထုတ္ျပန္ေသးခင္ ကြ်န္ေတာ္တို႔ ဘာမွေျပာလုိ႔မရေသးပါဘူး” လုိ႔ ဦးေဇာ္ေဌးက ဆိုပါတယ္။
အမ်ဳိးသား ဒီမိုကေရစီ အဖဲြ႔ခ်ဳပ္ ဥပေဒအႀကံေပး ေရွ႕ေနဦးကိုနီ ဇန္နဝါရီလကုန္းပိုင္း ရန္ကုန္ေလဆိပ္မွာ လုပ္ႀကံခံရမႈကို အာဏာပိုင္တို႔က စံုစမ္းစစ္ေဆးမႈ ျပဳလုပ္ခဲ့ေပမယ့္ ေတြ႔ရိွခ်က္ေတြကို အဆက္မျပတ္ ထုတ္ျပန္ျခင္း မရိွတဲ့အတြက္ ေဝဖန္ခံေနရပါတယ္။ ဦးေဇယ်ာၿဖိဳး အထိန္းသိမ္းခံရတယ္ဆိုတ့ဲ သတင္းနဲ႔ ပတ္သက္ၿပီး အမ်ားျပည္သူက အာဏာပို္င္တို႔ရဲ႕ ထုတ္ျပန္ခ်က္ကုိ ေစာင့္ေမွ်ာ္ေနၾကပါတယ္။
ဦးေဇယ်ာၿဖိဳးနဲ႔ သူ႔မိသားစုဟာ အမွတ္ D-8, မဂၤလာလမ္း၊ တာေမြေလးရပ္ကြက္မွာ ေနထိုင္ၾကသူေတြျဖစ္တယ္၊ သူဟာ စစ္သကၠသိုလ္ အပတ္စဥ္ ၃၆ ဆင္းသူျဖစ္ၿပီး ဗဟိုေထာက္လွမ္းေရးတပ္ (ဗကထ-ေရၾကည္အိုင္) မွာ သင္တန္းနည္းျပတစ္ဦးအျဖစ္ ေဆာင္ရြက္ခဲ့သူျဖစ္ေၾကာင္း၊ အိႏၵိယႏိုင္ငံမွာ စစ္ေခြးအထူးေလ့က်င့္ေရး သင္တန္း တက္ေရာက္ဖူးသူျဖစ္ေၾကာင္း ရန္ကုန္အေျခစိုက္ အပတ္စဥ္ထုတ္ ဂ်ာနယ္ The Speaker News Journal အတြဲ ၁၊ အမွတ္ ၁၄ မွာ သတင္း ေရးသားထား ပါတယ္။
ရန္ကုန္ေလဆိပ္ လုပ္ႀကံမႈရဲ႕ အဓိက ကြင္းဆက္တရားခံ တစ္ဦးျဖစ္တယ္လို႔ အာဏာပိုင္တို႔ သတင္းထုတ္ျပန္ထားတဲ့ ဒုတိယဗိုလ္မွဴးႀကီးေဟာင္း ဦးေအာင္ဝင္းခိုင္ဟာလည္း စစ္တကၠသိုလ္ဆင္း ျဖစ္ၿပီး ၂ဝ၁၄ ခုႏွစ္မွာ တပ္မေတာ္ကေန ႏုတ္ထြက္ခဲ့တယ္လို႔ သိရပါတယ္။ ။
-----------------
ဦးေဇယ်ာၿဖိဳး သကၤန္းဝတ္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ ေက်ာက္ကုန္းေက်ာင္းႀကီး ပရိယတၱိ စာသင္တိုက္ကို ေဖေဖာ္ဝါရီလ ၂၃ ရက္ ေန႔က ေတြ႔ရပံု (ဓာတ္ပံု - ထက္ေခါင္လင္း/Myanmar Now)
ထက္ေခါင္လင္း/Myanmar Now
============
ဖမ်းခံရတဲ့ စစ်အရာရှိဟောင်း လေဆိပ် လုပ်ကြံမှုနဲ့ ပတ်သက်မှု ရှိမရှိ အစိုးရက သတင်းထုတ်ပြန်ပါတော့မယ်

ရန်ကုန် (Myanmar Now) - ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်တယ်လို့ ယူဆရသူတစ်ဦးဖြစ်တဲ့ ရန်ကုန်၊ တာမွေမြို့နယ်က ဦးဇေယျာဖြိုး ဖေဖော်ဝါရီ လဆန်းက ဖမ်းဆီးခံရကြောင်း သူသင်္ကန်းစည်းခဲ့တဲ့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိစာသင်တိုက် ဆရာတော်က ကြာသပတေးနေ့မှာ မိန့်ပါတယ်။

လဆန်း ၁ ရက်နေ့က အဆိုပါကျောင်းမှာ သင်္ကန်းစည်းတဲ့ တပ်မတော် အရာရှိဟောင်း ဦးဇေယျာဖြိုးဟာ ၃ ရက်နေ့ မနက်ပိုင်းမှာ လူဝတ်လဲသွားတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“လူပြန်ထွက်သွားပြီး သူ့အိမ်ပြန်သွားတယ်။ အိမ်ပြန်ပြီးမှ အဖမ်းခံရတာလားတော့ မသိဘူးလေ။ သူ့ကို ဒီမှာလာ ပြောလို့ သူသိပြီး လူထွက်တာနေမှာပေါ့။ အိမ်ခဏပြန်ပြီးမှ သူ့ကို ဟိုခေါ်သွားတာ ဖြစ်ပါလိမ့်မယ်” လို့ ဆရာတော်က မိန့်ကြားပါတယ်။

“အဲ့ဒီအချိန်က ဆရာတော်လည်း ခရီးသွားနေတာ၊ သူလူထွက်တော့ တိုက်အုပ်ကိုယ်တော်က သိက္ခာချပေးလိုက်တာ”

သူတို့မိသားစုက ကျောင်းမှာ အလှူအတန်းလာရောက် လုပ်ကိုင်တတ်သလို အိမ်မှာ အလှူပွဲ ကျင်းပတဲ့အခါမှာ သွားရောက် တရားဟော၊ ဆွမ်းဘုန်းပေးခဲ့တာမျိုး ရှိတယ်လို့ ဆရာတော်ထံက သိရပါတယ်။

လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်က စတင်ရင်းနှီးကြချိန်မှာ ဦးဇေယျာဖြိုးဟာ တပ်မတော်ကနေ နုတ်ထွက်ပြီးဖြစ်တယ်လို့ ယူဆကြောင်း၊ သင်္ကန်းစည်းတာ ဦးဇေယျာဖြိုး တစ်ဦးတည်း ဖြစ်ပြီး အဲဒီနေ့က ကျောင်းကို မိသားစုနဲ့ဆွေမျိုးသားချင်းများ လာရောက်ကြကြောင်း၊ သူဟာ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူလို့ သိရကြောင်း ဆရာတော်က မိန့်ပါတယ်။

“သူတိုက်တွေဘာတွေ ဆောက်တယ်ဆိုတာလောက်ပဲ သိတယ်။ ကျန်တာတော့ ဦးဇင်းတို့လည်း မသိဘူး” လို့ ဆရာတော်က မိန့်ပါတယ်။

“သူ့ကို ဖမ်းသွားပြီး နောက်ပိုင်းလည်း ကျောင်းကို ဘယ်ရဲတွေမှ လာမေးမြန်းကြတာမျိုး မရှိပါဘူး”

ဦးဇေယျာဖြိုးကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ရန်ကုန်၊ တာမွေရဲစခန်းကို ကြာသပတေးနေ့ ညနေပိုင်းက ဆက်သွယ်ရာမှာ တာဝန်မှူးဖြစ်သူ ဒုရဲအုပ်တစ်ဦးက စခန်းအနေနဲ့ ဒီကိစ္စကို မသိရှိကြောင်း၊ ဖမ်းဆီးမှုမှှာလည်း တာမွေမြို့နယ်ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ခြင်း မရှိကြောင်း ပြန်လည်ဖြေကြားပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဆက်သွယ် မေးမြန်းရာမှာတော့ ဦးဇေယျာဖြိုးကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အဖြေ တိတိကျကျ မပေးပေမယ့် မကြာခင် သတင်းထုတ်ပြန်မှု ပြုလုပ်မယ်လို့ ပြောပါတယ်။

“အဲ့ဒီကိစ္စအတွက် ကျွန်တော်တို့ ညှိနှိုင်းနေပါတယ်။ လာမယ့် ၁ ရက်၊ ၂ ရက်အတွင်း သတင်း ထုတ်ပြန်မှာပါ။ အဲ့ဒီလူကို ဖမ်းဆီးထားတာ ဟုတ်သလား၊ မဟုတ်ဘူးလား၊ ပတ်သက်သလား၊ မပတ်သက်ဘူးလား အားလုံးကို သတင်းမထုတ်ပြန်သေးခင် ကျွန်တော်တို့ ဘာမှပြောလို့မရသေးပါဘူး” လို့ ဦးဇော်ဌေးက ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေဦးကိုနီ ဇန်နဝါရီလကုန်းပိုင်း ရန်ကုန်လေဆိပ်မှာ လုပ်ကြံခံရမှုကို အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် တွေ့ရှိချက်တွေကို အဆက်မပြတ် ထုတ်ပြန်ခြင်း မရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ဦးဇေယျာဖြိုး အထိန်းသိမ်းခံရတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အများပြည်သူက အာဏာပို်င်တို့ရဲ့ ထုတ်ပြန်ချက်ကို စောင့်မျှော်နေကြပါတယ်။

ဦးဇေယျာဖြိုးနဲ့ သူ့မိသားစုဟာ အမှတ် D-8, မင်္ဂလာလမ်း၊ တာမွေလေးရပ်ကွက်မှာ နေထိုင်ကြသူတွေဖြစ်တယ်၊ သူဟာ စစ်သက္ကသိုလ် အပတ်စဉ် ၃၆ ဆင်းသူဖြစ်ပြီး ဗဟိုထောက်လှမ်းရေးတပ် (ဗကထ-ရေကြည်အိုင်) မှာ သင်တန်းနည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံမှာ စစ်ခွေးအထူးလေ့ကျင့်ရေး သင်တန်း တက်ရောက်ဖူးသူဖြစ်ကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ် The Speaker News Journal အတွဲ ၁၊ အမှတ် ၁၄ မှာ သတင်း ရေးသားထား ပါတယ်။

ရန်ကုန်လေဆိပ် လုပ်ကြံမှုရဲ့ အဓိက ကွင်းဆက်တရားခံ တစ်ဦးဖြစ်တယ်လို့ အာဏာပိုင်တို့ သတင်းထုတ်ပြန်ထားတဲ့ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးအောင်ဝင်းခိုင်ဟာလည်း စစ်တက္ကသိုလ်ဆင်း ဖြစ်ပြီး ၂ဝ၁၄ ခုနှစ်မှာ တပ်မတော်ကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ။
-----------------

ဦးဇေယျာဖြိုး သင်္ကန်းဝတ်ခဲ့တဲ့ ရန်ကုန်မြို့ ကျောက်ကုန်းကျောင်းကြီး ပရိယတ္တိ စာသင်တိုက်ကို ဖေဖော်ဝါရီလ ၂၃ ရက် နေ့က တွေ့ရပုံ (ဓာတ်ပုံ - ထက်ခေါင်လင်း/Myanmar Now)

ထက်ခေါင်လင်း/Myanmar Now

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...