ဦးကိုနီ တလျပည့္ အခမ္းအနား နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ တက္မည္


By ဧရာဝတီ 23 February 2017
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ဥပေဒအႀကံေပး ေရွ႕ေန ဦးကိုနီႏွင့္ ယာဥ္ေမာင္း ဦးေနဝင္းတို႔၏ တလျပည့္ေအာက္ေမ့ဖြယ္အခမ္းအနားသို႔ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။

NLD ဗဟိုအလုပ္အမႈေဆာင္ ဦးဉာဏ္ဝင္းက “က်ေနာ္သိသေလာက္က ေဒၚေအာင္ဆန္းစုၾကည္ တက္မွာပါ၊ စာနာမႈကို ျပသတဲ့အေနနဲ႔ ဒီပြဲကိုလုပ္မွာျဖစ္ပါတယ္”ဟု ဧရာဝတီကိုေျပာသည္။

ေအာက္ေမ့ဖြယ္အခမ္းအနားကို NLD မွ ဦးစီးၿပီး လာမည့္ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔တြင္ ေတာ္ဝင္ႏွင္း ဆီ ခန္းမ၌ က်င္းပမည္ျဖစ္ၿပီး ဘာသာအလိုက္ ဆုေတာင္းေပးျခင္းမ်ားလည္း ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

ဦးေနဝင္း၏ ဇနီးမစုသက္ခိုင္က “ဒီအမႈနဲ႔ပတ္သက္လို႔ ဘာမွေတာ့မေျပာခ်င္ပါဘူး၊ သူတို႔အလုပ္ သူတို႔အေကာင္းဆုံးလုပ္ေနတယ္လို႔ထင္ပါတယ္၊ အမႈကိုလည္း အမွန္အတိုင္းေဖာ္ထုတ္ေပးနိုင္မယ္လို႔ ေမၽွာ္လင့္ပါတယ္”ဟု ေျပာသည္။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ဦးဝင္းျမင့္၊ ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ NLD ပါတီ CEC မ်ား၊ ဦးကိုနီမိသားစုႏွင့္ ပါတီဝင္မ်ား၊ စိတ္ဝင္စားသူ ျပည္သူမ်ား တက္ေရာက္ၾကလိမ့္မည္ဟု NLD အသိုင္းအဝိုင္းမွ သိရသည္။
==============
ဦးကိုနီ တလပြည့် အခမ်းအနား ဒေါ်အောင်ဆန်းစုကြည်တက်မည်

By ဧရာဝတီ 23 February 2017
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီနှင့် ယာဉ်မောင်း ဦးနေဝင်းတို့၏ တလပြည့်အောက်မေ့ဖွယ်အခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက “ကျနော်သိသလောက်က ဒေါ်အောင်ဆန်းစုကြည် တက်မှာပါ၊ စာနာမှုကို ပြသတဲ့အနေနဲ့ ဒီပွဲကိုလုပ်မှာဖြစ်ပါတယ်”ဟု ဧရာဝတီကိုပြောသည်။

အောက်မေ့ဖွယ်အခမ်းအနားကို NLD မှ ဦးစီးပြီး လာမည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် တော်ဝင်နှင်း ဆီ ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ဘာသာအလိုက် ဆုတောင်းပေးခြင်းများလည်း ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဦးနေဝင်း၏ ဇနီးမစုသက်ခိုင်က “ဒီအမှုနဲ့ပတ်သက်လို့ ဘာမှတော့မပြောချင်ပါဘူး၊ သူတို့အလုပ် သူတို့အကောင်းဆုံးလုပ်နေတယ်လို့ထင်ပါတယ်၊ အမှုကိုလည်း အမှန်အတိုင်းဖော်ထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ NLD ပါတီ CEC များ၊ ဦးကိုနီမိသားစုနှင့် ပါတီဝင်များ၊ စိတ်ဝင်စားသူ ပြည်သူများ တက်ရောက်ကြလိမ့်မည်ဟု NLD အသိုင်းအဝိုင်းမှ သိရသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...