၁၅ နှစ်အရွယ် လူပျိုလေးရဲ့ အိပ်ခန်းထဲခိုးဝင်ပြီး ချစ်တင်းနှောတဲ့ ၃၄ နှစ်အရွယ် အပျိုကြီးကို တရားစွဲ

The Messenger
===========
၁၅ နှစ်အရွယ်ကောင်လေးရဲ့ အိပ်ခန်းထဲကိုခိုးဝင်ပြီး လိင်ဆက်ဆံခဲ့တဲ့ အပျိုကြီး တရားစွဲခံရ
အသက်အရွယ် မရောက်သေးတဲ့သူကို နေထိုင်ပေါင်းသင်းမိပါက အရေးယူ ခြင်း ခံရလိမ့်မယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပြသ သွားခဲ့ပါတယ်။ အမေ ရိကန်နိုင်ငံ၊ အရီဇိုနားမှာ ရှိတဲ့ (၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အိမ်နီး နားချင်းဖြစ်တဲ့ အရွယ်မရောက်သေးတဲ့ (၁၅)နှစ်အရွယ် ကောင်ကလေးရဲ့ အိမ်ကိုခိုးဝင်ပြီး အတူအိပ်စက်ခဲ့လို့ ရဲတပ်ဖွဲ ့က ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။
ကီရီဂွန်ဇာလက် အမည်ရ အမျိုးသမီးဟာ ကောင်လေးရဲ့အိမ်ကို ခိုးဝင် ရောက်လာပြီးတဲ့နောက် အရက်တွေသောက်သုံးကာ နှစ်ကြိမ်တိုင်တိုင် ချစ်တင်းနှောခဲ့ကြပါတယ်။ နံနက်နှစ်နာရီ ရောက်တဲ့အခါ ကောင်လေးရဲ့ အမေက သားဖြစ်သူရဲ့ အခန်းထဲမှာ အသံကြားလို့ သွားရောက်ကြည့်ရှုခဲ့ပါ တယ်။
ဒီအချိန်မှာ အဝတ်ဗလာနဲ့ အမျိုးသမီး တစ်ဦးကို တွေ့ရှိခဲ့ပြီး၊ ကောင်လေးရဲ့ အမေက ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ အဝတ်ဗ လာနဲ့ ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့လို့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိ သွားခဲ့ပါတယ်။ ဒီနောက် မိနစ်(၃၀)ခန့် အကြာမှာ ထွက်ပြေးသွားတဲ့ အမျိုး သမီးက ကောင်လေးအိမ်ကို ပြဿနာလာရှာခဲ့ပါတယ်။ နှစ်ရက်အကြာမှာ ကောင်လေးရဲ့အမေက ရဲစခန်း ကို တိုင်ကြားခဲ့ ပါတယ်။ ရဲတပ်ဖွဲ ့ဝင်တွေဟာ ကီရီဂွန်ဇာလက်ကို ခေါ်ယူမေးမြန်းတဲ့အခါ လိမ်လည်ပြောဆိုခဲ့ပါတယ်။ ကောင်လေးကို မေးမြန်းတဲ့အခါ အခန်းထဲကို ရောက်လာသူ ကီရီဇွန်ဇာလက် ဖြစ်ပြီး၊ အရက်ပုလင်းကိုလည်း ယူဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ ့ဝင်တွေဟာ ကီရီဂွန်ဇာလက်ကို လိမ်လည်ပြောဆိုမှု၊ အရွယ်မရောက်သေးသူနဲ့ ပျော်ပါးမှု စတဲ့စွဲ ချက်တွေ တင်ထားတယ်လို့ သိရပါတယ်။
The Messenger
မှတ်‌ချက်‌ Lu Gyi သိလို့က‌တော့ ဟင်‌း..

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...