လူငယ္တိုင္းသိထား ရွဲထားရမယ့္ အခ်စ္ ဥပေဒ

By ေမာင္ပံသုေျမလႊာ 5 December 2016
ဆယ္ေက်ာ္သက္အရြယ္ လူပ်ိဳေပါက္ အပ်ိဳေပါက္တိုင္း ဆန္႔က်င္ဘက္ ဖို/မကို ပင္ကို သဘာဝအားျဖင့္ စိတ္ဝင္စား ၾကပါတယ္။ တနည္းအားျဖင့္ေတာ့ ေကာင္ေလးက ေကာင္းမေလးကို၊ ေကာင္မေလးက ေကာင္ေလးကို စသျဖင့္ေပါ့။ ေကာင္ေလးက ေကာင္မေလးကို ခ်စ္ေရးဆို ပိုးပန္းတာမ်ိဳး ရွိနိုင္ပါတယ္။

ဆယ္ေက်ာ္သက္ အရြယ္မ်ားသာမက လူႀကီးအမ်ားစုကပါ ပိုးပန္းျခင္းဟာ ျပစ္မႈက်ဴးလြန္ျခင္း၊ အေႏွာင့္အယွက္ ေပးျခင္း မဟုတ္၊ သဘာဝသာ ျဖစ္တယ္လို႔ ယူဆၾကပါတယ္။

ေကာင္ေလးက ေကာင္မေလးကို “သိပ္လွတာပဲ၊ ဆြဲေဆာင္မႈရွိတာပဲ”၊ ဒါမွမဟုတ္ “ရည္းစားရွိ သလား၊ မရွိဘူးလား” လို႔ ေမးတယ္ ဆိုပါစို႔။ ေကာင္မေလးက ေကာင္ေလးရဲ့ အျပဳအမူ၊ အေျပာ အဆိုကို မႏွစ္သက္ဘူး ဆိုရင္ ေကာင္မေလးက ျပစ္မႈဆိုင္ရာ ဥပေဒ (ရာဇသတ္ႀကီး) ပုဒ္မ (၅၀၉) အရ တရား႐ုံးသို႔ ဦးတိုက္ ေလၽွာက္ထားနိုင္ ပါတယ္။

“မည္သူမဆို မိန္းကေလး တဦးဦး၏ ကာယိေျႏၵကို ေစာ္ကားရန္ ႀကံရြယ္၍ ေျပာဆိုျခင္း ျပဳသည္တြင္ သို႔တည္းမဟုတ္ အရာဝတၳဳ တခုခုကို ျပသည္တြင္ ေျပာဆိုေသာ စကားကိုျဖစ္ေစ၊ ျပဳေသာအသံကိုျဖစ္ေစ ထိုမိန္းကေလးအား ၾကားေစရန္ ႀကံရြယ္လၽွင္ သို႔တည္းမဟုတ္ ျပဳေသာ ကိုယ္အမူအရာကို ျဖစ္ေစ၊  ျပေသာ အရာဝတၳဳကို ျဖစ္ေစ၊ ထိုမိန္းကေလးအား ျမင္ေစရန္ ႀကံရြယ္လၽွင္ သို႔တည္းမဟုတ္ ထိုမိန္းကေလး၏ ကာယိအိေျႏၵကို ေစာ္ကားရန္ ႀကံရြယ္၍ ထိုမိန္းကေလး၏ ဆိတ္ကြယ္ရာသို႔ က်ဴးေက်ာ္လၽွင္ ထိုသူကို ၁ ႏွစ္အထိ အလုပ္မဲ့ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ ၂ ရပ္ စလုံးျဖစ္ေစ ခ်မွတ္ရမည္” လို႔ ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ (၅၀၉) မွာ ဖြင့္ဆိုထားပါတယ္။ ဒါေၾကာင့္ ေကာင္ေလးက ျပစ္မႈဆိုင္ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ (၅၀၉) ကို က်ဴးလြန္တယ္လို႔ ဆိုနိုင္ပါတယ္။

ေကာင္ေလးက ေကာင္မေလးရဲ့ လက္ကိုဆြဲၿပီး ရည္းစားစာ ေပးတယ္ ဆိုပါစို႔၊  မိန္းကေလးက သူရဲ့ အျပဳအမူကို မႀကိဳက္လၽွင္ သူမသည္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ (၃၅၄) အရ သူမ၏ သတင္းေပး တိုင္တန္းခ်က္ကို ရဲစခန္းတြင္ ေပးနိုင္ပါတယ္။ ရဲက အေရးယူတာကို ေကာင္ေလး ခံရပါလိမ့္မယ္။

ရဲက အေရးယူရာမွာလည္း အမႈသည္ အာမခံေပး၍ မရေသာ အမႈျဖစ္ပါက တရားခံသည္ ရဲက ဖမ္းဆီး၍ အခ်ဳပ္ထဲသို႔ ထည့္ထားတာ ခံရမယ္။ အကယ္၍ အာမခံေပး၍ ရေသာ အမႈျဖစ္ပါက တရားခံ (သို႔မဟုတ္) တရားခံရဲ့ ေဆြမ်ိဳးက အာမခံမည့္သူ ၂ ေယာက္ကို တရားခံ အာမခံအတြက္ ရွာေဖြ ေခၚေဆာင္လာရမွာ ျဖစ္တယ္။ အဲဒီေနာက္ တရားခံကို အာမခံနဲ႔ လႊတ္ထားေပးပါလိမ့္မယ္။ အာမခံမယ့္သူ မရွိရင္ေတာ့ သူ႔ကို အခ်ဳပ္ထဲ ထည့္ထားပါလိမ့္မယ္။

အဲ … အာမခံတယ္ ဆိုတာကလည္း လူတိုင္း အာမခံလို႔ မရပါဘူး။ အာမခံသူဟာ အနည္းဆုံးေတာ့ ေျမပိုင္ အိမ္ပိုင္ ျဖစ္ဖို႔ လိုပါတယ္။

တကယ္လို႔ ေကာင္မေလးက ေကာင္ေလး ခ်စ္ခြင့္ပန္တာကို လက္ခံလိုက္ရင္ေတာ့ သူတို႔ဟာ ခ်စ္သူေတြ ျဖစ္လာၾကမွာပါ။ ေကာင္ေလးဟာ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ (၅၀၉) သို႔မဟုတ္ ပုဒ္မ (၃၅၄) နဲ႔ မၿငိဘူးေပါ့။ သို႔ေပမယ့္ အေရးတႀကီး သတိထားရမွာက ေကာင္ေလးက အသက္ ၁၉ ႏွစ္ (18 +)၊ ေကာင္မေလးက အသက္ ၁၆ ႏွစ္ (16+) ျပည့္ဖို႔ပဲ။ အသက္ မျပည့္ရင္ ဘာျဖစ္မလဲ။

အသက္ ၁၈ ႏွစ္အရြယ္ ေကာင္ေလးနဲ႔ အသက္ ၁၅ ႏွစ္အရြယ္ ေကာင္မေလးတို႔ ခ်စ္ခင္ႏွစ္သက္ၿပီး ခိုးေျပးၾကတယ္။ ေကာင္မေလးရဲ့ မိဘေတြက ေကာင္ေလးကို မိဘ သေဘာတူညီခ်က္ မပါဘဲ ၁၆ ႏွစ္ မျပည့္ေသးတဲ့ သူတို႔ သမီးကို ခိုးယူ ထြက္ေျပးသြားေၾကာင္း ရဲစခန္းမွာ ပထမ သတင္းေပး တိုင္တန္းခ်က္ (F.I.R) ဖြင့္လိုက္တယ္။

ရဲစခန္းက ေကာင္ေလးကို ဖမ္းဆီးခဲ့တယ္။ ေကာင္မေလးက သူမရဲ့ ခ်စ္သူမွာ အျပစ္ မရွိေၾကာင္း၊ သူမက အၾကပ္ကိုင္၍ ခိုးေျပးေစရန္ ဖိအားေပးခဲ့ေၾကာင္း ရဲအရာရွိကို ေျပာတယ္။ သို႔ေပမယ့္ အသက္မျပည့္ေသးသူ ျဖစ္တာေၾကာင့္ အုပ္ထိန္းသူ မိဘေတြက ေခ်ာ့ေမာ့ ျပန္ေခၚသြားၾကတယ္။

ရဲက စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ၿပီးေနာက္ ေကာင္ေလးကို ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၃ အရ အေရးယူဖမ္းဆီးခဲ့တာ ျဖစ္တယ္။ အဲဒီ ဥပေဒပုဒ္မ ၃၆၃ ရဲ့ အဓိပၸာယ္ ဖြင့္ဆိုခ်က္မွာ “မည္သူမဆို တဦးတေယာက္ေသာ သူအား ျပည္ေထာင္စု ျမန္မာနိုင္ငံမွ အပသို႔ ျဖစ္ေစ ဥပေဒႏွင့္ အညီ အုပ္ထိန္းသူထံမွ ျဖစ္ေစ၊ ခိုးယူလၽွင္ ထိုသူကို ၇ ႏွစ္ အထိ ေထာင္ဒဏ္ တမ်ိဳးမ်ိဳး ခ်မွတ္ရမည့္ အျပင္ ေငြဒဏ္လည္း ခ်မွတ္နိုင္သည္။ အကယ္၍ အသက္ ၁၆ ႏွစ္ မျပည့္ေသးသူ မိန္းကေလးကို သူမ အုပ္ထိန္းသူ၏ သေဘာတူညီခ်က္မပါဘဲ ခိုးယူေခၚေဆာင္သြားခဲ့လၽွင္ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၁ အရ အရြယ္ မေရာက္ေသးသူ တစုံတေယာက္ကို ဥပေဒႏွင့္အညီ အုပ္ထိန္းထားေသာ အုပ္ထိန္းသူထံမွ ခိုးယူသြားျခင္းပင္ျဖစ္သည္” လို႔ ေဖာ္ျပထားပါတယ္။

ေကာင္ေလးမွာ ေထာင္က်သြားသလို ေကာင္မေလးမွာလည္း သူမရဲ့ အပ်ိဳရည္ ဆုံးရႈံးခဲ့ရတယ္။ ႏွစ္ဖက္ မိဘေတြလည္း အလြန္ပဲ ခံစားရေစပါတယ္။ တကယ္လို႔သာ ခ်စ္သူႏွစ္ဦးျဖစ္တဲ့ သူတို႔ ႏွစ္ဦးဟာ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၃၆၃ နဲ႔ ပုဒ္မ ၃၆၁ ရဲ့ အဓိပၸယ္ဖြင့္ဆိုခ်က္ကို သတိျပဳခဲ့ရင္ အခုလို စိတ္ဆင္းရဲႀကီးျခင္းကို ေရွာင္ရွားနိုင္မယ္ မဟုတ္လား။

(ေမာင္ပံသုေျမလႊာသည္ ရန္ကုန္အေျခစိုက္ အထက္တန္း ေရွ႕ေနတဦး ျဖစ္ၿပီး ဥပေဒေရးရာ အေမးအေျဖမ်ား၊ ေဆာင္းပါးမ်ား ေရးသားလ်က္ရွိသည္။)
burma.irrawaddy
============
By မောင်ပံသုမြေလွှာ 5 December 2016
ဆယ်ကျော်သက်အရွယ် လူပျိုပေါက် အပျိုပေါက်တိုင်း ဆန့်ကျင်ဘက် ဖို/မကို ပင်ကို သဘာဝအားဖြင့် စိတ်ဝင်စား ကြပါတယ်။ တနည်းအားဖြင့်တော့ ကောင်လေးက ကောင်းမလေးကို၊ ကောင်မလေးက ကောင်လေးကို စသဖြင့်ပေါ့။ ကောင်လေးက ကောင်မလေးကို ချစ်ရေးဆို ပိုးပန်းတာမျိုး ရှိနိုင်ပါတယ်။

ဆယ်ကျော်သက် အရွယ်များသာမက လူကြီးအများစုကပါ ပိုးပန်းခြင်းဟာ ပြစ်မှုကျူးလွန်ခြင်း၊ အနှောင့်အယှက် ပေးခြင်း မဟုတ်၊ သဘာဝသာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

ကောင်လေးက ကောင်မလေးကို “သိပ်လှတာပဲ၊ ဆွဲဆောင်မှုရှိတာပဲ”၊ ဒါမှမဟုတ် “ရည်းစားရှိ သလား၊ မရှိဘူးလား” လို့ မေးတယ် ဆိုပါစို့။ ကောင်မလေးက ကောင်လေးရဲ့ အပြုအမူ၊ အပြော အဆိုကို မနှစ်သက်ဘူး ဆိုရင် ကောင်မလေးက ပြစ်မှုဆိုင်ရာ ဥပဒေ (ရာဇသတ်ကြီး) ပုဒ်မ (၅၀၉) အရ တရားရုံးသို့ ဦးတိုက် လျှောက်ထားနိုင် ပါတယ်။

“မည်သူမဆို မိန်းကလေး တဦးဦး၏ ကာယိန္ဒြေကို စော်ကားရန် ကြံရွယ်၍ ပြောဆိုခြင်း ပြုသည်တွင် သို့တည်းမဟုတ် အရာဝတ္ထု တခုခုကို ပြသည်တွင် ပြောဆိုသော စကားကိုဖြစ်စေ၊ ပြုသောအသံကိုဖြစ်စေ ထိုမိန်းကလေးအား ကြားစေရန် ကြံရွယ်လျှင် သို့တည်းမဟုတ် ပြုသော ကိုယ်အမူအရာကို ဖြစ်စေ၊  ပြသော အရာဝတ္ထုကို ဖြစ်စေ၊ ထိုမိန်းကလေးအား မြင်စေရန် ကြံရွယ်လျှင် သို့တည်းမဟုတ် ထိုမိန်းကလေး၏ ကာယိအိန္ဒြေကို စော်ကားရန် ကြံရွယ်၍ ထိုမိန်းကလေး၏ ဆိတ်ကွယ်ရာသို့ ကျူးကျော်လျှင် ထိုသူကို ၁ နှစ်အထိ အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်ရမည်” လို့ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၅၀၉) မှာ ဖွင့်ဆိုထားပါတယ်။ ဒါကြောင့် ကောင်လေးက ပြစ်မှုဆိုင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅၀၉) ကို ကျူးလွန်တယ်လို့ ဆိုနိုင်ပါတယ်။

ကောင်လေးက ကောင်မလေးရဲ့ လက်ကိုဆွဲပြီး ရည်းစားစာ ပေးတယ် ဆိုပါစို့၊  မိန်းကလေးက သူရဲ့ အပြုအမူကို မကြိုက်လျှင် သူမသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၅၄) အရ သူမ၏ သတင်းပေး တိုင်တန်းချက်ကို ရဲစခန်းတွင် ပေးနိုင်ပါတယ်။ ရဲက အရေးယူတာကို ကောင်လေး ခံရပါလိမ့်မယ်။

ရဲက အရေးယူရာမှာလည်း အမှုသည် အာမခံပေး၍ မရသော အမှုဖြစ်ပါက တရားခံသည် ရဲက ဖမ်းဆီး၍ အချုပ်ထဲသို့ ထည့်ထားတာ ခံရမယ်။ အကယ်၍ အာမခံပေး၍ ရသော အမှုဖြစ်ပါက တရားခံ (သို့မဟုတ်) တရားခံရဲ့ ဆွေမျိုးက အာမခံမည့်သူ ၂ ယောက်ကို တရားခံ အာမခံအတွက် ရှာဖွေ ခေါ်ဆောင်လာရမှာ ဖြစ်တယ်။ အဲဒီနောက် တရားခံကို အာမခံနဲ့ လွှတ်ထားပေးပါလိမ့်မယ်။ အာမခံမယ့်သူ မရှိရင်တော့ သူ့ကို အချုပ်ထဲ ထည့်ထားပါလိမ့်မယ်။

အဲ … အာမခံတယ် ဆိုတာကလည်း လူတိုင်း အာမခံလို့ မရပါဘူး။ အာမခံသူဟာ အနည်းဆုံးတော့ မြေပိုင် အိမ်ပိုင် ဖြစ်ဖို့ လိုပါတယ်။

တကယ်လို့ ကောင်မလေးက ကောင်လေး ချစ်ခွင့်ပန်တာကို လက်ခံလိုက်ရင်တော့ သူတို့ဟာ ချစ်သူတွေ ဖြစ်လာကြမှာပါ။ ကောင်လေးဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၉) သို့မဟုတ် ပုဒ်မ (၃၅၄) နဲ့ မငြိဘူးပေါ့။ သို့ပေမယ့် အရေးတကြီး သတိထားရမှာက ကောင်လေးက အသက် ၁၉ နှစ် (18 +)၊ ကောင်မလေးက အသက် ၁၆ နှစ် (16+) ပြည့်ဖို့ပဲ။ အသက် မပြည့်ရင် ဘာဖြစ်မလဲ။

အသက် ၁၈ နှစ်အရွယ် ကောင်လေးနဲ့ အသက် ၁၅ နှစ်အရွယ် ကောင်မလေးတို့ ချစ်ခင်နှစ်သက်ပြီး ခိုးပြေးကြတယ်။ ကောင်မလေးရဲ့ မိဘတွေက ကောင်လေးကို မိဘ သဘောတူညီချက် မပါဘဲ ၁၆ နှစ် မပြည့်သေးတဲ့ သူတို့ သမီးကို ခိုးယူ ထွက်ပြေးသွားကြောင်း ရဲစခန်းမှာ ပထမ သတင်းပေး တိုင်တန်းချက် (F.I.R) ဖွင့်လိုက်တယ်။

ရဲစခန်းက ကောင်လေးကို ဖမ်းဆီးခဲ့တယ်။ ကောင်မလေးက သူမရဲ့ ချစ်သူမှာ အပြစ် မရှိကြောင်း၊ သူမက အကြပ်ကိုင်၍ ခိုးပြေးစေရန် ဖိအားပေးခဲ့ကြောင်း ရဲအရာရှိကို ပြောတယ်။ သို့ပေမယ့် အသက်မပြည့်သေးသူ ဖြစ်တာကြောင့် အုပ်ထိန်းသူ မိဘတွေက ချော့မော့ ပြန်ခေါ်သွားကြတယ်။

ရဲက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ကောင်လေးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ အရ အရေးယူဖမ်းဆီးခဲ့တာ ဖြစ်တယ်။ အဲဒီ ဥပဒေပုဒ်မ ၃၆၃ ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ “မည်သူမဆို တဦးတယောက်သော သူအား ပြည်ထောင်စု မြန်မာနိုင်ငံမှ အပသို့ ဖြစ်စေ ဥပဒေနှင့် အညီ အုပ်ထိန်းသူထံမှ ဖြစ်စေ၊ ခိုးယူလျှင် ထိုသူကို ၇ နှစ် အထိ ထောင်ဒဏ် တမျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ အသက် ၁၆ နှစ် မပြည့်သေးသူ မိန်းကလေးကို သူမ အုပ်ထိန်းသူ၏ သဘောတူညီချက်မပါဘဲ ခိုးယူခေါ်ဆောင်သွားခဲ့လျှင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၁ အရ အရွယ် မရောက်သေးသူ တစုံတယောက်ကို ဥပဒေနှင့်အညီ အုပ်ထိန်းထားသော အုပ်ထိန်းသူထံမှ ခိုးယူသွားခြင်းပင်ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

ကောင်လေးမှာ ထောင်ကျသွားသလို ကောင်မလေးမှာလည်း သူမရဲ့ အပျိုရည် ဆုံးရှုံးခဲ့ရတယ်။ နှစ်ဖက် မိဘတွေလည်း အလွန်ပဲ ခံစားရစေပါတယ်။ တကယ်လို့သာ ချစ်သူနှစ်ဦးဖြစ်တဲ့ သူတို့ နှစ်ဦးဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၃ နဲ့ ပုဒ်မ ၃၆၁ ရဲ့ အဓိပ္ပယ်ဖွင့်ဆိုချက်ကို သတိပြုခဲ့ရင် အခုလို စိတ်ဆင်းရဲကြီးခြင်းကို ရှောင်ရှားနိုင်မယ် မဟုတ်လား။

(မောင်ပံသုမြေလွှာသည် ရန်ကုန်အခြေစိုက် အထက်တန်း ရှေ့နေတဦး ဖြစ်ပြီး ဥပဒေရေးရာ အမေးအဖြေများ၊ ဆောင်းပါးများ ရေးသားလျက်ရှိသည်။)
burma.irrawaddy

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...