သနာစရာေကာင္းတဲ့ သူရဲေကာင္း ေခြးမေလးအေၾကာင္း

ကဘန္း (Kabang) သို႔မဟုတ္ သူရဲေကာင္းေခြးကေလးတစ္ေကာင္ရဲ့အေၾကာင္း

Translated By ႏႈိင္းရင့္ေႏြ
ေခြးေတြဟာ အလြန္သစၥာရွိတဲ့ သတၱဝါေတြျဖစ္ပါတယ္... သူတို႔ဟာ ပုိင္ရွင္ေတြနဲ႔ေဆာ့ကစားတာ
ပုိင္ရွင္ေတြအိမ္ျပန္အလာကိုေစာင့္ေမွ်ာ္တာေတြအျပင္ သူတုိ႔အေပၚဂရုစုိက္တဲ့သခင္ေတြအတြက္ သူတို႔အသက္ကိုစေတးတာေတြေတာင္ ရွိၾကပါတယ္....
ကဘန္းဟာ ဖိလစ္ပိုင္ႏုိင္ငံက မိသားစုတစ္စုပိုင္ဆုိင္တဲ့ ေခြးမေလးတစ္ေကာင္ျဖစ္ပါတယ္...
သူဟာ အရွိန္နဲ႔ေမာင္းလာတဲ့ ေမာ္ေတာ္ဆုိင္ကယ္တစ္စီးနဲ႔ဝင္တုိက္လုဆဲဆဲ ကေလးႏွစ္ေယာက္ကို ကယ္တင္ခဲ့ပါတယ္....
ကဘန္းဟာ သူမရဲ့ကိုယ္ကို ဆုိင္ကယ္လမ္းေၾကာင္းထဲကိုပိတ္ၿပီး ကာခဲ့ပါတယ္....
ဒါေၾကာင့္ သူမဟာ ဆုိးဆုိးဝါးဝါးဒဏ္ရာရၿပီး မ်က္ႏွာနဲ႔ ေမးရိုးအစိတ္အပိုင္းတစ္ခ်ိဳ႕ ဆံုးရႈံးခဲ့ရပါတယ္....
တိရစာၦန္ေဆးကုဆရာဝန္ေတြကေတာ့ ေခြးကို ညင္သာနဲ႔တစ္နည္းနည္းနဲ႔ သတ္လိုက္ဖို႔ ေခြးပုိင္ရွင္မိသားစုကိုေျပာပါတယ္...
ပိုင္ရွင္မိသားစုကေတာ့ ကိုယ္ဝန္ေဆာင္ထားတဲ့ သူတို႔ရဲ့သူရဲေကာင္းေခြးမေလးကို သတ္ဖို႔ျငင္းဆန္ၿပီး ဆက္လက္ေကြၽးေမြးေစာင့္ေရွာက္ထားပါတယ္...
ဒီအျဖစ္အပ်က္ေလး တျခားသူေတြဆီ ပ်ံ႕ႏွံ႔သြားၿပီးတဲ့ေနာက္မွာေတာ့ ကဘန္းရဲ့ ဒဏ္ရာေတြကို
ကုစားႏုိင္ဖုိ႔ ခြဲစိတ္ခအျဖစ္ အေမရိကန္ေဒၚလာ ၂၀၀၀၀ ေက်ာ္ကို ဝုိင္းဝန္းလွဴဒါန္းၾကပါတယ္....
ကယ္လီဖုိးနီးယားတကၠသုိလ္က တိရစာၦန္ေဆးကု ခြဲစိတ္ဆရာဝန္မ်ားျဖစ္ၾကတဲ့ Frank Verstraete နဲ႔
Boaz Arzi တုိ႔ကေတာ့ ကဘန္းကို အနည္းဆံုးႏွစ္ႀကိမ္ ခြဲစိတ္ဖို႔လုိမယ္လို႔ ေျပာၾကားခဲ့ပါတယ္...
"ဒီကေန႔ ရွာေဖြေတြ႕ရွိခဲ့တာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ေက်နပ္မိပါတယ္...
သူမရဲ့အေျခအေနတိုးတက္ေကာင္းမြန္ေအာင္ လုပ္ေဆာင္ေပးႏုိင္မယ့္လုိ႔လည္း ကြၽန္ေတာ္တုိ႔ယံုၾကည္ပါတယ္" လို႔
ေဒါက္တာ Verstraete က ေျပာၾကားခဲ့ပါတယ္...
ေခြးေတြဟာ လူေတြအတြက္ အေကာင္းဆံုးမိတ္ေဆြဆုိတာအမွန္ပါပဲ....

www.apannpyay.com
#ႏိႈင္းရင့္ေႏြ
သုတဇုန္
 ကဘန်း (Kabang) သို့မဟုတ် သူရဲကောင်းခွေးကလေးတစ်ကောင်ရဲ့အကြောင်း

Translated By နှိုင်းရင့်နွေ
ခွေးတွေဟာ အလွန်သစ္စာရှိတဲ့ သတ္တဝါတွေဖြစ်ပါတယ်... သူတို့ဟာ ပိုင်ရှင်တွေနဲ့ဆော့ကစားတာ
ပိုင်ရှင်တွေအိမ်ပြန်အလာကိုစောင့်မျှော်တာတွေအပြင် သူတို့အပေါ်ဂရုစိုက်တဲ့သခင်တွေအတွက် သူတို့အသက်ကိုစတေးတာတွေတောင် ရှိကြပါတယ်....
ကဘန်းဟာ ဖိလစ်ပိုင်နိုင်ငံက မိသားစုတစ်စုပိုင်ဆိုင်တဲ့ ခွေးမလေးတစ်ကောင်ဖြစ်ပါတယ်...
သူဟာ အရှိန်နဲ့မောင်းလာတဲ့ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ဝင်တိုက်လုဆဲဆဲ ကလေးနှစ်ယောက်ကို ကယ်တင်ခဲ့ပါတယ်....
ကဘန်းဟာ သူမရဲ့ကိုယ်ကို ဆိုင်ကယ်လမ်းကြောင်းထဲကိုပိတ်ပြီး ကာခဲ့ပါတယ်....
ဒါကြောင့် သူမဟာ ဆိုးဆိုးဝါးဝါးဒဏ်ရာရပြီး မျက်နှာနဲ့ မေးရိုးအစိတ်အပိုင်းတစ်ချို့ ဆုံးရှုံးခဲ့ရပါတယ်....
တိရစ္ဆာန်ဆေးကုဆရာဝန်တွေကတော့ ခွေးကို ညင်သာနဲ့တစ်နည်းနည်းနဲ့ သတ်လိုက်ဖို့ ခွေးပိုင်ရှင်မိသားစုကိုပြောပါတယ်...
ပိုင်ရှင်မိသားစုကတော့ ကိုယ်ဝန်ဆောင်ထားတဲ့ သူတို့ရဲ့သူရဲကောင်းခွေးမလေးကို သတ်ဖို့ငြင်းဆန်ပြီး ဆက်လက်ကျွေးမွေးစောင့်ရှောက်ထားပါတယ်...
ဒီအဖြစ်အပျက်လေး တခြားသူတွေဆီ ပျံ့နှံ့သွားပြီးတဲ့နောက်မှာတော့ ကဘန်းရဲ့ ဒဏ်ရာတွေကို
ကုစားနိုင်ဖို့ ခွဲစိတ်ခအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကျော်ကို ဝိုင်းဝန်းလှူဒါန်းကြပါတယ်....
ကယ်လီဖိုးနီးယားတက္ကသိုလ်က တိရစ္ဆာန်ဆေးကု ခွဲစိတ်ဆရာဝန်များဖြစ်ကြတဲ့ Frank Verstraete နဲ့
Boaz Arzi တို့ကတော့ ကဘန်းကို အနည်းဆုံးနှစ်ကြိမ် ခွဲစိတ်ဖို့လိုမယ်လို့ ပြောကြားခဲ့ပါတယ်...
"ဒီကနေ့ ရှာဖွေတွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကျေနပ်မိပါတယ်...
သူမရဲ့အခြေအနေတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မယ့်လို့လည်း ကျွန်တော်တို့ယုံကြည်ပါတယ်" လို့
ဒေါက်တာ Verstraete က ပြောကြားခဲ့ပါတယ်...
ခွေးတွေဟာ လူတွေအတွက် အကောင်းဆုံးမိတ်ဆွေဆိုတာအမှန်ပါပဲ....

www.apannpyay.com
#နှိုင်းရင့်နွေ
သုတဇုန်




Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...