အျမန္လမ္းကားမီးေလာင္ ၈ဦးေသဆံုးမႈ အေၾကာင္းရင္းကို အစိုးရသတင္းျပန္ၾကားလိုက္ၿပီ



အျမန္လမ္း၌ လူရွစ္ဦးေသဆုံးခဲ႕သည္႕ယာဥ္မီးေလာင္မႈမွာ မေတာ္တဆျဖစ္ပြားသည့္ယာဥ္ေပါ့ဆမႈမ်ဳိးျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္  ယာဥ္ေမာင္းအား ပုဒ္မ ၃ဝ၄ - က အရ တရားစြဲတင္ထား

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၂
ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ (၄/၂)မိုင္အနီးတြင္ ျဖစ္ပြားခဲ့သည့္ လူရွစ္ဦး ေသဆုံးခဲ့ေသာ ယာဥ္မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ မေတာ္တဆျဖစ္ပြားသည့္ ယာဥ္ေပါ့ဆမႈမ်ဳိးျဖစ္သည္ဟု စစ္ေဆးေပၚေပါက္ခဲ့ေၾကာင္းႏွင့္ ယာဥ္ေမာင္း ေအာင္ခန္႔ဇြဲျမန္မာ(ခ) ေအာင္ခန္႔အား ရာဇသတ္ႀကီး ပုဒ္မ ၃ဝ၄-က အရ ေဖေဖာ္ဝါရီ ၂ဝ ရက္တြင္ လွည္းကူးၿမိဳ႕နယ္တရား ႐ုံးသို႔ တရားစြဲတင္ၿပီးျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၏သတင္းထုတ္ျပန္ခ်က္အရ သိရွိရသည္။
ဇန္နဝါရီ ၂၁ ရက္ နံနက္ ၈ နာရီခြဲခန္႔တြင္ လွည္းကူးၿမိဳ႕နယ္ အျမန္လမ္း မိုင္တိုင္အမွတ္ (၄/၂) အနီး၌ ေနျပည္ေတာ္ဘက္မွ ရန္ကုန္ ဘက္သို႔ ေမာင္းႏွင္လာသည့္ ယာဥ္အမွတ္ 9H/ 7167 Hiaceယာဥ္သည္ ဘီးေပါက္ၿပီး လမ္းလယ္ကြၽန္းတြင္ ကာရံထားေသာ သံတန္းအား အရွိန္ျဖင့္ပြတ္တိုက္မိရာမွ ဆီတိုင္ကီေပါက္ကြဲ၍ မီးေလာင္မႈျဖစ္ပြားခဲ့သျဖင့္ ယာဥ္ေပၚပါ အမ်ဳိးသားတစ္ဦး၊ အမ်ဳိးသမီးခုနစ္ဦး စုစုေပါင္း ရွစ္ဦး မီးေလာင္ကြၽမ္းေသဆုံးခဲ့ၿပီး အဘ ဦးေဇာ္မိုးေက်ာ္၏ သားျဖစ္သူ ယာဥ္ေမာင္း ေအာင္ခန္႔ (၂၅)ႏွစ္ အသက္ရွင္က်န္ရစ္ခဲ့သည့္ ျဖစ္စဥ္ကို အမွတ္(၃)လမ္းဆုံ အျမန္လမ္းမႀကီးရဲစခန္းက အမႈဖြင့္အေရးယူခဲ့ၿပီး မႈခင္းရဲတပ္ဖြဲ႕က လႊဲေျပာင္း စစ္ေဆးခဲ့ေၾကာင္း သိရသည္။
မႈခင္းရဲတပ္ဖြဲ႕ အမႈစစ္အဖြဲ႕က အဓိက သက္ေသ ၂ဝ ႏွင့္ ယာဥ္ေမာင္း ေအာင္ခန္႔ဇြဲျမန္မာ (ခ)ေအာင္ခန္႔တို႔အား စစ္ေဆးခဲ့ၿပီး သက္ေသခံ ပစၥည္း ၁၇ မ်ဳိးကို သိမ္းဆည္းခဲ့ေၾကာင္း၊ စစ္ေဆး ခ်က္မ်ားအရ ဇန္နဝါရီ ၁၈ ရက္တြင္ ရန္ကုန္ၿမိဳ႕ သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ဆ႒ဂံျမန္မာေဆာက္လုပ္ ေရးကုမၸဏီမွ CEO ဦးဝင္းထြန္းသည္ 9H/7167 Hiace (အံစာတုံး)ယာဥ္အား တစ္ရက္လွ်င္ ေငြက်ပ္ ၇ဝဝဝဝ ျဖင့္ ငွားရမ္းကာ ကုမၸဏီမွ ယာဥ္ေမာင္း ေအာင္ခန္႔ဇြဲျမန္မာ(ခ)ေအာင္ခန္႔အား ေမာင္းႏွင္ ေစလ်က္ ကုမၸဏီဝန္ထမ္း မျမတ္ျမတ္ေအး၊ မေမသူကို၊ မခင္သီတာ၊ မခိုင္ျမတ္ဦး၊ မသင္းသင္းေမာ္၊ မယုရတနာလင္း၊ မဝင္းပပေဌးတို႔ႏွင့္အတူ ပုဂံၿမိဳ႕သို႔ ဘုရားဖူးသြားေရာက္ခဲ့ၾကေၾကာင္း။
ဇန္နဝါရီ ၂ဝ ရက္ ညေနပိုင္းတြင္ ပုဂံမွ ရန္ကုန္သို႔ျပန္လည္ထြက္ခြာၿပီး ယာဥ္အား ေအာင္ခန္႔ဇြဲျမန္မာ(ခ)ေအာင္ခန္႔ႏွင့္ ဦးဝင္းထြန္း တို႔ တစ္လွည့္စီ ေမာင္းႏွင္ခဲ့ေၾကာင္း၊ ေနျပည္ေတာ္ ဟိုတယ္ဇုန္ရွိ Denko ဆီဆိုင္သို႔ ည ၁၁ နာရီခြဲခန္႔ တြင္ေရာက္ရွိၿပီး ကားအား ေအာက္တိန္း(၉၂)ဆီ အျပည့္ျဖည့္ခဲ့ေၾကာင္း၊ ဆက္လက္ ေမာင္းႏွင္လာၿပီး ဇန္နဝါရီ ၂၁ ရက္ နံနက္ ၃ နာရီ ၁၅ မိနစ္ ခန္႔တြင္ အျမန္လမ္း(ေတာင္ငူၿမိဳ႕ ဆိုင္းဘုတ္အနီး) လမ္းေဘး၌ ကားရပ္ကာ ကားေပၚတြင္ ေခတၱ အနားယူအိပ္စက္ခဲ့ေၾကာင္း။
ထို႔ေနာက္ ဆက္လက္ေမာင္းႏွင္ခဲ့ရာ (၃၉)မိုင္ (၄)ဖာလုံသို႔ နံနက္ ၇ နာရီခန္႔က ေရာက္ရွိၿပီး နီလာ႐ိုးမ စက္သုံးဆီဆိုင္တြင္ ေအာက္တိန္း(၉၂)ဆီအျပည့္ျဖည့္ခဲ့ေၾကာင္း၊ ၿပီးေနာက္ သေျပရိပ္ စားေသာက္ဆိုင္တြင္ နံနက္စာ စားသုံးခဲ့ေၾကာင္း၊ နံနက္ ၇ နာရီခြဲခန္႔တြင္ ထြက္ခြာလာရာ ေအာင္ခန္႔ဇြဲျမန္မာ(ခ)ေအာင္ခန္႔က ယာဥ္အား ေမာင္းႏွင္ကာ ယာဥ္ေမာင္းေနရာ ဝဲဘက္တြင္ ဦးဝင္းထြန္းက ထိုင္ခဲ့ၿပီး အမ်ဳိးသမီး ခုနစ္ဦးမွာ ယာဥ္ေနာက္ခန္းတြင္ လိုက္ပါစီးနင္းခဲ့ေၾကာင္း၊ နံနက္ ၈ နာရီခြဲခန္႔တြင္ အျမန္လမ္း မိုင္တိုင္ အမွတ္(၄/၂)မိုင္အေရာက္ ယာဥ္တစ္စီးကို ေက်ာ္တက္ရန္ ဝဲဘက္ယာဥ္ေၾကာသို႔ေျပာင္းစဥ္ အရွိန္ မထိန္းႏိုင္ဘဲ လမ္းလယ္ကြၽန္းကပ္တုံးအား တိုက္မိၿပီး Guard Rail တန္းအရွည္ ၉၁ ေပခန္႔ကို ယာဥ္၏ဝဲဘက္အျခမ္းျဖင့္ ျပင္းထန္စြာ ပြတ္တိုက္ခဲ့ေၾကာင္း၊ ယာဥ္မွာ Guard Rail တန္းႏွင့္ တိုက္ၿပီးေနာက္ လမ္းလယ္ကြၽန္းကပ္တုံးအား ဆက္လက္တိုက္ကာ ရပ္သြားခဲ့ေၾကာင္း၊ ယာဥ္ တိုက္မႈေၾကာင့္ ဘန္ဘာအတြင္း တပ္ဆင္ထားသည့္ ဆင္ဆာစနစ္အရ ကားတံခါးမ်ား ေလာ့က် သြားခဲ့ေၾကာင္း။
ေအာင္ခန္႔ဇြဲျမန္မာ(ခ)ေအာင္ခန္႔က ကား တံခါးအားဖြင့္၍ဆင္းၿပီး ေရွ႕ခန္းတြင္လိုက္ပါလာ ေသာ ဦးဝင္းထြန္း၏ ကားတံခါးပြင့္လ်က္ရွိသည့္အျပင္ ကား၏ Dashboard မွာလည္း အတြင္းသို႔ တစ္ေပခန္႔ ဝင္ေနသည္ကို ေတြ႕ရွိရ၍ ယာဥ္ေပၚမွ ဆြဲခ်စဥ္ ဦးဝင္းထြန္း၏ ေျခေထာက္ညႇပ္ေနသျဖင့္ ဆြဲမထုတ္ႏိုင္ခဲ့ေၾကာင္း၊ ေနာက္ခန္းဝဲဘက္ေဘးေလွ်ာတံခါးအားဖြင့္ရာ ဖြင့္မရဘဲရွိေနစဥ္ အခင္း ျဖစ္ယာဥ္၏ ေရွ႕မွသြားေနသည့္ Probox အျဖဴ ေရာင္(အငွား)ယာဥ္အမွတ္ BB/2656 မွ ယာဥ္ေမာင္း ဦးဝင္းစိုးေအာင္(ခ)ထန္းလ်က္က ယာဥ္၏ ေနာက္ၾကည့္မွန္မွၾကည့္စဥ္ ေနာက္မွ ပါလာေသာ Hiace ယာဥ္မွာ လမ္းလယ္ကြၽန္းအနီး တြင္ ရပ္တန္႔လ်က္ ဖုန္လုံးမ်ား ထလာသည္ကို ေတြ႕ရသျဖင့္ ယာဥ္အား(၄)မိုင္(၁)ဖာလုံခန္႔တြင္ ရပ္ၿပီး အကူအညီေပးရန္အတြက္ Hiace ယာဥ္ရွိ ရာသို႔ ေျပးလာခဲ့ေၾကာင္း၊ ေအာင္ခန္႔ဇြဲျမန္မာ(ခ)ေအာင္ခန္႔သည္ ယာဥ္၏ ဝဲဘက္ရွိ ဆလိုက္တံခါး ကို ဖြင့္ေနစဥ္ ဦးဝင္းစိုးေအာင္(ခ)ထန္းလ်က္ ေရာက္ရွိခဲ့ၿပီး ႏွစ္ေယာက္အတူ ယာဥ္အတြင္းမွ လူမ်ားအားကယ္တင္ရရွိရန္ တံခါးကိုဖြင့္စဥ္ ယာဥ္ေအာက္ပိုင္း ဆီတိုင္ကီအနီးမွ မီးေတာက္မ်ား ထြက္လာ၍ ေနာက္သို႔ခုန္ေရွာင္ခဲ့ရေၾကာင္း။
ခဏအၾကာ ယာဥ္အမွတ္ 3D/9984 ၊ ဆာဖာရီယာဥ္ျဖင့္ ရန္ကုန္မွ ေနျပည္ေတာ္ဘက္ သို႔ ခရီးသြားသူ ဦးေနလင္းဦးက ယာဥ္တြင္ အသင့္ေဆာင္ထားေသာ မီးသတ္ေဆးဘူးကို ယူေဆာင္ၿပီး လာေရာက္၍ ကူညီမီးၿငႇိမ္းသတ္ေပးခဲ့ေၾကာင္း၊ ယာဥ္ေအာက္ပိုင္း၌ မီးစြဲေလာင္ကြၽမ္းလာသျဖင့္ ေအာင္ခန္႔ဇြဲျမန္မာ(ခ)ေအာင္ခန္႔ႏွင့္ ဦးဝင္းစိုး ေအာင္(ခ)ထန္းလ်က္တို႔သည္ ယာဥ္ေနာက္မွန္အား အဂၤေတခဲျဖင့္ ပစ္ေပါက္ထုခြဲခဲ့ေၾကာင္း၊ ထိုအခ်ိန္ ယာဥ္အတြင္းမွ မီးခိုးလုံးမ်ားထြက္လာၿပီး မီးေတာက္မ်ား ပိုမိုေလာင္ကြၽမ္းခဲ့ေၾကာင္း၊ Hiace ယာဥ္မီးစြဲေလာင္ေနစဥ္ နံနက္ ၈ နာရီ မိနစ္ ၄ဝ ခန္႔တြင္ ခြန္ရန္ႏိုင္ဦး(ခ)ကိုရဲ (ေဖ့စ္ဘုတ္တြင္ ယာဥ္ေပၚမွႏွစ္ဦးဆင္းလာစဥ္ တက္တူးပါေသာ လူငယ္တစ္ဦးဟု မွားယြင္းေဖာ္ျပခံရသူ)ႏွင့္ မိသား စုမ်ားသည္ အကူအညီေပးႏိုင္ရန္အတြက္ ယာဥ္မီးေလာင္သည့္ ေနရာအနီးသို႔ ခြန္ရန္ႏိုင္ဦး(ခ)ကိုရဲက သြားေရာက္ခဲ့ေၾကာင္း။
မီးေလာင္မႈျဖစ္သည့္ယာဥ္၏ အေနာက္ဘက္ မလွမ္းမကမ္းရွိ လမ္းလယ္ကြၽန္းသို႔ ေရာက္ရွိစဥ္ ခြန္ရန္ႏိုင္ဦး(ခ)ကိုရဲက ေအာင္ခန္႔ဇြဲျမန္မာ(ခ) ေအာင္ခန္႔အား ေနအိမ္သို႔ ဖုန္းဆက္အေၾကာင္းၾကားႏိုင္ေရးအတြက္ ၄င္း၏ လက္ကိုင္ဖုန္းကိုေပးခဲ့သျဖင့္ ေအာင္ခန္႔ဇြဲျမန္မာ(ခ)ေအာင္ခန္႔က မိခင္ ထံသို႔ ဖုန္းဆက္ခဲ့ေၾကာင္း၊ ခြန္ရန္ႏိုင္ဦး(ခ)ကိုရဲ သည္ ထိုအခ်ိန္က အခင္းျဖစ္ယာဥ္အနီး ေအာင္ခန္႔ ႏွင့္အတူ ေတြ႕ေသာ ကိုေနလင္းဦးအား မည္သူ မည္ဝါဟုမသိဘဲ အခင္းျဖစ္စဥ္ ယာဥ္အနီး အမ်ဳိးသားႏွစ္ဦးေတြ႕သည္ဟု မီဒီယာအားေျပာ ရာမွ သတင္းအမွားမ်ားျဖစ္ခဲ့သည့္အတြက္ ၄င္းကိုယ္တိုင္ ဂ်ာနယ္တိုက္သို႔ သြားေရာက္ရွင္းလင္း ခဲ့ၿပီးျဖစ္ေၾကာင္း သိရွိရသည္။
အမႈမွာ မေတာ္တဆျဖစ္ပြားသည့္ ယာဥ္ေပါ့ဆမႈမ်ဳိးျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ၿပီး စစ္ေဆးေပၚေပါက္မႈအေျခအေနကို ေသဆုံးသူတို႔ ၏ မိသားစုမ်ားကိုလည္း မႈခင္းရဲတပ္ဖြဲ႕ အမႈစစ္ အဖြဲ႕က ရွင္းလင္းေျပာၾကားခဲ့ကာ အမႈတြဲကို ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံးသို႔ ေပးပို႔ခဲ့ေၾကာင္း၊ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္႐ုံး၏ ဥပေဒအႀကံျပဳခ်က္အရ ယာဥ္ေမာင္း ေအာင္ခန္႔ဇြဲ ျမန္မာ(ခ)ေအာင္ခန္႔အား ရာဇသတ္ႀကီး ပုဒ္မ ၃ဝ၄-ကအရ လွည္းကူးၿမိဳ႕နယ္တရား႐ုံးသို႔ တရားစြဲတင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္အရ သိရွိရသည္။
(သတင္းစဥ္)

The Mirror Daily


အမြန်လမ်း၌ လူရှစ်ဦးသေဆုံးခဲ့သည့်ယာဉ်မီးလောင်မှုမှာ မတော်တဆဖြစ်ပွားသည့်ယာဉ်ပေါ့ဆမှုမျိုးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်  ယာဉ်မောင်းအား ပုဒ်မ ၃ဝ၄ - က အရ တရားစွဲတင်ထား
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၄/၂)မိုင်အနီးတွင် ဖြစ်ပွားခဲ့သည့် လူရှစ်ဦး သေဆုံးခဲ့သော ယာဉ်မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ မတော်တဆဖြစ်ပွားသည့် ယာဉ်ပေါ့ဆမှုမျိုးဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းနှင့် ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာ(ခ) အောင်ခန့်အား ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄-က အရ ဖေဖော်ဝါရီ ၂ဝ ရက်တွင် လှည်းကူးမြို့နယ်တရား ရုံးသို့ တရားစွဲတင်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီခွဲခန့်တွင် လှည်းကူးမြို့နယ် အမြန်လမ်း မိုင်တိုင်အမှတ် (၄/၂) အနီး၌ နေပြည်တော်ဘက်မှ ရန်ကုန် ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် 9H/ 7167 Hiaceယာဉ်သည် ဘီးပေါက်ပြီး လမ်းလယ်ကျွန်းတွင် ကာရံထားသော သံတန်းအား အရှိန်ဖြင့်ပွတ်တိုက်မိရာမှ ဆီတိုင်ကီပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊ အမျိုးသမီးခုနစ်ဦး စုစုပေါင်း ရှစ်ဦး မီးလောင်ကျွမ်းသေဆုံးခဲ့ပြီး အဘ ဦးဇော်မိုးကျော်၏ သားဖြစ်သူ ယာဉ်မောင်း အောင်ခန့် (၂၅)နှစ် အသက်ရှင်ကျန်ရစ်ခဲ့သည့် ဖြစ်စဉ်ကို အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့်အရေးယူခဲ့ပြီး မှုခင်းရဲတပ်ဖွဲ့က လွှဲပြောင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
မှုခင်းရဲတပ်ဖွဲ့ အမှုစစ်အဖွဲ့က အဓိက သက်သေ ၂ဝ နှင့် ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာ (ခ)အောင်ခန့်တို့အား စစ်ဆေးခဲ့ပြီး သက်သေခံ ပစ္စည်း ၁၇ မျိုးကို သိမ်းဆည်းခဲ့ကြောင်း၊ စစ်ဆေး ချက်များအရ ဇန်နဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆဋ္ဌဂံမြန်မာဆောက်လုပ် ရေးကုမ္ပဏီမှ CEO ဦးဝင်းထွန်းသည် 9H/7167 Hiace (အံစာတုံး)ယာဉ်အား တစ်ရက်လျှင် ငွေကျပ် ၇ဝဝဝဝ ဖြင့် ငှားရမ်းကာ ကုမ္ပဏီမှ ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်အား မောင်းနှင် စေလျက် ကုမ္ပဏီဝန်ထမ်း မမြတ်မြတ်အေး၊ မမေသူကို၊ မခင်သီတာ၊ မခိုင်မြတ်ဦး၊ မသင်းသင်းမော်၊ မယုရတနာလင်း၊ မဝင်းပပဌေးတို့နှင့်အတူ ပုဂံမြို့သို့ ဘုရားဖူးသွားရောက်ခဲ့ကြကြောင်း။
ဇန်နဝါရီ ၂ဝ ရက် ညနေပိုင်းတွင် ပုဂံမှ ရန်ကုန်သို့ပြန်လည်ထွက်ခွာပြီး ယာဉ်အား အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်နှင့် ဦးဝင်းထွန်း တို့ တစ်လှည့်စီ မောင်းနှင်ခဲ့ကြောင်း၊ နေပြည်တော် ဟိုတယ်ဇုန်ရှိ Denko ဆီဆိုင်သို့ ည ၁၁ နာရီခွဲခန့် တွင်ရောက်ရှိပြီး ကားအား အောက်တိန်း(၉၂)ဆီ အပြည့်ဖြည့်ခဲ့ကြောင်း၊ ဆက်လက် မောင်းနှင်လာပြီး ဇန်နဝါရီ ၂၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ် ခန့်တွင် အမြန်လမ်း(တောင်ငူမြို့ ဆိုင်းဘုတ်အနီး) လမ်းဘေး၌ ကားရပ်ကာ ကားပေါ်တွင် ခေတ္တ အနားယူအိပ်စက်ခဲ့ကြောင်း။
ထို့နောက် ဆက်လက်မောင်းနှင်ခဲ့ရာ (၃၉)မိုင် (၄)ဖာလုံသို့ နံနက် ၇ နာရီခန့်က ရောက်ရှိပြီး နီလာရိုးမ စက်သုံးဆီဆိုင်တွင် အောက်တိန်း(၉၂)ဆီအပြည့်ဖြည့်ခဲ့ကြောင်း၊ ပြီးနောက် သပြေရိပ် စားသောက်ဆိုင်တွင် နံနက်စာ စားသုံးခဲ့ကြောင်း၊ နံနက် ၇ နာရီခွဲခန့်တွင် ထွက်ခွာလာရာ အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်က ယာဉ်အား မောင်းနှင်ကာ ယာဉ်မောင်းနေရာ ဝဲဘက်တွင် ဦးဝင်းထွန်းက ထိုင်ခဲ့ပြီး အမျိုးသမီး ခုနစ်ဦးမှာ ယာဉ်နောက်ခန်းတွင် လိုက်ပါစီးနင်းခဲ့ကြောင်း၊ နံနက် ၈ နာရီခွဲခန့်တွင် အမြန်လမ်း မိုင်တိုင် အမှတ်(၄/၂)မိုင်အရောက် ယာဉ်တစ်စီးကို ကျော်တက်ရန် ဝဲဘက်ယာဉ်ကြောသို့ပြောင်းစဉ် အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးအား တိုက်မိပြီး Guard Rail တန်းအရှည် ၉၁ ပေခန့်ကို ယာဉ်၏ဝဲဘက်အခြမ်းဖြင့် ပြင်းထန်စွာ ပွတ်တိုက်ခဲ့ကြောင်း၊ ယာဉ်မှာ Guard Rail တန်းနှင့် တိုက်ပြီးနောက် လမ်းလယ်ကျွန်းကပ်တုံးအား ဆက်လက်တိုက်ကာ ရပ်သွားခဲ့ကြောင်း၊ ယာဉ် တိုက်မှုကြောင့် ဘန်ဘာအတွင်း တပ်ဆင်ထားသည့် ဆင်ဆာစနစ်အရ ကားတံခါးများ လော့ကျ သွားခဲ့ကြောင်း။
အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်က ကား တံခါးအားဖွင့်၍ဆင်းပြီး ရှေ့ခန်းတွင်လိုက်ပါလာ သော ဦးဝင်းထွန်း၏ ကားတံခါးပွင့်လျက်ရှိသည့်အပြင် ကား၏ Dashboard မှာလည်း အတွင်းသို့ တစ်ပေခန့် ဝင်နေသည်ကို တွေ့ရှိရ၍ ယာဉ်ပေါ်မှ ဆွဲချစဉ် ဦးဝင်းထွန်း၏ ခြေထောက်ညှပ်နေသဖြင့် ဆွဲမထုတ်နိုင်ခဲ့ကြောင်း၊ နောက်ခန်းဝဲဘက်ဘေးလျှောတံခါးအားဖွင့်ရာ ဖွင့်မရဘဲရှိနေစဉ် အခင်း ဖြစ်ယာဉ်၏ ရှေ့မှသွားနေသည့် Probox အဖြူ ရောင်(အငှား)ယာဉ်အမှတ် BB/2656 မှ ယာဉ်မောင်း ဦးဝင်းစိုးအောင်(ခ)ထန်းလျက်က ယာဉ်၏ နောက်ကြည့်မှန်မှကြည့်စဉ် နောက်မှ ပါလာသော Hiace ယာဉ်မှာ လမ်းလယ်ကျွန်းအနီး တွင် ရပ်တန့်လျက် ဖုန်လုံးများ ထလာသည်ကို တွေ့ရသဖြင့် ယာဉ်အား(၄)မိုင်(၁)ဖာလုံခန့်တွင် ရပ်ပြီး အကူအညီပေးရန်အတွက် Hiace ယာဉ်ရှိ ရာသို့ ပြေးလာခဲ့ကြောင်း၊ အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်သည် ယာဉ်၏ ဝဲဘက်ရှိ ဆလိုက်တံခါး ကို ဖွင့်နေစဉ် ဦးဝင်းစိုးအောင်(ခ)ထန်းလျက် ရောက်ရှိခဲ့ပြီး နှစ်ယောက်အတူ ယာဉ်အတွင်းမှ လူများအားကယ်တင်ရရှိရန် တံခါးကိုဖွင့်စဉ် ယာဉ်အောက်ပိုင်း ဆီတိုင်ကီအနီးမှ မီးတောက်များ ထွက်လာ၍ နောက်သို့ခုန်ရှောင်ခဲ့ရကြောင်း။
ခဏအကြာ ယာဉ်အမှတ် 3D/9984 ၊ ဆာဖာရီယာဉ်ဖြင့် ရန်ကုန်မှ နေပြည်တော်ဘက် သို့ ခရီးသွားသူ ဦးနေလင်းဦးက ယာဉ်တွင် အသင့်ဆောင်ထားသော မီးသတ်ဆေးဘူးကို ယူဆောင်ပြီး လာရောက်၍ ကူညီမီးငြှိမ်းသတ်ပေးခဲ့ကြောင်း၊ ယာဉ်အောက်ပိုင်း၌ မီးစွဲလောင်ကျွမ်းလာသဖြင့် အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်နှင့် ဦးဝင်းစိုး အောင်(ခ)ထန်းလျက်တို့သည် ယာဉ်နောက်မှန်အား အင်္ဂတေခဲဖြင့် ပစ်ပေါက်ထုခွဲခဲ့ကြောင်း၊ ထိုအချိန် ယာဉ်အတွင်းမှ မီးခိုးလုံးများထွက်လာပြီး မီးတောက်များ ပိုမိုလောင်ကျွမ်းခဲ့ကြောင်း၊ Hiace ယာဉ်မီးစွဲလောင်နေစဉ် နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်တွင် ခွန်ရန်နိုင်ဦး(ခ)ကိုရဲ (ဖေ့စ်ဘုတ်တွင် ယာဉ်ပေါ်မှနှစ်ဦးဆင်းလာစဉ် တက်တူးပါသော လူငယ်တစ်ဦးဟု မှားယွင်းဖော်ပြခံရသူ)နှင့် မိသား စုများသည် အကူအညီပေးနိုင်ရန်အတွက် ယာဉ်မီးလောင်သည့် နေရာအနီးသို့ ခွန်ရန်နိုင်ဦး(ခ)ကိုရဲက သွားရောက်ခဲ့ကြောင်း။
မီးလောင်မှုဖြစ်သည့်ယာဉ်၏ အနောက်ဘက် မလှမ်းမကမ်းရှိ လမ်းလယ်ကျွန်းသို့ ရောက်ရှိစဉ် ခွန်ရန်နိုင်ဦး(ခ)ကိုရဲက အောင်ခန့်ဇွဲမြန်မာ(ခ) အောင်ခန့်အား နေအိမ်သို့ ဖုန်းဆက်အကြောင်းကြားနိုင်ရေးအတွက် ၎င်း၏ လက်ကိုင်ဖုန်းကိုပေးခဲ့သဖြင့် အောင်ခန့်ဇွဲမြန်မာ(ခ)အောင်ခန့်က မိခင် ထံသို့ ဖုန်းဆက်ခဲ့ကြောင်း၊ ခွန်ရန်နိုင်ဦး(ခ)ကိုရဲ သည် ထိုအချိန်က အခင်းဖြစ်ယာဉ်အနီး အောင်ခန့် နှင့်အတူ တွေ့သော ကိုနေလင်းဦးအား မည်သူ မည်ဝါဟုမသိဘဲ အခင်းဖြစ်စဉ် ယာဉ်အနီး အမျိုးသားနှစ်ဦးတွေ့သည်ဟု မီဒီယာအားပြော ရာမှ သတင်းအမှားများဖြစ်ခဲ့သည့်အတွက် ၎င်းကိုယ်တိုင် ဂျာနယ်တိုက်သို့ သွားရောက်ရှင်းလင်း ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
အမှုမှာ မတော်တဆဖြစ်ပွားသည့် ယာဉ်ပေါ့ဆမှုမျိုးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ပြီး စစ်ဆေးပေါ်ပေါက်မှုအခြေအနေကို သေဆုံးသူတို့ ၏ မိသားစုများကိုလည်း မှုခင်းရဲတပ်ဖွဲ့ အမှုစစ် အဖွဲ့က ရှင်းလင်းပြောကြားခဲ့ကာ အမှုတွဲကို ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံးသို့ ပေးပို့ခဲ့ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၏ ဥပဒေအကြံပြုချက်အရ ယာဉ်မောင်း အောင်ခန့်ဇွဲ မြန်မာ(ခ)အောင်ခန့်အား ရာဇသတ်ကြီး ပုဒ်မ ၃ဝ၄-ကအရ လှည်းကူးမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
(သတင်းစဉ်)

The Mirror Daily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...