ကုိယ့္စတိုင္ကို လူတိုင္းေငးၾကည့္ေစဖို႕....


မိန္းကေလးအမ်ားစုက အဝတ္အစားေပါပါတယ္။ အဝတ္ေတြမ်ားေတာ့ ဘာဝတ္ရမလဲ စဥ္းစားရတာေပါ့။ မိန္းကေလးေတြ ဝတ္စရာမရွိေတာ့ဘူး ေျပာရင္ တကယ္က ရွိတာေတြအကုန္ဝတ္ၿပီးသြားၿပီလို႕ ေျပာတာပါ။ ကုိယ္ရွိတာေလးေတြထဲကမွ သူမ်ားေတြေငးၾကည့္ရေလာက္ေအာင္ ဝတ္တတ္ဖို႕ေတာ့ လိုတယ္ေနာ္။
မဝတ္တတ္ရင္ ေအာက္မွာၾကည့္လိုက္ 😀

1. မိမိဝတ္ခ်င္သည္ကို အရင္ေရြးပါ။
ဒီေန႕အတြက္က ဘာေရာင္ဝတ္ခ်င္တာလဲ။ အစင္းဝတ္မွာလား။ အကြက္ဝတ္မွာလား။
ထူတာ ဝတ္ခ်င္တာလား။ ပါးတာဝတ္ခ်င္တာလား အရင္စဥ္းစားလိုက္ပါ။
ဥပမာ ပန္းေရာင္ေလး ဝတ္ခ်င္တယ္ဆိုပါစို႕။ ဒါမွမဟုတ္ အဝါနဲ႕အစိမ္းနုအစင္းေလး ေရြးမယ္ေပါ့။ ရာသီဥတုက ေအးလာေတာ့ ဆြယ္တာသားထူထူေလး ဝတ္ခ်င္တာမ်ိဳးေပါ့။
ဒါဆို နံပါတ္ႏွစ္ကိုသြားပါမယ္
2. ဘာဝတ္မလဲဆိုတာ စဥ္းစားပါ။
ဝတ္တာက ႏွစ္ပိုင္းေပါ့။ အေပၚနဲ႕ေအာက္ ေသခ်ာေလးေရြးပါ။ အေပၚဆိုလည္း တီရွပ္ဝတ္မလား။ ရွပ္အက်ႋီဝတ္မလား။ blouse ဝတ္မလား ေရြးရပါမယ္။ ေရြးလိုက္ၿပီဆိုရင္ ကုိယ္ေရြးထားတာက ဂ်င္းနဲ႕ လိုက္မလား။ စကပ္တိုနဲ႕လိုက္မလား ထပ္ေရြးပါ။ အေပၚနဲ႕ေအာက္ လိုက္ဖက္ၿပီဆိုရင္ ေနာက္တစ္ဆင့္သြားပါမယ္။

3. ျဖည့္စြက္မယ့္အဝတ္အစားမ်ား
အေပၚက ပဝါေလးပတ္မလား။ ဂ်ာကင္ေလးထပ္ဝတ္ရင္ လွမလား။ ကုတ္အက်ႋီ ခါးတိုေလးနဲ႕လိုက္မလား ေရြးပါ။ ဒီအဆင့္ကေတာ့ ေက်ာ္သြားလည္းရပါတယ္။ အေပၚတစ္ခ်က္မွာ ျပည့္စံုေနၿပီဆိုရင္ေပါ့။

4. အဆင္တန္ဆာေတြ
အက်ႋီလည္ပင္းက်ယ္တာေလးဆို ဆြဲႀကိဳးႀကီးႀကီး ဆြဲတာမ်ိဳး အေပၚေရာေအာက္ေရာ ေျဗာင္ျဖစ္ေနရင္ ခါးပတ္လွလွပတ္လိုက္တာမ်ိဳးေတြက စတိုင္က်ေစပါတယ္။ ကုိယ္ကုိင္မယ့္အိတ္နဲ႕ စီးမယ့္ဖိနပ္ကိုလည္း ေသခ်ာေရြးပါ။
အားလံုးလိုက္ဖက္ၿပီဆိုရင္ေတာ့ အျပင္မွာ ဖလန္းဖလန္းထဖို႕ အလန္းဇယားေလး ျဖစ္သြားၿပီေပါ့ေနာ္။
TAGS: FASHION
=====
Unicode
မိန်းကလေးအများစုက အဝတ်အစားပေါပါတယ်။ အဝတ်တွေများတော့ ဘာဝတ်ရမလဲ စဉ်းစားရတာပေါ့။ မိန်းကလေးတွေ ဝတ်စရာမရှိတော့ဘူး ပြောရင် တကယ်က ရှိတာတွေအကုန်ဝတ်ပြီးသွားပြီလို့ ပြောတာပါ။ ကိုယ်ရှိတာလေးတွေထဲကမှ သူများတွေငေးကြည့်ရလောက်အောင် ဝတ်တတ်ဖို့တော့ လိုတယ်နော်။
မဝတ်တတ်ရင် အောက်မှာကြည့်လိုက် 😀

1. မိမိဝတ်ချင်သည်ကို အရင်ရွေးပါ။
ဒီနေ့အတွက်က ဘာရောင်ဝတ်ချင်တာလဲ။ အစင်းဝတ်မှာလား။ အကွက်ဝတ်မှာလား။
ထူတာ ဝတ်ချင်တာလား။ ပါးတာဝတ်ချင်တာလား အရင်စဉ်းစားလိုက်ပါ။
ဥပမာ ပန်းရောင်လေး ဝတ်ချင်တယ်ဆိုပါစို့။ ဒါမှမဟုတ် အဝါနဲ့အစိမ်းနုအစင်းလေး ရွေးမယ်ပေါ့။ ရာသီဥတုက အေးလာတော့ ဆွယ်တာသားထူထူလေး ဝတ်ချင်တာမျိုးပေါ့။
ဒါဆို နံပါတ်နှစ်ကိုသွားပါမယ်
2. ဘာဝတ်မလဲဆိုတာ စဉ်းစားပါ။
ဝတ်တာက နှစ်ပိုင်းပေါ့။ အပေါ်နဲ့အောက် သေချာလေးရွေးပါ။ အပေါ်ဆိုလည်း တီရှပ်ဝတ်မလား။ ရှပ်အကျႋီဝတ်မလား။ blouse ဝတ်မလား ရွေးရပါမယ်။ ရွေးလိုက်ပြီဆိုရင် ကိုယ်ရွေးထားတာက ဂျင်းနဲ့ လိုက်မလား။ စကပ်တိုနဲ့လိုက်မလား ထပ်ရွေးပါ။ အပေါ်နဲ့အောက် လိုက်ဖက်ပြီဆိုရင် နောက်တစ်ဆင့်သွားပါမယ်။

3. ဖြည့်စွက်မယ့်အဝတ်အစားများ
အပေါ်က ပဝါလေးပတ်မလား။ ဂျာကင်လေးထပ်ဝတ်ရင် လှမလား။ ကုတ်အကျႋီ ခါးတိုလေးနဲ့လိုက်မလား ရွေးပါ။ ဒီအဆင့်ကတော့ ကျော်သွားလည်းရပါတယ်။ အပေါ်တစ်ချက်မှာ ပြည့်စုံနေပြီဆိုရင်ပေါ့။

4. အဆင်တန်ဆာတွေ
အကျႋီလည်ပင်းကျယ်တာလေးဆို ဆွဲကြိုးကြီးကြီး ဆွဲတာမျိုး အပေါ်ရောအောက်ရော ဗြောင်ဖြစ်နေရင် ခါးပတ်လှလှပတ်လိုက်တာမျိုးတွေက စတိုင်ကျစေပါတယ်။ ကိုယ်ကိုင်မယ့်အိတ်နဲ့ စီးမယ့်ဖိနပ်ကိုလည်း သေချာရွေးပါ။
အားလုံးလိုက်ဖက်ပြီဆိုရင်တော့ အပြင်မှာ ဖလန်းဖလန်းထဖို့ အလန်းဇယားလေး ဖြစ်သွားပြီပေါ့နော်။
TAGS: FASHION

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...