မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ တပ္မေတာ္မွ ဗိုလ္ႀကီးတစ္ဦး ဆြဲႀကိဳးခ်ေသဆံုးမႈ ျဖစ္ပြား

မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ တပ္မေတာ္မွ ဗိုလ္ႀကီးတစ္ဦး ဆြဲႀကိဳးခ်ေသဆံုးမႈ ျဖစ္ပြား

တပ္မေတာ္မွ ဗိုလ္ႀကီးတစ္ဦးျဖစ္သူ ေနအိမ္တြင္ ဆြဲႀကိဳးခ်ေသဆံုးမႈတစ္ခု မႏၲေလးၿမိဳ႕ ေအာင္ေျမသာစံၿမိဳ႕နယ္ အႏွိပ္ေတာ္ ရပ္ကြက္၌ ေဖေဖာ္၀ါရီ ၂၆ ရက္က ျဖစ္ပြားခဲ့ေၾကာင္း တုိင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ သတင္းရရိွ သည္။
ျဖစ္စဥ္မွာ ဆြဲႀကိဳးခ်ေသဆံုးေၾကာင္း သတင္းအရ သက္ဆုိင္ရာ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးရာ ေအာင္ေျမသာစံၿမိဳ႕နယ္ အႏွိပ္ေတာ္ရပ္ကြက္ အကြက္ (၂) တြင္ အမ်ဳိးသားတစ္ဦးသည္ ေနအိမ္အေပၚထပ္ အိပ္ခန္းအတြင္း ထုပ္တန္း၌ ပုဆိုးျဖင့္ ဆြဲႀကိဳးခ် ေသဆံုးေနျခင္း ျဖစ္သည္ဟု သိရသည္။
စစ္ေဆးခ်က္အရ ေသဆံုးသူသည္ ၾကည္း-၆၃၃၁၉ ဗိုလ္ႀကီးမုိးေက်ာ္ (ခမရ-၅၇၆၊ က်ဳိင္းေတာင္း၊ ရွမ္း/ေတာင္) (၃၃ႏွစ္)ျဖစ္ၿပီး ၎သည္ မိဘျဖစ္သူ၏ ေနအိမ္သို႔ ျပန္ေရာက္ေနသည္မွာ ၁၅ ရက္ခန္႔ ရွိၿပီျဖစ္ေၾကာင္း၊ လက္နက္ခဲယမ္း ဆက္စပ္ပစၥည္းမ်ားကုိ ပင္မစစ္လက္နက္ပစၥည္းတပ္တြင္ အပ္ရန္ တာ၀န္ျဖင့္ ေစလႊတ္ထားသူ ျဖစ္ေၾကာင္း၊ ေဖေဖာ္၀ါရီ ၂၅ ရက္က ဆက္စပ္ပစၥည္းအပ္ရန္ ျပင္ဦးလြင္သို႔ ဆုိင္ကယ္ျဖင့္ ထြက္ခြာသြားၿပီး ည ၁၀ နာရီခန္႔တြင္ အိမ္သုိ႔ျပန္ေရာက္ခဲ့ေၾကာင္း၊ ေဖေဖာ္၀ါရီ ၂၆ ရက္ မြန္းလြဲ ၂ နာရီ တြင္ ေနအိမ္ထုပ္တန္းတြင္ ဆြဲႀကိဳးခ် ေသဆံုးေနသည္ကုိ ေတြ႕ရျခင္းျဖစ္ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထားသည္။
အဆုိပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေအာင္ေျမသာစံၿမိဳ႕နယ္ အမွတ္ (၁) နယ္ေျမရဲစခန္းသို႔ ေမးျမန္းခဲ့ရာ စခန္းမွဴး ရဲအုပ္ေနလင္းကုိကုိက “ဆြဲႀကိဳးခ်ေသဆံုးမႈကုိ ဓမၼတာအတုိင္း ဟုတ္၊ မဟုတ္ စစ္ေဆးေနပါတယ္။ လတ္တေလာ သူ႔မိသားစုကုိ စစ္ေဆးရသေလာက္ သတ္ေသေလာက္တဲ့ လူမႈေရးျပႆနာ ဘာမွမရွိဘူး။ သူကလည္း လူလြတ္တစ္ေယာက္ပါ။ တျခားသူ တစ္ေယာက္ပဲသိတဲ့ စိတ္ခံစားခ်က္ ရွိရင္ေတာ့ မသိဘူး။ လုပ္ငန္းခြင္ ျပႆနာ ရွိ၊ မရွိကေတာ့ ကြၽန္ေတာ္တုိ႔အေနနဲ႔ သူ႔တပ္ကုိ လွမ္းေမးဖုိ႔ အလွမ္းမမီပါဘူး။ ကြၽန္ေတာ္တုိ႔ ရဲတပ္ဖြဲ႕စစ္ေဆးလုိ႔ ရသေလာက္က ဒါပဲရွိပါတယ္” ဟု ေျပာၾကားသည္။
အဆုိပါ ဆြဲႀကိဳးခ်ေသဆံုးသည့္ တပ္မေတာ္အရာရွိ ေနအိမ္မွ ၎ကုိင္ေဆာင္သည့္ ပစၥည္းမ်ားကုိ တပ္မေတာ္မွ သိမ္းဆည္းသြားခဲ့ၿပီး အေလာင္းကုိ ေဆး႐ံုႀကီးသုိ႔ပုိ႔ကာ အမွတ္ (၁)နယ္ေျမစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၃/၂၀၁၇) ျဖင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Writer:
ယဥ္မ်ဳိးသြယ္
=============
Eleven Media Group
==========================
မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွား

တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးဖြစ်သူ နေအိမ်တွင် ဆွဲကြိုးချသေဆုံးမှုတစ်ခု မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အနှိပ်တော် ရပ်ကွက်၌ ဖေဖော်ဝါရီ ၂၆ ရက်က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။
ဖြစ်စဉ်မှာ ဆွဲကြိုးချသေဆုံးကြောင်း သတင်းအရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာ အောင်မြေသာစံမြို့နယ် အနှိပ်တော်ရပ်ကွက် အကွက် (၂) တွင် အမျိုးသားတစ်ဦးသည် နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ထုပ်တန်း၌ ပုဆိုးဖြင့် ဆွဲကြိုးချ သေဆုံးနေခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ဆေးချက်အရ သေဆုံးသူသည် ကြည်း-၆၃၃၁၉ ဗိုလ်ကြီးမိုးကျော် (ခမရ-၅၇၆၊ ကျိုင်းတောင်း၊ ရှမ်း/တောင်) (၃၃နှစ်)ဖြစ်ပြီး ၎င်းသည် မိဘဖြစ်သူ၏ နေအိမ်သို့ ပြန်ရောက်နေသည်မှာ ၁၅ ရက်ခန့် ရှိပြီဖြစ်ကြောင်း၊ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများကို ပင်မစစ်လက်နက်ပစ္စည်းတပ်တွင် အပ်ရန် တာဝန်ဖြင့် စေလွှတ်ထားသူ ဖြစ်ကြောင်း၊ ဖေဖော်ဝါရီ ၂၅ ရက်က ဆက်စပ်ပစ္စည်းအပ်ရန် ပြင်ဦးလွင်သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာသွားပြီး ည ၁၀ နာရီခန့်တွင် အိမ်သို့ပြန်ရောက်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီ တွင် နေအိမ်ထုပ်တန်းတွင် ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေရဲစခန်းသို့ မေးမြန်းခဲ့ရာ စခန်းမှူး ရဲအုပ်နေလင်းကိုကိုက “ဆွဲကြိုးချသေဆုံးမှုကို ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ် စစ်ဆေးနေပါတယ်။ လတ်တလော သူ့မိသားစုကို စစ်ဆေးရသလောက် သတ်သေလောက်တဲ့ လူမှုရေးပြဿနာ ဘာမှမရှိဘူး။ သူကလည်း လူလွတ်တစ်ယောက်ပါ။ တခြားသူ တစ်ယောက်ပဲသိတဲ့ စိတ်ခံစားချက် ရှိရင်တော့ မသိဘူး။ လုပ်ငန်းခွင် ပြဿနာ ရှိ၊ မရှိကတော့ ကျွန်တော်တို့အနေနဲ့ သူ့တပ်ကို လှမ်းမေးဖို့ အလှမ်းမမီပါဘူး။ ကျွန်တော်တို့ ရဲတပ်ဖွဲ့စစ်ဆေးလို့ ရသလောက်က ဒါပဲရှိပါတယ်” ဟု ပြောကြားသည်။
အဆိုပါ ဆွဲကြိုးချသေဆုံးသည့် တပ်မတော်အရာရှိ နေအိမ်မှ ၎င်းကိုင်ဆောင်သည့် ပစ္စည်းများကို တပ်မတော်မှ သိမ်းဆည်းသွားခဲ့ပြီး အလောင်းကို ဆေးရုံကြီးသို့ပို့ကာ အမှတ် (၁)နယ်မြေစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၇) ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Writer: 
ယဉ်မျိုးသွယ်
=============
Eleven Media Group

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...