အိပ်ရာအဆင်သင့်ခင်းမပေးထားလို့ ခင်ပွန်းကို ဓားနဲ့ နှစ်ချက်ဆင့်ထိုးသတ်လိုက်တဲ့ ဇနီး


Lesley Culley လို့ အမည်ရတဲ့ အသက် 58 နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးကြီးဟာ သူမရဲ့ခင်ပွန်း Anthony (56) နှစ်ကို ဓားနဲ့ နှစ်ချက်ဆင့် ထိုးကာ သတ်ပစ်ခဲ့ပါတယ်။ အကြောင်းကတော့ အိပ်ရမယ့်အချိန်မှာ အိပ်ရာအဆင်သင့် ခင်းမထားလို့ ရန်ဖြစ်ကြရင်း အခုလို ဖြစ်ပွားခဲ့တာပါ။
ဒီမတိုင်ခင်ကတည်းက Lesley နဲ့ Anthony တို့ဟာ လမ်းထိပ်က အရက်ဘားမှာ အတူတူသောက်ခဲ့ကြပြီး၊ အိမ်ပြန်လမ်းမှာ Anthony က ထိုးကြိတ်ကန်ကျောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။ အိမ်အပြန်အရောက်မှာ Anthony ဟာ ဓားနဲ့အထိုးခံလိုက်ရပါတယ်။
Manchester Crown Court တရားရုံးက စစ်ဆေးကြားနာမှုမှာ သေဆုံးသူနဲ့ တရားခံဇနီးသည်တို့ဟာ 1986 ခုနှစ်မှာ လက်ထပ်ခဲ့ကြကြောင်း၊ ဒီမတိုင်ခင်မျာ Lesley ဟာ ပထမခင်ပွန်းနဲ့ အိမ်ထောင်ကျခဲ့ပြီး၊ သားနှစ်ယောက် ရခဲ့ကြောင်း၊ 1983 ခုနှစ်မှာ ကွာရှင်းခဲ့ကြောင်း သိရပါတယ်။
2010 ခုနှစ်မှာတော့ Lesley ဟာ သားနှစ်ယောက်ကို ရှေ့ဆင့်နောက်ဆင့် မတော်တဆမှုတွေကြောင့် ဆုံးရှုံးခဲ့ရပြီး၊ စိတ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှုတွေ ရှိခဲ့နိုင်ကြောင်း၊ ယင်းနောက် ခင်ပွန်းသည် Anthony နဲ့ ဆက်ဆံရေးကလည်း တစ်နေ့တစ်ခြား ပိုမိုဆိုးဝါးလာပုံရပြီး၊ ယခုလို လူသတ်မှုတစ်ခုအထိ ဦးတည်စေခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
နီးစပ်သူတစ်ဦးကလည်း ” သူမက နှစ် 30 ပြည့် မင်္ဂလာအထိမ်းအမှတ်တောင် လုပ်ဖို့ စီစဉ်နေသူပါ .. ဒါပေမယ့် ဒီကြားထဲမှာ သူမခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ .. အခြေအနေအရပ်ရပ်ကလည်း တိုက်ဆိုင်သွားတော့ မဖြစ်သင့်တာတွေကို ဖြစ်ကုန်တော့တာပါဘဲ “လို့ ပြောခဲ့ပါတယ်။ Lesley ကို ဇွန်လ (27) ရက်နေ့ (ယနေ့ ညနေမှာ) အပြီးသတ် အမိန့်ချမယ်လို့ သိရပါတယ်။
Credit – (Shwemom)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...