ရတနာပံုတကၠသိုလ္၊ ပထမႏွစ္ေက်ာင္းသားတဦး အသတ္ခံရ


မႏၱေလးျမိဳ႕ မဟာေအာင္ေျမၿမိဳ႔နယ္ စိန္ပန္းရပ္ကြက္၊ အကြက္(၃၄၁)၊ တာရိန္လမ္း၊ သမၼတကိတ္မုန္႔တိုက္လမ္းၾကားရွိ ေနအိမ္တအိမ္တြင္ အမ်ဳိးသားအေလာင္းတေလာင္းကို ေဖေဖာ္၀ါရီ ၂၄ ရက္ မြန္းလြဲ(၁၂)နာရီေက်ာ္က ေတြ႔ရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ေသဆံုးသူမွာ ေမာင္အိမ္သူေမာင္၊ အသက္(၁၈)ႏွစ္(ဘ) ဦးေအာင္ေအာင္၊ ရတနာပံုတကၠသိုလ္၊ ပထမႏွစ္ေက်ာင္းသားျဖစ္ၿပီး ဖားကန္႔ၿမိဳ႔နယ္၊ စိုင္းေတာင္ေက်းရြာအုပ္စု၊ ေမွာ္ရွန္ရြာတြင္ေနထိုင္သူ ျဖစ္သည္။
ေသဆံုးသူ၏ ဦးေလးေတာ္စပ္သူ မႏၱေလးၿမိဳ႕ ၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ကိုးလံုးတကာရပ္တြင္ေနထိုင္သည့္ ဦးေဇာ္မ်ဳိးႏိုင္၏ ေျပာျပခ်က္အရ ေမာင္အိမ္သူေမာင္သည္ ေဖေဖာ္၀ါရီ (၁၉) ရက္ေန႔တြင္ ၎၏ဇာတိသို႔ျပန္မည္ဟုဆိုကာ ထြက္သြားခဲ့ေၾကာင္း၊ ထို႔ေနာက္ စိုင္းေတာင္သို႔ ဆက္သြယ္ေမးျမန္းရာ ေမာင္အိမ္သူေမာင္ ျပန္ေရာက္မလာေသးေၾကာင္း သိရွိရသျဖင့္ လိုက္လံရွာေဖြရယ တူျဖစ္သူ၏သူငယ္ခ်င္း၊ မဟာေအာင္ေျမၿမိဳ႔နယ္ စိန္ပန္းရပ္ကြက္၊ အကြက္(၃၄၁) ရွိ ေ၀ျဖိဳးေမာင္ ငွားရမ္းေနထိုင္သည့္ ေနအိမ္သို႔သြားေရာက္ခဲ့ေၾကာင္း၊ ၎ေနအိမ္အခန္အတြင္း ၾကည့္ရႈစဥ္ ေ၀ျဖိဳးေမာင္မွ လူေသအေလာင္းတေလာင္းအား ပီနန္အိတ္ျဖင့္ပတ္၍ ထုတ္ပိုးေနသည္ကိုုေတြ႔ရွိခဲ့ရသျဖင့္ မသကၤာသျဖင့္ ပီနန္အိတ္အားဖြင့္ၾကည့္ရာ တူျဖစ္သူ ၏အေလာင္းျဖစ္ေနသည္ကိုေတြ႔ရွိခဲ့ရေၾကာင္း၊ အေလာင္းမွာ ပုပ္ပြေနသည္ကို ေတြ႔ရွိခဲ့ရေၾကာင္း ရဲေၾကးနန္းအရ သိရသည္။
“တူေတာ္ေမာင္က ပထမႏွစ္ေက်ာင္းစာေမးပြဲၿပီးကတည္းက ကၽြန္ေတာ့္အိမ္မွာလာေနတာ။ ေဖေဖာ္၀ါရီ (၁၉) ရက္ေန႔မွာ ရြာျပန္မယ္ေျပာၿပီး ေပၚမလာတာနဲ႔ သူ႔ သူငယ္ခ်င္းေနအိမ္ကိုသြားရွာေတာ့ အခုလိုေတြ႔ရွိခဲ့တာပါ”ဟု ေသဆံုးသူ၏ ဦးေလးေတာ္စပ္သူ ဦးေဇာ္မ်ဳိးႏိုင္က ေျပာၾကားခဲ့သည္။
ထို႔ေနာက္ ဦးေဇာ္မ်ဳိးႏိုင္မွ မဟာေအာင္ေျမျမိဳ႕နယ္ အမွတ္ (၇) နယ္ေျမရဲစခန္းသို႔ တိုင္ၾကားခဲ့ျပီး စခန္းမွဴးႏွင့္အဖြဲ႔က အခင္းျဖစ္ပြားရာေနအိမ္သို႔ သြားေရာက္စစ္ေဆးၾကည့္႐ႈခဲ့ျပီး အေလာင္းအား ရဲေဆးစာျဖင့္ မႏၱေလးေဆး႐ုံၾကီး ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ခဲ့သည္။
“အခုျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စစ္ေဆးေနဆဲပါ။ ေမာင္ေ၀ျဖိဳးေမာင္ကို စခန္းမွာခ်ဳပ္ေႏွာင္ထားတယ္။ က်ဳးလြန္သူနဲ႔ က်ဳးလြန္ခံရသူတို႔မွာ ရင္းႏွီးခင္မင္သူေတြျဖစ္ၿပီးေတာ့ လွ်ပ္တျပက္ေဒါသထြက္ၿပီး အခုလိုျဖစ္ႏိုင္သလို အရက္ေသစာေသာက္စားၿပီး ဆင္ျခင္တုန္တရားကင္းမဲ့မႈေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။”ဟု မဟာေအာင္ေျမၿမိဳ႔နယ္ရဲစခန္းမွ စခန္းမွဴးဒုရဲမွဴးတင္ထြန္းေအာင္ကေျပာသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ အမွတ္(၇)နယ္ေျမရဲစခန္းမွ ေမာင္ေ၀ၿဖိဳးေမာင္ အသက္(၂၁)ႏွစ္၊(ဇာတိ-ကိုင္းေသာင္ေက်းရြာ၊ပိုးေလာင္းေက်းရြာအုပ္စု၊ ျပင္စလူၿမိဳ႕နယ္) အား (ပ)၆၅/၂၀၁၇၊ ျပစ္မႈပုဒ္မ-၃၀၂ ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
စိုင္းထူးခန္႔

Credit to News Watch




ရတနာပုံတက္ကသိုလ်၊ ပထမနှစ်ကျောင်းသားတဦး အသတ်ခံရ
------- ------- ------ ------ ------
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ အကွက်(၃၄၁)၊ တာရိန်လမ်း၊ သမ္မတကိတ်မုန့်တိုက်လမ်းကြားရှိ နေအိမ်တအိမ်တွင် အမျိုးသားအလောင်းတလောင်းကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ(၁၂)နာရီကျော်က တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ မောင်အိမ်သူမောင်၊ အသက်(၁၈)နှစ်(ဘ) ဦးအောင်အောင်၊ ရတနာပုံတက္ကသိုလ်၊ ပထမနှစ်ကျောင်းသားဖြစ်ပြီး ဖားကန့်မြို့နယ်၊ စိုင်းတောင်ကျေးရွာအုပ်စု၊ မှော်ရှန်ရွာတွင်နေထိုင်သူ ဖြစ်သည်။

သေဆုံးသူ၏ ဦးလေးတော်စပ်သူ မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊ ကိုးလုံးတကာရပ်တွင်နေထိုင်သည့် ဦးဇော်မျိုးနိုင်၏ ပြောပြချက်အရ မောင်အိမ်သူမောင်သည် ဖေဖော်ဝါရီ (၁၉) ရက်နေ့တွင် ၎င်း၏ဇာတိသို့ပြန်မည်ဟုဆိုကာ ထွက်သွားခဲ့ကြောင်း၊ ထို့နောက် စိုင်းတောင်သို့ ဆက်သွယ်မေးမြန်းရာ မောင်အိမ်သူမောင် ပြန်ရောက်မလာသေးကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေရယ တူဖြစ်သူ၏သူငယ်ချင်း၊ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်၊ အကွက်(၃၄၁) ရှိ ဝေဖြိုးမောင် ငှားရမ်းနေထိုင်သည့် နေအိမ်သို့သွားရောက်ခဲ့ကြောင်း၊ ၎င်းနေအိမ်အခန်အတွင်း ကြည့်ရှုစဉ် ဝေဖြိုးမောင်မှ လူသေအလောင်းတလောင်းအား ပီနန်အိတ်ဖြင့်ပတ်၍ ထုတ်ပိုးနေသည်ကိုုတွေ့ရှိခဲ့ရသဖြင့် မသင်္ကာသဖြင့် ပီနန်အိတ်အားဖွင့်ကြည့်ရာ တူဖြစ်သူ ၏အလောင်းဖြစ်နေသည်ကိုတွေ့ရှိခဲ့ရကြောင်း၊ အလောင်းမှာ ပုပ်ပွနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲကြေးနန်းအရ သိရသည်။

“တူတော်မောင်က ပထမနှစ်ကျောင်းစာမေးပွဲပြီးကတည်းက ကျွန်တော့်အိမ်မှာလာနေတာ။ ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာ ရွာပြန်မယ်ပြောပြီး ပေါ်မလာတာနဲ့ သူ့ သူငယ်ချင်းနေအိမ်ကိုသွားရှာတော့ အခုလိုတွေ့ရှိခဲ့တာပါ”ဟု သေဆုံးသူ၏ ဦးလေးတော်စပ်သူ ဦးဇော်မျိုးနိုင်က ပြောကြားခဲ့သည်။

ထို့နောက် ဦးဇော်မျိုးနိုင်မှ မဟာအောင်မြေမြို့နယ် အမှတ် (၇) နယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ပြီး စခန်းမှူးနှင့်အဖွဲ့က အခင်းဖြစ်ပွားရာနေအိမ်သို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး အလောင်းအား ရဲဆေးစာဖြင့် မန္တလေးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့သည်။

“အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးနေဆဲပါ။ မောင်ဝေဖြိုးမောင်ကို စခန်းမှာချုပ်နှောင်ထားတယ်။ ကျုးလွန်သူနဲ့ ကျုးလွန်ခံရသူတို့မှာ ရင်းနှီးခင်မင်သူတွေဖြစ်ပြီးတော့ လျှပ်တပြက်ဒေါသထွက်ပြီး အခုလိုဖြစ်နိုင်သလို အရက်သေစာသောက်စားပြီး ဆင်ခြင်တုန်တရားကင်းမဲ့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။”ဟု မဟာအောင်မြေမြို့နယ်ရဲစခန်းမှ စခန်းမှူးဒုရဲမှူးတင်ထွန်းအောင်ကပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၇)နယ်မြေရဲစခန်းမှ မောင်ဝေဖြိုးမောင် အသက်(၂၁)နှစ်၊(ဇာတိ-ကိုင်းသောင်ကျေးရွာ၊ပိုးလောင်းကျေးရွာအုပ်စု၊ ပြင်စလူမြို့နယ်) အား (ပ)၆၅/၂၀၁၇၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းထူးခန့်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...