အကယ္ဒမီေပးပဲြမွာ အႏုပညာရွင္ေတြေဖာ္ခၽြတ္၀တ္လာရင္ ပု၀ါနဲ႔အုပ္ခံရမယ္

အကယ္ဒမီေပးပဲြမွာ အႏုပညာရွင္ေတြေဖာ္ခၽြတ္၀တ္လာရင္ ပု၀ါနဲ႔အုပ္ခံရမယ္

ရႈိင္း
ျပည္သူရင္ျပင္၌ မတ္လ (၁၈) ရက္ေန႔တြင္ က်င္းပျပဳလုပ္မည့္ ျမန္မာ့ရုပ္ရွင္ထူးခြ်န္ဆုေပးပြဲသို႔ တက္ေရာက္မယ့္ အႏုပညာရွင္မ်ားအေနျဖင့္ ျမန္မာလူမ်ိဳး ပီသစြာ ယဥ္ေက်းမူနဲ႔ အညီ ပြဲတက္ေရာက္ရမည္ျဖစ္ၿပီး ေရႊတိဂံု ဘုရား ႀကီး အေရွ႕တြင္လုပ္ ေဆာင္မည္ျဖစ္သည့္အတြက္ သရုပ္ပ်က္ ၀တ္စားမႈမ်ားကို လက္မခံဘဲ ဝတ္ဆင္လာပါက ၿခံဳ ပုဝါ အုပ္ပစ္မည္ဟု ယခုႏွစ္ အကယ္ဒမီပြဲ စီစဥ္သူ ကိုဂြ်န္လြင္က ေျပာသည္။
'' အဆန္းတက်ယ္ ျဖစ္ေအာင္ လုပ္တာထက္ ေခါက္ရိုးေတြ က်ိဳးေနတဲ့ ပုဆိုးကို တတ္ႏိုင္သေလာက္ ျပန္ျပန္႔ ေအာင္မီးပူတိုက္ေပးတဲ့ သေဘာပဲရွိတာပါ။ ဒါေပမယ့္ ဒီတစ္ႏွစ္ထဲမွာေတာ့ အကုန္လံုးျပန္႔သြားမယ္လို႔ မ ထင္ဘူး ေပါ့ေနာ္။ အေကာင္းဆံုးေတာ့ ကြ်န္ေတာ္ ႀကိဳးစားထားပါတယ္။ ဘာေျပာင္းလဲ လာမ လည္းဆိုတာေတာ့ ၾကည့္ ၾကည့္ရမွာေပါ့။ ေထြလ်ားရွည္ျပား မူေတြေလ်ာ့ သြားမယ္ လိုတိုရွင္းေလး ေတြျဖစ္လာမယ္။ ေရႊတိ ဂံုဘုရားႀကီး ကို အဓိကေနာက္ခံထားၿပီး လုပ္သြားမွာပါ။ စင္ဒီဇိုင္းကေတာ့ အဲေလာက္မဟုတ္ဘူး။ ေရႊတဂံု ဘုရားႀကီးကိုသာ အဓိက ထားမယ္။ ေရႊတိဂံုဘုရားႀကီးကို အဓိကထားတဲ့အတြက္ေၾကာင့္ ဒီပြဲကို တက္ ေရာက္လာတဲ့ အႏုပညာ ရွင္အားလံုး ယဥ္ေက်းမူနဲ႔အညီ ဝတ္ဆင္လာရမယ္။ မဝတ္ဆင္လာရင္ ကြ်န္ေတာ္တို႔ ျပင္ဆင္ထားတဲ့ ပုဝါလိုမ်ိဳး လုပ္ထားတယ္။ အဲဒီပုဝါကို ၿခံဳေပးမယ္ ။ အဲဒီပုဝါကို ၿခံဳၿပီးပြဲတက္ရမယ္။ အကယ္ဒမီ ေလွ်ာက္လမ္းကိုေလွ်ာက္ ခါနီး ၾကည့္လိုက္မယ္။ အဆင္မေျပရင္ ေရာ့ဆို ပုဝါၿခံဳ ပစ္မယ္။ ေနာက္ၿပီးဆံပင္ႀကီးေတြ အထူးအဆန္းလုပ္လာ တာေတြ၊ ငွက္ေတာင္ပံႀကီးေတြလို ပ်ံလာတာေတြ ၾကြက္ေခါင္းႀကီးလို တက္လာတာေတြ အဲ့ဒါေတြ လုံးဝလက္မ ခံဘူး။ ဘာျဖစ္လို႔ လဲဆို ဘုရားအေရွ႕မွာ လုပ္တာျဖစ္တဲ့ အတြက္ျဖစ္တယ္။ တက္ေရာက္လာတဲ့ အႏုပညာ ရွင္ ေတြကလည္း ဗမာလူမ်ိဳး ဗမာ ဒီဇိုင္နာေတြနဲ႔ ခ်ဳပ္တဲ့အတြက္ ဗမာသည္ ဗမာဘယ္လိုေနၾကသလည္း ဆို တာ သူတို႔သိသင့္တယ္။ အဲလိုမ်ိဳးေတြလည္း ခ်ဳပ္တတ္မယ္ထင္ပါတယ္။ ေက်ာကုန္းႀကီးေတြ ပြင့္ ေနတာတို႔ ရင္သား တစ္ဖက္ေပၚေနတာတို႔၊ ရင္သား တစ္ျခမ္းေပၚေနတာတို႔ ရုတ္တရက္လွမ္းၾကည့္လိုက္ရင္ ကိုယ္တံုးလံုး ခြ်တ္ပံုစံမ်ိဳး အသားကပ္ေတြနဲ႔ ဝတ္လာရင္လည္း လံုးဝလက္မခံဘူး။ ရုပ္ရွင္အစည္း အရံုး ဦးလူမင္းကို တင္ျပ တယ္။ သူက လည္း လက္ခံတယ္။ ဘာျဖစ္လို႔လဲဆို ကြ်န္ေတာ္တို႔ေတြသည္ ယိုးဒယားမွာဘဲ ၾကည့္ၾကည့္ ဘယ္မွာပဲ ၾကည့္ၾကည့္ သူ႔ႏိုင္ငံ သူ႔ယဥ္ေက်းမူနဲ႔ သူတို႔ရိုးရာယဥ္ေက်းမူနဲ႔ တက္လာတဲ့အခါမွာ သူတိုေတြသည္ ယဥ္ယဥ္ ေက်းေက်းပဲ တက္လာၾကတာ။ ျမန္မာေတြက အရမ္းသူထက္ငါ ေပၚျပဴလာျဖစ္ခ်င္တဲ့ အထဲမွာ မ်ားၿပီးေတာ့ လုပ္လာၾကတာေတြ စတန္႔ထြင္ၾကတာေတြ အရမ္းမ်ားတယ္။ သူတို႔ေတြသည့္ ေနရာေဒသံနဲ႔ အညီလိုက္ ေလ်ာ ညီေထြ ဝတ္လာၾကမယ္လို႔ ကြ်န္ေတာ္ထင္ပါတယ္'' လို႔ ဂြ်န္လြင္က ေျပာသည္။
Photo- Joh Lwin Facebook
AKonThi
 ပြည်သူရင်ပြင်၌ မတ်လ (၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသို့ တက်ရောက်မယ့် အနုပညာရှင်များအနေဖြင့် မြန်မာလူမျိုး ပီသစွာ ယဉ်ကျေးမူနဲ့ အညီ ပွဲတက်ရောက်ရမည်ဖြစ်ပြီး ရွှေတိဂုံ ဘုရား ကြီး အရှေ့တွင်လုပ် ဆောင်မည်ဖြစ်သည့်အတွက် သရုပ်ပျက် ဝတ်စားမှုများကို လက်မခံဘဲ ဝတ်ဆင်လာပါက ခြုံ ပုဝါ အုပ်ပစ်မည်ဟု ယခုနှစ် အကယ်ဒမီပွဲ စီစဉ်သူ ကိုဂျွန်လွင်က ပြောသည်။

'' အဆန်းတကျယ် ဖြစ်အောင် လုပ်တာထက် ခေါက်ရိုးတွေ ကျိုးနေတဲ့ ပုဆိုးကို တတ်နိုင်သလောက် ပြန်ပြန့် အောင်မီးပူတိုက်ပေးတဲ့ သဘောပဲရှိတာပါ။ ဒါပေမယ့် ဒီတစ်နှစ်ထဲမှာတော့ အကုန်လုံးပြန့်သွားမယ်လို့ မ ထင်ဘူး ပေါ့နော်။ အကောင်းဆုံးတော့ ကျွန်တော် ကြိုးစားထားပါတယ်။ ဘာပြောင်းလဲ လာမ လည်းဆိုတာတော့ ကြည့် ကြည့်ရမှာပေါ့။ ထွေလျားရှည်ပြား မူတွေလျော့ သွားမယ် လိုတိုရှင်းလေး တွေဖြစ်လာမယ်။ ရွှေတိ ဂုံဘုရားကြီး ကို အဓိကနောက်ခံထားပြီး လုပ်သွားမှာပါ။ စင်ဒီဇိုင်းကတော့ အဲလောက်မဟုတ်ဘူး။ ရွှေတဂုံ ဘုရားကြီးကိုသာ အဓိက ထားမယ်။ ရွှေတိဂုံဘုရားကြီးကို အဓိကထားတဲ့အတွက်ကြောင့် ဒီပွဲကို တက် ရောက်လာတဲ့ အနုပညာ ရှင်အားလုံး ယဉ်ကျေးမူနဲ့အညီ ဝတ်ဆင်လာရမယ်။ မဝတ်ဆင်လာရင် ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ ပုဝါလိုမျိုး လုပ်ထားတယ်။ အဲဒီပုဝါကို ခြုံပေးမယ် ။ အဲဒီပုဝါကို ခြုံပြီးပွဲတက်ရမယ်။ အကယ်ဒမီ လျှောက်လမ်းကိုလျှောက် ခါနီး ကြည့်လိုက်မယ်။ အဆင်မပြေရင် ရော့ဆို ပုဝါခြုံ ပစ်မယ်။ နောက်ပြီးဆံပင်ကြီးတွေ အထူးအဆန်းလုပ်လာ တာတွေ၊ ငှက်တောင်ပံကြီးတွေလို ပျံလာတာတွေ ကြွက်ခေါင်းကြီးလို တက်လာတာတွေ အဲ့ဒါတွေ လုံးဝလက်မ ခံဘူး။ ဘာဖြစ်လို့ လဲဆို ဘုရားအရှေ့မှာ လုပ်တာဖြစ်တဲ့ အတွက်ဖြစ်တယ်။ တက်ရောက်လာတဲ့ အနုပညာ ရှင် တွေကလည်း ဗမာလူမျိုး ဗမာ ဒီဇိုင်နာတွေနဲ့ ချုပ်တဲ့အတွက် ဗမာသည် ဗမာဘယ်လိုနေကြသလည်း ဆို တာ သူတို့သိသင့်တယ်။ အဲလိုမျိုးတွေလည်း ချုပ်တတ်မယ်ထင်ပါတယ်။ ကျောကုန်းကြီးတွေ ပွင့် နေတာတို့ ရင်သား တစ်ဖက်ပေါ်နေတာတို့၊ ရင်သား တစ်ခြမ်းပေါ်နေတာတို့ ရုတ်တရက်လှမ်းကြည့်လိုက်ရင် ကိုယ်တုံးလုံး ချွတ်ပုံစံမျိုး အသားကပ်တွေနဲ့ ဝတ်လာရင်လည်း လုံးဝလက်မခံဘူး။ ရုပ်ရှင်အစည်း အရုံး ဦးလူမင်းကို တင်ပြ တယ်။ သူက လည်း လက်ခံတယ်။ ဘာဖြစ်လို့လဲဆို ကျွန်တော်တို့တွေသည် ယိုးဒယားမှာဘဲ ကြည့်ကြည့် ဘယ်မှာပဲ ကြည့်ကြည့် သူ့နိုင်ငံ သူ့ယဉ်ကျေးမူနဲ့ သူတို့ရိုးရာယဉ်ကျေးမူနဲ့ တက်လာတဲ့အခါမှာ သူတိုတွေသည် ယဉ်ယဉ် ကျေးကျေးပဲ တက်လာကြတာ။ မြန်မာတွေက အရမ်းသူထက်ငါ ပေါ်ပြူလာဖြစ်ချင်တဲ့ အထဲမှာ များပြီးတော့ လုပ်လာကြတာတွေ စတန့်ထွင်ကြတာတွေ အရမ်းများတယ်။ သူတို့တွေသည့် နေရာဒေသံနဲ့ အညီလိုက် လျော ညီထွေ ဝတ်လာကြမယ်လို့ ကျွန်တော်ထင်ပါတယ်'' လို့ ဂျွန်လွင်က ပြောသည်။

Photo- Joh Lwin Facebook

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...