အစြန္းေရာက္ မ်ိဳးခ်စ္စိတ္ဓာတ္ ကိန္းေအာင္းသြားတဲ့အခ်ိန္မွာ လုပ္ႀကံလိုက္တယ္ – ဒုဗုိလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ

ဦးကိုနီ လုပ္ႀကံသတ္ျဖတ္မႈမွာ ျပည္ခိုင္ၿဖိဳး၊ မဘသ၊ ေထာက္လွမ္းေရးတို႔ ပတ္သက္ျခင္းမရွိဘဲ အစြန္းေရာက္ မ်ိဳးခ်စ္စိတ္ေၾကာင့္ ျဖစ္တာလို႔ ျပည္ထဲေရးျပည္ေထာင္စု၀န္ႀကီး ဒုဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက ေျပာလိုက္ပါတယ္။

ေဖေဖာ္၀ါရီ ၂၅ ရက္ မနက္ပိုင္းက ရန္ကုန္၊ ကမာရြတ္ၿမိဳ႕နယ္၊ မူးယစ္ေဆး၀ါးျပတိုက္မွာ လုပ္ခဲ့တဲ့ ျပည္ထဲေရး၀န္ႀကီးဌာနရဲ႕ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“အမ်ိဳးမ်ိဳး ခ်ိန္ဆရပါတယ္။ သို႔ေသာ္လည္းပဲ တကယ္တမ္း စိစစ္တဲ့အခါမွာေတာ့ ဒီဟာဟာ အမ်ိဳးခ်စ္တဲ့စိတ္ေၾကာင့္ အစြန္းေရာက္သြားတာ၊ အစြန္းေရာက္တဲ့ မ်ိဳးခ်စ္စိတ္ဓာတ္ေတြ ကိန္းေအာင္းသြားတဲ့အခ်ိန္မွာ  လုပ္ၾကံလိုက္တယ္လို႔ ဒါ ကိုယ္တို႔ ေဖာ္ထုတ္လို႔ရပါတယ္။”

ဦးကိုနီ လုပ္ႀကံသတ္ျဖတ္မႈနဲ႔ပတ္သက္ၿပီး ဖမ္းထားတဲ့ ၾကည္လင္း၊ ေအာင္၀င္းေဇာ္နဲ႔ ေဇယ်ာၿဖိဳးတို႔ ၃ ဦးကို စစ္ေဆးခ်က္ေတြအရ ေဖာ္ထုတ္ႏိုင္ခဲ့တာလို႔လည္း သတင္းစာရွင္းလင္းပြဲအတြင္း ေျပာပါတယ္။

တခါ ဦးကိုနီလုပ္ႀကံသတ္ျဖတ္မႈမွာ ဖမ္းထားတဲ့ ေဇယ်ာၿဖိဳးဆိုသူဟာ ေထာက္လွမ္းေရးေဟာင္းတေယာက္ျဖစ္ၿပီး မဘသ အဖြဲ႔နဲ႔ ဆက္စပ္ပတ္သက္ေနသူတဦးျဖစ္သလို၊ ေခၚယူစစ္ေဆးခဲ့တဲ့ လႊတ္ေတာ္အမတ္ ဦးလင္းေဇာ္ထြန္းဆိုသူဟာလည္း ႀကံ့ခိုင္ေရးအမတ္တဦး ျဖစ္ေနတာေၾကာင့္ အဲ့ဒီအဖြဲ႔အစည္းေတြ ပါမပါ ေမးျမန္းတဲ့အခါမွာလည္း ျပည္ထဲေရး၀န္ႀကီးက ျငင္းပါတယ္။

“ျပည္ခိုင္ၿဖိဳးပါတီေတြဘာေတြ ဘာမွ ေျပာစရာအေၾကာင္း မရွိဘူး၊ေထာက္လွမ္းေရးနဲ႔ ပတ္သက္ၿပီးေတာ့ သူ႔မွာ ကုမၸဏီထဲမွာ တခ်ိဳ႔ အရင္ ေထာက္လွမ္းေရးက ထြက္သြားတဲ့သူေတြ ပါတယ္ဆိုတာ ကိုယ္တို႔ သိတယ္၊ ေမးၾကည့္တယ္၊ စစ္ေဆးၾကည့္တယ္၊ ေဖာ္ထုတ္တယ္၊ သို႔ေသာ္လည္း အရင္ တပ္မေတာ္ေထာက္လွမ္းေရး လုပ္တဲ့သူေတြဟာ တိုင္းျပည္သစၥာေဖာက္တဲ့သူေတြမွ မဟုတ္တာ၊ အဲ့ဒီအတြက္ ဒီလူေတြ သတ္စရာ အေၾကာင္း မရွိဘူး။ မဘသ ကိစၥ၊ ယံုၾကည္မႈ ကိုးကြယ္မႈ ဆိုတာ ရွိေကာင္း ရွိေနပါလိမ့္မယ္၊ ထြက္ဆိုခ်က္ေတြအရ သူ႔ရဲ႕ မိဘေတြဟာ ဆရာရင္း ဒကာရင္းေတြ ျဖစ္ေနတယ္၊ သူ ကိုယ္တိုင္လည္း ဘာသာေရး ယံုၾကည္တယ္၊ သို႔ေသာ္လည္းပဲ ဘုန္းႀကီးေတြက သတ္ပါလို႔ ဘယ္သူ ေျပာမလဲ၊ ဘယ္ဘုန္းႀကီးက ေျပာမွာလဲ။”

ဒါ့အျပင္ အခုဖမ္းမိထားသူေတြအျပင္ ေနာက္ထပ္ပါ၀င္ပတ္သက္သူ ရွိ/မရွိ ဆုိတာဟာ လြတ္ေျမာက္ေနတဲ့ ေအာင္၀င္းခုိင္ကုိ ဖမ္းမိမွ သိႏုိင္မွာျဖစ္ၿပီး ဖမ္းဆီးႏုိင္ေရးအတြက္လည္း အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ေနတယ္လို႔ ဒုဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြက ေျပာပါတယ္။

ဥိီးကိုနီအား လုပ္ႀကံသတ္ျဖတ္သူ ၾကည္လင္း၊ ပါ၀င္ပတ္သက္သူ ေဇယ်ာၿဖိဳးနဲ႔ ေအာင္၀င္းေဇာ္တို႔အျပင္ လူသတ္ဖို႔ ညႇိႏႈိင္းခံခဲ့ရဖူးသူ နဂါးေလး(ခ)ေအာင္နိုင္ျမင့္တို႔ကို ရာဇသတ္ႀကီး ဥပေဒပုဒ္မ၊ လက္နက္ဥပေဒပုဒ္မ၊ လ၀ကဥပေဒေတြနဲ႔ စြဲခ်က္တင္သြားမယ္လုိ႔ ရဲခ်ဳပ္ေဇာ္၀င္းက ဆုိပါတယ္။

ၿပီးခဲ့တဲ့ ဇန္န၀ါရီ ၂၉ ရက္ ညေန ၅ နာရီေလာက္က ရန္ကုန္ေလဆိပ္မွာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ ဥပေဒအႀကံေပး ဦးကိုနီဟာ ေသနတ္သမား ၾကည္လင္းရဲ႕ ေသနတ္နဲ႔ အနီးကပ္လုပ္ႀကံသတ္ျဖတ္ခံခဲ့ရၿပီး ေသနတ္သမားကုိ လုိက္လံဖမ္းဆီးတဲ့ ကုိေန၀င္းလည္း ပစ္ခတ္ခံရလုိ႔ ေသဆုံးခဲ့ပါတယ္။

DVB
==============
ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ ပြည်ခိုင်ဖြိုး၊ မဘသ၊ ထောက်လှမ်းရေးတို့ ပတ်သက်ခြင်းမရှိဘဲ အစွန်းရောက် မျိုးချစ်စိတ်ကြောင့် ဖြစ်တာလို့ ပြည်ထဲရေးပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ မူးယစ်ဆေးဝါးပြတိုက်မှာ လုပ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အမျိုးမျိုး ချိန်ဆရပါတယ်။ သို့သော်လည်းပဲ တကယ်တမ်း စိစစ်တဲ့အခါမှာတော့ ဒီဟာဟာ အမျိုးချစ်တဲ့စိတ်ကြောင့် အစွန်းရောက်သွားတာ၊ အစွန်းရောက်တဲ့ မျိုးချစ်စိတ်ဓာတ်တွေ ကိန်းအောင်းသွားတဲ့အချိန်မှာ  လုပ်ကြံလိုက်တယ်လို့ ဒါ ကိုယ်တို့ ဖော်ထုတ်လို့ရပါတယ်။”

ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး ဖမ်းထားတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ ၃ ဦးကို စစ်ဆေးချက်တွေအရ ဖော်ထုတ်နိုင်ခဲ့တာလို့လည်း သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

တခါ ဦးကိုနီလုပ်ကြံသတ်ဖြတ်မှုမှာ ဖမ်းထားတဲ့ ဇေယျာဖြိုးဆိုသူဟာ ထောက်လှမ်းရေးဟောင်းတယောက်ဖြစ်ပြီး မဘသ အဖွဲ့နဲ့ ဆက်စပ်ပတ်သက်နေသူတဦးဖြစ်သလို၊ ခေါ်ယူစစ်ဆေးခဲ့တဲ့ လွှတ်တော်အမတ် ဦးလင်းဇော်ထွန်းဆိုသူဟာလည်း ကြံ့ခိုင်ရေးအမတ်တဦး ဖြစ်နေတာကြောင့် အဲ့ဒီအဖွဲ့အစည်းတွေ ပါမပါ မေးမြန်းတဲ့အခါမှာလည်း ပြည်ထဲရေးဝန်ကြီးက ငြင်းပါတယ်။

“ပြည်ခိုင်ဖြိုးပါတီတွေဘာတွေ ဘာမှ ပြောစရာအကြောင်း မရှိဘူး၊ထောက်လှမ်းရေးနဲ့ ပတ်သက်ပြီးတော့ သူ့မှာ ကုမ္ပဏီထဲမှာ တချို့ အရင် ထောက်လှမ်းရေးက ထွက်သွားတဲ့သူတွေ ပါတယ်ဆိုတာ ကိုယ်တို့ သိတယ်၊ မေးကြည့်တယ်၊ စစ်ဆေးကြည့်တယ်၊ ဖော်ထုတ်တယ်၊ သို့သော်လည်း အရင် တပ်မတော်ထောက်လှမ်းရေး လုပ်တဲ့သူတွေဟာ တိုင်းပြည်သစ္စာဖောက်တဲ့သူတွေမှ မဟုတ်တာ၊ အဲ့ဒီအတွက် ဒီလူတွေ သတ်စရာ အကြောင်း မရှိဘူး။ မဘသ ကိစ္စ၊ ယုံကြည်မှု ကိုးကွယ်မှု ဆိုတာ ရှိကောင်း ရှိနေပါလိမ့်မယ်၊ ထွက်ဆိုချက်တွေအရ သူ့ရဲ့ မိဘတွေဟာ ဆရာရင်း ဒကာရင်းတွေ ဖြစ်နေတယ်၊ သူ ကိုယ်တိုင်လည်း ဘာသာရေး ယုံကြည်တယ်၊ သို့သော်လည်းပဲ ဘုန်းကြီးတွေက သတ်ပါလို့ ဘယ်သူ ပြောမလဲ၊ ဘယ်ဘုန်းကြီးက ပြောမှာလဲ။”

ဒါ့အပြင် အခုဖမ်းမိထားသူတွေအပြင် နောက်ထပ်ပါဝင်ပတ်သက်သူ ရှိ/မရှိ ဆိုတာဟာ လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်ကို ဖမ်းမိမှ သိနိုင်မှာဖြစ်ပြီး ဖမ်းဆီးနိုင်ရေးအတွက်လည်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒုဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောပါတယ်။

ဥိီးကိုနီအား လုပ်ကြံသတ်ဖြတ်သူ ကြည်လင်း၊ ပါဝင်ပတ်သက်သူ ဇေယျာဖြိုးနဲ့ အောင်ဝင်းဇော်တို့အပြင် လူသတ်ဖို့ ညှိနှိုင်းခံခဲ့ရဖူးသူ နဂါးလေး(ခ)အောင်နိုင်မြင့်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ၊ လက်နက်ဥပဒေပုဒ်မ၊ လဝကဥပဒေတွေနဲ့ စွဲချက်တင်သွားမယ်လို့ ရဲချုပ်ဇော်ဝင်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီလောက်က ရန်ကုန်လေဆိပ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီဟာ သေနတ်သမား ကြည်လင်းရဲ့ သေနတ်နဲ့ အနီးကပ်လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး သေနတ်သမားကို လိုက်လံဖမ်းဆီးတဲ့ ကိုနေဝင်းလည်း ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါတယ်။

DVB

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...