ခွေးဖြစ်မယ့်ကိန်းကနေ သူခိုးဖြစ်မယ့်ကိန်းကို ဆိုက်ပါတော့တယ်။ (YBS Owner တဦးရဲ့ ရင်ဖွင့်သံ)

YBS Owner တဦးရဲ့ ရင်ဖွင့်သံ

ခွေးဖြစ်မယ့်ကိန်းကနေ လွတ်မြောက်ရန် ကြိုးစားအပြီးမှာတော့ သူခိုးဖြစ်မယ့်ကိန်းကို ဆိုက်ပါတော့တယ်။

ယခု YBS ရဲ့ Bus တွေ အပေါ် ချမှတ် လိုက်တဲ့ ငွေရှင်းပုံ စည်းကမ်း လေးကို ပြောပြပါ့မယ်။ စိတ်ဝင်စား စရာ ကောင်းပါတယ်။ စုပေါင်း ပြေးဆွဲ စုပေါင်းငွေရှင်း စနစ်ပါ။

ဆိုပါတော့ဗျာ။
ဒီနေ့ အတွက် ဒီလိုင်း က ကား ၁၀စီး ထွက်တယ်ပေါ့။ ၁၀စီး လုံးကရတဲ့ရှာဖွေငွေ ကို အခေါက်တိုင်းမှာ YBS ကဝန်ထမ်း(မထသ က အရင် လူဟောင်းတွေချည်းပါပဲ)တွေက သိမ်းပါတယ်။ ညနေ ဂိတ်ပိတ်မှ တစ်ကြောင်းဘယ်လောက်နှုန်းနဲ့
အချိုးကျ ပြန်ခွဲ ပေးမယ်ပေါ့။ ရည်ရွယ်ချက် ကတော့ ကားတွေ ပြိုင်မမောင်းတော့ဘူးပေါ့။

ပြသနာ အဲ့ဒီက စပါတယ်။
ကျွန်တော့ ကား တစ်ဝိုင်း(အသွား အပြန်) ဆွဲတာ ၅၃၀၀၀ ရပါတယ်။
driver ကလှမ်းမေးပါ တယ်။ အကို ဘာလုပ်ရမလဲပေါ့။
ကျွန်တော်က အပ်လိုက်ပါ လို့ ပြောလိုက်ပါတယ်။
ဆီဖိုး နဲ့ အခြား ကုန်ကျစရိတ် ဘာမှ နှုတ်မထားပါ
သူဖုန်းပြန်ဆက်ပါတယ်။

အကို သူများ တွေ က အများ ဆုံး ၃၀၀၀၀ ပဲ အပ်ထားပါတယ်တဲ့
၈၀၀၀ အပ်တဲ့ သူတွေ လည်း ရှိပါတယ်တဲ့။

ဆိုတော့
ဒီလမ်းကြောင်း(မနေ့ က လိုင်း ၁၅ မှာ ဆွဲ တာ အဆင်မပြေလို့ ညတွင်းချင်း ၂၈ လိုင်းကို ပြောင်းဖို့ ကြိုးစားပြီး ဆွဲပါတယ်) ၂၈ မှာ အနည်း ဆုံး ၂၅၀၀၀ ၃၀၀၀၀ တော့ အောက်ထစ် ရနိုင်တယ်ဗျ။

၈၀၀၀ လောက်ပဲ အပ်တဲ့ ကားဟာ သေချာပေါက် ခိုးထားပါပြီ။
ဆိုတော့ ဗျာ ကျွန်တော်တို့ ဘယ်လောက်အပ်အပ် ညနေကျတော့ အတူတူ ရကြမှာပဲလေ။ ဘယ်သူက ရသလောက်အပ်ချင်ပါတော့မလဲ။

အဲ့ တော့ ခိုးကြပေါ့။
ကျွန်တော် ကရော ရောမ ရောက် ရောမ လိုကျင့် ဆိုပြီး သူများတွေလိုပဲ ကျွန်တော့ လူတွေ ကို ရသမျှ မအပ်ခိုင်းပဲ ခိုးရမှာလား။
ဟေ့ ဘယ်သူ တရား ပျက် ပျက် ကိုယ်မပျက်စေ နဲ့ ဆိုပြီး ရသမျှအပ်ခိုင်း ရမှာလား
ကြာလာရင် ကျွန်တော့လူတွေ ကပါ ကျွန်တော့် ဆီက ပြန်ခိုးတော့မှာပါ။

ဒီလိုတွေ ဖြစ်လာမယ် ဆိုတာကို YBS က တာဝန်ရှိသူတစ်ယောက်ဆီ ကို လွန်ခဲ့ တဲ့ တစ်ပတ် လောက်က ကျွန်တော် ဖုန်းဆက်ပြီး ပြောတော့
အဲ့ လိုမဖြစ်နိုင်ပါဘူးတဲ့။ YBS က ဝန်ထမ်းတွေ ကစီစစ် ပါလိမ့်မယ်တဲ့။

ခုချိန်ထိ ဂိတ်တွေမှာ YBS က ဝန်ထမ်း တစ်ယောက်မှ မရှိသေးပါ မထသ ကဝန်ထမ်းတွေပဲ စီမံ နေတုန်းပါ။ ဘာပဲ ဖြစ်ဖြစ် အားလုံး ခိုးကုန်ကြပါပြီ။
ကျွန်တော် လည်း မကြာခင် ခိုးရတော့မယ့် ကိန်း ဆိုက်နေပါပြီ။
owner တွေ
Driver တွေ
Spare တွေ
သူခိုးဖြစ်မယ့် system ကြီး Cheerrrrrrr ပါ
ပျော်စရာကြီးပါ။

မူလရေးသူကို ခရက်ဒစ်ပေးပါတယ်။ တဆင့်ပြီး တဆင့်ရောက်လာတဲ့ ဖွင့်ဟဝန်ခံချက်ပါ။ ပြုပြင်လိုသူတွေ သိစေလိုလို့ တင်ပေးလိုက်ပါတယ်။
Credit ..Kyi Kyi Khin.

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...