ကားမီးလောင်ပြီးချင်း အချိန်က ပုံနဲ့ Eleven က အင်တာဗျူးမှာ ဖြေနေတဲ့အချိန် ပုံချင်း အတူကြည့်ရင်း သူဖြေထားတာလေးတွေ ကြည့်ရအောင်..။

ကားကတိုက်​ပြီးချက်​ချင်းမီးမ​လောင်​သွား​သေးဘူးဆိုတာ
အသက်​ရှင်​လွတ်​​မြောက်​သွားသူ ​အောင်​ခန့်​ ရဲ့ Eleven Broadcasting ရဲ့ အင်​တာဗျူးမှာ မေးမြန်းသူကို
မျက်​နှာချင်းဆိုင်​​တောင်​မ​ပြောပဲ ထိခိုက်​မှု့ ဒဏ်​ရာကြီးကြီးမားမား မရထားပါဘဲနှင့်​ လူနာတင်​လှည်း​ပေါ်မှာ လှဲ​လျောင်းရင်း
မူမမှန်​တဲ့ မျက်​လုံးအ​ခြေအ​နေ ...
စကားလုံးကွဲ​အောင်​မပီ​တော့တဲ့ တစ်​ချို့စကားလုံး​တွေ ... 
နောက်​ အစီအစဉ်​မကျတဲ့ စကားလုံး​တွေနဲ့ ပြန်​​ဖြေခဲ့ပါတယ်
သူပြန်​​ဖြေခဲ့ရာမှာ တစ်​ချို့ ကျွန်​တော်​ မသဲကွဲတဲ့ စကားလုံးတစ်​ချို့ကို ကွင်းစကွင်းပိတ်​နဲ့​ဖော်​ပြထား​ပေးပါတယ်

အောင်​ခန့်​ Eleven ဂျာနယ်​ကို ပြန်​​ဖြေခဲ့တဲ့ စကားများ

>> ကျွန်​​တော်​က​တော့ အိပ်​​နေတာ
အိပ်​​နေတာက ဖုန်းဆိုတဲ့ အသံ​တော့ကြားလိုက်​​တယ်​ ဒါ​ပေမယ့်
တာယာပွင့်​တာလား ဘာလား​သေချာမသိလိုက်​ဘူး
အဲအချိန်​မှာ ဒုန်းဒုန်းနဲ့တိုက်​သွား​ရော ဒရိုင်​ဘာက
ကျွန်​​တော့်​ဖက်​ကို ​ရောက်​လာတယ်​ ကျွန်​​တော့်​​ပေါ်မှာ
(တုပြီး​တော့ )
( ​ကျော်​စိုး) လို့ဆိုပြီး​တော့​ပြောပြီး
ပြီး ထိုင်​ခုန်​ဒီဖက်​​ဇောင်းနဲ့ ဒါနဲ့​စောင့်​ပြီး ဒါနဲ့ အဲဒီအချိန်​မှာ
ကျွန်​​တော်​​သွေးပူ​နေ​တော့ အဲဒီနာ​တာ​တွေဘာ​တွေ ကျွန်​​တော်​မသိဘူး သူက ကျွန်​​တော့်​အ​ပေါ်မှာ ညပ်​​နေပြီး​ ကားတိုက်​တာ အ​ရှေ့​ခြေ​ထောက်​က အဲအချိန်​မှာ ကျွန်​​တော်​က သူ့ကို
လျှိပြီးထွက်​ရတာ ထွက်​ပြီး တံခါး​တွေအကုန်​ ကျွန်​​တော်​လိုက်​ဖွင့်​တယ်​ ဒါ​ပေမယ့်​ အဲဟိုဖက်​တံခါးတစ်​ချပ်​​တော့ပွင့်​ပြီး ဒီအ​နောက်​တံခါးကြီးက ဟိုဖက်​က တံခါးကြီး​တော့ Lock သွားဖွင့်​တယ်​ ဒါ​ပေမယ့်​ ဒီဖက်​တံခါးက​တော့ Lock ​တော့ပွင့်​တယ်​ ဒါ​ပေမယ့်​ ဖွင့်​လိုမရဘူး တိုက်​ထားတဲ့ အရှိန်​နဲ့ ဟိုဟာဖြစ်​ပြီး​တော့ ဘန်​ဘာ​တွေဘာ​တွေ ​ကောက်​ထွက်​ပြီး​တော့ လုံးဝဆွဲဖွင့်​လို့မရဘူး အဲအချိန်​မီးက ထ​လောင်​တယ်​ ​အောက်​က ကျွန်​​တော့်​​ခြေ​ထောက်​​ပေါ်ဆွဲမိသွားတယ်​ အဲဒါနဲ့ ကျွန်​​တော်​ခါပြီး ( လှည်းလဲ ) တယ်​ ဒါမဲ့ တစ်​ချပ်​ဖွင့်​ပြီး​တော့ ကျွန်​​တော့်​လက်​​တွေကိုပါ ​လောင်​ပိန်းပြီး ကျွန်​​တော်​တို့ ​နောက်​ဆုံးပူလို့ မရ​တော့လို့ အဲနားက​နေ​ရောက်​လာတဲ့ အကိုကြီးတစ်​​ယောက်​က ညီ​လေးမင်းပါဖယ်​လိုက်​​တော့ တဲ့မင်းပါ ပါသွားလိမ့်​မယ်​ လှမ်း​အော်​လို့ ​နောက်​​တော့ မှန်​​တွေ ခွဲ​သေးတယ်​ မရဘူး ... ကျွန်​​တော်​တို့ ရန်​ကုန်​သွားတုန်းက​တော့ ပုဂံ​ညောင်​ဦးကို ဘုရားသွားတယ်​ ပြန်​လာ​တော့ ​နေပြည်​​တော်​မှာ အလုပ်​ရှိလို့ခဏ၀င်​တယ်​ ပြီး​တော့ အဲ ပုဂံ​ညောင်​ဦးက ပြန်​လာတာ ပြန်​လာတာ​တော့ ရန်​ကုန်​ကို ပြန်​လာတာ ဘုရားဖူးပြီး
ပြန်​လာတာ တက်​နိုင်​သ​လောက်​လုပ်​​ပေးဖို့ မှန်​​တွေခွဲတယ်​ ဒါ​လောက်​ပဲ လုပ်​​ပေးလို့ရတယ်​ ကျန်​တာဘာမှ​တော့ လုပ်​​ပေးလို့မရဘူး တစ်​​ယောက်​တည်းဖြစ်​​တော့ ပိုစိုးတယ်​ <<

ဒီ​ဖြေဆိုချက်​​တွေက လုံးဝအလိမ်​အညာဖြစ်​​ကြောင်း ​မ​နေ့က သတင်းတစ်​ချို့မှာ ​​​ဖော်​ပြထားခဲ့ပါတယ်​ ... သူကိုယ်​တိုင်​ ကားကို ​မောင်းခဲ့ခြင်းဖြစ်​ပါတယ်​တဲ့

အကယ်​၍ ကားဘီး​ပေါက်​ပြီး လမ်းတစ်​ဖက်​ခြမ်းကိုပွတ်​ဆွဲခဲ့သည်​ဆိုပါဆို့ ...
ကားက ညာ​မောင်းမိုလို့ ဘယ်​ဘယ်​အခြမ်းက ပွတ်​တိုက်​မှု့ဖြစ်​တဲ့အတွက်​ ဒရိုင်​ဘာဘတ်​အခြမ်းက​တော့ အ​ကောင်းတိုင်း​ဆေးမပွန်းပဲ​တောင်​ရှိ​နေမှာပဲ .. သူအလွယ်​တကူဆင်းလို့ရပါမယ်​ .... အဲအချိန်​ ​အောင်​ခန့်​ ​ဘေးနားမှာ CEO ဦ၀င်းထွန်း ဘက်​အခြမ်းက တိုက်​မိတဲ့အတွက်​ ဦးဝင်​ထွန်း အနည်း​လောက်​​တော့ ဒဏ်​ရာ ရရှိ​ကောင်း ရရှိနိုင်​ပါလိမ့်​မယ့်​ ​ကားလမ်းအလည်​အကာကိုပွတ်​တိုက်​မိခြင်းဖြစ်​တဲ့အတွက်​ ကြီးမားတဲ့ ထိခိုက်​မှု့မျိုး​တော့ မရှိ​လောက်​ပါ ... အဲအချိန်​ ​ယောကျာင်္းသား ၂ ​ယောက်​ဖြစ်​တဲ့ CEO ဦးဝင်းထွန်း နဲ့ ​အောင်​ခန့်​ ဒရိုင်​ဘာတို့ ၂ ​ယောက်​သား​တော့ ကား​ပေါ်က ဆင်း​ကောင်းဆင်းကြလိမ့်​မယ်​ ... ပြီးရင်​ အ​နောက်​ခန်းက တံခါးကို သူတို့ ဖွင့်​​ပေးကြလိမ်​မယ်​ ... အချိန်​အားဖြင့်​ ဘီး​ပေါက်​ပြီး ကားလမ်း​ဘေအကာနဲ့ ပွတ်​တိုက်​ပြီးပြီးချင်း အရှိန်​ကုန်​ရပ်​သွားတဲ့အချိန်​ ဟာ ​အောင်​ခန့်​ ကား​ပေါ်က ဆင်းပြီး တံခါးဖွင့်​ဖို့ကြိုးစားတဲ့ အချိန်​နဲ့ဆို အမြန်​ဆုံး စက္ကန့်​၃၀ နဲ့ ၁ မိနစ်
ကြားမှာပဲ ရှိမှာပါ ... အဲအချိန်​မှ ဘယ်​ဆီတိုင်​ကီက ဘယ်​က မီးကူးပြီး ဘယ်​လို ​ထ​လောင်​နိင်​စရာ အ​ကြောင်း လုံးလုံးမရှိပါ ... အကယ်​၍ မီး​လောင်​ခဲ့သည်​ထားဦး ​အောင်​ခန့်​ ​အောက်​ဆင်းလို့ရတဲ့ အချိန်​ မှာ CEO ဦးဝင်းထွန်းနဲ့ ​အ​နောက်​မှာပါတဲ့ မိန်းက​လေး ၇ ​ယောက်​လည်း မီးအရှိန်​မ​ကောင်းခင်​ သူတို့ ထိခိုက်​ဒဏ်​ရာ တစ်​စုံတစ်​ရာမပါပဲ ​ဘေးကင်းရာသို့ လွတ်​​မြောက်​နိုင်​ပါတယ်​ ....

ဒီဖြစ်​ရပ်​မှာ ​အောင်​ခန့်​ ဆိုတဲ့သူ တစ်​​ယောက်​တည်း တစ်​စုံတစ်​ရာ ထိခိုက်​မှု့မရှိပဲ ... သူစီးထားတဲ့ ဖိနပ်​အဖြူ​တောင်​ မညစ်​​ပေပဲ ... လွတ်​​မြောက်​ခဲ့ခြင်းက ​သွေးရိုးသားရိုးဖြစ်​နိုင်​မည်​လား ???

ကားအ​ရှေ့ဘီး​ပေါက်​ပြီး ကား​တစ်​ခြမ်းဆွဲ လမ်းအကာနဲ့ ပွတ်​တိုက်​မှု့ဖြစ်​တဲ့ အချိန်​ ကား​နောက်​ခန်းမှာ ပါလာတဲ့ မိန်းက​လေး ၇​ယောက်​လုံး မည်​သို့ဖြစ်​​နေမည်​နည်း ????

အိပ်​​ပျော်​​နေခြင်း​တော့ မဖြစ်​နိုင်
ထို့အတူ CEO ဦးဝင်းထွန်း ​ရော မည်​သို့ဖြစ်​​နေမည်​နည်း ???

သူတို့ အဲဒီအချိန်​ ​မေ့​မြော​နေခဲ့ခြင်းလား
သို့မဟုတ်​ အ​ကြောင်းတစ်​စုံတစ်​ရာ​ကြောင့်​ မည်​သည့်​ တုန့်​ပြန်​မှု့မျိုးမှ မပြုလုပ်​နိုင်​ပဲ မီး​လောင်​မှု့ ဒဏ်​ကို ခံပြီး ​သေဆုံးသွားခဲ့
ကြရသည်​လား ???

ဒရိုင်​ဘာ ခုံမှာ ကျန်​ခဲ့တဲ့ ​သေဆုံးသူ CEO ဦးဝင်းထွန်း ဟု ယူဆရတဲ့ အ​လောင်းရှိ​နေခဲ့ပါသလား ???

သေဆုံးသူ CEO ဦးဝင်းထွန်း ဟု ယူဆရတဲ့ အ​လောင်းဟာ ဒရိုင်​ဘာ ထိုင်​ခုံတွင်​ ရှိ​နေခဲ့လျှင်​​တော့ ကားကို ​အောင်​ခန့်​​မောင်းနှင်​ခဲ့သည်​ဟု ထွက်​ဆိုခဲ့ခြင်းနဲ့ စပ်​စပ်​ကြည့်​လျှင်​ ကားပွတ်​တိုက်​မှု့ ဖြစ်​ပြီး ​အောင်​ခန့်​က CEO ဦးဝင်းထွန်း ကားကို ​မောင်းနှင်​ခဲ့သည်​ဟု ထွက်​ဆို ချက်​အတိုင်း ​ပေါ်​ပေါက်​​စေရန်​ CEO ဦးဝင်းထွန်းကို ​နေရာ​ပြောင်းရမည်​ဖြစ်​သည်​ .... အလွယ်​တကူ ​ပြောင်းနိုင်​ခဲ့ခြင်းလား .... ထိုသို့ ​နေရာ​ပြောင်း​နေချိန်​ အ​နောက်​တွင်​ မိန်းက​လေး ၇ ​ယောက်​က​ရော ဒီအတိုင်း ကြည့်​​နေခြင်းလား ???

ဒါဟာ လုပ်​ကြံမှု့ တစ်​ခုလား ???

ရိုးရိုးသာမာန်​ တက္ကသိုလ်​​တောင်​ ပထမနှစ်​ ဆုံးခန်းတိုင်​​အောင်​မတက်​ခဲ့တဲ့ ၂၂ နှစ်​အရွယ်​ ကျွန်​​တော်​လို့ င​မြောက်​င​ခြောက်
တောင်​ ဒီလို အ​တွေး ခပ်​ညံ့ညံ့ကို ​တွေးနိုင်​ခဲ့ရင်​ ... ပုခုံး​ပေါ်က ကြယ်​ပွင့်​တစ်​ပွင့်​ရဖို့အတွက်​ ကြိုးပမ်းအားထုတ်​ ပြီး အမှု့​ပေါင်း များစွာကို ​ဖော်​ထုတ်​ခဲ့တဲ့ ရဲအရာရှိကြီး​တွေလည်း ကျွန်​​တော့်​လို့ င​မြောက်​င​ခြောက်​​ကောင်​အ​တွေး​တွေထက်​ ​လေးနက်​တဲ့အ​တွေး​တွေ ​မေးခွန်း​တွေ ရှိ​မှာ ကျိန်​​သေးပါ ....

ကျွန်​​တော်​ ဒီက​နေပဲ ​တောင်းဆိုပါရ​စေ
ကျွန်​​တော်​အပါအ၀င်​ ​သေဆုံးသူ ၈ ဦးနဲ့ ​သေဆုံးသူမိသားစုဝင်​​တွေ ရဲ့ မျက်​ရည်​နဲ့ ပူ​ဆွေး​သောက မှု့​တွေဟာ လွယ်​လွယ်​​လေး​တော့ အဆုံမသတ်​​စေချင်​ပါဘူး .... အမှု့မှန်​​ပေါ်​ပေါက်​ပြီး တရားမျှတ​သော စီရင်​မှု့​တွေကို ​လေး​လေးနက်​နက်​ ထားပြီး စီစဉ်​​စေချင်​ပါတယ်​ ...

ဟုတ်​ကဲ့
ကျွန်​​တော့်​နာမည်​​အောင်​​ကျော်​မင်းပါ
သေဆုံးသူ မ၀င်းပပ​ဌေး အသက်​ (၁၈) ရဲ့ အကိုတစ်​​ယောက်​ပါ
Credit ဆူး သစ္စာ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...