ဦးကိုနီကို ဘာ့ေၾကာင့္ သတ္ရတယ္ဆိုတဲ့ စစ္ခ်က္သတင္းမ်ား အြန္လိုင္းေပၚ သတင္းေပါက္ၾကားမႈျဖစ္

ဦးကိုနီ၏ ဓာတ္ပုံကို ေထာက္ျပၿပီး သတ္ေပးမည္ ဆိုပါက ကား ၁ စီး ေပးမည္ဟု မက္လုံးေပး
ဦးကိုနီအမႈကို တရားခံေျဖာင့္ခ်က္ပါ ရဲစစ္ခ်က္မ်ား အြန္လိုင္းေပၚ သတင္းေပါက္ၾကားမႈျဖစ္
တရားလႊတ္ေတာ္ ေရွ႕ေန ဦးကိုနီ ကို ေသနတ္ျဖင့္ ပစ္ခတ္ လုပ္ႀကံခဲ့မႈကို စစ္ေဆးထားသည့္ ရဲစစ္ခ်က္ စာ႐ြက္စာတမ္းမ်ား လူမႈကြန္ယက္ မီဒီယာေပၚသို႔ ေပါက္ၾကားခဲ့ၿပီး အဆိုပါအခ်က္အလက္မ်ားမွာ မွန္ကန္ေၾကာင္း အမည္မေဖာ္လိုသူ ရဲအရာရွိ တဦးထံမွ သတင္းရရွိသည္။
အြန္လိုင္းတြင္ ပ်ံ့ႏွံ႕ေနေသာ ရဲစစ္ခ်က္ စာ႐ြက္စာတမ္းမ်ားအရ ထိုင္းနယ္စပ္တြင္ ေနထိုင္သူ ျမင့္ေဆြ ဆိုသူက ဦးကိုနီ၏ ဓာတ္ပုံကို ေထာက္ျပၿပီး သတ္ေပးမည္ ဆိုပါက ကား ၁ စီး ေပးမည္ဟု မက္လုံးေပး ေျပာဆိုခဲ့ျခင္းေၾကာင့္သတ္ျဖတ္ခဲ့ျခင္းျဖစ္ၿပီး ယခင္က ဘုရားခိုးမႈျဖင့္ ေထာင္က်ဖူးေၾကာင္းႏွင့္ လုပ္ႀကံရာတြင္ အသုံးျပဳခဲ့ေသာ ေသနတ္ ၂ လက္မွာ ျမင့္ေဆြဆိုသူက ေပးခဲ့ျခင္ျဖစ္ေၾကာင္း တရားခံက ေျဖာင့္ခ်က္ေပးထားသည္။
စာ႐ြက္ ၆ ႐ြက္ပါရွိေသာ ရဲစစ္ခ်င္အျပည့္အစံုတြင္ စာမ်က္ႏွာ ၁၊ ၂၊ ၃ နဲ႕ ၆ သာအြန္လိုင္းေပၚသို႔ ပ်ံ့ႏွံ႕ခဲ့ၿပီး အဓိက အခ်က္အလက္မ်ားပါဝင္သည့္ စာမ်က္ႏွာ ၄၊ ၅ ကိုမူ လူမႈကြန္ယက္ စာမ်က္ႏွာေတြထက္မွာ ေဖာ္ျပျခင္းမရွိေၾကာင္း သိရသည္။
ေလဆိပ္ရဲတပ္ဖြဲ႕က တရားခံျဖစ္သူ ၾကည္လင္းကို ဇန္နဝါရီ ၂၉ ရက္ေန႕ ညတြင္ပင္ ရဲတပ္ဖြဲ႕ဌါနေပါင္းစုံႏွင့္ ၿမိဳ႕နယ္႐ုံးတြင္ စစ္ေဆးေနဆဲျဖစ္ၿပီး စစ္ေဆးထားေသာ စစ္ခ်က္မ်ားကို ရဲတပ္ဖြဲ႕ တဖြဲ႕ထံမွ တဖြဲ႕ထံသို႔ Viber နဲ႕ သတင္းပို႔ရာမွ (Hack)ၾကားျဖတ္ယူခံရတယ္လို႔ သိရွိရပါတယ္။ ဒီလ်ိဳ႕ဝွက္စာ႐ြက္ေတြ အြန္လိုင္းေပၚကို ပ်ံ့ႏွံ႕ခဲ့ရတာနဲ႕ ပက္သက္ၿပီး ဘယ္သူ႕ထံက စျဖစ္တယ္ဆိုတာကို စုံစမ္းစစ္ေဆးေနေၾကာင္း သိရွိရသည္။

Ref:ဧရာဝတီ
Unicode>>>
ဦးကိုနီအမှုကို တရားခံဖြောင့်ချက်ပါ ရဲစစ်ချက်များ အွန်လိုင်းပေါ် သတင်းပေါက်ကြားမှုဖြစ်
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့မှုကို စစ်ဆေးထားသည့် ရဲစစ်ချက် စာရွက်စာတမ်းများ လူမှုကွန်ယက် မီဒီယာပေါ်သို့ ပေါက်ကြားခဲ့ပြီး အဆိုပါအချက်အလက်များမှာ မှန်ကန်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိ တဦးထံမှ သတင်းရရှိသည်။ 
အွန်လိုင်းတွင် ပျံ့နှံ့နေသော ရဲစစ်ချက် စာရွက်စာတမ်းများအရ ထိုင်းနယ်စပ်တွင် နေထိုင်သူ မြင့်ဆွေ ဆိုသူက ဦးကိုနီ၏ ဓာတ်ပုံကို ထောက်ပြပြီး သတ်ပေးမည် ဆိုပါက ကား ၁ စီး ပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့ခြင်းကြောင့်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ဘုရားခိုးမှုဖြင့် ထောင်ကျဖူးကြောင်းနှင့် လုပ်ကြံရာတွင် အသုံးပြုခဲ့သော သေနတ် ၂ လက်မှာ မြင့်ဆွေဆိုသူက ပေးခဲ့ခြင်ဖြစ်ကြောင်း တရားခံက ဖြောင့်ချက်ပေးထားသည်။
စာရွက် ၆ ရွက်ပါရှိသော ရဲစစ်ချင်အပြည့်အစုံတွင် စာမျက်နှာ ၁၊ ၂၊ ၃ နဲ့ ၆ သာအွန်လိုင်းပေါ်သို့ ပျံ့နှံ့ခဲ့ပြီး အဓိက အချက်အလက်များပါဝင်သည့် စာမျက်နှာ ၄၊ ၅ ကိုမူ လူမှုကွန်ယက် စာမျက်နှာတွေထက်မှာ ဖော်ပြခြင်းမရှိကြောင်း သိရသည်။
လေဆိပ်ရဲတပ်ဖွဲ့က တရားခံဖြစ်သူ ကြည်လင်းကို ဇန်နဝါရီ ၂၉ ရက်နေ့ ညတွင်ပင် ရဲတပ်ဖွဲ့ဌါနပေါင်းစုံနှင့် မြို့နယ်ရုံးတွင် စစ်ဆေးနေဆဲဖြစ်ပြီး စစ်ဆေးထားသော စစ်ချက်များကို ရဲတပ်ဖွဲ့ တဖွဲ့ထံမှ တဖွဲ့ထံသို့ Viber နဲ့ သတင်းပို့ရာမှ (Hack)ကြားဖြတ်ယူခံရတယ်လို့ သိရှိရပါတယ်။ ဒီလျို့ဝှက်စာရွက်တွေ အွန်လိုင်းပေါ်ကို ပျံ့နှံ့ခဲ့ရတာနဲ့ ပက်သက်ပြီး ဘယ်သူ့ထံက စဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးနေကြောင်း သိရှိရသည်။

Ref:ဧရာဝတီ




Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...