မိခင်ဖြစ်သူရဲ့ခေါင်းနဲ့ ခြေထောက်ကို သစ်သားတုတ်နဲ့ရိုက်နှက်ပြီး နေအိမ်ကိုမီးရို့တဲ့ သား

ဇန်န၀ါရီ၊ ၂၁၊ ရန်ကုန်။ ရှမ်းပြည်နယ် တောင်ပိုင်းနမ့်စန်မြို့မှာ သားဖြစ်သူက မိခင်ဆီကငွေ၁၅သိန်းတောင်းတာမရလို့ မိခင်ဖြစ်သူရဲ့ခေါင်းနဲ့ ခြေထောက်ကို သစ်သားတုတ်နဲ့ရိုက်နှက်ပြီး နေအိမ်ကိုမီးရို့ခဲ့တယ်လို့သိရပါတယ်။
ရိုက်နှက်ခံရတဲ့ မိခင်ဖြစ်သူက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီကိုသွားကာတိုင်ကြားနေချိန်မှာ နေအိမ်ကိုမီးရှို့ခဲ့တာဖြစ်တယ်လို့ နမ့်စန်ရဲစခန်းမှူးတင်မောင်ဆွေက ပြောပါတယ်။
သူက” ကောင်လေးက အရက်သေစာသောက်စားထားတာတော့မရှိပါဘူး။ ဖြစ်တဲ့အချိန်ကမနက်ဆိုတော့လေ သူ့အမေနဲ့ စကားများလို့လုပ်တယ်လို့ပဲပြောတယ် သူကိုအိမ်ပေါ်ကနှင်ချတော့ သူကမနေစေချင်ရင် ပိုက်ဆံပေး ဆိုပြီး ပြောတာကနေ စကားများကြတာပါ “လို့စခန်းမှူး တင်မောင်ဆွေက ပြောပါတယ်။
အဆိုပါဖြစ်ရပ်ဟာ သည်လ(၂၀)ရက်နေ့ မနက်(၆)နာရ်ီက နမ့်စန်မြို့ (၃)ရပ်ကွက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။မီးလောင်မှုကြောင့် နေအိမ်တစ်လုံးဆုံးရူံးခဲ့ရပြီး နေအိမ်အနီးကတစ်ခြားအိမ်တွေကို ကူးစက်မှုမရှိခဲ့ဘူးလို့ သိရပါ တယ်။ ဒဏ်ရာရရှိခဲ့တဲ့ မိခင်ဖြစ်သူဟာ နမ့်စန်ပြည်သူဈေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
မိခင်ဖြစ်သူရဲ့နောက်အိမ်ထောင်အမျိုးသားဟာ နေအိမ်ကိုမီးရို့ခဲ့တဲ့သားဖြစ်သူ နဲ့အသက်ရွယ်တူဖြစ်ပြီး အဆိုပါကိစ္စနဲ့ ပတ်သတ်ပြီးတော့လည်း သားအမိနှစ်ဦးမကြာခဏစကားများလေ့ရှိတယ်လို့ နေအိမ်ပတ်ဝန်းကျင်က အိမ်နီးချင်း အချို့ကပြောပါတယ်။
ဖြစ်ပွားတဲ့နေရာကို ရောက်ရှိခဲ့တဲ့ နမ့်စန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးနေဇော်နိုင်က “ သူ့အမေက ခေါင်းသုံးချက်ချုပ်လိုက်ရတယ်။ဒူးခေါင်းတွေနားမှာတော့ နည်းနည်းပွန်းပဲ့သွားတာပေါ့။ ကောင်လေးကအကြီးဆုံးသား ပါ။ဖြစ်တဲ့အချိန်သူတို့ သားအမိနှစ်ယောက်ပဲရှိတာ သူတို့အဖေကဆုံးသွားတာကြာပြီ။ သူ့အမေရဲ့နောက်အိမ်ထောင်က တခြားရပ်ကွက်မှာနေတာပါ။“လို့ပြောပြပါတယ်။ မိခင်ကိုရိုက်နှက်ပြီးနေအိမ်ကိုမီးရို့ခဲ့တဲ့အသက်၂၂ နှစ် အရွယ်မောင်ကိုကိုဦးကို နမ့်စန် ရဲစခန်းက မီးရို့မှုပုဒ်မ ၄၃၆၊ တုတ်ရိုက်မှု ပုဒ်မ ၃၂၅ နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။
Author – အေးအေးအောင်
Credit - kumudranews

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...