ယ​နေ့နံနက်​ ဘုန်းကြီး​ကျောင်း တခု၌ ဓားပြတိုက်​အနုကြမ်းစီးမှုဖြစ်ပွား

၂၁..၁..၁၇
-
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ယ​နေ့ ဇန်နဝါရီ ၂၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က (၆) ရပ်ကွက် မြတောင်ကျောင်းတိုက်မှ သက်တော် ၈၅ နှစ်၊ဝါတော် ၆၅ ဝါရှိ ကျောင်းထိုင်ဆရာတော် တစ်ဦးထဲရှိနေစဉ် လူနှစ်ဦးခန့်
မှ ဓားပြတိုက်​အနုကြမ်းစီးမှုဖြစ်ပွားခဲ့ရာ ဆရာတော်၏ ဦးခေါင်းနောက် စေ့နားတွင် တစ်လက်မခွဲခန့်ရှိ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ကားငယ်တစ်စီးနှင့် ကျောင်းတိုက် အပေါ်ခန်းများခတ်သည့် ​သော့တွဲများ ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
 ဆရာ​တော်​၏ဘွဲ့ အမည်​မှာ ဦးတိက္ခဝံဿဖြစ်​ပြီး ယခုအကြိမ်​ ဓားပြတိုက်​ခံရခြင်းမှာ ဒုတိယအကြိမ်​ဖြစ်​ပြီး ပထမအကြိမ်​ ဓားပြတိုက်​ခံရစဉ်​က ကျပ်
သိန်း ၁၆၀ ဖိုးခန့်​ပါသွား​ကြောင်း ဓားပြတိုက်​ခံရသည်​ကို ရှက်​၍ မ​ပြောခဲ့
တာဖြစ်​​ကြောင်းလည်းသိရှိရပါတယ်​။
-
ယခုအကြိမ်​ ဓားပြတိုက်​ခံရမှု​ကြောင့်​ မည်​၍မည်​မျှ ဆုံးရှုံးခဲ့သည်​ကို စာရင်းပြုစု​နေဆဲဖြစ်​ပါတယ်​ ​လော​လောဆည်​သိရှိရမှု စာရင်းအရ ကားတစီးပါသွား​ကြောင်း သိရှိရပါသည်​ ဘုန်း​တော်​ကြီး​ကျောင်းအား အနုကြမ်းစီးဓားပြတိုက်​​နေစဉ်​ ​လေ​သေနတ်​သံဟု ယူဆရ​သော ​သေနတ်​သံ​တွေ ကြားရ​ကြောင်း အနီးပတ်​ဝန်းကျင်​တွင်​ ​နေထိုင်​သူများကပြောပါသည်​။
အနုကြမ်းစီးသွားသူ နှစ်ဦးအနက် တစ်ဦးအား ဆရာတော်မှ မှတ်မိကြောင်းနှင့် ဆွမ်းချိုင့်လာပို့သည်ဟု ထင်သောကြောင့် တံခါးဖွင့်ပေးရာမှ အရိုက်ခံ
ရခြင်းဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ဆံပင်ရှည်ဖြင့် လူငယ်တစ်ဥိီးဖြစ်ကြောင်း ဆရာတော်ကမိန့်ကြားသည်။
=========
24News Toungoo
#Via.. April Maung Maung.

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...