တအိမ်လုံးရဲ့ အနံ့ဆိုးတွေကို လွယ်ကူစွာ ဖယ်ရှားနည်း ..!

အိမ် တစ်ခုလုံး မှာ အနံ့ အသက်ဆိုး ထွက်နေ ပါက ဘယ်လို လုပ်ကြမလဲ။ မီးဖိုပေါ် ရှာလကာရည် အငွေ့ တစ်ထောင်းထောင်း ထွက်အောင် တည်ခြင်းဖြင့် အနံ့ဆိုးတွေ ကို လွင့်ပြယ်စေနိုင် ပါတယ်။ယင်း အနံ့ဆိုး ကို ပျက်ပြယ်စေနိုင်တဲ့ အခြေအနေမျိုး ဆိုရင်တော့ ဖုံးဖိ စရာ မလိုအပ်ပါ။ မိမိ အိမ်ကို အပုပ်နံ့ ထွက်စေတဲ့ အနံ့ဆိုး တစ်ခုခု သို့မဟုတ် မနေ့က တစ်စုံ တစ်ခု ကြော်လှော် ချက်ပြုတ်ရာမှာ အနံ့တွေ စွဲ ကျန်နေ သည်ပဲဖြစ်ဖြစ် အဲဒီ အနံ့ဆိုး ကို အမြန်ဆုံး ထုတ်ပစ်ဖို့ ရိုးရှင်းလွယ်ကူသော နည်းလမ်းတစ်ခုပါပဲ။မီးဖိုပေါ် တင်ထားတဲ့ အဖုံးဖွင့် လက်ကိုင်တပ် ဒယ် တစ်ခုထဲ ရှာလကာရည် တစ်ခွက်လောက် လောင်း ထည့်ပြီး တအုံနွေးနွေး ဆူပွက်နေအောင် တည်ပါ။ ယင်းအငွေ့ တထောင်းထောင်း ထနေတဲ့ ရှာလကာရည် ဟာ ပုပ်စော် အနံ့တွေ ထွက်စေတဲ့ အရာတွေ လေထဲ လွင့်ပြယ်စေမှာဖြစ်တယ်။ အဲဒီ အတိုင်း ခဏ ထားထား ပါက သင့်အိမ် တစ်ခုလုံး အနံ့ အသက်ဆိုး များ ပျောက်ကင်း သွားစေပါလိမ့် မယ်။ အစပိုင်း မှာတော့ ရှာလကာရည် အနံ့လေး အနည်းငယ် စွဲကျန်နေနိုင်ပေမယ့် ခဏကြာ အပြီးမှာတော့ ဘယ် အနံ့အသက် မှ ကျန်ရစ်နေတော့မှာ မဟုတ်ပါဘူး။

Credit:Chit Chit

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...